Thursday, December 16, 2010

နွားနှစ်ကောင် ဂျိုချင်းဝှေ့မှုကြောင့် ငလျင် လှုပ်နိုင်

၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်တွင် ဖြစ်ပေါ်မည့် ဂျူပီတာ အမည်ရှိသည့် နွားသိုးကြီး၏ ဂျိုနှင့် ယူရေးနပ်(စ်)အမည်ရ နွားပေါက်ငယ်၏ ဂျိုများ ပူးယှဉ်ကာ ဂျိုဝှေ့ခြင်း ဖြစ်ပေါ်လာနိုင်သည်ဟု နက္ခတ်သိပ္ပံနှင့် နမိတ်ကောက်အဖွဲ့ အမှုဆောင် အရာရှိချုပ် ဦးဇေယျာကိုက ပြောသည်။ အဆိုပါ ဂျိုချင်းဝှေ့မှုဖြစ်စဉ်သည် ဂျိုနှစ်ခု၏ ယိုင်ထောင့် အကွာအဝေး (declination) ဝ ဒသမ ၅ ဒီဂရီ တွင် ရှိသည့် အားကောင်းသော ဂျိုဝှေ့မှု ဖြစ်စဉ်တစ်ခုအဖြစ် မိန်ရာသီခွင်တွင် ပူးယှဉ်ဝှေ့ကြမည်ဖြစ်ကြောင်း သိရသည်။

”ဂျိုချင်း ပူးပြီးတော့ ဝှေ့တဲ့ အချိန်မှာ အာဖရိက အရှေ့ပိုင်း၊ ဗက်တိုးရီးယားကျွန်းအနီး၊ အိန္ဒိယသမုဒ္ဒရာထဲမှာ စပိန်နွားရိုင်းသတ်ပွဲက နွားသိုးကြီးနှစ်ကောင် ရပ်တည်နေမယ်။ နောက်ပြီး နွားဂျိုတွေက ဆိတ်ဂျိုတွေထက် အရွယ်အစား ကြီးကြတဲ့အတွက် ဒီလို နွားနှစ်ကောင်ဝှေ့ရင် သူတို့ ဝှေ့တဲ့ အရှိန်ကြောင့် ကမ္ဘာကြီး တုန်ခါသွားမယ်။

အဲဒီဖြစ်စဉ်ကို ပြောရရင် နွားတွေ ဝှေ့လိုက်တဲ့အခါ အရမ်း အရှိန်ပြင်းတဲ့အတွက် ကမ္ဘာကြီး သိမ့်သိမ့်ခါအောင် တုန်ခါသွားမယ်၊ တစ်နည်းအားဖြင့် ငလျင်ကြီး လှုပ်မယ်ပေါ့။ အဲဒီ ငလျင်လှုပ်မှု ဖြစ်စဉ်ဟာ တစ်လအတွင်းမှာ ဖြစ်ပေါ်နိုင်ပါ တယ်”ဟု ၄င်းက ပြောသည်။

ဂျူပီတာနှင့် ယူရေးနပ်(စ်)တို့၏ ဂျိုချင်းဝှေ့မှု ဖြစ်စဉ်များသည် တစ်နှစ်လျှင် ၃ ကြိမ်ခန့် ဖြစ်ပေါ်တတ်ပြီး ဂျိုဝှေ့မှုဖြစ်စဉ်သည် ယခုနှစ်အတွက် တတိယ အကြိမ် ဂျိုချင်း ပူးယှဉ်ဝှေ့မှု (နောက်ဆုံးပူးယှဉ်ဝှေ့မှု)ဖြစ်စဉ် တစ်ခုလည်း ဖြစ်ကြောင်း သိရသည်။

သတင်းအသေးစိတ် ဖတ်ရှုရန်

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။