Thursday, December 9, 2010

အသစ်ဆောက်လုပ်မည့် အဆောက်အဦးများ ကွန်ကရစ် နည်းပညာသစ် အသုံးပြုမည်

မြန်မာနိုင်ငံတွင် တည်ဆောက်လျက်ရှိသည့် အထပ်မြင့် အဆောက်အဦးများ ဆောက်လုပ်ရာတွင် အသုံးပြုမည့် ကွန်ကရစ် နည်းပညာသစ် တစ်ရပ်ကို မြန်မာအင်ဂျင်နီယာများက အောင်မြင်စွာ တီထွင် လိုက်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း (MES) မှ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားလိုက်သည်။
အဆိုပါ နည်းပညာသစ်မှာ သံကူ ကွန်ကရစ် နည်းပညာ (Reinforced Concrete Technology) ကို အခြေခံပြီး ဖန်တီးထားခြင်းဖြစ်ကာ ၀ါးလုံးကူ ကွန်ကရစ် နည်းပညာ (Bamboo-forced Concrete Technology) ဟု အမည်ပေးထားကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဆောက်လုပ်မည့် အထပ်မြင့် အဆောက်အဦးများ အားလုံးကို ၂၀၁၁ နှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်ကာ အဆိုပါ နည်းပညာသစ်ဖြင့် တည်ဆောက် သွားမည် ဖြစ်ကြောင်း BS News မှ သတင်းရရှိသည်။
အဆိုပါ နောက်ဆုံးပေါ် နည်းပညာသစ်မှာ- ကွန်ကရစ်တိုင်များ၊ ကွန်ကရစ် ကြမ်းခင်းများကို ခိုင်ခံစေသည့် သံချောင်းများ အစား ၀ါးလုံးများကို အစားထိုး ထည့်သွင်းခြင်း၊ ကွန်ကရစ် ဖျော်စပ်ရာတွင် ဘိလပ်မြေ တစ်ဆ၊ ထုံးတစ်ဆ၊ သဲ ဆယ်ဆ ရောစပ်အသုံးပြုခြင်း ဟူသည့် Technology သစ် ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။
နောက်ဆုံးပေါ် နည်းပညာအရ သံချောင်းများအစား ၀ါးလုံးများကို အသုံးပြုသွားမည်ဟု သိရ။ 

5 comments:

  1. တော်ပြီ...သားသားကြောက်ကြောက်...
    တောမှာဘဲသွားနေတော့မယ်..

    ReplyDelete
  2. Do you want to know who invented that technique? It is not the new technique which invented from myanmar's engineering. That technique was use around five years ago in Singapore already by one of the myanmar's worker. That Bamboo will not change the color( green )after you put inside the concrete and it is also firm. If you don't believe, test it. It was invented first by my father. It is not the new technique. They should investigate before they announced like that. What ashamed myanmar's engineering!

    ReplyDelete
  3. It was "in Myanmar", right? So everything is possible there. Don't be mad buddy

    ReplyDelete
  4. for inventor,

    No wonder who discover this technique. But, you pointed that the bamboo did not change the color and it still firm inside the concrete. Ok. Before I ask to you anything, are you sure an engineer ? Not a crazy people ?

    ReplyDelete
  5. For the son of inventor.
    Do you want to proud shame technic. How do you know about reinforced concrete? Reinforcement mean not only steelbar also bamboo. But different strength between steel and bamboo.
    You can use bamboo like as reinforcement construct to not important structure (such as mass concrete).You are stupid. Never say again about you don't understand one. Sometimes people use for scaffolding , it better than timber because it have strain fibre. You can see people mostly use in construct to pagodas. I feel shame for you.

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။