Thursday, December 16, 2010

မြန်မာ့ ဆက်သွယ်ရေး ၀န်ထမ်းအားလုံးကို ရာထူးမှ ထုတ်ပယ်ရန် စီစဉ်လျက်ရှိ

(Breaking News)

ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်က ကျောင်းသူ ကျောင်းသားတွေ တယ်လီဖုန်း ဆက်သွယ် မေးမြန်းတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် ဆက်သွယ်ရေးက ၀န်ထမ်းတွေ အကုန်လုံးကို ပင်စင်ပေးပြီး ရာထူးကဖြုတ်ဖို့ စီစဉ်နေတယ်လို့ သတင်းရရှိပါတယ်။

ဆက်သွယ်ရေးဝန်ကြီးကတော့ သူ အင်္ဂလိပ်လို နားမလည်တဲ့အတွက် လိုင်းကိုမဖြတ်လိုက်တာပါလို့ ဆင်ခြေပေးထားကြောင်း သိရပါတယ်။
ဒီကိစ္စကြောင့် နေပြည်တောထဲက မင်းတြားကြီး ဒေါသူပုန်ထနေတယ်လို့ သိရပြီး အခုအခါမှာ ဆက်သွယ်ရေးက ၀န်ထမ်းတွေ အကုန်လုံးလည်း အချိန်မရွေး အလုပ်ပြုတ်နိုင်လို့ ဘုရားတ နေကြကြောင်းသိရပါတယ်။

လိုအပ်တဲ့ဝန်ထမ်းတွေကိုလည်း အင်္ဂလိပ်စာကောင်းတဲ့ အိန္ဒိယတို့ တရုတ်ပြည်တို့ ကနေ ခန့်ဖို့ စီစဉ်နေတယ်လို့ ကြားသိရပြီး အလုပ်ကြော်ငြာတွေဝေထားပြီး ဖြစ်တယ်လို့ ဆက်သွယ်ရေး ၀န်ကြီးဌာနနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်..

(ကိုကြက်ဖ သတင်းပေးပို့သည်)

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။