Wednesday, December 22, 2010

မြန်မာပြည်ရှိ လေယာဉ်ကွင်းများအားလုံး ညအချိန်ဆင်းသက် နိုင်တော့မည်


မြန်မာတစ်နိုင်ငံလုံးရှိ လေယာဉ်ပြေးလမ်းမများကို နိုင်ငံတကာ အဆင့်မီ ညအချိန် လေယာဉ် ဆင်းသက်နိုင်သောလမ်းများအဖြစ် မကြာမီကာလတွင် ဖော်ဆောင်သွားရန်စီစဉ်လျက်ရှိကြောင်း လေယာဉ်ပြေးလမ်းအပိုင်းကို အဓိကတာဝန်ယူပြင်ဆင် ဆောင်ရွက်ပေးနေရသော ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ သိရသည်။

အဆိုပါ ညအချိန် လေယာဉ် ဆင်းသက်နိုင်မည့် အဆင့်မီလေယာဉ်ပြေး လမ်းများ တည်ဆောက်ခြင်း လုပ်ငန်းကို ဆောင်ရွက်ရန်အတွက် ပြည်တွင်းပညာရှင် များသာမက ပြည်ပမှ ပညာရှင်များပါ ပူး ပေါင်း ဆောင်ရွက်သွားရမည်ဖြစ်သောကြောင့် ပြေးလမ်းတလျှောက် ဖယောင်းတိုင်နှင့် ဆီမီးခွက် ထွန်းညှိမည့် လုပ်ငန်းစဉ် များကို အတိကျ မပြောနိုင် သေး ကြောင်း သိရသည်။

''လက်ရှိ နယ်မြို့တွေမှာရှိတဲ့ လေယာဉ်ပြေးလမ်းတွေဆိုရင် မီးဆလိုက် တွေ သိပ်လိုက်မမီတဲ့အတွက် ညနည်းနည်း မှောင်တာနဲ့နှင်းပိတ်တာနဲ့ဆိုရင် လေယာဉ် ဆင်းသက်ရခက်တယ်။ ဒါကြောင့် လေယာဉ်ပြေးလမ်းတလျှောက် ဖယောင်းတိုင်နဲ့ ဆီမီးခွက် ထွန်းညှိမယ့် အစီအစဉ်ကို အကောင်အထည် ဖော်ရတာပါ'' ဟု ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှတာဝန်ရှိသူ အင်ဂျင်နီယာ တစ်ဦးက ပြောသည်။

ယခုအခါနယ်မြို့များတွင် လေ ယာဉ်လမ်းပိုင်းပြင်ဆင်မှုများကို တိုးချဲ့ ဖောက်လုပ်ခြင်း၊ ပြေးလမ်းတလျှောက် ဆီမီးဝါ၀ါ ထွန်းညှိခြင်းများရှိပြီး များမကြာမီ ကာလတွင် လေယာဉ်အစင်းရေ ပိုမိုဆင်း သက်နိုင်တော့မည်ဖြစ်ကြောင်းကိုလည်း ကျိုင်းတုံ လေယာဉ်ကွင်း တွင် လမ်းပိုင်း ပြင်ဆင်လုပ်ကိုင်နေသော စီမံကိန်းအင်ဂျင်နီယာတစ်ဦးက ပြောကြားသွားသည်။

သတင်းရှာဖတ်ရန်

1 comment:

  1. လေဆိမ်အဆောက်အဦးတွေကိုလည်းခောတ်မှီ တဲပုတ်များနဲ့အစားထိုးမယ်လို့ကြားပါတယ်

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။