Monday, December 27, 2010

ကြေးမုံ သတင်းစာကို ရွှေမုံ သတင်းစာဟု အမည်ပြောင်း ထုတ်ဝေမည်

နေ့စဉ်ထုတ် ကြေးမုံ သတင်းစာကို လာမည့် ၂၀၁၁ ခုနှစ်တွင် ယခုထက်ပိုမို၍ စိတ်ဝင်စားဖွယ် ကောင်းသည့် သတင်းစာ တစောင်အဖြစ် ပြောင်းလဲ သွားမည် ဟု သိရသည်။
ယင်းသို့ ပြောင်းလဲရန်အတွက် လုပ်ငန်းလမ်းညွှန်နှင့် အနာဂတ်လမ်းစဉ်များ ညှိနှိုင်းအစည်းအဝေးကို  ကြေးမုံ သတင်းစာတိုက်တွင် ကျင်းပခဲ့သည်ဟု နေပြည်တော် အသိုင်းအ၀န်းမှ သိရသည်။

“၂၀၁၁ ထဲမှာ  အစိုးရပိုင် သတင်းစာတွေ ထပ်ထွက်လာမှာဆိုတော့ လက်ရှိထုတ်ဝေနေတဲ့ သတင်းစာကို ပုံစံပြောင်းချင်တာလည်း ပါတယ်။ အသစ်ထုတ်မယ့် ကြေးမုံသတင်းစာကို ကြေးထက် ကောင်းတဲ့ ရွှေမုံသတင်းစာလို့ နာမည်ပြန်ပြင်ပေးပါမယ်။ ဒီလို ပြောင်းလဲပြီးတော့ တန်ဖိုးကြီးပြီး အနှစ်သာရရှိတဲ့ သတင်းစာ အဖြစ်ရပ်တည်သွားမှာဖြစ်ပါတယ်၊ ဒါကြောင့်မို့ ကလောင်ရှင် "အနှစ်သာရ" ကိုလည်း ခေါ်ထားပြီးပါပြီ။ ဖား ၁ ပိုင်း ငါး ၁ ပိုင်း စာရေးဆရာ တွေကိုလည်း နာမည်တွေ ပြောင်းထားပါတယ်။ ဖားနှစ်တို့ ငါးနှစ်တို့ဆိုပြီး ပေါက်ဖော် ပါးပါး တို့ Calendar မှာ သတ္တ၀ါတွေထပ်တိုးလို့ရအောင်ပါ။ 
ဝီစကီလစ်တည်ထောင်သူကိုလည်း ပြန်ပေးဆွဲပြီး အယ်ဒီတာလုပ်ဖို့လည်းစီစဉ်ထားပါတယ်” ဟု ပြန်ကြားရေး ၀န်ကြီးဌာနမှ အရာရှိတဦးက ပြောသည်။

အဆိုပါ သတင်းစာကို ခေတ်စနစ်နှင့် ညီသည့် အသွင်သဏ္ဌာန်ရော အနှစ်သာရ ပါဝင်စေရန်၊ သတင်းစာ ပုံစံပြောင်း၍ ရေးသားချက်များ ပြောင်းလဲကာ  ထုတ်ဝေသွားရန် ဆွေးနွေးကြောင်း၊ လာမည့်နှစ်အတွင်း အကောင်အထည် ပေါ်လာမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ ထိုသို့ ပုံစံ အစအဆုံး ပြောင်းလဲ ရာတွင် လူဖတ်အများဆုံး ဖြစ်သည့် သတင်းစာ၏ နောက်ဆုံးနားက စာမျက်နှာဖြစ်သည့် နာရေးသတင်းများကို ရှေးဆုံး မျက်ဖုံးသတင်းများ အဖြစ် ဓာတ်ပုံဝေေ၀ဆာဆာဖြင့် ဖော်ပြကာ စတင် ပြောင်းလဲမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ပြောင်းလဲခြင်းမှာ သတင်းစာ၏ "အစ" နှင့် "အဆုံး" ကို "အစအဆုံး" ပြောင်းလဲခြင်းဖြစ်သည်ဟု ၄င်းက ဆက်လက် ပြောကြားသည်။

ထို့အပြင် သဘာဝ ဘေးအန္တရာယ်များဖြစ်သော မုန်တိုင်း တိုက်ခတ်မှုကို လေပြင်လေညင်း တိုက်ခတ်မှုဟု ရေးသားဖော်ပြခြင်း၊ ငလျင်သတင်းကို နိုင်ငံတော်အစိုးရ၏ သဘောထားဖြူစင်မှုကို မဟာ ပထ၀ီ မြေကြီးက အသိအမှတ်ပြု ကောင်းချီးပေးမှုဟု ဖော်ပြခြင်း၊  ရေကြီးခြင်း သတင်းများကို မင်းကျင့်တရား ၁၀ ပါးနှင့် အညီ ကျင့်ကြံ အားထုတ်မှုကြောင့် တိုင်းပြည်အတွင်း ရေများ ပြောလျှံကြွယ်ဝခြင်း ဟု ရေးသားဖော်ပြခြင်း၊ အနီရောင် အညိုရောင် ဆင်များကို ဆင်ဖြူဟု အရောင်အဆင်းမှားယွင်းစွာ ဖော်ပြခြင်း၊ ခေတ်အဆက်ဆက် အသုံးပြုလာသည့် အသုံးအနှုန်းဖြစ်သော ပန္နက်ချ အခမ်းအနားကို "ပန္နက်တင်" မင်္ဂလာ အခမ်းအနားဟု ဝေါဟာရ ပြောင်းပြန်ဖော်ပြခြင်း၊ "အမှားပြင်ဆင်ချက်" ကို "အမှန်ပြင်ဆင်ချက်" ဟု ဖော်ပြခြင်းများဖြင့် ပြောင်းလဲ တင်ဆက်သွားရန်  စီစဉ်ထားကြောင်း ကြေးမုံ သတင်းစာမှ ၀န်ထမ်းတဦးက ပြောသည်။

"စစ်ဗိုလ်ချုပ်တွေ ဖြတ်ဖေါက်ချုပ် လုပ်မယ့်သတင်းတွေ  ပြည်တွင်းထုတ် ဂျာနယ်တွေမှာ သဘာဝ  ဘေးအန္တရာယ် ဖြစ်တာနဲ့ချက်ချင်းဖြော်ပပေးသလို အချိန်နဲ့ တပြေးညီ ဖော်ပြနိုင်အောင်
လုပ်သွားမယ်လို့ ပြောတယ်။ ဒီအပြောင်းအလဲ သတင်းတွေကို ဖော်ပြလိုက်တော့ မီဒီယာနဲ့ပတ်သက်ပြီး အစိုးရထုတ် သတင်းစာအပေါ်မှာ ပြောင်းလဲတဲ့အမြင်တခု၊ နေရာတနေရာ ပေးလာတာမျိုး ဖြစ်အောင်လုပ်ဖို့ ရည်ရွယ်ထားတယ်”ဟု ၎င်းက ဆိုသည်။

ယခုအခါ စစ်အစိုးရသည် ကာကွယ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် “ကြပ်ပြေး သတင်းစာ”နှင့် “ကြာကူလီ သတင်းစာ” တို့ကို ထပ်မံ ထုတ်ဝေသွားရန်လည်း စီစဉ်ထားသည်။

(ကိုကြက်ဖ သတင်းပေးပို့သည်)

သတင်း အပြည့်အစုံ ဖတ်ရှုရန်

1 comment:

  1. ကြေးမုံမှ သည် ကြေးထက်တန်ဖိုးရှိသော ရွှေ သို့ပြောင်းလဲသည့်သတင်းကို
    နေပြည်တော်ရှိ ဂျိုကုပ်ဒူးကြီးထံတင်ပြသောအခါ ဂျိုကုပ်ဒူးကြီးမှကြေးမှရွှေသို့ပြောင်းပြီးမှတော့ မုံထက်တန်ဖိုးရှိသော ပန်းသို့ဘာကြောင့်မပြောင်းသလဲ ဟု မီဒီယာကိုမီဒီယာနှင့်တိုက်မည့် ၀န်ကြီးကို လမးညွှန်မှုပေးသည့်မေးခွန်းကိုမေးသည့်အတွက် ပြန်ကြားရေးဝန်ကြီးမှ ရွှေပန်း သတင်းစာသို့ ၂၀၁၁ နှစ်သစ်အမီထုတ်ဝေသွားမည်ဖြစ်ကြောင်းပြန်လည်ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်သည့်သတင်း

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။