Monday, December 27, 2010

ကမ္ဘာဦး လူသားအစ Burmese က ဟု မြန်မာပညာရှင်များ ပြော

Burmese လူမျိုးသည် ကမ္ဘာဦးအစ ဗြဟ္မာကြီး လေးဦးမှ ဆင်းသက်ကြောင်း Burmese ပညာရှင်ကြီး နှစ်ဦးက ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ပြောကြားလိုက်သည်။

အဆိုပါ ပညာရှင်ကြီး နှစ်ဦး၏ ပြောဆိုချက်သည် Burma Strange News ၏ ဒီဇင်ဘာလ ၁၄ ရက် "Evolution of မြန်မာ" ဆင့်ပွား အီကွေးရှင်း သီအိုရီပြီးနောက် ပထမဆုံး ပေါ်ထွက်လာခြင်း ဖြစ်သည်။ (သီအိုရီ-ရှု)

အဆိုပါ ပညာရှင်ကြီးများက ကမ္ဘာဦးအစတွင် ရသ ပထ၀ီ ကမ္ဘာမြေကြီးသည် မြေဆီ ရနံ့များဖြင့် အလွန် မွှေးကြောင်း၊ ထို့ကြောင့် ဗြဟ္မာပြည်မှ ဗြဟ္မာကြီးများသည့် ကိုယ်လုံးတီးဖြင့် ကမ္ဘာမြေပေါ်သို့ ဆင်းလာပြီး မြေဆီ မြေနှစ်ကို စားကြကြောင်း ပြောပြသည်။ ထိုသို့ စားသောက်ခြင်းကြောင့် ကမ္ဘာကြီးတစ်ခုလုံး မှောင်မိုက်သွားကြောင်း၊ ထိုအခါ ဗြဟ္မာကြီးများက "တ" လိုက်ရာ အလင်းရောင် ပြန်ရလာကြောင်း၊ "တ" လိုက်သည့်အခါ "လင်းလာ" သဖြင့် ထိုနေ့ကို တ-လင်းလာ (တလင်းလာ/ တနင်းလာ) နေ့ဟုခေါ်ကြောင်း၊ နောက်တစ်နေ့တွင် သူတို့ ကိုယ်မှ အင်္ဂါများ ပေါ်ထွက်လာသည်ကို တွေ့မြင်ရသဖြင့် ထိုနေ့ကို အင်္ဂါနေ့ဟု ခေါ်ကြောင်း ပညာရှင်များက ရှင်းပြသည်။ (အင်္ဂါပေါ်သည်ကို မြင်ရသည် ဆိုခြင်းကြောင့် ဗြဟ္မာကြီးများ ကိုယ်လုံးတီး ဆင်းသက်ခြင်းဖြစ်သည်ဟု သုံးသပ်ထားခြင်း ဖြစ်ပါသည်။)

ထို ကမ္ဘာဦး ဗြဟ္မာကြီးများမှ Burmese လူမျိုး ဆင်းသက်လာခြင်းကြောင့်၊ Burmese လူမျိုးသည် ကမ္ဘာဦးအစ မူလပထမ လူမျိုး ဖြစ်ကြောင်းကိုမူ ပညာရှင်များက ယခုလို ရှင်းပြသည်။

တရုတ်ပညာရှိ ဖန်ရှို ၏ မန်ရှုကျမ်းတွင်မူ မြန်မာလူမျိုးသည် မြန်မာပြည်ထဲသို့ မဆင်းသက် လာမီက ယခုတရုတ်ပြည်ထဲက "နန်ကျောင်" ဒေသတွင်  နေထိုင်ကြကြောင်း၊ သူတို့ကို ထိုစဉ်အခါက "မန်ကျောင်" လူမျိုး ဟု ခေါ်ကြောင်း၊ ဆွေးမျိုးစု အကြီးအကဲ "မောင်ကျန် (မန်ကျောင်)" က အုပ်ချုပ်သည်ကို အစွဲပြု၍ အဆိုပါအမည်ကို ခေါ်ခြင်းဖြစ်ကြောင်း ရေးသားထားသည်ကို တွေ့ရသည်။

ယနေ့ တရုတ်များကမူ Burmese ကို "မြန်ကျင့်" ဟုခေါ်ကြောင်း၊ "မြန်မြန်ဆန်ဆန် ကျင့်ကြံသူ၊ ဖင်ပေါ့သောသူ" ဟု အဓိပ္ပါယ်ရကြောင်း ဘေဂျင်းတက္ကသိုလ်က ပညာရှင်တစ်ဦးက ရှင်းပြသည်။

ကာလကတ္တား တက္ကသိုလ်မှ ဒေါက်တာ အမတ်တစ်ရာ ဂေါ့ရှ် ကမူ Burmese သည် ဗြဟ္မာက ဆင်းသက်သည် ဆိုခြင်းကို မူအားဖြင့် လက်ခံပါကြောင်း၊ ဗြဟ္မာ > ဗဟ္မာ > ဗမာ  ဆင်းသက်မှုကို လက်ခံပါကြောင်း သို့သော် ဗြဟ္မာကြီးထက် ဗြဟ္မဏ ပုဏ္ဏားက ပိုမို ဖြစ်နိုင်ဖွယ် ရှိကြောင်း အဆိုပြုသွားသည်။ Burmese ၏ အခြားအခေါ်အဝေါ် တစ်ခုဖြစ်သော Burman သည် ဗြဟ္မဏ (Brahman) ဝေါဟာရမှ ဆင်းသက်လာခြင်း ဖြစ်သောကြောင့်ဟု ပါမောက္ခကြီးက ဆိုသည်။
၎င်းက ပုဏ္ဏားသည် ပုန္န သို့မဟုတ် ဖုန်းန မှ ဆင်းသက်ကြောင်း၊ ဖုန်းကံ မြင့်သောသူဟု အဓိပ္ပါယ်ရကြောင်း၊ ထို့ကြောင့် Burmese လူမျိုးသည် ကမ္ဘာပေါ်တွင် ဖုန်းကံ အလွန်မြင့်သော လူမျိုးဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ အိန္ဒိယ ပညာရှင်၏ ပြောဆိုချက်ကို မြန်မာပြည်၏ ဖုန်း ဈေးနှုန်း အဆမတန် မြင့်မားနေမှုက သက်သေပြလျက် ရှိပါသည်။

ပညာရှင်များ၏ ပြောဆိုချက် အသေးစိတ်ကို ဖတ်ရှုရန်

5 comments:

  1. ကိုခိန်December 27, 2010 at 2:21 AM

    ကရုဏာ --> ကရုဏ် ---> ကရုက် --> ငရုတ်
    ကရုဏာကနေ ငရုတ်သီးတောင် ဆင်းသက်သေးတာပဲ..

    ဗြဟ္မာကြီးကလဲ ဗမာ ဆင်းသက်ပေမပေါ့.

    အင်္ဂလိပ်သဒ္ဒါ Grammar (ဂရဟ္မာ)လဲ ဗြဟ္မာက ဆင်းသက်မယ်ထင်တယ်.

    လ္ဘက်ရည်ဖျော်တဲ့ သကြား လဲ တာဝတိန်သာ သကြားမင်းက ဆင်းသက်သပေါ့...

    ဟောတော်မှုကြပါ ပညာယှိကြီးများ ခင်ဗျားးးးးးးး

    ReplyDelete
  2. အင်ဂါနေ့  ဖြစ်လာပုံ ရှင်းပြသွားတာ မှတ်သားထိုက်ပါပေတယ်.....

    ReplyDelete
  3. ကိုဇီးကွက်ေ၇.
    မြန်မာသည် မျောက်က ဆင်းသက်သည်..
    မြန်မာသည် ကမ္ဘာဦးအစ ဗြဟ္မာကြီး ၄ ယောက်က ဆင်းသက်သည်..
    လူသားအစ မြန်မာက..
    ကမ္ဘာ့ထိပ်သီးမြန်မာကြီးများ....
    သီအို၇ီတွေ တင်ပြပေးသွားတာ သဘောကျပါတယ်.
    ကျနော်ဖြည့်စွက်ချင်တာက ..
    လူသားအစ မြန်မာက ဆိုတဲ့အတိုင်းပဲ.. မျောက်တို့.. ဗြဟ္မာကြီးတို့ဟာ မြန်မာလူမျိုး ဖြစ်ရုံမကပါဘူး.
    ကမ္ဘာ့ ပထမဆုံး လူသားဖြစ်တဲ့ အာဒမ်နဲ့ ဧ၀ ဟာလဲ မြန်မာလူမျိုးတွေ ဖြစ်ကြောင်းပါ။
    အာဒမ် နာမည်က (ကိုအတံ) ဖြစ်ပြီးတော့ ဧ၀ အမည်က (မအေးဝါ) ပါတဲ့။
    သူတို့ နှစ်ယောက်စလုံး မြန်မာလူမျိုးစစ်စစ်တွေ ဖြစ်ကြပါတယ်.

    ReplyDelete
  4. ဟုတ်ပမလား မောင်ကာလုရဲ့
    အာဒမ်နဲ့ အေ၀ က တရုတ်ဆို..
    အတံ နဲ့ အ၀ှါ တရုတ် လင်မယား မဟုတ်ဘူးလား။
    လူသားအစ တရုတ်က လို့ ၀မ်ကျားပေါင်က ကြေညာမတဲ့.

    ReplyDelete
  5. yo yo yo.... ya ya ya....... merry christmas.. may peace be forever around the world in this christmas.. yo yo yo.. ya ya ya.. do u know.. i can predict the world.. worldly matters as well as heavenly matters.. soo..... in year 2111-01-10 မြန်မာ -> ဖြန်မာ -> ဖမာ -> မာ > ဟိုဒင်း ရေးချ (-ာ )... :D:D:D

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။