Monday, December 6, 2010

မြန်မာ ဘောလုံးသမား အချို့ လိင်ပြောင်းလဲ ခွဲစိပ်မှုပြု

၂၀၁၀ ခုနှစ် ဗီယက်နမ် နိုင်ငံတွင် ကျင်းပပြုလုပ်သည့် AFF Suzuki Cup ပြိုင်ပွဲ ၀င်ရောက်ခဲ့သည့် မြန်မာ ဘောလုံးအသင်းအနေဖြင့် ပေါက်ကရ ရလာဒ်များ ရရှိခဲ့ခြင်းကြောင့် ဘောလုံးသမားများ မြန်မာပြည်သို့ ပြန်မလာရဲ ဖြစ်နေကြကြောင်း သိရသည်။ BS News မှ လတ်တလော ရရှိသော သတင်းများ အရ မြန်မာ နည်းပြမှာ အမည်မသိ နေရာတစ်ခုသို့ ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရပြီး ဘောလုံး သမား အချို့မှာ ဗီယက်နမ် နိုင်ငံသား ခံယူသွားကြကြောင်း သိရသည်။ အမိမြန်မာပြည်အား မခွဲနိုင်မခွာရက်သော မြန်မာ ဘောလုံးသမား အချို့မှာမူ ပြန်လာရန် ပြင်ဆင်နေကြကြောင်း၊ သို့သော် ဒီအတိုင်း ပြန်လာပါက အရှက်ကွဲမည် စိုးသဖြင့် လူအများ မမှတ်မိအောင် လိင်ပြောင်းလဲ ခွဲစိပ်ပြီး၊ မိန်းမအဖြစ် ပြန်လာရန် ပြင်ဆင်နေကြကြောင်း သိရသည်။

လိင်ပြောင်းလဲရန် အသင့်ဖြစ်နေသော မြန်မာဘောလုံးသမားအချို့

စင်ကာပူအား ၂-၀ ဖြင့် ရှုံးနိမ့်ပြီးနောက် မြန်မာဘောလုံး အဖွဲ့ချုပ် ဥက္ကဌက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် စင်ကာပူ အသင်းတွင် အင်္ဂလိပ်လူမျိုးများ၊ အိန္ဒိယလူမျိုးများနှင့် အာဖရိကကပ္ပလီ လူမျိုးများအား အသုံးပြုသွားသဖြင့် အနိုင်ရရှိခြင်းဖြစ်သည်ကို တွေ့ရကြောင်း၊ ယခုအခါ မြန်မာ ဘောလုံးအသင်းရှိ ဘောလုံးသမားအချို့မှာ နိုင်ငံသို့ ပြန်မလာကြခြင်း၊ အချို့မှာ မိန်းမဖြစ်သွားခြင်း တို့ကြောင့်၊ လာမည့် နိုင်ငံတကာ ဘောလုံးပွဲများ ယှဉ်ပြိုင်ရန် မြန်မာအသင်းကို ပြောင်းလဲ ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ပြောင်းလဲ ဖွဲ့စည်းရာတွင် တစ်သင်းလုံးကို အာဖရိက တိုက်သားများဖြင့် အစားထိုးသွားမည်ဖြစ်ပြီး ၂၀၁၈ ခု၊ မြန်မာ့ မဟာမိတ် ရုရှားနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဖလား ပွဲစဉ်များတွင် အနိုင်ရရေးအထိ ရည်မှန်းထားကြောင်း  ပြောကြားသွားသည်။ ၄င်းက ဆက်လက်၍ ပြောကြားရာတွင် -
"ဒီလို အာဖရိကတိုက်သားတွေနဲ့ မြန်မာ ဘောလုံးအသင်း ပြောင်းလဲ ဖွဲ့စည်းဖို့ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ အာဖရိက သမဂ္ဂထဲကို ၀င်ရောက်ဖို့ လိုပါတယ်။ ဒီလို ၀င်ရောက်ဖို့ အတွက်လည်း ကျွန်တော်တို့ ကြိုတင် ပြင်ဆင်ထားပြီးပါပြီ။ မြန်မာ့ စီးပွားရေး တိုးတက်မှုကိုလဲ အာဖရိကတိုက်က အီသီယိုပီးယားတို့ ဆိုမာလီယာတို့ ဇင်ဘာဘွေ နိုင်ငံတို့ရဲ့ စီးပွားရေး အဆင့်အတန်းနဲ့ ချိန်ညှိထားပြီးပြီ ဆိုတော့ ၀င်ရောက်ဖို့ အခက်အခဲ မရှိတော့ပါဘူး ခင်ဗျ။ မြန်မာနိုင်ငံအလံကိုလည်း အီသီယိုးပီးယားနဲ့ ဂါနာ နိုင်ငံ အလံ နဲ့ တူအောင် ပြောင်းလဲထားတော့ အဖရိက သမဂ္ဂထဲ ၀င်ဖို့ရော၊ အာဖရိက ဘောလုံးသမားတွေကို မြန်မာအသင်းမှာ သုံးစွဲ သွားဖို့ အတွက်ရော အဆင်ပြေသွားတာပေါ့ဗျာ" ဟု ပြောကြားသွားခဲ့ပါကြောင်း။

(ဗီယက်နမ်ရောက် BS News အားကစားသတင်းထောက် ဟနွိုင်းမှ တိုက်ရိုက် သတင်းပေးပို့သည်)

8 comments:

  1. မောင်မောင်ရှမ်း မလေးရှားDecember 6, 2010 at 8:54 PM

    ဆုရတတ်တဲ့မြန်မာအမျိုးသမီးဘောလုံးသင်းကိုယောက်ကျားအဖြစ်လိင်ပြောင်းလဲ ခွဲစိပ်ပြီးမြန်မာ ဘောလုံးအသင်း ပြောင်းလဲ ဖွဲ့စည်းဖို့လည်းလိုပါတယ်။

    ReplyDelete
  2. ပြီးခဲ့သည့် ကြာသာပတေးနေ့က ယှဉ်ပြိုင်ကစားခဲ့သော မြန်မာလက်ရွေးစင် အသင်းနှင့် ဗီယက်နမ်လက်ရွေးစင်အသင်းတို့ ပွဲစဉ်တွင် မြန်မာအသင်းက ၇ ဂိုး ၁ ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့သောကြောင့်လည်းကောင်း၊ ယနေ့ညနေ လေးနာရီခွဲတွင် ယှဉ်ပြိုင်ကစားခဲ့သော စင်ကာပူနှင့်ပွဲတွင် ၂ ဂိုး ၁ ဂိုး ဖြင့်ရှုံးနိမ့်ခဲ့ခြင်းကြောင့်လည်းကောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်သည် လက်ရှိမြန်မာအသင်း နည်းပြအဖွဲ့နှင့် လူစာရင်းကို လုံးဝကျေနပ်မှုမရှိဘဲ တစ်သင်းလုံးကို ပြောင်းလဲပစ်ရန် ကြိုးစားနေကြောင်းသိရှိရသည်။ လက်ရှိ MNL တွင်ခြေစွမ်းပြနေသော နိုင်ငံခြား ကစားသမားများကို မြန်မာနိုင်ငံသားများအဖြစ်ပြောင်းလဲ ခံယူစေပြီး အင်အားတောင့်တင်းအောင် ပြုလုပ်လျက် နောင်လာမည့် ပြိုင်ပွဲများတွင် စေလွှတ်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ရရှိထားသော သတင်းများအရ ဦးဇော်ဇော် စိတ်ကြိုက်ရွေးချယ်မည့် မြန်မာ့လက်ရွေးစင်အသင်း နည်းပြအဖွဲ့ဝင်များနှင့် ကစားသမားများမှာ အောက်ပါအတိုင်းဖြစ်သည်။ မန်နေဂျာ-ယိုအန်ဂါးရက်(ရတနာပုံ) နည်းပြချုပ်-စတီဗင်ဟန်ဆန်(ဇေယျာရွှေမြေ) လက်ထောက်နည်းပြများ-ကင်ဝေါ်ဒန်(ဆောက်သမ်း)၊ ဆီဗာဂျီ(ဥသာ) နည်းစနစ်ဒါရိုက်တာ-အဲရစ်ဝီလီယမ်(ရန်ကုန်ယူနိုက်တက်) ဂိုးသမား-ဒီဂျာနယ်(ဥသာ) နောက်တန်း- ဟန်ဆန်(ရန်ကုန်)၊ ဂျီနွမ်ဆီယမ်(ရတနာပုံ)၊ ကမ်ဘူး(ရတနာပုံ)၊ မာတင်(နေပြည်တော်)၊ ဂျီလစ်(ဇေယျာရွှေမြေ)၊ မိုနေး(ဒဲလ်တာ)၊ အဲလက်စ်အိန်ဂျလို(ရန်ကုန်)၊ အလယ်တန်း- ကိုနေး(ရတနာပုံ)၊ ရိုဒရီဂူး(ရတနာပုံ)၊ ဂီးလ်ဒက်စ်(ဒဲလ်တာ)၊ ဘမ်ဘာ(ဒဲလ်တာ)၊ ဒီယေဂို(ဇေယျာရွှေမြေ)၊ ဒရာဂန်(ဇေယျာရွှေမြေ)၊ ပရင့်စ်(ဆောက်သမ်း)၊ မမ်ဆာ(ဇေယျာရွှေမြေ)၊ မီဂျာတိုဗစ်(ဆောက်သမ်း)၊ ချားလ်စ်(ရန်ကုန်) ရှေ့တန်း- လီယိုနာဒို(ရန်ကုန်)၊ ဗစ်တာ(ဇေယျာရွှေမြေ)၊ အဘိုလာဂျီ(မကွေး)၊ လစ်ပီလစ်ပီ(ဥသာ)၊ အက်စလေ(ရတနာပုံ)၊ စတန်လေ(ဒဲလ်တာ)။ လက်ရှိ ဆူဇူကီးဖလားပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နေသော မြန်မာအသင်းမှ နည်းပြများနှင့် ကစားသမားများကို အသစ်ပြင်ဆင်ဖွဲ့စည်းမည့် မြန်မာအသင်းတွင် ဆက်လက်ရွေးချယ်မည်ဖြစ်သော်လည်း ဘောကောက်၊ ဖိနပ်တိုက်၊ ဂျာစီလျှော်ရန်အတွက်သာဖြစ်ကြောင်းသိရှိရသည်။ အဆိုပါသတင်းနှင့်ပတ်သက်ပြီး MFF ဥက္ကဌ ဦးဇော်ဇော်အား တွေ့ဆုံမေးမြန်းခဲံ့ရာ အောက်ပါအတိုင်း ဖြေကြားခဲ့သည်။ မေး-မင်္ဂလာပါ ဥက္ကဌကြီးခင်ဗျား။ ဥက္ကဌ-မင်္ဂလာပါ။ မေး-လက်ရှိအသင်းနဲ့ မြန်မာအသင်းနဲ့ ပတ်သက်ပြီးရော အသစ်ပြင်ဆင်မဲ့ မြန်မာအသင်းနဲ့ ပတ်သက်ပြီးတော့ရော မေးမြန်းစရာတွေ အများကြီးရှိပါတယ်။ ဥက္ကဌ-မေးပါခင်ဗျား၊ ကျွန်တော်အတတ်နိုင်ဆုံး ဖြေကြားပေးပါ့မယ်။ မေး-လက်ရှိ SUZUKI CUP မှာယှဉ်ပြိုင်နေတဲ့ မြန်မာအသင်းရဲ့ သမိုင်းဝင် ရှုံးနှိမ့်မှုဟာ ဘာကြောင့်ပါလဲ။ ဥက္ကဌ-အဓိက ကတော မြန်မာကစားသမားတွေရဲ့ နိုင်ငံအသင်းအတွက် ကစားပေးလိုစိတ် မရှိတာကြောင့်ပါ။ ကျွန်တော့် အနေနဲ့ အမှန်အတိုင်းဝန်ခံရရင် အခုမြန်မာကစားသမားတွေမှာ စိတ်ဓာတ်၊ စာရိတ္တ၊ ကျွမ်းကျင်မှု၊ ဇွဲလုံ့လ၊ ၀ီရိယ အပါအ၀င် အားလုံးသော အရည်အချင်းတွေဟာ ပျက်စီးနေတယ်လို့မြင်ပါတယ်။ မြန်မာနိုင်ငံသား တစ်ယောက်ဖြစ်ပြီး နိုင်ငံအသင်းအတွက် မကစားပေးချင်တာဟာ အကြီးအကျယ် ရှက်ဖို့ကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ စည်းမျဉ်းတွေကြောင့် သူတို့ဟာ ငြင်းခွင့်မရှိဘဲ ၀င်ကစားပေးရတဲ့အတွက် သူတို့တွေရဲ့ အရည်အချင်း အဓိကအားဖြင့် ပြိုင်ပွဲအပေါ် အာရုံစူးစိုက်မှုဟာ တစက်ကလေးမှ မရှိခဲ့ပါဘူး။ ဒါကြောင့်မြန်မာအသင်းဟာ ဒီလို အဖြစ်ဆိုးနဲ့ကြုံရတာပါ။ မေး-လတ်တလော ထွက်နေတဲ့ သတင်းအရဆိုရင် ဒီရှုံးနိမ့်မှုဟာ MFF ရဲ့ အသင်းအပေါ် ထောက်ပံ့ပေးမှု အားနည်းတာကြောင့် မြန်မာအသင်း ဒီအဖြစ်ကိုကြုံရတယ်လို့ဆိုကြပါတယ်။ ဥက္ကဌ-ဒီစွပ်စွဲချက်ကို ကျွန်တော် လုံးဝငြင်းဆိုပါတယ်။ ကျွန်တော်ဟာ အသင်းကို perfect ဖြစ်အောင် မထောက်ပံ့ပေးနိုင်သေးပေမယ့် ဒေသတွင်းက တခြားနိုင်ငံတွေထက်မနိမ့်အောင် ထောက်ပံ့ပေးထားပါတယ်။ စားသောက်တာကအစ ကယ်လိုရီ အချိုးအစားကို မြန်မာအားကစားသမားတွေအတွက် သင့်လျော်အောင် ပညာရှင်တွေနဲ့ သေချာတွက်ချက်ပြီးမှ ကျွေးတာပါ။ ဂျာစီ၊ ဘောင်းဘီ၊ ခြေစွပ် နဲ့ ဘောကန်ဖိနပ်ကအစ sponsor မရတာတောင် adidas ကနေကိုယ်တိုင် ၀ယ်ယူပြီး ဆင်ပေးထားတာပါ။ ရနိုင်တဲ့ အချိန်အတွင်းမှာလည်း ခြေစမ်းပွဲကို စီစဉ်ပေးခဲ့ပါသေးတယ်။ ခြေစမ်းပွဲနည်းတယ်ဆိုတဲ့ ဆင်ခြေတွေက အဓ္ဒိပါယ်မရှိပါဘူး။ ဘောလုံးအင်အားကြီးနိုင်ငံတွေကိုကြည့်ပါ။

    ReplyDelete
  3. ဥပမာ-အင်္ဂလန် ဆိုရင် သူတို့ပြည်တွင်းလိဂ်တွေနဲ့ လုံးထွေးနေတဲ့ကာလတွေမှာဘဲ နိုင်ငံအသင်းအတွက်ပွဲတွေကို ရက်သတ္တပတ်တစ်ပတ် ကနေ ဆယ်ရက်ပဲအချိန်ယူပြီး ခြေစမ်းပွဲတစ်ပွဲနဲ့ အခြားပြိုင်ပွဲ ပွဲစဉ်နှစ်ခုကို ပြီးအောင် ကစားကြတာပါ။ သူတို့တွေက ပြင်ဆင်ချိန်နည်းတယ်လို့ မပြောကြပါဘူး။ ဒီ calender ဟာကမ္ဘာမှာ ပုံသေတောင်ဖြစ်နေပါပြီ။ ဒီဘက်ခေတ်မှာ ကျွန်တော်တို့ မြန်မာအသင်း မနိုင်တော့တဲ့ စင်ကာပူနှင့် ထိုင်းကို သရေရအောင်ကန်သွားတဲ့ ကျွန်တော်တို့ရဲ့ ငယ်နိုင် ဖိလစ်ပိုင်နဲ့ လာအိုအသင်းရဲ့ပြင်ဆင်ချိန်ဟာ ကျွန်တော်တို့နဲ့ မတိမ်းမယိမ်းပါ။ ထောက်ပံ့ပေးမှု အပိုင်းမှာ ကျွန်တော်တို့ထက်တောင် အားနည်းပါတယ်။ ဒါပေမယ့် သူတို့မှာ မြန်မာကစားသမားတွေနဲ့ နှိုငိးယှဉ်လို့မရအောင်ကို သာတာတစ်ခုရှိတယ်။ အဲဒါကတော မျိုးချစ်စိတ်ဓာတ်နဲ့ နိုင်ငံချစ်စိတ်ပဲ။ မေး-ဒါဆိုရင် ဒီလိုဖြစ်ရပ်အပေါ်မှာ တာဝန်အရှိဆုံးက ဘယ်သူတွေပါလဲ။ ဥက္ကဌ-လက်ရှိနည်းပြတွေနဲ့အသင်းသားတွေအပေါ်မှာ ၁၀၀ ရာခိုင်နှုန်းတာဝန်ရှိပါတယ်။ မေး-ဒါကြောင့်မို့ အသင်းကို ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်တာလား။ ဥက္ကဌ-မှန်ပါတယ်။ နိုင်ငံချစ်စိတ်မရှိတဲ့၊ နိုင်ငံအတွက်မကစားပေးချင်တဲ့၊ ငွေမျက်နှာသာမက်တဲ့ ကစားသမားတွေနဲ့ ၀င်ပြိုင်ပြီး ဒီလိုစုတ်ပျက်သတ်အောင် ရှုံးနိမ့်လာတာဟာ သူတို့မရှက်ပေမယ့် သန်းခြောက်ဆယ်သော ပြည်သူတွေရဲ့ မျက်နှာ ဘယ်မှာသွားထားရမလဲ။ တချိန်က အာရှနဂါးဆိုတာ ငါးရှဥ့်သာသာလောက်ပါကွာဆိုတဲ့ စကားသံတွေကို ဘယ်လိုရင်ဆိုင်ရမလဲ။ ကျွန်တော်တို့ မြန်မာတွေရဲ့ သိက္ခာကို ချနင်းခံလိုက်ရတယ်။ သိပ်ရှက်ဖို့ကောင်းတယ်။ ဒီဖြစ်ရပ်အပေါ်မှာ မရှက်ဘူး ဆိုတဲ့ မြန်မာမရှိပါဘူး။ ဒါကြောင့် ဒီမွေးစားနိုင်ငံခြား ကစားသမားတွေနဲ့ ၀င်ပြိုင်ပြီး ဗိုလ်စွဲလာတာက သိက္ခာမရှိဘူးဆိုနိုင်ပေမယ့် အခုဝင်ပြိုင်နေတဲ့ မြန်မာနိုင်ငံသားဖြစ်ပြီး မြန်မာမစစ်တဲ့ အသင်းရဲ့ရလဒ်ထက် ခံစားရသက်သာပါတယ်။ မေး-အခု ဥက္ကဌကြီးရွေးချယ်ထားတဲ့ နိုင်ငံခြားသားတွေဟာ မြန်မာနိုင်ငံသားခံယူပြီး မြန်မာ့လက်ရွေးစင်ကစားသမားတွေ အဖြစ်ကစားပေးချင်ပါ့မလား။ ဥက္ကဌ-ကစားပေးမှာပါ။ သေချာပါတယ်။ သူတို့ဟာ ဒီမြေပေါ်မှာနေလာတာ နှစ် အနည်းငယ်သာရှိသေးပေမယ့် ငွေမက်တဲ့ကစားသမားတွေကလွဲလို့ သန်းခြောက်ဆယ်သော မြန်မာပြည်သားတွေရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့စရိုက် အပြုအမူတွေကို ချစ်ခင်နေကြပါပြီ။ အေးချမ်းပြီး ယဉ်ကျေးတဲ့ဒီနိုင်ငံကိုလည်း ချစ်နေကြပါပြီ။ ဒါကြောင့် သူတို့တွေဟာ မြန်မာနိုင်ငံသားအဖြစ်ခံယူပြီး မြန်မာလူမျိုးတွေကို ကိုယ်စားပြုပြီးကစားပေးဖို့ဆိုတာ ဂုဏ်ယူစရာတစ်ခုအဖြစ် သတ်မှတ်ထားကြတာပါ။ သူတို့ကို အမေရိကန်ရဲ့ National Treasure နဲ့ မြန်မာနိုင်ငံသား ဘယ်ဟာယူမလဲမေးလာရင် ဒုတိယတစ်ခုကိုပဲရွေးမယ်ဆိုတာ ကျွန်တော်သေချာပြောရဲပါတယ်။ မေး-လက်ရှိပြိုင်ပွဲဝင်နေတဲ့ အသင်းသားတွေကိုရော အသင်းသစ်မှာ ဘယ်လိုတာဝန်ပေးမလဲ သိပါရစေ။ ဥက္ကဌ-ကိုလံဘီယာနောက်ခံလူတစ်ဦးဟာ ကမ္ဘာ့ဖလားမှာ ကိုယ့်ဂိုးကိုယ်သွင်းမိပြီး အသင်းရှုံးခဲ့ရလို့ သူဟာ သူ့နိုင်ငံမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်။ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်တွေမှာ ဂိုးပြတ်ရှုံးလို့ သူ့နိုင်ငံအစိုးရဟာ အသင်းကိုပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်ဟာ ကျွန်တော့်မြန်မာအသင်းသားတွေကိုဘာမှ မလုပ်ပါဘူး။ သူတို့တွေလည်း ကိုယ့်အခြေအနေ ကိုယ်သိသင့်နေပါပြီ။ ရှက်တတ်သင့်နေပါပြီ။ သူတို့ဟာ ဘယ်လိုအတန်းအစားတွေဆိုတာ တိုင်းသူပြည်သားတွေက သတ်မှတ်ပြီးလို့ပါ။ သူတို့ဘ၀ဟာ မြန်မာဖြစ်ပြီး စိတ်ဓာတ်ကမြန်မာမစစ်လို့ ဒီလူတွေနောက် မရွေးရုံပေါ့။ သိပ်ပြီးပါချင်နေတယ်ဆိုရင်လည်း ဘောကောက်တို့၊ ဖိနပ်တိုက်တို့၊ အ၀တ်လျှော်ဖို့တို့နဲ့ပဲတန်ပါတယ်။ မေး-ဒါဆိုရင် ဥက္ကဌကြီးရဲ့ဒီလူစာရင်းနဲ့ မြန်မာအသင်းသစ်ဟာ အနာဂတ်မှာ ဒေသတွင်း အောင်မြင်မှု ရနိုင်မယ်ပေါ့။ ဥက္ကဌ-ဒါ့ထက်တောင်ပိုသေးပေါ့ဗျာ။ ဒီပုံစံနဲ့ဆို ကျွန်တော်တို့အသင်းဟာ အာရှအဆင့်သာမကဘဲ ကမ္ဘာအဆင့်ကိုပါဝင်တိုးဖို့ အလားအလာ အများကြီးရှိသွားပါပြီ။ ပွင့်ပွင့်လင်းလင်းပြောရရင် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားကို ဒီလူစာရင်းနဲ့တူတဲ့ပုံစံနဲ့ မြန်မာအသင်းခြေစစ်ပွဲအောင်ရမယ်လို့ ကျွန်တော်ယုံတယ်။ မေး-ပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့ ဥက္ကဠကြီးကို ကျေးဇူးအထူးတင်ပါတယ်။ ဥက္ကဌ-အားနာပါတယ်ဗျာ။ ခင်ဗျားတို့မီဒီယာတွေဟာ အားကစားလောကအတွက်အရေးကြီးလို့ပါ။ ကျွန်တော်တို့ကသာ ကျေးဇူးတင်ရမှာပါ။

    ReplyDelete
  4. ဟေ့ကောင်တွေ ဘောလုံး မကန်ကြနဲ့တော့။
    စောက်ရှက်မရှိဘူးလား။
    လိင်ပြောင်း ခွဲစိတ်ပြီးတော့ အခြောက်မ-လုပ်ကြတော့ဟေ့။
    မိပ်ကပ်ဆရာ မာမီတွေပဲ လုပ်ကြတော့......................
    သိက္ခာကျတယ်။။။

    ReplyDelete
  5. အရေးကြီးတယ် ဆက်ပြီး share ပေးပါ
    aungsansukyi.youth@gmail.com add လာပါက
    လုံးဝလက်မခံပါနဲ့မိမိတို့အကောင့်များပျေက်ဆုံးသွားပါလိမ့်မည်..

    ခင်ညွန့်အပိုင်း ၃ ဆြိုပီး zip ဖိုင်နဲ့ပို့လာတာဟာ VIRUS ပါ
    ကွန်ပျူတာကိုလုံးဝ ပျက်သွားစေပါတယ် လုံးဝဖွင့်မကြည့်ပါနဲ့

    ReplyDelete
  6. မြန်မာဘောလုံးသမားတွေကို လိင်မပြောင်းခိုင်းပါနဲ့ခဗျာ မြန်မာအမျိုးသမီးအတွက်အရှက်ရစရာတွေ ဖြစ်လာမှာစိုးလို့ပါ မြန်မာအမျိုးသမီးဘောလုံးအသင်းကိုပဲ လိင်ပြောင်းပြီးအမျိုးသားအသင်းမှာကန်ခိုင်းပါခဗျာ

    ReplyDelete
  7. They tried their best. Don't blame them. Just blame the people who governed the country. My 2 cents!

    ReplyDelete
  8. နေပါဦးဗျ မေးရပါဦးမယ် မြန်မာအသင်း ကို ဘယ်သကောင့်သားက သင်ပေးထားသလဲတော့မသိဘူး မြန်မာ အသင်းအရင်ကအဲလိုမလုပ်ကြဘူးဗျ။
    အခုတော့ နိုင်ငံတော် သီချင်းဆိုတာ ရင်ဘတ်လေးတွေအုပ် လို့ ဘာလဲ ရင်နာတယ်လို့ပြောချင်တာလား။ သူများ နိုင်ငံတွေ လုပ်တာ အတုလိုက်ခိုးတာလား ပြောကြပါဦး ဘာရည်ရွယ်ချက်နဲ့လဲ အလံပြောင်းပြီးမှ ဖြစ်လာတာလား သန်းရွှေက အဲလိုလုပ်ရမယ် ပြောထားသလား ဇော်ဇော် ဆိုတဲ့ အခြောက်မ ကလုပ်ခိုင်းတာလား ။ ကိုယ့်စတိုင်နဲ့ ကိုယ်နေကြစမ်းပါါကွယ်ရို့။ ရှုံးတာကတော့ ရိုးနေပါပြီ ။ တခုတော့ ပြောထားပါရစေ မလေးရှား တို့ စင်္ကာပူတို့ ထိုင်းတို့မှာတော့ အဲလိုလာမရှုံးစေနဲ့ ပြောင်းဖူးရိုးမလာဘူး ပက်စီပုလင်းတို့ ကွမ်းတံတွေ ထုပ်တို့ လာမယ် ။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။