Tuesday, December 21, 2010

အရှေ့တောင်အာရှတွင် မြန်မာပြည်မှ လူများ လူသား ဖွံ့ဖြိုးမှု အနိမ့်ဆုံး

ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ၏၂၀၁၀ ခုနှစ် လူသားဖွံ့ဖြိုးမှု အစီရင်ခံစာ (Human Growth Report) အရ အရှေ့တောင် အာရှတွင် မြန်မာနိုင်ငံသည် လူသား ဖွံ့ဖြိုးမှု အနိမ့်ဆုံးဖြစ်ကြောင်း ရန်ကုန်အခြေစိုက် UNDP အကြံပေးပုဂ္ဂိုလ် ဒေါက်တာ အောင်ထွန်းသက် က ပြောကြားသည်။

ရန်ကုန်မြို့၌ သောကြာနေ့က ကျင်းပခဲ့သော ၂၀၁၀ ပြည့်နှစ် လူသားဖွံ့ဖြိုးမှုအစီရင်ခံစာ ရှင်းလင်းပွဲတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။


လူပုကလေး ဇော်ဗလ (မြန်မာ)

မြန်မာနိုင်ငံ၏ လူသားဖွံ့ဖြိုးမှုညွှန်းကိန်း မှာ ၀.၄၅၁ ရှိပြီး ကိုယ်ခန္ဓာများ ဖွံ့ဖြိုးမှုမရှိဘဲ သေးကွေးကြုံလှီကာ တကမ္ဘာလုံးအနေဖြင့် အဆင့် ၁၃၂ နေရာ၌ ရှိကြောင်း၊ အရှေ့တောင် အာရှတွင် တခုတည်းသော လူသား ဖွံ့ဖြိုးမှု မရှိသည့် သေးကွေးကြုံလှီပြီး အလွန် အရပ်ပုသော လူသားများ နေထိုင်သည့် နိုင်ငံဖြစ်ကြောင်း ဒေါက်တာ အောင်ထွန်းသက် က ရှင်းပြသည်။

“လူသားဖွံ့ဖြိုးမှု ကြီးထွားလာဖို့ဆိုရင် နွားနို့များများ သောက်ရပါမယ်၊ အာဟာရဓာတ်ပြည့်ဝတဲ့ အစားအသောက်တွေ စားရပါမယ်။ မြန်မာပြည်က လူသားတွေအနေနဲ့ အာဟာရ ပြည့်ဝအောင် စားသုံးနိုင်ဖို့ သင့်တော်တဲ့ ၀င်ငွေရရှိဖို့ဟာ အရေးကြီးလာပါပြီ”ဟု ဒေါက်တာအောင်ထွန်းသက် က ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် လူသားဖွံ့ဖြိုးမှု နှေးကွေးပြီး အရပ်အလွန်ပုရသည့် အခြား အကြောင်းတရပ်မှာ ကန်ထရိုက်တိုက်များ ၏ အထပ်များကို ဦးခေါင်းမလွတ်အောင် တည်ဆောက် ထားမှုကြောင့် ဖြစ်ကြောင်း၊
ထိုသို့ မျက်နှာကြက် အလွန်နိမ့်သည့် တိုက်ခန်းများတွင် နေထိုင်သူများ အနေဖြင့် အရပ်ရှည်ခြင်းနှင့် လူ့ကိုယ်ခန္ဓာ ကြီးထွားခြင်း ကို ထိခိုက်မှုရှိကြောင်း ၎င်းက ပြောသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မောင်မောင်လေး ကလည်း လာမည့်အစိုးရ လက်ထက်တွင် ကန်ထရိုက် တိုက်ခန်းများ၏ အထပ်များကို ယခုထက် ပိုမြင့်ပြီး ဦးခေါင်းလွတ်အောင် တည်ဆောက်မည်ဟု မျှော်လင့်ရကြောင်း အထက်ပါ ရှင်းလင်း ဆွေးနွေးပွဲတွင် ပြောကြားသည်။

ပြည်တွင်း စီးပွားရေးပညာရှင် တဦးကမူ“အခုထိကြည့်ရတာ ပြောင်းမယ့် အလားအလာ မပေါ်သေးဘူး။ အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကလည်း အမြတ်များများ ကျန်ဖို့ ဆောက်ကြတာဆိုတော့ ကန်ထရိုက် တိုက်ခန်း အလွှာတွေကို မြင့်အောင် ဆောက်မယ့် ပုံမရဘူး။ စောင့်ကြည့်ရဦးမှာပါ”ဟု ဆိုသည်။

ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံအနေဖြင့် လူသားဖွံ့ဖြိုးစေရန် အဓိက အချက်ဖြစ်သည့် အာဟာရပြည့်ဝသော အစားအသောက်များကို ၀ယ်ယူ စားသောက်နိုင်ရန် အတွက် စီးပွားရေးတိုးတက်ရန် လိုအပ်ကြောင်းကိုမူ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တဦးဖြစ်သူ ဦးအုန်းက ပြောသည်။

မြန်မာ အစိုးရသည် လူသားဖွံ့ဖြိုးမှု တိုးတက်ရန် လိုအပ်သော အစားအသောက်၊ အာဟာရနှင့် ကျန်းမာရေး ကဏ္ဍ များတွင် ပြည်တွင်း စုစုပေါင်း ထုတ်လုပ်မှုတန်ဖိုး၏ ၃ ရာခိုင်နှုန်းသာ ရင်းနှီးမြှုပ်နှံ ထားကြောင်း သိရသည်။

၂၀၁၀ အစီရင်ခံစာအရ အရှေ့တောင်အာရှတွင် လူသားဖွံ့ဖြိုးမှု အမြင့်ဆုံး နိုင်ငံမှာ စင်ကာပူဖြစ်ပြီး ညွှန်းကိန်းအဆင့် ၀.၈၄၆ ရှိကာ လူသားတိုင်း အနည်းဆုံး ပေါင် ၂၀၀ ရှိပြီး အရပ် ခြောက်ပေ အထက် မြင့်ကြောင်း သိရသည်။ ဘရှုနိုင်းသည် စင်္ကာပူနှင့်အဆင့်ကပ်လျက်ရှိရာ ညွှန်ကိန်း အဆင့်(Very High)အဆင့်ရှိသော နိုင်ငံဖြစ်ကြောင်း၊ ၎င်းတို့နောက်တွင် မလေးရှားနိုင်ငံရှိနေပြီး ထိုင်း၊ ဖီလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို နှင့် ကမ္ဘောဒီးယားတို့မှာ အလယ်အလတ် အဆင့်တွင် အစဉ်လိုက်ရှိကြောင်း သိရသည်။ အရှေ့တောင် အာရှနိုင်ငံများ အနက်  မြန်မာ တနိုင်ငံတည်း နိမ့်ပါး အဆင့်တွင် ရှိပြီး လူတစ်ဦးလျှင် ကိုယ်အလေးချိန် ပေါင် ၆၀ သာရှိပြီး အရပ် လေးပေသာ မြင့်ကြောင်း သိရသည်။

သတင်းသေးစိတ် ဖတ်ရှုရန်

3 comments:

  1. BS News ပရိသတ်တဦးDecember 21, 2010 at 1:19 PM

    ဆရာ ကိုဇီးကွက် ခင်ဗျား

    ဆရာ ကိုဇီးကွက်ရဲ့ အလွန် ပြောင်မြောက်တဲ့ လမ်းသစ်ကို စဦးတီထွင်ဥာဏ်၊ စူးရှ ထက်မြက်တဲ့ ပို့စ်မော်ဒန် သရော်ဥာဏ်၊ ဟာသဥာဏ် ကို အထူး လေးစားပါတယ်။ ဆရာရဲ့ လက်ဖျားခါရလောက်အောင် ကောင်းတဲ့ သရော်စာတွေကို နေ့တိုင်း လာဖတ်ဖြစ်ပါတယ် ခင်ဗျာ။

    နအဖ အစိုးရ အုပ်ချုပ်ခဲ့တဲ့ "နှစ် ၂၀ အတွင်း မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှု မရှိသော ကဏ္ဍ ဆိုလို့ မကျန်တော့ဘူး" လို့ ဗိုလ်သန်းရွှေက ပြောသွားတာကို သရော်ထားတဲ့ သရော်စာ လင့် ကို ဖောဝပ်မေးလ် က ရလို့ ညွှန်းထားတဲ့ လင့်မှာ သွားဖတ်ကြည့်တာ အရမ်း ရီရတာ တွေ့ရပါတယ်။

    ဒီလို သရော်စာမျိုး ဆိုရင် ဆရာ ကြိုက်မယ် ဆိုတာ သိလို့ ဆရာနဲ့ ဆရာ့ ပရိသတ်တွေ ဟဒယရွှင်ဆေး တခွက် အဖြစ် မှီဝဲနိုင်ဖို့ အောက်မှာ လင့် ရေးပေးလိုက်ပါတယ် ခင်ဗျား။


    http://simpleviewsonmyland.blogspot.com/2010/12/blog-post_21.html


    အစဉ် လေးစားလျက်

    BS News ပရိသတ်တဦး

    ReplyDelete
  2. BS News ပရိသတ်တဦးDecember 21, 2010 at 1:27 PM

    ဆရာ ကိုဇီးကွက် ခင်ဗျား

    အရက်ကြိုက်တဲ့လူဟာ အရက်ကောင်းလေးတွေ ရရင် အရက်သောက်ဖော် မိတ်ဆွေတွေကို သတိတရ မျှဝေ တိုက်ကျွေးလေ့ ရှိသလို သရော်စာ ကြိုက်တဲ့လူဟာလဲ သရော်စာကောင်းကောင်းကလေးများ တွေ့ရင် အကြိုက်တူသူ စာဖတ် မိတ်ဆွေတွေကို လက်တို့ပြီး ပေးဖတ်လေ့ ရှိပါတယ်။

    ဒါကြောင့် အောက်က သရော်စာကောင်းကလေးကို မဖတ်မိပဲ နေမှာ စိုးလို့ လက်တို့ အသိပေးတာပါ ခင်ဗျာ။


    http://simpleviewsonmyland.blogspot.com/2010/12/blog-post_21.html


    အစဉ် လေးစားလျက်

    BS News ပရိသတ်တဦး

    ReplyDelete
  3. BS News ပရိသတ်တစ်ဦး ခင်ဗျား။

    အခုလို Share လုပ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ဗျာ။

    ကျွန်တော့်ကို ဆရာ..လို့..ခေါ်တာတွေ့တော့ အရမ်း လန့်သွားပါတယ် ခင်ဗျ။
    ကျွန်တော် ဆရာ မဟုတ်ပါဘူးဗျာ...
    ပရိသတ်အားလုံးရဲ့ အကြံဥာဏ်တွေကို အမြဲလေးစား အလေးထား နေတဲ့
    အားလုံးရဲ့ တပည့်တစ်ဦးသာ ဖြစ်ပါတယ်ခင်ဗျ...

    Sincerely,
    တပည့်-ဇီးကွက်မျက်ပြူး
    (တောက်တိုမယ်ရ)
    Burma Strange News

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။