အဘယ်ကြောင့် ဖမ်းဆီးမည့် အကြောင်းကို ထိုင်းအစိုးရ ထိပ်တန်းပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ယခုလို ပြောကြားသည်။
"အနီရောင် ဆိုတာ အလောင်းဘုရား အသင်းလေဗျာ။ မြန်မာနိုင်ငံ အခြေခံပညာ ကျောင်းတွေမှာ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလ ဆိုပြီးတော့ အသင်းတွေ ခွဲထားတယ် မဟုတ်လား။ ကျန်စစ်သားက အ၀ါရောင်၊ ဘုရင့်နောင်က အစိမ်းရောင်၊ အလောင်းဘုရားက အနီရောင်၊ ဗန္ဓုလက
အပြာရောင် လေဗျာ။ ဒီတော့ အနီရောင် အင်္ကျီဝတ်သူတွေဟာ အလောင်းဘုရား အသင်းက ဆိုတာ သေချာတယ်။ အလောင်းဘုရား ဆိုတာလဲ ခင်ဗျားတို့ သိတဲ့ အတိုင်း ထိုင်းနိုင်ငံကို မှုန့်မှုန့်ညက်ညက် ကျေအောင် ဖျက်ဆီးသွားတဲ့ သူလေဗျာ။ ဒီတော့ အလောင်းဘုရား အသင်းက လူတွေဟာ ထိုင်းနိုင်ငံကို ဖျက်ဆီးတဲ့ အလောင်းဘုရားရဲ့ နောက်လိုက်တွေပဲ ဖြစ်တယ်။"
အလောင်းမင်းတရားကြီး၏ မုဆိုးဘို ရဲမက်တော် ခြောက်ကျိပ်ကိုးယောက်အနက်မှ ဓားကိုင်သွေးသောက်နှင့် လေးဂွကိုင်သွေးသောက်နှစ်ဦး ဘန်ကောက်မြို့ကို သိမ်းပိုက်ရန် ချီတက်လာစဉ်
အ၀ါရောင် ၀တ်ဆင်သူများကို ဖမ်းဆီးမည် မဟုတ်ကြောင်း ပြောကြားသွားသည်။
အစိမ်းရောင် ရှပ်အင်္ကျီ ၀တ်ဆင်သည့် အင်အားစုများ ပေါ်ပေါက်လာလျှင်မူ ချက်ချင်း လက်ငင်း ဖြိုခွင်းသွားရန် ထိုင်းအစိုးရ အနေဖြင့် စီစဉ်ပြီး ဖြစ်ကြောင်း၊ အဘယ်ကြောင့် ဆိုသော် အစိမ်းရောင်သည် ထိုင်းနိုင်ငံကို ကိုလိုနီ ကျွန်ပြုသွားသည့် ဘုရင့်နောင်အသင်း၏ အရောင်ဖြစ်သောကြောင့် ဖြစ်ကြောင်း
၎င်းက ဆိုသည်။
လွန်ခဲ့သော၂၀၀၈ ခုနှစ်က၊ ကျန်စစ်သား ဦးဆောင်သည့် ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး စစ်သူကြီးများ နှင့် သူ၏ အ၀ါရောင် အင်္ကျီဝတ် ကျန်စစ်သား အသင်းသည် ပေါက္ကံပြည် နှင့် အမည်နာမ နီးစပ်သော ဘောက်ကန်ပြည် (ဘောက်ကန်=ဘန်ကောက်) အနီး သုဝဏ္ဏဘူမိ လေဆိပ်ကြီးကို
သုဝဏ္ဏဘူမိ အမည်ရသော သထုံပြည်နှင့် မှားယွင်းကာ ၀င်ရောက် စီးနင်း သိမ်းပိုက်ခဲ့ဖူးသည်။
ထိုနည်းတူ အလောင်းဘုရား အသင်းကလည်း အားကျမခံ ဘောက်ကန်ပြည်ကြီးကို ယခုနှစ်လည်ပိုင်းက မွှေနှောက် မီးရှို့ခဲ့ကြသည်။
ဆက်စပ် သတင်း ဖတ်ရှုရန်
တွေးလည်းတွေးတတ်ပါပေ့ဗျာ... ဟား ဟား ဟား ကြိုက်တယ်ဗျို့
ReplyDeleteကြိုက်တယ်ဗျာ
ReplyDeleteဒီတစ်ပတ်ရဲ့ အမိုက်ဆုံးသတင်းပါပဲ.. :D
ReplyDeleteထူးဆန်းပါပေဆရာဇီးကွက်ရယ်...သွပ်..သွပ်
ReplyDeletevery nice!
ReplyDelete