Wednesday, December 1, 2010

မစ္စတာ နံပြား နှင့် BS News အင်တာဗျူး


မြန်မာပြည်ကို အလည်လာသွားတဲ့ ကုလ အထူးကိုယ်စားလှယ် မစ္စတာ နံပြား ရန်ကုန် လေဆိပ်က မထွက်ခွာမီ သတင်းစာ ရှင်းလင်းရာမှာ BS News သတင်းထောက် ဇီးကွက်မျက်ပြူးက အခုလို အင်တာဗျူးပြီးတော့ သတင်းရယူထားပါတယ်။

BS News။  ။ ဦးနံပြားခင်ဗျား၊ မြန်မာပြည် ကို လာရောက်ခဲ့တဲ့ အတွေ့ အကြုံလေး သိပါရစေ။

မစ္စတာ နံပြား။  ။ မြန်မာပြည် ကို ရောက်ဖူးချင်လွန်းလို့ ခရီးစဉ် တလျှောက်လုံး အရမ်း ရွစိလိုက်ခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ ကတည်းက မြန်မာပြည် "ရောက်ပြီလား" "ရောက်ပြီလား" ဆိုပြီး၊ ဖင်တကြွကြွ ဖြစ်နေလို့ လေယာဉ်မယ်တွေက ခဏခဏ လာပြောရတယ်။ နောက်တော့ ကိုယ့်စိတ်ကို မထိန်းနိုင်တော့လို့ လေယာဉ် ပြူတင်းပေါက်ကို ဖွင့်၊ လေယာဉ်မယ်တွေ မသိအောင် ကျွန်တော့်လက်ကို အပြင် ထုတ်ကြည့်ပါတယ်။ ပြီးတာနဲ့ လက်ကို အထဲပြန်သွင်းပြီးတော့ ကျွန်တော့်လက်ကို ကျွန်တော် ပြန်နမ်းကြည့်ပါတယ်။

ပထမ တစ်ခေါက်တုန်းက ၀က်သားနံ့ရတယ်ဗျ။ ကျွန်တော်လဲ ... ဟ၊ ဒါ တရုတ်ပြည် ရောက်ပြီ..လို့ သိလိုက်တယ်။ နောက်တစ်ခေါက် လက် ထုတ်ကြည့်ပြီး အနံ့ခံကြည့်တော့.. မဆလာနံ့ သင်းနေတာပဲ ဗျို့၊
ဟဲဟဲ.. ဒါ အိန္ဒိယပြည်ပဲပေါ့....ဟေးဟေးဟေး မြန်မာပြည် ရောက်ခါနီးနေပြီပေါ့။

ဒါနဲ့ မြန်မာပြည် လေပိုင်နက်ထဲ ရောက်ပြီလို့ ထင်လိုက်ချိန်မှာ ကျွန်တော့်လက်ကို အပြင် ထုတ်ကြည့်လိုက်တယ်။ မုန့်ဟင်းခါး နံ့လေးများ ရမလား ပေါ့ဗျာ...

ကျွန်တော့်လက်...  လေယာဉ် ပြူတင်းပေါက်ကနေ အထဲကို ပြန်သွင်းပြီး နမ်းကြည့်မယ် လုပ်တော့...

အား... နားနားနား......ဟာရေး...... အားလားလား.... ကျွန်တော့် နာရီ အဖြုတ်ခံသွားတယ်ဗျ။

မစ္စတာ နံပြားက  ကုလသမဂ္ဂကို ပြန်ရောက်ရင် ဒီအဖြစ်အပျက်အကြောင်း အသေးစိတ်ကို ကြေညာချက် တစ်စောင် ထုတ်ပြန်ဖို့ စီစဉ်ထားတယ်လို့ ဆက်လက် ပြောကြားသွားပါတယ် ခင်ဗျား။.

4 comments:

  1. share သွားပါသည် :D

    ReplyDelete
  2. ဟားဟား .. အတော်ပဲ ဟာသဥာဏ် စူးရောက်ပါပေတယ် ..။
    အားပေးနေလျက်ပါ ..

    ReplyDelete
  3. ကောင်တယ်ဗျာ..အခုမှရောက်ဖူးပေမယ့် နောက်လည်းအမြဲလာဖတ်မယ်...အားပေးလျှက်...

    ReplyDelete
  4. ကုလ အထူးကိုယ်စားလှယ် မစ္စတာက သူနဲ့အတူနံပြားယူလာပြီး နအဖနဲ့ အတူ ဆိတ်သားအရိုးကိုက်စားသွားကြောင်း သံတမန်ကျေးရွာမှ သတင်းရ။ ဆိတ်သား မစားရဘဲ အရိုးကိုက်ရတာကြောင့် ကုလသွားပြီး မာကြောင်းကို
    ဟောခဲ့ပါတယ်ခဗျာ်။။။။။။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။