Saturday, December 25, 2010

အီရတ်က မြန်မာ တက္ကသိုလ် တစ်ခု

စူဠာမဏိ တက္ကသိုလ်ကို တွေ့ရစဉ်

အီရတ်နိုင်ငံ အတွင်းမှာ မြန်မာလူမျိုးတွေ တည်ထောင်ထားတဲ့ မြန်မာ့ တက္ကသိုလ်တစ်ခုကို တွေ့ရ
ပါတယ်။ တက္ကသိုလ်ရဲ့ အမည်ကတော့ မြန်မာမှု မြန်မာ့ဟန်နဲ့ အမည်ပေးထားတဲ့ "စူဠာမဏိ"
တက္ကသိုလ် ပါ။

ပုဂံခေတ် အလောင်းစည်သူမင်းကြီး သမုဒ္ဒရာကို ဖောင်စကြာနဲ့ ခရီးထွက်တော်မူရင်းက အီရတ်နိုင်ငံကို ရောက်ရှိသွားတဲ့အခါ သူ့ရဲ့ နောက်လိုက် နောက်ပါ မြန်မာလူမျိုးတွေက အဲဒီ တက္ကသိုလ်ကို တည်ထောင်ခဲ့တာ ဖြစ်တဲ့အကြောင်း၊ အီရတ်နိုင်ငံရဲ့ နီရဲပြီး ခြစ်ခြစ်တောက်နေတဲ့ မီးကျီးခဲလို ပူပြင်းတဲ့ ရာသီဥတုကို ပုဂံသားများ ခံစားရတဲ့အခါ တော်ဝင် ထီးသုံးနန်းသုံး စကားနဲ့ "သြော်- နီရဲတဲ့ ပတ္တမြားခဲလို ပါပဲလား" လို့ ငြီးတွားကြကြောင်း၊ အဲဒါကို အစွဲပြုပြီးတော့ စူဠာမဏိ တက္ကသိုလ် (စူဠ=ငယ်သော၊ မဏိ=ပတ္တမြား) လို့ အမည်ပေးခြင်း ဖြစ်ကြေင်း တက္ကသိုလ် သမိုင်းမှတ်တမ်းမှာ တွေ့ရပါတယ်။

(ညွှန်ပြသူ- Mr Sheep)

စူဠာမဏိ တက္ကသိုလ် ၀က်ဆိုက်

1 comment:

  1. တက္ကသိုယ်၏ နာမည်အစစ်အမှန်မှာ မဏိတက္ကသိုလ်သာဖြစ်ကြောင်း ၊ ခေတ်
    အဆက်ဆက်ပညာရေးဝံကြီးများလာရောက်ကြည့်စစ်ဆေးပြီးတိုင်း တက္ကသိုလ်
    ၏ပညာရေးကဏ္ဍလိုအပ်ချက်များဖြည့်ဆည်းပံ့ပိုးပေးရမည့်
    အစား ဆူပူကြိမ်းမောင်းပြီးသာပြန်သွားလေ့ရှိသည်ကိုအစွဲပြု၍ ဆူသူလာတဲ့ မဏိ ကာလရွေ့လျောသောအခါ ဆူလာမဏိ=စူဠာမဏိ သို့ပြောင်းသွားခြင်းသာဖြစ်ကြောင်း ၊ သမိုင်းကြောင်းအမှန်များသာအစဉ်
    အမြဲေ၇းသားလေ့ရှိသူမဟုတ်သော ဒေါက်တာချဉ်ပေါင်ညွန့် မှ တိုးတိုးတိတ်
ှမရဲတရဲဖွင့်ဟပြောဆိုသွားပါသည်။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။