Thursday, December 9, 2010

တရုတ်ပြည်လုပ် လေယာဉ်တစ်စီး ခြေထောက်ကျိုးမှု ရန်ကုန်လေဆိပ်တွင် ဖြစ်ပွား

ထားဝယ်မှ ပျံသန်းလာသည့် မြန်မာ့လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစီးသည် ရန်ကုန် လေဆိပ်တွင် ပြေးလမ်းချော်ပြီး လေယာဉ် ခြေထောက်ကျိုးမှု ဒီဇင်ဘာ ၇ ရက် နံနက်က ဖြစ်ပွားခဲ့သည်။

ဒန်အိုး ဒန်ခွက်အဟောင်းများကို အရည်ကျိုပြီး အလူမီနီယမ် ကိုယ်ထည်ဟူ၍ လိမ်လည် ထုတ်လုပ်ကာ၊ သူများ နှာခေါင်း အငှားတောင်း ဆိုသကဲ့သို့ ပြင်သစ်နိုင်ငံလုပ် ATR လေယာဉ်စက်များ တပ်ဆင်ထားသော တရုတ်ပြည်ဖြစ်  Xian MA 60 လေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နံနက် ၁၁ နာရီခန့်က အဆင်းတွင် ခြေခေါက်ကာ ခြေထောက်ကျိုးခဲ့ခြင်းဖြစ်ပြီး ခရီးသည်များ ထိခိုက်ဒဏ်ရာရမှု မရှိဟု လေဆိပ်အာဏာပိုင်များက ပြောသည်။ ယခု အခါ ခြေထောက်ကျိုးသွားသော လေယာဉ်ကို တရုတ် အကြောပြင် ဆရာတစ်ဦးက တရုတ်တိုင်းရင်းဆေးဖြင့် အကြောပြင် ကုသလျက် ရှိကြောင်း၊ လိမ်ခေါက်သွားသော ဒန်သတ္တု ကိုယ်ထည်များကို ဒန်အိုးဒန်ခွက်ဆိုင်တွင် ဘော်ဒီ ပြန်ထုနေကြောင်း၊ အဆိုပါ တရုတ်ပြည်လုပ် လေယာဉ်မှာမူ ချိုင်းထောက်ဖြင့် ထော့ကျိုး ထော့ကျိုး ခရီးသွားလာနေရကြောင်း သတင်းရရှိသည်။

မြန်မာ့လေကြောင်းက Xian MA 60 အမျိုးအစား လေယာဉ်နှစ်စီးကို ပြည်တွင်းခရီးစဉ်များအတွက် ဒီဇင်ဘာ ၁ ရက်နေ့တွင် စတင် ပြေးဆွဲမှု ပြုခဲ့ပြီးနောက် ခုနစ်ရက်ပင် မကြာသေးမီ ယခုကဲ့သို့ ခြေထောက် ကျိုးသွားခြင်း ဖြစ်သည်။

Xian MA 60 ကို ဇင်ဘာဘွေကဲ့သို့ အမွဲတေဆုံး နိုင်ငံများတွင် အသုံးပြုလျက်ရှိရာ ပြီးခဲ့သည့်နှစ်အတွင်း ၃ ကြိမ်တိုင် မတော်တဆမှု ဖြစ်ပွားခဲ့သည်။

(Xian MA 60 အမျိုးအစား လေယာဉ်များကို တရုတ် လေယာဉ်အင်ဂျင်နီယာ Nian Xu Tanh အနီကပ်လေ့လာပြီး သတင်းပေးပို့ထားပါသည်)

တစ်ပိသာလျှင် ငါးဆယ်ကျပ်ဖြင့် ဒန်အိုးဒန်ခွက်ဆိုင်သို့ ရောင်းချရန် အသင့်ဖြစ်နေသည့်
ချိုကျိုး နားရွက်ပဲ့ မြန်မာ့လေကြောင်း လေယာဉ်သုံးစီးကို တွေ့ရစဉ်

သတင်း အပြည့်အစုံ ဖတ်ရှုရန်

7 comments:

  1. တော်သေးတာပေါ့ဗျာ ခြေထောက်ပဲကျိုးလို့ တောင်ပံသာကျိုးရင်တော့ မတွေးဝင့်စရားP

    ReplyDelete
  2. တရုတ်စက်မှု့ဇုံထုတ်လေယာဉ်ထင်တယ်၊ အားကျမခံမြန်မာစက်မှု့ဇုံကိုလဲ
    လေယာဉ်ထုတ်ခိုင်းနေအုံးမယ်။

    ReplyDelete
  3. တရုပ်စက် ပါဆို တစ်၇က်တည်းနဲဆုတ်ပြီပေါ့

    ReplyDelete
  4. ဘယ်လိုပဲပြောပြော လူတွေအားလုံး ကမ္ဘာအားလုံးက တရုတ်ပစ္စည်းနဲ့မကင်းပါဘူး

    ReplyDelete
  5. ဟုတ်ပါ့ဗျာ။ တရုတ်ပစ္စည်းနဲ့ မကင်းနိုင်လို့ကို မလေးရှားမှာ ကိုရွှေတွေ နိုက်ကလပ်ပုံမှန်သွားကြတာ။ ဟီးးး ဟုတ်ပါ့ ဒို့ဗမာတွေကလဲ တရုပ်တွေနဲ့ကို
    မကင်းနိုင်ဘူးနော်။ ဟီးးးး တခါသုံးတော့ အဆင်ပြေပါတယ်။ ကြာရှည်အတွက်တော့ စိတ်မကူးလေနဲ့သူငယ်ချင်း။

    ReplyDelete
  6. တစ်ကမ္ဘာလုံး တရုတ်ပစ္စည်းနဲ့ မကင်းဘူးဆိုတာ မှန်ပါတယ်.. ဒါပေမဲ့ တရုတ်က မြန်မာပြည်ကိုသွင်းတဲ့ ကွာလတီကတစ်မျိုး တစ်ခြားနိုင်ငံတွေကို သွင်းတဲ့ ကွာလတီက တစ်မျိုးဆိုတာ သိကြရဲ့လား....

    ReplyDelete
  7. ဒီလေယာဉ်က မြန်မာပြည်ကို သွင်းတာဆိုတော့ မြန်မာပြည်ကို သွင်းတဲ့ အညံ့ဆုံး ကွာလတီနဲ့ လုပ်ထားတာ သေချာတယ်။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။