Sunday, December 19, 2010

ငရုတ်သီးရဲ့ သမိုင်း

(BSN သုတေသန ဆောင်းပါး)

(Photo: thailand.net.au)

မြန်မာနိုင်ငံ သမိုင်းသုတေသန ဦးစီးဌာနနဲ့ မြန်မာစာအဖွဲ့ရဲ့ ပညာရှင်များက ငရုတ်သီးရဲ့ ရင်းမြစ်ကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း ကြေညာချက် တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။
ပညာရှင်တွေက "ငရုတ်" ဟာ "ကရုဏာ" ကနေ ဆင်းသက်ကြောင်း သက်သေပြကြပါတယ်။

သက်သေပြချက်။
ကရုဏာ > ကရုဏ်
ကရုဏ် > ကရုက်
ကရုက် > ကရုတ်
ကရုတ် > တရုတ်
တရုတ် > ငရုတ်

ငရုတ်သီးရဲ့ အထက်ဖော်ပြပါ ဆင့်ကဲဖြစ်စဉ် စတုတ္ထနဲ့ ပဉ္စမစာကြောင်းတွေ အရ မြန်မာတွေဟာ ငရုတ်သီး မျိုးစေ့ကို တရုတ်ပြည်က ရရှိခဲ့တယ်လို့လဲ မြန်မာ့ သမိုင်းပညာရှင်တွေရဲ့ ဖော်ပြချက်မှာ ပါရှိပါတာ တွေ့ရတယ်။

ဒါပေမဲ့ ကမ္ဘာ့ ငရုတ်သီး သုတေသီတွေကတော့ ငရုတ်သီးရဲ့ မူလအစဟာ အမေရိကတိုက်ဖြစ်ပြီးတော့ ငရုတ်သီးဟာ အမေရိက တိုက်ကို မြန်မာလူမျိုး ကိုလံဘတ် (နောင်အခါ- ဦးလံဘတ်) က အေဒီ ၁၄၉၂ မှာ ရှာဖွေတွေ့ရှိပြီးတဲ့နောက်ပိုင်း ရောက်မှသာ မြန်မာ အပါအ၀င် ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့ သွားတာ ဖြစ်တဲ့အကြောင်း၊ ဒီနေရာမှာ  ရေးသားကြပါတယ်။ (ကိုလံဘတ်ရဲ့ အမေရိကတွေ့ရှိမှု- ဆက်စပ်ဖတ်ရှုရန်)

သူတို့က ပုဂံခေတ် (အေဒီ ၁၁-၁၃ ရာစု) ကျောက်စာတွေမှာ တွေ့ရတဲ့ "ငြုပ်" ဆိုတဲ့
ဝေါဟာရဟာ "ငရုတ်သီး" မဟုတ်တဲ့ အကြောင်း၊ ပုဂံခေတ် မြန်မာများဟာ ငရုတ်သီး မစားတဲ့ အကြောင်း၊ ပုဂံကျောက်စာများမှာပါတဲ့ "ထောပေး၊ ထောပတ်၊ ရက်တက်၊ နို့ထမ်း၊ တင်လဲ၊ ဒိန်ချဉ်" ဝေါဟာရတွေအရ မြန်မာတွေဟာ အစပ် လုံးဝ မစားဘဲ အချို ကြိုက်သူများသာ ဖြစ်တဲ့ အကြောင်း၊ ဒါကြောင့် ပုဂံကျောက်စာပါ "ငြုပ်" ဆိုသည်မှာ "ချိုချဉ် သကြားလုံး" ကို ဆိုလိုတာ ဖြစ်ဟန် တူကြောင်း ဖော်ထုတ် သွားခဲ့ပါတယ်။ အလားတူ အိန္ဒိယ သက္ကတ ဘာသာ ဟင်းချက်နည်း မှတ်တမ်းတွေမှာလဲ "ငရုတ်သီး" ကို လုံးဝ မတွေ့ရဘဲ မဆလာကိုသာ တွေ့ရတဲ့ အကြောင်း ကမ္ဘာ့ သုတေသီများက တင်ပြထားကြပါတယ်။

ကျမ်းကိုး။ ။ ဝေါဟာရ ဆင်းသက်ပုံကို စိတ်ကူးပေါက်ရာ လုပ်လို့မရကြောင်း ထောက်ပြထားတဲ့  
ဆရာ မောင်သာနိုး အင်တာဗျူးတစ်ခု (ဘယ်မဂ္ဂဇင်းလဲ၊ ဘယ်ခုနှစ်လဲ မမှတ်မိတော့ပါ။ BSN)

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။