Monday, December 27, 2010

ရှားပါး မြေအောက်သယံဇာတ ပစ္စည်းများ ရှာဖွေရန် တောင်ကိုရီးယား နှင့်မြန်မာ သဘောတူ


ရှာပါးလှပြီး ပြန်လည် အစားထိုးလို့ မရတဲ့ မြန်မာ့ မြေအောက် သယံဇာတ ပစ္စည်းများကို ပြုတ်ပြုတ်ပြုန်း ကုန်ခမ်းအောင် ရှာဖွေပြီး မြန်မာ့မြေတွင် အစအနမျှ မကျန်ရှိနိုင်ရန် ရည်မှန်းချက်ဖြင့် သယံဇာတများ အကုန် ထုတ်လုပ်ရန် လိုအပ်သည့်ကရိယာများကို ထောက်ပံ့ခြင်း၊ နည်းပညာကူညီခြင်းတို့ဖြင့် အရှိန်မြင့် လုပ်ဆောင်နိုင်ရန် မြန်မာအစိုးရနဲ့ တောင်ကိုရီးယားအစိုးရ ပူးပေါင်းလုပ်ဆောင် သွားမှာ ဖြစ်ကြောင်း Bloomberg Businessweek အင်တာနက်စာမျက်နှာမှာ ယနေ့ဖေါ်ပြထားပါတယ်။

ဘူမိဗေဒပညာရပ်နဲ့ ဖွံဖြိုးတိုးတက်ရေး စီမံကိန်းများ လုပ်ဆောင်ရန်အတွက် မြန်မာစစ်ခေါင်းဆောင်တွေနဲ့ နှစ်နိုင်သဘောတူညီချက် ရရှိပြီးဖြစ်ကြောင်းကို တောင်ကိုရီးယား စီးပွားရေး အသိပညာဝန်ကြီးဌာနမှ ကြေညာချက် တစောင်ကို ယနေ့ထုတ်ပြန်လိုက်ပါတယ်။

တောင်ကိုရီးနိုင်ငံဟာ သူတို့ နိုင်ငံတိုးတက်မှုနဲ့အတူ စွမ်းအင်နဲ့ဓါတ်သတ္တု တွေကို ပိုမိုသုံးစွဲနေပြီး သူတို့ နိုင်ငံရဲ့ အဲဒီ လိုအပ်ချက်ကို ပြည့်မှီရန်အတွက် နိုင်ငံပြင်ပကနေ သွင်းကုန်အဖြစ် အရေးတကြီး တင်သွင်း
နေပါတယ်။ သို့အတွက် သဘာဝရင်းမြစ် ပေါကြွယ်ဝပြီး ဘာမှ မလုပ်တတ် မကိုင်တတ်တဲ့ ငထုံငအတွေ အုပ်ချုပ်တဲ့ မြန်မာနိုင်ငံကနေ သယံဇာတတွေကို လိမ်လည် လှည့်စားကာ ရှာဖွေ ဖေါ်ထုတ်ပြီးတော့ သူတို့ နိုင်ငံ တိုးတက်ကြီးပွားရေးကို အထောက်အကူ ပြုနိုင်အောင် ဆောင်ရွက်ဖို့ လုပ်ဆောင်နေပါတယ်။ ဒီလို လုပ်ဆောင်နိုင်ဖို့ အတွက် မြန်မာ စစ်အစိုးရနဲ့ ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်။

စီးပွားရေး အသိပညာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ပါတ်ယောင်ဂျူး ခေါင်းဆောင်တဲ့ ကိုရီးယား စီးပွားရေး လုပ်ငန်းရှင် ဘူဇွာ ဓနရှင်တွေဟာ စစ်ဗိုလ်ချုပ်တို့ရုံးစိုက်ရာ နေပြည်တော်တွင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ရက်နေ့က မြန်မာ့စွမ်းအင်ဝန်ကြီးဌာနနှင့် တွေ့ဆုံပြီး၊ မြန်မာ့ရေပြင် မြေပြင်မှာ သယံဇာတ ဘာတစ်ခုမှ မကျန်ပဲ ပြုတ်ပြုတ်ပြုန်း ကုန်ဆုံး ဇာတ်သိမ်းခြင်း ဖြစ်ပေါ်စေမယ့် သဘာဝဓါတ်ငွ့နဲ့ ဓါတ်သတ္တု ရှာဖွေရေး စီမံကိန်းများ အတွက် ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။

သူတို့ဟာ မြန်မာလူမျိုးတွေ အတွက်တော့ လယ်ယာစိုက်ပျိုးရေး ကဏ္ဍကိုပဲ လုပ်ဆောင်ကြဖို့ ဆွေးနွေး သွားကြပြီး လိုအပ်တဲ့ ကျွဲများ၊ နွားများ၊ ထွန်သွားများနဲ့ နွားလှည်းများကို ဖြည့်ဆည်း ပေးသွားမယ် လို့ ဆိုပါတယ်။

ထိုနည်းတူ နိုင်ငံတကာ စီးပွားရေးကော်ပိုရေးရှင်း တခုဖြစ်တဲ့ ကိုးရီးယား ဒေဝူးစီးပွားရေး လုပ်ငန်း အုပ်စုဟာ ရခိုင် ကမ်းလွန် ပင်လင်ပြင်တွင် သဘာဝဓါတ်ငွေ့လုပ်ကွက် A1 နှင့် A3 များကို လုပ်ကိုင်ခွင့် ရရှိထားပါတယ်။ သူတို့ဟာ သူတို့နိုင်ငံ တိုးတက်ရေးအတွက် အခြေခံအကျဆုံး ဖြစ်တဲ့ လျှပ်စစ် ဓါတ်အား ထုတ်လုပ်နိုင်တဲ့ သဘာဝ ဓာတ်ငွေ့တွေကို တစမကျန် အကုန်ထုတ်ယူ သွားမှာ ဖြစ်ပြီး၊ မြန်မာပြည်သူတွေ အတွက် ဘာတခုမှ ချန်ထားရစ်ခဲ့မှာ မဟုတ်ပါဘူး။ သဘာဝ ဓာတ်ငွေ့တွေ မြန်မာနိုင်ငံက အလျှံပယ် ထွက်ရှိနေပေမဲ့ မြန်မာ ပြည်သူတွေနဲ့ ကျောင်းသူကျောင်းသား တွေကတော့ ပုံမှန် လျှပ်စစ်မီး မရရှိတဲ့အတွက် ဖယောင်းတိုင်ထွန်းကာ စာကျက်နေကြရပါတယ်။

သတင်း အသေးစိတ် ဖတ်ရှုရန်

3 comments:

  1. ရှိတာတွေ ရောင်းမယ် ရှိတာတွေ ရောင်းမယ် ... သစ်တော တွေပြောင်သလောက်တော့ ရှိသွားပြီ ..
    ဓါတ်ငွေ့ ဘယ်တော့ ကုန်မလဲမသိ..ငါးဖမ်းခွင့်တွေလည်း တယုတ် နဲ့ ယပက်လက် ကို နှစ်၁၀၀ စာ ဖမ်းခွင့် ကြို ထုပြီးပြီ။
    ခုဓါတ်သတ္တုတွေလည်း တူးရောင်းဦးမှာဘဲ ..ဟဲဟဲ ဘာမှ ဦးနှောက် သုံးစရာမလိုဘူးလေ.. ဒါများ ငါ့ကို စောက်ထုံ တဲ့ .. မသေခင် ကျွန်းတွေ နယ်စပ်က မြေ တွေ ထုခွဲ ရောင်း သွားဦးမကွာ .. ငါ့ ကို ဖင်တုန်အောင် ကြောက်ကြတဲ့ စစ်ဗိုလ်ချုပ်တွေ ကို အရိုးရင်းချကြွေး... ဟဟ
    သေသွားရင် ယမမင်း ကို လပ်ထိုးရ ဦးမှာမို့ များများထဲ့ဘို့လိုသကွ .. သောက်တုံးတွေရ ..
    မင်းတို့ရဲ့ ပါပါကြီး သန်းရွှီး

    ReplyDelete
  2. သဘာဝဓာတ်ငွေ့တွေ ကုန်သွားရင် တတိုင်းပြည်လုံး ကို လေအတင်းလည်ခိုင်း... ပြီး သဘာဝဓာတ်ငွေ့ လိုလုပ်ရောင်း ကြဦး မလားပဲဗျို့......ဒါနဲ့ ကြက်ဆူပင်တွေ ဘယ်ရောက်ကုန်ပြီ လည်း...

    ReplyDelete
  3. ဒါက rare earth ကိုရှာမှာ။ Rare earth elements ဆိုဒါ scandium, yttrium, and the fifteen lanthanides ဖြစ်တယ်။ Periodical Table မှာသွားကြည့်ပါ။
    ဒီပစ္စည်းကmagnets, electronic ပစ္စည်းတွေမှာအရေးကြီးတယ်။ ကမ္ဘာမှာတရုပ်က ၉၀% ထုတ်တယ်။ အခုတရုပ်ကနိုင်ငံခြားကို၅၀%လျှော့ရောင်းမယ်လုပ်လို့ ဂျပန်၊အမေရိကန်ဒုက္ခရောက်နေတယ်။
    တခုဘဲရှိတယ်၊ဘေးထွက်ပစ္စည်း Tailings တွေမတော်တရော် စွန့်ပြစ်ရင်တော့ အန္တရယ်ဘဲ။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။