(BSN အထူးဆောင်းပါး)
ပုံတောင် ပုံညာဒေသမှ နှစ်သန်းပေါင်း ၄၀ ရှိ ပရိုင်းမိတ်ရုပ်ကြွင်းများ တွေ့ရှိချက်အရ လူသားမျိုးနွယ်အစ မြန်မာကဆိုပြီးတော့ ပညာရှင်တွေက သက်သေပြခဲ့ကြပါတယ်။ အဆိုပါ ကမ္ဘာ့ ပထမဆုံး လူသားဖြစ်တဲ့ မြန်မာတွေဟာ ရေကြည်ရာ မြက်နုရာသို့ လျှောက်သွားကြရာကနေ ကမ္ဘာ တစ်လွှားသို့ ပြန့်နှံ့သွားပါတော့တယ်။ အဲသလို ပြန့်နှံ့ရာကနေ ဘီစီ ၂၀၀ လောက်မှာတော့ မြန်မာတိုင်းရင်းသား တစ်မျိုးဖြစ်တဲ့ ချင်းလူမျိုး (Chin) တွေက Chin မင်းဆက် ကို တရုတ်ပြည်မှာ တည်ထောင် လိုက်ကြပါတယ်။ တရုတ်ပြည် မဟာတံတိုင်းကြီးကို ကာရံခဲ့တဲ့ Chin Shi Huangdi ဘုရင်ဟာ ချင်းလူမျိုးဖြစ်ကြောင်း သိရပါတယ်။ အေဒီ ၁၅ ရာစုမှာ မြန်မာလူမျိုး ဘုရားတကာမ ကျောင်းတကာမ ဖြစ်တဲ့ ဗာစကို ဒကာမ (Vasco da Gama) က အိန္ဒိယတိုက်ငယ် ကို တွေ့ရှိခြင်း၊ မြန်မာလူမျိုး ကိုလံဘတ် (ကြီးလာတဲ့အခါ ဦးလံဘတ်) က အမေရိက တိုက်ကို တွေ့ရှိခြင်းနဲ့ အတူ မြန်မာ လူမျိုးပေါင်းမြောက်များစွာဟာ အဲဒီ ဒေသတွေမှာ အခြေချခဲ့ကြပါတယ်။
ပုံတောင် ပုံညာဒေသမှ နှစ်သန်းပေါင်း ၄၀ ရှိ ပရိုင်းမိတ်ရုပ်ကြွင်းများ တွေ့ရှိချက်အရ လူသားမျိုးနွယ်အစ မြန်မာကဆိုပြီးတော့ ပညာရှင်တွေက သက်သေပြခဲ့ကြပါတယ်။ အဆိုပါ ကမ္ဘာ့ ပထမဆုံး လူသားဖြစ်တဲ့ မြန်မာတွေဟာ ရေကြည်ရာ မြက်နုရာသို့ လျှောက်သွားကြရာကနေ ကမ္ဘာ တစ်လွှားသို့ ပြန့်နှံ့သွားပါတော့တယ်။ အဲသလို ပြန့်နှံ့ရာကနေ ဘီစီ ၂၀၀ လောက်မှာတော့ မြန်မာတိုင်းရင်းသား တစ်မျိုးဖြစ်တဲ့ ချင်းလူမျိုး (Chin) တွေက Chin မင်းဆက် ကို တရုတ်ပြည်မှာ တည်ထောင် လိုက်ကြပါတယ်။ တရုတ်ပြည် မဟာတံတိုင်းကြီးကို ကာရံခဲ့တဲ့ Chin Shi Huangdi ဘုရင်ဟာ ချင်းလူမျိုးဖြစ်ကြောင်း သိရပါတယ်။ အေဒီ ၁၅ ရာစုမှာ မြန်မာလူမျိုး ဘုရားတကာမ ကျောင်းတကာမ ဖြစ်တဲ့ ဗာစကို ဒကာမ (Vasco da Gama) က အိန္ဒိယတိုက်ငယ် ကို တွေ့ရှိခြင်း၊ မြန်မာလူမျိုး ကိုလံဘတ် (ကြီးလာတဲ့အခါ ဦးလံဘတ်) က အမေရိက တိုက်ကို တွေ့ရှိခြင်းနဲ့ အတူ မြန်မာ လူမျိုးပေါင်းမြောက်များစွာဟာ အဲဒီ ဒေသတွေမှာ အခြေချခဲ့ကြပါတယ်။
ဘုရားဒကာမကြီး- ဗာစကို ဒကာမ
၂၀ ရာစု အစောပိုင်းမှာ မြန်မာ အင်ဂျင်နီယာ တစ်ဦးဖြစ်တဲ့ ဂျာမနီနိုင်ငံဖွား ဇက်-ပလ္လင် (Zeppelin) က ရာဇပလ္လင်နဲ့ တူတဲ့ လေသင်္ဘောကို တီထွင်ခဲ့ခြင်း နဲ့ အတူ မြန်မာတွေဟာ လေသင်္ဘောစီးပြီးတော့ ဥရောပ အနှံ့ ခြေဆန့်ခဲ့ကြပါတယ်။ အီတလီကို ရောက်နေတဲ့ မြန်မာလူမျိုး မာ-ကိုနီ (Marconi) (မာ-ကိုပြာရဲ့ညီ) က ကြိုးမဲ့ကြေးနန်းတွေ တီထွင်ခဲ့လို့ ဆက်သွယ်ရေးတွေ တိုးတက်ခဲ့သလို ပြင်သစ်နိုင်ငံရောက် မြန်မာ အမျိုးသမီး မဒမ် ကြူကြူရီ (Madame Curie) ဟာ ရေဒီယမ်ကို တွေ့ရှိခဲ့လို့ နိုဗဲလ်ဆု ရခဲ့ပါတယ်။ ဒီလိုပါပဲ မြန်မာ့ ဆိုင်းပညာရှင်ကြီးဖြစ်တဲ့ ရွာဘုရင် တရာ နတ်တန်ခိုး (Rabindranath Tagore) ဟာ ဂီတဉ္ဇလီ ကဗျာနဲ့ နိုဗဲလ်ဆု ရရှိခဲ့ပါတယ်။ မြန်မာတွေအတွက် အခြား ဂုဏ်ယူစရာ တစ်ခုကတော့ “အဲဒီ-ဆင်” (Edison) ဆိုတဲ့ မြန်မာ့ ဆင်ပြောင်ကြီးရဲ့ အံ့မခန်း တီထွင်မှုတွေပါပဲ။ ဒီလိုပါပဲ အလက်ဇန္ဒာ ဂရေဟမ် ဘဲ ဆိုတဲ့ မြန်မာ ဘဲကြီးကလဲ တယ်လီဖုန်းကို တီထွင်ခဲ့ပါတယ်။
မြန်မာတွေဟာ ကမ္ဘာပေါ်မှာ အဲသလောက် ထင်ရှားခဲ့ကြတဲ့အတွက် မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ကြီးဆိုတဲ့ “နေတိုး” အဖွဲ့ကို မြန်မာ ရုပ်ရှင်မင်းသား နေတိုးက ဦးဆောင် ဖွဲ့စည်းခဲ့တာ အံ့သြစရာတော့ မဟုတ်ပါဘူး။ အာဆီယံ အဖွဲ့ကြီးဟာလဲ မြန်မာပြည်က လုပ်တဲ့ အာမီရမ် (Army Rum) ကို သဘောကျလို့ အတုယူထားတာလို့ ဆိုပါတယ်။ ကေသီ-ပစိဖိတ် (Cathy-Pacific) ဆိုတဲ လေကြောင်းလိုင်းကို တည်ထောင်ခဲ့သူဟာ ဒေါ်ကေသီဆိုတဲ့ မြန်မာအမျိုးသမီး တစ်ဦးပါ။
ဒီလို တစ်ကမ္ဘာလုံးမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ မြန်မာတွေဟာ နိုင်ငံပေါင်းများစွာမှာလဲ ထိတ်တန်း ခေါင်းဆောင်ကြီးတွေ ဖြစ်ခဲ့ကြတာ တွေ့ရပါတယ်။ BS News က စုံစမ်းသိရှိရ သလောက် နိုင်ငံတကာက မြန်မာ့ ခေါင်းဆောင်တွေကို တင်ပြရရင်-
၁။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် - ကော်ဖီ-အနံ့ (သူက ကော်ဖီ အရမ်းကြိုက်တော့ သူ့ဆီက ကော်ဖီအနံ့ ထွက်လို့ပါတဲ့) (Kofi Annan)
၂။ အမေရိကန် သမ္မတ- ရော်နယ် ဦးရည်ခင် (Ronald Reagan)
၃။ ဆိုဗီယက် သမ္မတ- မိခေးလ် ကိုဗချော (Gorvachev)
ဂျိုးဇက်- ဒေါ်စန္ဒာလင်း
၎။ ဆိုဗီယက်ခေါင်းဆောင်ကြီး- ဂျိုးဇက် စန္ဒာလင်း (မိန်းမတစ်ဦး ဖြစ်ပါသည်) (Stalin)
၅။ အမေရိကန် သမ္မတများ- ဂျော့ မောင်ပု (စီနီယာနှင့် ဂျူနီယာ) (George Bush and George W. Bush)
၆။ ဗြိတိန် ၀န်ကြီးချုပ်- မာဂရက် ဒေါ်သေချာ (မိန်းမဖြစ်ကြောင်း သေချာပါသည်) (Magaret Thatcher)
ဒေါ် ဂျွန် မယ်ကြာ
၇။ သူမကို ဆက်ခံသူ ၀န်ကြီးချုပ်- ဂျွန် မယ်ကြာ (မိန်းမဖြစ်ပါသည်) (John Major)
၈။ ပြင်သစ် သမ္မတ- ဆာ ကိုစည် (ဆာဘွဲ့ရဖြစ်ပါသည်) (Sarkozy)
၉။ ဂျာမနီ ၀န်ကြီးချုပ်- ဟဲလ် မီးခိုး (Helmut Kohl)
၁၀။ အီတလီ ၀န်ကြီးချုပ်- ဘီလူး စကိုနီ (အစွယ်ငေါငေါနဲ့ ကြောက်စရာဘီလူးကြီး) (Berlusconi)
၁၁။ နာဇီခေါင်းဆောင်- အံ့ခမန်း (အရမ်း အံ့မခန်း နိုင်လွန်းတဲ့ ပုဂ္ဂိုလ်ပါ) (Eichmann)
၁၂။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး- ၀ါရင့် ခရစ္စတိုဖာ (အရမ်း ၀ါရင့်တဲ့ ပုဂ္ဂိုလ်ပါ) (Warren Christopher)
၁၃။ တိဗက် ဘာသာရေးခေါင်းဆောင်- ဒလိုင်း လန်ဘား (အရပ်ရှည်တဲ့ ကိုလန်ဘား ဖြစ်ပါသည်) (Dalai Lama)
၁၄။ အိန္ဒိယ၀န်ကြီးချုပ်- ဂျာဝါဟလာ ကိုနေ-အရူး (Jawaharlal Nehru)
၁၅။ တရုတ်ခေါင်းဆောင်ကြီး- မော်-အဆီတုံး (Mao Zedong)
၁၆။ စင်ကာပူ ၀န်ကြီးချုပ်- လီကွမ် အရူး (Lee Kuan Yew)
၁၇။ သူ့ကို ဆက်ခံသူ- ကိုကျောက်တောင် (Goh Chok Tong)
ဒေါ် ခင်ချိုအေး
၁၈။ မြောက်ကိုးရီးယား ခေါင်းဆောင်- ခင်ချိုအေး (မိန်းမတစ်ဦးဖြစ်ပါသည်) (Kim Jong Il)
၁၉။ ပါကစ္စတန် ၀န်ကြီးချုပ်- ဘရာဇီယာ ပုတို (အရပ်ပုပု ဂင်တိုတို - ဘရာဇီယာရောင်းသူ) (Benazir Bhutto)
၂၀။ ထိုင်းဝန်ကြီးချုပ်- အဘိသေက ၀ိဇ္ဇာဇီဝ (ပါဠိနဲ့ မင်းစိုးရာဇာဘွဲ့ ခံယူထားသူ) (Abhisit Vejjajiva)
၂၁။ မလေးရှား ဒုဝန်ကြီးချုပ်- အဏ္ဏ၀ါ အီဘရာဟင် (အဏ္ဏ၀ါဇီဝဘာသာရပ်ဖြင့် ဘွဲ့ရထားသူ) (Anwar Ibrahim)
၂၂။ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး- ငုယင် ကိုသက် (Nguyen Co Thach)
၂၂။ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး- ငုယင် ကိုသက် (Nguyen Co Thach)
၂၃။ မြန်မာပြည်ဘုရင်ခံ- ဆာ ဦးဘရန် (Sir Hubert Rance)
ဆာ- ဒေါ်မန် စမစ် (မိန်းမဖြစ်ပါသည်)
၂၄။ မြန်မာပြည်ဘုရင်ခံ- ဆာ ဒေါ်မန်စမစ် (မိန်းမ ဖြစ်ပါသည်) (Sir Dorman-Smith)
၂၅။ မြန်မာပြည် ဘုရင်ခံ- ဆာ ဟာကုတ် ပတ္တလား (ပတ္တလား ဆရာ ဖြစ်ပါသည်) (Sir Harcourt Butler)
၂၆။ အရှေ့တောင်အာရှ စစ်သေနာပတိချုပ်- လော့ မောင်ဘက်တန် (ဘက်တန် ရိုက်လို့ရပါတယ်။ ကြက်တောင် တို့ ဘာတို့ပေါ့) (Lord Mountbattan)
၂၇။ ကုလသမဂ္ဂကိုယ်စားလှယ်- ဦးနံပြား (Nambiar)
တို့ဖြစ်ကြပါတယ်။
ဒါတင် မကပါဘူး။ ကမ္ဘာ့ အချမ်းသာဆုံး ထဲမှာပါတဲ့ သူဌေးကြီး ၀ါရင့်-ဘူဖေ (Warren Buffett) ဆိုတာ ၀ါရင့် မြန်မာ စီးပွားရေး လုပ်ငန်းရှင်ကြီး ဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးလောကမှာ ပြင်သစ်နိုင်ငံက ဂိုးသမား ဘသက် (Barthez)၊ ရီယဲ နည်းပြ မောင်ရင်ညို (Mourinho)၊ ဒေးဗစ် ဘဟန် (David Backham) တို့ဟာ ထင်ရှားတဲ့ မြန်မာတွေပါ။ ကမ္ဘာ့ရုပ်ရှင် လောကမှာဆိုရင် ဟောလီးဝုဒ်က ကိတ်-၀င်းလဲ့ (Kate Winslet)၊ စန္ဒာ-ဗူးလော့ (Sandra Bullock)၊ နာရီ အရမ်း ပတ်တဲ့ ဂျိမ်းစ်ဘွန်းမင်းသား ရှောင်ကွန်-နာရီ (Sean Connery)၊ ရန်ဗိုလ် (Rambo)၊ဟောင်ကောင်က ပရုတ်ဆီ (Bruce Lee)၊ တရုတ်ပြည်က ပေါင်ချိန် (၀လွန်းလို့ ပေါင် ခဏခဏ ချိန်ရသူ)၊ နဲ့ ကိုးရီးယား နိုင်ငံက မင်းသမီး ဆောင်းဟေကို (မိုးဟေကိုရဲ့အစ်မ) (Song Hayko) တို့ဟာ နာမည်ကျော်ကြားတဲ့ မြန်မာ လူမျိုးများ ဖြစ်ကြပါကြောင်း BSN က လေ့လာ တွေ့ရှိရပါတယ်။
(ပြင်သစ်က ဂိုးသမား ကိုဘသက် Barthez နဲ့ အင်္ဂလန်ဘောလုံးသမား ဒေးဗစ် ဘဟန် David Backham တို့ဟာ မြန်မာလူမျိုးများ ဖြစ်တဲ့အကြောင်းကိုတော့ BS News ပရိတ်သတ်များဖြစ်ကြတဲ့ အမည်မသိ ရှေးစာဆို တစ်ဦးနဲ့ မလေးရှားမှ မောင်မောင်ရှမ်းတို့က အနီးကပ် လေ့လာပြီး သတင်းပေးပို့ခဲ့ကြတာ ဖြစ်ပါတယ်။)
သတင်းဆောင်းပါး ဒုတိယပိုင်း ကို မကြာမီ ဆက်လက် တင်ဆက်ပါမည်။
သတင်းဆောင်းပါး ဒုတိယပိုင်း ကို မကြာမီ ဆက်လက် တင်ဆက်ပါမည်။
ဟား ဟား ဟားရီရလွန်လို့ အူတက်နေပြီးဗျို့ ...ဘာပဲပြောပြော မြန်မာတွေအတွက် ကြံဖန်ပြီးဂုဏ်ယူစရာပဲ ဟား ဟား
ReplyDeleteမိုက်တယ်ဗျာ :D
ReplyDeleteဟေ....ဘောလုံးသမား ကိုဘဟန်(Beckham)တယောက်ရော ထည်.ပေးပါဦးလား။
ReplyDeleteဘားမားကမ်ပိန်းယူကေမှာ မိန်းမရှိသေးတယ်ဗျာ မဖာမနာ တဲ့
ReplyDeleteအရန်းရယ်ရပေမဲ့၊
ReplyDelete၁၉။ ပါကစ္စတန် ၀န်ကြီးချုပ်- ဘရာဇီယာ ပုတို (အရပ်ပုပု ဂင်တိုတို - ဘရာဇီယာရောင်းသူ) (Benazir Bhutto)
ကိုဖတ်ပြီးတော့စိတ်မကောင်းဖြစ်မိပါတယ်။ ဘုတို ဟာလုတ်ကြံခံလိုက်ရတဲ့ နိုဘယ်ဆုရှင်မဟုတ်လား။
I like it........... So Good.
ReplyDeleteမြန်မာလူမျိုး ကမ္ဘာလွှမ်းစေရမည်။
ReplyDeleteအားပေးနေပါတယ်ဗျာ...................
Good idea.
ReplyDeleteThanks for creating.
wa hahahahahahaha very very very gud gud wahahaha
ReplyDeleteဟားဟားဟားဟား.............. အားရပါးရရယ်ပြီး မျှဝေချင်လို့ကော်ပီလုပ်သွားပြီဗျာ ။ကျေးဇူးပါနော်.....................:D
ReplyDeleteကျန် သေး တယ်။အိုစနာ မူလာ ရွှေလေ။အဘ ညီမ လေ။
ReplyDeleteအော်ပရာဝင်းဖေ နဲ့ ရေဘ၀ဲလေးငပေါ တို့ဟာလဲမြန်မာပြည်ကပါပဲတဲ့
ReplyDeletenothing else to do? Lame joke!!
ReplyDeleteအိုဗမာ ကြီးကိုဘာလို့ချန်ထားတာလဲ
ReplyDeleteSo funny.
ReplyDeleteThanks for your time and make us happy. It really drives our stress out away... :)
ReplyDeletekorea mar yaut nay tae (Khin Htay Yee),Kim Tae Hee lal shi thay tal lay
ReplyDeleteစအိုမှာ ဘင်တွေထွက်နေတဲ ရောဂါရှိတဲ စအိုမှာ ဘင်လာတင် ဟာလဲ မြန်မာလူမျိုးတဦးပါ။ ဆယ်တန် ပဲကိုနိုင်တဲ. ဆယ်တန်ဟူစိန်။ ကတ္တီပါ အင်္ကျီတွေ အ၀တ်များလို. ကဒါဖီ လို. ခေါ်ခံရတဲ.လူ။ ငယ်ငယ်က အလီမရလို. စာမေးပွဲကျပြီး လက်ဝှေ.သမား ဘ၀ရောက်ရရှာတဲ ဟိုဟာမက် အလီ။ အများကြီးပဲ နော်
ReplyDeleteအခုမှ ဒီဆိုဒ် ကိုတွေ့ တာ....ဒါပေမယ့် အရမ်းကြိုက်သွားပြီ...
ReplyDeleteအန္န၀ါစာတတ် (အီဂျစ်-ဘုန်းကြီးလူထွက်စာတတ်ပုဂိုလ်) Anwa Sadat
ReplyDeleteဓါတု ဦးစိန်အုန်း (မလေးရှား) Datut Husein Ohm
မကပိုက၇ို (Marcopolo) ကျန်ခဲ့သည်
ဓါတုဗေဒကျူရှင်ဆရာ တစ်ယောက် မလေးရှားမှာထွန်းပေါက်တာ ၀န်ကြီးချုပ်တောင်ဖြစ်ခဲ့တာကိုး။
ReplyDeleteဦးစိန်အုန်း ဦးစိန်အုန်း ဦးစိန်အုန်း
အမေရိကားရောက်သွားတဲ့ ကိုလံဘ ဆိုတာ ဥက္ကလာသားလေ။
ReplyDeleteသူ့မျိုးဆက်တွေနေတဲ့ပြည်နယ်တွေကို ဥက္ကလာဟိုမှာ (Okalahoma) နဲ့အလှဗမာ (Alabama) လို့နံမည်ပေးထားသေးဗျာ။
လက်ရှိသမတက ပုဂံခေတ်ကဆင်းသက်လာတဲ့ ရှေးဗမာမိန်းမစစ်စစ်
အို ဗမာ (Obama)တဲ့၊