Monday, December 13, 2010

US တွင် မြန်မာကလေးငယ်တစ်ဦး ကြွက်ကိုက်ခံရ၊ အမေရိကန်များ အထူးတုန်လှုပ်လျက်ရှိ

ကမ္ဘာ့ ကျန်းမာရေး အဆင့်မြင့် စီမံချက်နှင့်အတူ အမေရိကန် မြို့ကြီးပြကြီးများတွင် နှစ်ပေါင်းများစွာ ကွယ်ပျောက် နေခဲ့ပြီ ဖြစ်သော ကြွက်တစ်ကောင်ကို အမေရိကန် ပြည်ထောင်စု ဖိုးဝင်း (Fort Wayne) မြို့နေ မြန်မာ မိသားစု တစ်စုက ရှာဖွေ တွေ့ရှိခဲ့ကြောင်း သမ္မတ အိုဘားမား၏ အိမ်ဖြူတော်မှ အထူးသတင်း တစ်ပုဒ် ထုတ်ပြန် ကြေညာလိုက်သည်။

ယမန်နေ့က ထုတ်ပြန်သော အိမ်ဖြူတော် ကြေညာချက်တွင် ဖိုးဝင်းမြို့နေ မြန်မာ ကလေးငယ် တစ်ဦး ကြွက်ကိုက်ခြင်း ခံခဲ့ရကြောင်း မိခင်ဖြစ်သူက တွေ့ရှိခဲ့သည်ဟု ဖော်ပြပါရှိပြီး၊ ထိုသတင်းကြောင့် အမေရိကန် တစ်နိုင်ငံလုံးရှိ လူဖြူများ အထူး ကြောက်ရွံ့ စိုးရိမ်သွားကြကြောင်း သတင်းရရှိသည်။

ထို့ကြောင့် အိုဘာမား အစိုးရအနေဖြင့် ဖိုးဝင်းမြို့တွင် လောလောဆယ် အရေးပေါ် အခြေအနေ ထုတ်ပြန် ကြေညာလိုက်ပြီး၊ ကြွက်နှိမ်နင်းရေး လုပ်ငန်းများအတွက် ဒေါ်လာ တစ်ဘီလီယံခွဲ အကုန်အကျခံ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။ အမေရိကန် နိုင်ငံတစ်ဝှမ်းကိုလည်း ကြွက်အန္တရာယ် သတိပြုကြရန် တပ်လှန့်ထားကြောင်း သိရသည်။

အမေရိကားရောက် မြန်မာကွန်မြူနတီကမူ နှစ်ပေါင်းများစွာ ကွယ်ပျောက်နေသော ကြွက် ကို မြန်မာ မိသားစု တစ်စုမှ ယခုကဲ့သို့ ပြန်လည် ရှာဖွေ တွေ့ရှိကာ အမေရိကန်နိုင်ငံအတွင်း မြန်မာ့ ဂုဏ်ကို ဆောင်နိုင်ခဲ့ခြင်းအပေါ် အထူး ၀မ်းသာ ဂုဏ်ယူပါကြောင်း ပြောကြားသည်။
"ကျွန်တော်တို့ကတော့ ပင်နယ်ဆလင်ကို အလက်ဇန္ဒာ ဖလင်းမင်း ရှာဖွေ တွေ့ရှိခဲ့သလို ဂုဏ်ပြုသင့်တယ်လို့ မြင်ပါတယ်။ Discovery တစ်ခုကို မြန်မာတွေက ပြုလုပ်နိုင်တယ်ဆိုတာ အလွန် ဂုဏ်ယူစရာ ကောင်းပါတယ်" ဟု မြန်မာကွန်မြူနတီမှ ပုဂ္ဂိုလ်တစ်ဦးက BS News သို့ ပြောကြားသွားသည်။

အမေရိကန်မှာ ကြွက်ကိုက်ခံရတဲ့ ကလေးနဲ့ ကလေးအမေ

အမေရိကားတိုက်ကို မြန်မာလူမျိုး ကိုလံဘတ် (ကြီးလာတဲ့အခါ- ဦးလံဘတ်) တွေ့ရှိမှုနှင့် အတူ မြန်မာလူမျိုးများ အမေရိကန်တွင် ၁၅ ရာစုကတည်းက အခြေချခဲ့ကြပြီး ကိုလံဘတ်၏ တပည့် ကိုဖိုးဝင်း တည်ထောင်ခဲ့သည့် ဖိုးဝင်းမြို့ (Fort Wayne) တွင် ခေတ်အဆက်ဆက်ကပင်  မြန်မာများစွာ အခြေချ နေထိုင်လျက်ရှိကြောင်း သိရသည်။ (ဒီမှာကြည့်)

သတင်း အသေးစိတ် ဖတ်ရှုရန်

1 comment:

  1. Conclusion #1: It proved that MM gov is a bad bad junta. It's all gov fault.

    Conclusion #2: No wonder.. since SPDC take over, our culture deteriorate till we left our children to be bitten by rats. Now USDP won the election and more and more people will be bitten by the rats.

    Conclusion #3: Since NLD is not in power, Burmese are not taught of the danger of rats. It's all Junta's fault again.

    Conclusion #4: Wow... Burmese are so smart. They can even make the American fearful...

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။