Wednesday, December 8, 2010

နှစ် ၂ဝ ကြာဝေးကွာခဲ့သော ဂျကာတာ သေနတ်ပစ်ပြိုင်ပွဲ ယခုနှစ် မြန်မာဝင်နွှဲမည်

ပြီးခဲ့တဲ့ နှစ်၂၀အတွင်းမှာ လမ်းပျောက် မြေပုံ (၇) ချက်နဲ့ ဘောင်းဘီချွတ် ရွေးကောက်ပွဲ ကျင်းပရေးကို နှစ်၂၀ လုံးလုံး ပြည်တွင်းမှာ လုံးပမ်းနေရပါသဖြင့် ပြည်ပပြိုင်ပွဲများသို့ ထွက်ပြီး လက်စွမ်း မပြအားသော မြန်မာနိုင်ငံ သေနတ်ပစ်သူများ အသင်းကြီးကနေ ဒီဇင်ဘာ ၁ဝ ရက် မှ ၁၈ ရက်အထိ  အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာကာ မြို့တွင် ကျင်းပမည့် South East Asian Shooting Association (SEASA) သေနတ်ပစ် ပြိုင်ပွဲတွင် မြန်မာနိုင်ငံတော် လက်ရွေးစင် မသေမချင်းပစ်နှင့် မသေမရှင်ပစ် သေနတ်သမားများ ဝင်ရောက် ယှဉ်ပြိုင်တော့မည် ဖြစ်ကြောင်း စက်ရပ် သတင်းရရှိပါသည်။
မြန်မာအသင်းအနေနှင့် ပစ်ခတ်နည်း(၄)မျိုးဖြစ်သော ---
၁ - မိုးပေါ်ထောင် မျက်စိမှိတ် ပျံနေသော လဒကို ထိကျလာအောင် ပစ်နည်း၊
၂- လဲကျနေပြီးသော နိုင်ငံခြားသတင်းထောက်ကို ဘတ်နက်နဲ့ထောက် အနီးကပ်တေ့ပစ်နည်း၊
၃ -ဒူးထောက်ကျနေပြီး ဗိုလ်ချုပ်ဓါတ်ပုံကိုင်ဆောင်ထားသော အဖြူအစိမ်းဝတ် မိန်းကလေးငယ်ကို ရင်ညွှန့်ထုတ်ချင်းပေါက်အောင် ပစ်နည်း၊
၎- ညအချိန်မတော် ဘုန်ကြီးကျောင်းဝင်စီးပြီး လှုပ်သမျှအကုန် သရီးဒီမြင်ကွင်းနှင့် အကတ်လိုက်ပစ်နည်း
စသည့် ပစ်ခတ်နည်းများတွင် လက်ဖြောင့်တက်တက်စင် ပစ်မလွဲ သေနတ်သမား (၈)ဦး ၀င်ပြိုင်ရမည် ဖြစ်ရာ မြန်မာနိုင်ငံတွင် လက်ရွေးစင်အင်အား များပြားလွန်းလှသဖြင့် ထိုအထဲမှ မည်သို့မည်ပုံ (၈)ဦး ရွေးရမည်နည်းဟု အခက်တွေ့နေကြောင်း မြန်မာနိုင်ငံ သေနတ်ပစ်သူများ အဖွဲ့ချုပ် မှ အတွင်းရေးမှူး ဦးကျော်မိုးဝင်း ကပြောသည်။
ပြန်လည် လက်ရည်စွမ်းပြသည့်အနေဖြင့် နိုဝင်ဘာလအတွင်း၌ ကျင်းပ ပြုလုပ်ခဲ့သော အာရှ အားကစားပြိုင်ပွဲတွင်လည်း ၂၂ စိတ်ကြိုက် ရိုင်ဖယ်ဝမ်းလျားမှောက် ပြိုင်ပွဲများတွင် လက်ရွေးစင် သေနတ်သမား ၃ ဦးဖြင့် ဝင်ရောက်ယှဉ် ပြိုင်ခဲ့ပြီး ၄င်းတို့မှာ အထူးအားဖြင့် အမ်၁၆ နှင့် ဂျီ၃ ကျွမ်းကျင်သူများ ဖြစ်သော်လည်း ခေတ်ဟောင်း ရိုင်ဖယ်ပစ်ခတ်မှုမှာ ရလာဒ်ကောင်းများ ရခဲ့သေးကြောင်း သိရသည်။
နှစ်၂၀ကြာ ပြည်ပပြိုင်ပွဲများ မထွက်ဖြစ်ပဲ အခုလို ဆောက်-အိ-အေး-ရှား-ရှု-တင်း ပြိုင်ပွဲကို ၀င်ရသည့် အကြောင်းအရင်းကို မေးမြန်းရာ အဆိုပါတာဝန်ရှိသူက -
ခေါင်းငုံ
ဘယ် - ညာ ကြည့်ပြီး
အိုင်ဆေး ... အော့ဖ်သည်ရက်ကော့နော် ၊ တရုတ်မပါသေးလို့ ဟုလည်း ဖြေကြားသွားသည်။

(Reported by PS)

သတင်းအပြည့်အစုံ ဖတ်ရှုရန်

1 comment:

  1. (၅)လမ်းမကြီးပေါ်တွင်ခွပ်ဒေါင်းအလံကိုရဲဝံ့စွာကိုင်ဆောင်ပြီးစီတန်းလှည့်လည်နေသူကျောင်းသားလေးများအားအသက်ကိုပင်ပဓာနမထားပဲကျည်ကွယ်မျက်ကွယ်မှစနိုက်ပါဖြင့်ချောင်းမြောင်းပစ်ခတ်နည်း :P

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။