Tuesday, May 31, 2011

မြန်မာ သံရုံး လမ်းညွှန်

မြန်မာ သံရုံးနှင့် ပတ်သက်တဲ့ information တွေကို လွယ်လင့်တကူ ရှာဖွေ နိုင်တဲ့ ၀က်ဆိုက် တစ်ခု တွေ့ရပါတယ်။

မြန်မာသံရုံးနဲ့ မဖြစ်မနေ ဆက်သွယ် ဆောင်ရွက်ရမယ့် မြန်မာနိုင်ငံသားတွေ အနေနဲ့ သံရုံးရဲ့ အဓိက ကျတဲ့ အချက်အလက်တွေကို http://myanmar-embassy.info မှာ ကြိုတင် သွားရောက် လေ့လာ ထားသင့်တယ်လို့ BSN ရဲ့ စာဖတ်ပရိသတ် တစ်ဦးက လက်တို့ ထားပါတယ်။

Monday, May 30, 2011

တက္ကစီများ လှပစေရန် မီတာများ တင်ဆင်ထားခြင်းဖြစ်

(Photo: themyanmarpost)

ရန်ကုန်မြို့တွင် ပြေးဆွဲလျက် ရှိသည့် တက္ကစီများတွင် မီတာများကို တက္ကစီများ လှပစေရန် အတွက်လည်းကောင်း၊ တက္ကစီ၏ အဆင် တန်ဆာ အဖြစ်လည်းကောင်း တပ်ဆင် ထားကြောင်း သတင်းရရှိသည်။

မီတာများမှာ အလှပြထားခြင်းသာ ဖြစ်သဖြင့် တက္ကစီခများကို ပါးစပ်ဖြင့် ဈေးဖြတ်ကာ မောင်းနှင်ကြပြီး၊ အလှသဘော တပ်ဆင်ထားသော မီတာများကို အသုံးပြုရန် မလိုအပ်ကြောင်း သိရသည်။

ယခုတလော တက္ကစီခ များမှာလည်း ၁၀၀၀ တန်ခရီးကို ၁၅၀၀ ကျပ်၊ ၁၅၀၀ တန်ခရီးကို ၂၀၀၀ ကျပ် စသည်ဖြင့် ဈေးတက်နေကြောင်း Myanmar Post ဂျာနယ်တွင် ရေးသားထားသည်။


Read More ...

Saturday, May 28, 2011

ကုလ အတွင်းရေးမှူးချုပ် ဦးသန့်၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ လုပ်ကြံခံရပြီး ကွယ်လွန်ခဲ့

ဗိုလ်ချုပ်အောင်ဆန်း နှင့်အတူ လုပ်ကြံခံရပြီး ကွယ်လွန်ခဲ့သော ဦးသန့်အား
အာဇာနည်ကုန်းတွင် ဤသို့ ဂူသွင်း သင်္ဂြိုဟ်ထားသည်။
(Photo: Screen-shot from niknayman's youtube)

ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်သည် ၁၉၇၄ နိုဝင်ဘာ ၂၅ ရက်နေ့တွင် နယူးယောက်မြို့၌ ကွယ်လွန်ခဲ့ခြင်း မဟုတ်ဘဲ၊ ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့ ကတည်းက ဗိုလ်ချုပ်အောင်ဆန်း နှင့် အတူ ကျဆုံး ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း SBS ရုပ်သံမှ ထုတ်လွှင့်သည့် City Hunter ဇာတ်လမ်းတွဲမှ ဇာတ်ဝင်ခန်း တစ်ခု အရ သိရသည်။ ဇူလိုင်လ ၁၉ ရက်နေ့တွင် အာဇာနည်ကြီးများနှင့် အတူ ကျဆုံး ကွယ်လွန်ခဲ့သော ဦးသန့်အား ရန်ကုန်မြို့ အာဇာနည်ကုန်းတွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် အတူ ဂူသွင်း မြှုပ်နှံထားသည်။

၁၉၄၇ ခုနှစ်က ကွယ်လွန်ခဲ့သော ဦးသန့်သည် ၁၉၆၁ မှ ၁၉၇၁ အထိ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် မည်သို့ မည်ပုံ တာဝန် ထမ်းဆောင်ခဲ့သနည်း ဆိုသော မေးခွန်းနှင့် ပတ်သက်၍ မဖြေရှင်း နိုင်သေးသော ခေါင်းခဲစရာ ပြသနာ တစ်ရပ် အဖြစ် တည်ရှိနေကြောင်း ပရလောကနှင့် ပန်းကန်ပြားပျံ လေ့လာရေးဆိုင်ရာ ကျွမ်းကျင်သူများက သုံးသပ်နေကြသည်။



ဦးသန့် ဓာတ်ပုံ ချိတ်ဆွဲထားတဲ့ အာဇာနည်ကုန်း ဗုံးကွဲမှု ရုပ်ရှင်
Courtesy: Niknayman

ရန်ကုန် အာဇာနည်ကုန်း ဗုံးကွဲမှု မူရင်း သမိုင်းမှတ်တမ်း အမှန်

U Thant's tomb, Shwedagon Pagoda Road, Yangon
(Photo: wikipedia)

ထိုင်း သတင်းစာ နှစ်စောင်တွင် မည်သည့် သတင်းမျှ ပါဝင်တော့မည် မဟုတ်


ထိုင်းနိုင်ငံမှ အင်္ဂလိပ် ဘာသာဖြင့် နေ့စဉ် ထုတ်ဝေလျက် ရှိသော နာမည်ကြီး Bangkok Post နှင့် The Nation သတင်းစာကြီး နှစ်စောင်တွင် သတင်းများ ထည့်သွင်း ဖော်ပြခြင်း ပြုတော့မည် မဟုတ်ကြောင်း သိရှိရသည်။

သတင်းများ လုံးဝ ဖော်ပြတော့မည် မဟုတ်သဖြင့် Bangkok Post နှင့် The Nation တို့ကို "သီတင်းစာ" ဟု ပြောင်းလဲ ခေါ်ဝေါ်လိုက်သည်။ အဆိုပါ "သီတင်းစာ" များတွင် "သီတင်းသီလ" ဆောက်တည်ခြင်းနှင့် သက်ဆိုင်သည့် အကြောင်းအရာများနှင့် ဘုရားကျောင်းကန် များတွင် "သီတင်းသုံး" နေကြသော ရဟန်းတော်များ၏ ထေရုပ္ပတ္တိများ ကိုသာ ဖော်ပြတော့မည် ဖြစ်ကြောင်း "သီတင်းစာ" ၏ အယ်ဒီတာများက BSN ကိုပြောသည်။ သီတင်း တစ်ပတ်လျှင် ၇ ရက် ထုတ်ဝေသဖြင့် "သီတင်းစာ" ဟု ခေါ်ဝေါ်ကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာ မည်သည့် သတင်းမှ ပါဝင်တော့မည် မဟုတ်သဖြင့် Bangkok Post နှင့် The Nation တို့သည် "သတင်းစာ" များ မဟုတ်ကြတော့ကြောင်း အဆိုပါ အယ်ဒီတာများက ပြောဆိုလိုက်သည်။


Read More ...

ယာဉ် အသစ် တစ်မျိုးကြောင့် လူတစ်ဦး အသက်ဆုံးရှုံး

ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော စက်မှု နိုင်ငံကြီးကို တည်ဆောက်နေသည့် အစိုးရသစ် လက်ထက်တွင် အသစ် တီထွင် ထုတ်လုပ်လိုက်သည့် "ဆိုင်ကယ်ဟု ယူဆရသော ယာဉ်" တစ်မျိုးကြောင့် လူတစ်ဦး အသက်ဆုံးရှုံးသွားကြောင်း ယမန်နေ့ထုတ် ကြေးမုံ သတင်းစာတွင် သတင်းဖော်ပြ ထားသည်ကို တွေ့ရသည်။


@71

Thursday, May 26, 2011

ရန်ကုန် အာဇာနည်ကုန်း ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့

မနေ့ကအစပြုပြီး တောင်ကိုရီးယား SBS ရုပ်သံလိုင်းမှာ ထုတ်လွှင့်တဲ့ City Hunter ဇာတ်လမ်းတွဲမှာ မြန်မာပြည်အကြောင်း ပါဝင်မယ်လို့ သိရပါတယ်။ ၁၉၈၃ ရန်ကုန် အာဇာနည်ကုန်း ဗုံးကွဲမှုကို ဇာတ်ဝင်ခန်းထဲ ထည့်ထားတာပါ တဲ့။ (ဧရာဝတီ ဘလော့မှာ ဖတ်ပါ)

တောင်ကိုရီးယား၊ မြန်မာ အလံ တို့နဲ့ ဗုံးထိတဲ့ကားတစီး ရိုက်ချက် ဓာတ်ပုံကို ပုံကြီးချဲ့ကြည့်တော့ နံပါတ်ပြားမှာ ရေးထားတာက ထိုင်း အက္ခရာတွေ ဖြစ်နေတာ တွေ့ပါတယ်။


(Photo: Irrawaddy Blog)

ဒီတော့ ဓာတ်ပုံထဲမှာ တွေ့ရတဲ့ အတိုင်း ထိုင်း ကားနံပါတ် ဖြစ်နေတဲ့ အတွက် ဗုံးကွဲတဲ့ နေရာဟာ မြန်မာပြည် မဟုတ်ဘဲ ထိုင်းနိုင်ငံ တစ်နေရာ ဖြစ်တယ် ဆိုတာ ထင်ရှားပါတယ်။

၁၉၈၃ အာဇာနည်ကုန်း ဗုံးကွဲတာ ဆိုတော့ မြန်မာပြည်ရဲ့ အထင်ကရ အာဇာနည်ကုန်းဟာ ရန်ကုန်မြို့မှာ မရှိဘဲ ထိုင်းနိုင်ငံထဲမှာ တည်ရှိကြောင်း City Hunter ဇာတ်လမ်းတွဲရဲ့ ဇာတ်ဝင်ခန်းမြင်ကွင်း တစ်ခုကို ဖော်ပြတဲ့ အထက်ပါ ဓာတ်ပုံအရ သိရှိနိုင်ပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းကို မလိုလားတဲ့ ခေတ်အဆက်ဆက် မြန်မာ စစ်အစိုးရ ခေါင်းဆောင်တွေက ဗိုလ်ချုပ်နဲ့ အာဇာနည် ခေါင်းဆောင်ကြီးများရဲ့ ဂူဗိမာန်ကို မြန်မာပြည် ပြင်ပသို့ ပြောင်းရွှေ့လိုက်တာ မဟုတ်ဘဲ ကိုးရီးယား ရုပ်ရှင်လောကသား တစ်စုက ပြောင်းရွှေ့လိုက်တဲ့ ယခု ဖြစ်ရပ်ဟာ ထူးဆန်း အံ့သြစရာ ကောင်းနေကြောင်း မြန်မာ့ နိုင်ငံရေး လေ့လာ အကဲခတ်သူများက သုံးသပ် ပြောဆိုကြပါတယ်။


မြောက်ကိုးရီးယားတွေက မြန်မာပြည်မှာ ဗုံးခွဲကြောင်း ဖော်ပြချက် ပါဝင်တဲ့ ဇာတ်လမ်း အကျဉ်းချုပ်ကို ဒီမှာ ဖတ်ပါ

မူလတန်း ကျောင်းသား တစ်ဦးအား တစ်နေ့လျှင် ၁ ကျပ်၊ ၃၁ ပြား နှုန်းဖြင့် ထောက်ပံ့လျက်ရှိ


၂၀၁၁-၂၀၁၂ ပညာသင်နှစ် တစ်နှစ်တာလုံး အတွက် မူလတန်း ကျောင်းသူ ကျောင်းသားများအား နိုင်ငံတော်မှ ငွေကျပ် သန်း ၂၄၀၀ တန်ဖိုးရှိ ကျောင်းသုံးစာအုပ်များ ထောက်ပံ့ခဲ့ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် တွေ့ရသည်။ မူလတန်း တက်ရောက်နေသူ ကျောင်းသူ ကျောင်းသား စုစုပေါင်းမှာ ၅ သန်းကျော် ဖြစ်သဖြင့် တစ်ဦးလျှင် တစ်နှစ်တာ အတွက် ထောက်ပံ့ခံရသည့် ငွေကြေး ပမာဏမှာ- ၄၈၀ ကျပ် ဖြစ်သည်။ သို့ဖြစ်ရာ ကျောင်းသူ ကျောင်းသား တစ်ဦးချင်းကို တစ်နေ့လျှင် ၁ ကျပ် ၃၁ ပြားနှုန်းဖြင့် ထောက်ပံ့ခြင်း ဖြစ်သည်ဟု သိရှိရပါသည်။

@71


မိုးကြိုးကို ခုန်ရှောင် နိုင်သော အံ့သြဖွယ် မိန်းကလေး

ရန်ကုန် ဒဂုံမြောက်ပိုင်းမြို့နယ် ၃၄ ရပ်ကွက် ပင်လုံလမ်းမပေါ်ရှိ victory 48 အင်တာနက်ဆိုင် အင်္ဂါညနေ ၄ နာရီခန့်တွင် မိုးကြိုးထိမှန်သဖြင့် အနည်းဆုံး ကွန်ပြူတာ ၅ လုံး ပျက်စီးခဲ့သည်။

“မိုးကြိုးပစ်တော့ ဖွင့်ထားတဲ့ ဆိုင်တံခါးဝကနေ အလင်းတန်းတခု ဝင်လာတယ်၊ မိုးကြိုးပေါ့။ စက်နံပါတ် ၂ မှာ ထိုင်နေတဲ့ ကောင်မလေးက ကြောက်လို့ ခုန်လိုက်တာ စက်နံပါတ် ၄ ကိုတောင် ရောက်သွားတယ်။ ကွန်ပြူတာ ၅ လုံးက ချက်ချင်းပိတ်သွားတယ်” ဟု အဆိုပါဆိုင်ရှိ ပျက်စီးသွားသည့် ကွန်ပြူတာများကို ပြန်ပြင်ပေးခဲ့သူ တဦးက မဇ္ဈိမကို ပြောသည်။

@ဗြနရာဇ်

(မဇ္ဈိမမှ ကူးယူဖော်ပြပါသည်)


Read More ...

Wednesday, May 25, 2011

မြန်မာပြည်မှာ လျှပ်စစ်ဓာတ်အားတွေ ပိုလျှံနေ

ယခု မိုးရာသီ ရောက်တော့မှာ ဖြစ်ပြီး မိုးတွေရွာလို့ ရေအားလျှပ်စစ်တွေ ပိုမို ထွက်ရှိနေပြီလို့ သတင်းတစ်ပုဒ်က ဆိုပါတယ်။ အဲဒီသတင်းထဲမှာပဲ မြန်မာနိုင်ငံမှာ ပေးဝေနေတဲ့ လျှပ်စစ်ဓာတ်အားတွေ ပိုလျှံနေတယ်လို့ အောက်ပါ အတိုင်း ရေးထားတာ တွေ့ရတယ်။

"ယခု လက်ရှိ တစ်နိုင်ငံလုံးကို ဓါတ်အား ပို့လွှတ်နေတဲ့ ရေအားလျှပ်စစ် စီမံကိန်း ၃၂ ခုရှီပြီး တပ်ဆင့်ဝင်အား စုစုပေါင်း ၃၀၄၅.၄၀ မဂ္ဂါဝပ်နဲ့ ထုတ်လွှတ် နေတယ်လို့ သိရတယ်။ တစ်နိုင်ငံလုံး အသုံးပြုနေတဲ့ ဓါတ်အား ပမာဏက ၁၇၀၀ မဂ္ဂါဝပ်ရှိတယ်လို့ သိရကြောင်း ၂၀၁၁ ခုနှစ် မေလ ၂၀ ရက်နေ့ထုတ် မော်ဒန် သတင်း ဂျာနယ်တွင် ဖော်ပြ ထားပါတယ်။"

ဒီတော့ လျှပ်စစ်ဓာတ်အား ပမာဏ ၁၃၄၅.၄၀ မဂ္ဂါဝပ်တောင် ပိုလျှံအောင် ထွက်ရှိ နေတဲ့ အတွက် အများပြည်သူ အနေနဲ့ ဓာတ်လိုက်ခံရမှာကို အရမ်း စိုးရိမ် ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။ ဒါကြောင့်မို့ မြန်မာပြည်သူ အများစုဟာ ဓာတ်လိုက်ခြင်း ကင်းဝေးစေဖို့ အတွက် လျှပ်စစ်ဓာတ်အားနဲ့ ခပ်ဝေးဝေးမှာပဲ နေထိုင်ကြတယ်လို့ သိရပါတယ်။ အဲသလို နေထိုင်ကြတဲ့ အတွက် ပိုလျှံတဲ့ လျှပ်စစ်တွေဟာ ပြည်သူလူထုဆီကို ရောက်မလာဘဲ လမ်းခုလတ်မှာ ပျောက်ဆုံးသွားကြောင်း သတင်းရရှိပါတယ်။

@ကေဇီ-Clean


Read More ...

Tuesday, May 24, 2011

နေပြည်တော် ကိုယ်ပျောက် မင်းတြားကြီး

နေပြည်တော် မင်းတြားကြီး အမှန်တကယ် အနားယူသွားကြောင်း နေပြည်တော် မှူးကြီးမတ်ရာများက တရားဝင် ထုတ်ဖော်ပြောဆိုကြသည်။ ပြည်ပ အခြေစိုက် သတင်းဌာန အချို့ကမူ မင်းတြားကြီး အနားယူခြင်း မဟုတ်ဘဲ နောက်ကွယ်မှ ကြိုးကိုင်နေဆဲ ဖြစ်သည်ဟု ရေးသားမှုများလည်း ရှိသည်။ ထို့ကြောင့် မင်းတြားကြီး အနားယူ-မယူ ကိစ္စကို အများပြည်သူအနေဖြင့်
သို့လော.. သို့လော ဖြစ်နေကြသည်။

ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာအရမူ မင်းတြားကြီး အနားမယူသေးသည်ကို ဓာတ်ပုံများနှင့်တကွ တွေ့မြင်ရသည်။ သို့သော် ကိုယ်ပျောက် မင်းတြားကြီး အသွင်ဆောင်ထားသဖြင့် ဓာတ်ပုံထဲတွင် မင်းတြားကြီးကို တွေ့မြင်ရခြင်း မရှိပေ။


(Myanma Alin, 24 May 2011)

ဘုရင် မင်းတြား၏ ရာဇပလ္လင်ကြီး အစိုးရထုတ် သတင်းစာများတွင် ပေါ်ထွက်လာခြင်း၊ သမ္မတ ဦးသိန်းစိန်၏ နောက်တည့်တည့်မှနေ၍ တန်ခိုး ဣဒ္ဓိပါဒ်ဖြင့် ကိုယ်ယောင်ဖျောက်ကာ "ကိုယ်ပျောက် မင်းတြားကြီး" အဖြစ် ရာဇပလ္လင်ပေါ်တွင် မိန့်မိန့်ကြီး ဆောင့်ကြောင့် ထိုင်နေသည်ကို ဓာတ်ပုံများတွင် တွေ့ရခြင်း တို့ကြောင့် မင်းတြားကြီး အနားမယူသေးသည်မှာ အမှန်ပင် သေချာကြောင်း၊ မြန်မာ့အရေး အကဲခတ်များက သုံးသပ်ကြသည်။

@ကေ-၀မ်း

စလေမြို့မှ နာမည်ကျော် ပုဂ္ဂိုလ်များ

စလေမြို့မှာမွေးဖွားပြီးနာမည်ကြီးသွားကြတဲ့ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့နာမည်မှာ ဇာတိမြို့အမည် "စလေ" ကိုဂုဏ်ယူစွာဖော်ပြထားကြပါတယ်


စလေဦးပုည
အဖဦးမြတ်စံ အမိဒေါ်လှရင်တို့မှ မြန်မာသက္ကရာဇ် ၁၁၇၄-ခုနှစ် (မူကွဲ- ၁၁၇၈) တွင်ဖွားမြင်သည်။
ဦးပုည၏ ရေသည်ပြဇာတ်မှာ ထင်ရှားသည်။ စလေဦးပုညကို မြန်မာတို့၏ ရှိတ်စပီးယား ဟုပင် တင်စားကြသည်။   ၁၂၂၈-ခုနှစ် မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းတွင် အခါတော် ပေးမိသဖြင့် ဖမ်းဆီး ခံထားရစဉ် မြို့ဝန် ဦးသာအိုး လုပ်ကြံ၍ ကွယ်လွန်သည်ဟု မှတ်တမ်း အချို့က ဆိုသည် (Click)။


စလေငခွေး
တန်နက်မင်း ကို မြင်းချေးကန်သို့ တွန်းချလုပ်ကြံပြီး ပုဂံတွင် မင်းဖြစ်လာသူ ဟု ဆိုသည်။ စလေငခွေး မင်းဖြစ်သောအခါ သူမုန်းသောလူများကို ရေကန်ထဲသို့ချ၍ ဆင်ပေါ်မှနေပြီး လှံနှင့်ထိုးသတ်သည်။ သတ်ဖန်များလျှင် ပြည်သူလူထုက မခံနိုင်၍ စလေငခွေးအား ဆင်နှင့်တကွ ရွှံ့နွံဗွက်အိုင်ထဲသို့ တွန်းချပြီး ရွှံ့လုံးများ၊ ကျောက်ခဲများဖြင့် ပစ်ပေါက်သဖြင့် အသက်ကုန်သွားသည် (Click)။

ကာနယ်စလေဒင်
Colonel Sir Edward Sladen (1827-1890) (Click) 


ကာနယ်စလေဒင်
(Photo: asnthanhan.wordpress.com)

စလေမြို့ဇာတိ ဖြစ်သည်။ ငယ်နာမည် မောင်ဒင် ဖြစ်သဖြင့် စလေဒင် ဟု အမည်တွင်သည်။ အင်္ဂလိပ်စစ်တပ်တွင် အမှုထမ်းခဲ့ပြီး ဗိုလ်မှူးကြီး ရာထူး ရရှိခဲ့သဖြင့် ကာနယ် စလေဒင် ဟု လူသိများသည်။ ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲတွင် အင်္ဂလိပ်ဘက်မှ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့သည်။ ၁၈၈၅ အင်္ဂလိပ်-မြန်မာ တတိယ စစ်ပွဲတွင် နိုင်ငံရေးအရာရှိချုပ် (chief political officer) အဖြစ်ဖြင့် သီပေါမင်းကို နန်းချရာတွင် ပါဝင်ခဲ့သည်။

King Thibaw talking to Colonel Sladen, Burma, 1885 

© National Army Museum Copyright


အဆိုတော် အဲလ်ဗစ် ပရက်စလေ
Elvis Presley (1935-1977) (Click)


အမည်ရင်း ပရက် ဖြစ်သည်။ အဆိုတော် တွံတေး သိန်းတန်၊ ဟင်္သာတ ထွန်းရင် တို့ကို အားကျ သဖြင့် အဆိုတော် ဖြစ်သောအခါ မိမိအမည်နောက်တွင် စလေမြို့ကို ထည့်သွင်းပြီး၊ ပရက် (စလေ) ဟု ခေါ်ဝေါ်ခဲ့သည်။ ရုပ်ရှင်မင်းသား ၀င်ဦးကို အားကျသဖြင့် ၀င်းဦးစတိုင်ကို အစအဆုံး ခိုးယူခဲ့သည်။ ပရက်စလေ၏ ရုပ်ရှင်များနှင့် ၀င်ဦးရုပ်ရှင်ကားများကို နှိုင်းယှဉ် ကြည့်ရှုပါက ၀င်းဦး ဒီဇိုင်းများကို ပရက်စလေက ခိုးယူထားကြောင်း သိသာ ထင်ရှားစွာ မြင်တွေ့ နိုင်ပါသည်။

သင်္ကြန်ပန်းကုံးနဲ့ ပရက်စလေ (Photo: freemusic07.ucoz.com)

ငယ်စဉ်ဘဝက အလွန်ဂျေးထူသော ပရက်စလေ
(Photo: truelegends.com)


သရုပ်ဆောင် ဝက်စလေ စနိုက်
Wesley Snipes (1962-  ) (Click)


ချိုင်းမွေးထူတဲ့ ၀က်စလေ စနိုက်
(Photo: popstarsplus.com)

စလေမြို့ဖွား၊ ပေသည်၊ တေသည်၊ ကြမ်းတမ်းသည်။ ၀က်နှင့် တူသဖြင့် မောင်ဝက်ဟု ခေါ်ကြသည်။ သရုပ်ဆောင် ဖြစ်လာသောအခါ မွေးရပ်ဇာတိ စလေမြို့ကို ဂုဏ်ပြုယင်း ၀က်(စလေ) ဖြစ်လာသည်။
ငယ်စဉ်ကလေးဘဝ စလေမြို့တစ်ခွင် နေပူမရှောင်မိုးရွာမရှောင် စနိုက်ကျော်ရောင်းပြီးဝမ်းစာရှာခဲ့ရသဖြင့် ယနေ့အထိအသားပြန်မဖြူတော့ပေ။
သို့သော် စနိုက်ကျော်ရာင်းခဲ့သည့် ဘဝကိုလည်းဘယ်တော့မှမမေ့ရလေအောင် သူ့နာမည်မှာ "စနိုက်" ကိုပါ ထည့်သွင်းလိုက်သည်။ ထို့ကြောင့် ၀က်(စလေ)စနိုက်ဟု အမည်တွင်နေသည်။

(ပရလောကသားများ ပေးပို့သည်)



Monday, May 23, 2011

ဘာတွေ ဖြစ်ကုန်ကြပြီလဲ ??

Credit: MyanmarCelebrity.com

ကလေးထောင်တွင် ကလေးများ မဟုတ်ဘဲ လူကြီးများ ဆန္ဒပြတောင်းဆိုနေ

ကလေးထောင်တွင် ဆန္ဒပြ တောင်းဆိုမှုများ ဖြစ်ပွားနေကြောင်း သတင်းတစ်ပုဒ်က ဆိုသည်။ ကလေးထောင်ဖြစ်သဖြင့် ဆန္ဒပြ တောင်းဆိုသူများမှာ ကလေးများ ဖြစ်လိမ့်မည်ဟု ယူဆရသော်လည်း လူကြီးများ ဖြစ်နေသည်ကို ထူးဆန်းစွာ တွေ့ရသည်။ မြန်မာ အစိုးရအနေဖြင့် ကလေးထောင်တွင် ကလေးများကို မထားရှိဘဲ လူကြီးများကို ယခုကဲ့သို့ ထားရှိခြင်းမှာ ဥပဒေနှင့် ညီညွတ်ခြင်း မရှိကြောင်း မြန်မာ့အရေး စောင့်ကြည့်သူများက ဆိုသည်။

Read More ...

သူများ ၀ါကာ.. ကိုယ်လည်း ၀ါကာ

Courtesy: BurmeseClassic.com


နှိုင်းယှဉ် ကြည့်ရှုရန် ...


KIA ၀က်ဆိုက် လွှင့်တင်

ကေအိုင်အေ (KIA) မှ ဆောင်ရွက် အကောင်အထည်ဖော်လျက် ရှိသည့် လုပ်ငန်းစဉ်များအား အများပြည်သူကို အသိပေးရန် ရည်ရွယ်ပြီး ၀က်ဆိုက် တစ်ခု လွှင့်တင်လိုက်သည်။ NLD မှ ၀က်ဆိုက် လွှင့်တင်ပြီးနောက် KIA မှ ယခုကဲ့သို့ ၀က်ဆိုက် ထူထောင်လိုက်ခြင်း ဖြစ်သည်။

KIA အင်တာနက် ၀က်ဆိုက်ကို www.kia.in.th တွင် ၀င်ရောက် လေ့လာ နိုင်ပါသည်။

မြန်မာပြည်မှ အလုပ်သင် ဆရာဝန်များ လစာ ၁၂၈၀ ကျပ် ရရှိ

မြန်မာနိုင်ငံမှ အလုပ်သင် ဆရာဝန်များ အနေဖြင့် လက်ရှိအနေအထားတွင် တစ်လလျှင် လစာငွေ ၁၂၈၀ ကျပ် ရရှိကြောင်း The Voice Weekly တွင် ဖော်ပြချက် အရ သိရသည်။ အလုပ်သင် ဆရာဝန်များကို တစ်ရက်လျှင် ၄၂ ကျပ် ၀န်းကျင် နိုင်ငံတော်မှ ချီးမြှင့်နေခြင်း ဖြစ်သည်။ အလုပ်သင် ဆရာဝန်များ၏ နှစ်ရှည်လများ အကုန်အကျခံလာရသော ငွေကြေးများနှင့် ကြိုးစား လာရသော အချိန်များကို အသိအမှတ်ပြုသည့် အနေဖြင့် နိုင်ငံတော်မှ ယခုကဲ့သို့ တစ်နေ့လျှင် ၄၂ ကျပ် ၀န်းကျင် ချီးမြှင့်နေခြင်း ဖြစ်ကြောင်း သိရသည်။ နောက်ဆုံး ရရှိသည့် သတင်း အရ အလုပ်သင် ဆရာဝန်များ၏ လစာကို အဆ တစ်ရာ နီးပါးအထိ တိုးမြှင့်ပေးသွားရန် ရှိသည် ဟု The Voice Weekly တွင် ဖော်ပြထားသော်လည်း မည်သည့် အချိန်တွင် တိုးမြှင့်မည် ဆိုသည်ကိုမူ မသိရပေ။

Read More ...

Sunday, May 22, 2011

မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု ပပျောက်တော့မည်

မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု ပပျောက်အောင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ နေပြည်တော်တွင် ကျင်းပလျက် ရှိသည့် ဆင်းရဲနွမ်းပါးမှု လျော့ကျရေး အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲတွင် သမ္မတ၏ စီးပွားရေး အကြံပေး ပညာရှင်တစ်ဦးက အဖြေရှာ တင်ပြ လိုက်ကြောင်း သတင်းရရှိသည်။ အလုပ်ရုံ ဆွေးနွေးပွဲမှာ အမျိုးသား အဆင့် ဖြစ်သဖြင့် အမျိုးသမီးများ တက်ရောက်ခြင်း မရှိကြောင်းလည်း သိရသည်။ ဆွေးနွေးပွဲသို့ "ဒေါ်" အမည်ဖြင့် တက်ရောက် စာတမ်း တင်သွင်းသူများမှာ ယောက်ျားလျှာများ ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲ ပထမနေ့တွင် နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေး မြန်မာပညာရှင်ကြီး တစ်ဦးက ဆင်းရဲမွဲတေမှု လုံးဝ ချုပ်ငြိမ်း ပပျောက်ရေး လမ်းပြ စာတမ်းကို တင်သွင်းခဲ့ကြောင်း သိရသည်။ အဆိုပါ လမ်းပြ စာတမ်းတွင် မြန်မာနိုင်ငံ၏ တစ်ဦးချင်း ၀င်ငွေကို နှစ်ဆမှ စတင်ကာ၊ သုံးဆ၊ လေးဆ၊ ငါးဆ၊ ဆယ်ဆ အထိ မြင့်တက်အောင် ဆောင်ရွက်မည့် နည်းလမ်းများကို တင်ပြထားသည်ဟု နေပြည်တော်သို့ သွားရောက် သတင်းရယူခဲ့သူ ပြည်တွင်း သတင်းထောက်က BSN သို့ သတင်း ပေးပို့သည်။

သမ္မတ၏ စီးပွားရေး အကြံပေး ပညာရှင်ကြီးက  မြန်မာနိုင်ငံ၏ လူဦးရေကို လက်ရှိ လူဦးရေ၏ တစ်ဝက်သို့ လျှော့ချ ခြင်းဖြင့် လူတစ်ဦးချင်း ၀င်ငွေကို နှစ်ဆ မြှင့်တင်နိုင်မည် ဖြစ်ကြောင်း၊ အကယ်၍- မြန်မာပြည်၏ လူဦးရေကို လက်ရှိ လူဦးရေ၏ ဆယ်ပုံတစ်ပုံအထိ လျှော့ချလိုက်ပါက မြန်မာပြည်၏ တစ်ဦးချင်း ၀င်ငွေမှာ ယခုထက် ဆယ်ဆ မြင့်တက်လာမည် ဖြစ်ကြောင်း ပညာရှင်ကြီး၏ လမ်းပြ စာတမ်းတွင် တင်ပြထားသည်ကို တွေ့ရသည်။

လူဦးရေ လျှော့ချရေးအတွက် နည်းလမ်း ပေါင်းစုံ ရှာဖွေရမည်ဖြစ်ကြောင်း၊ နည်းလမ်းကောင်း တစ်ခု အနေဖြင့် နယ်စပ်ဒေသများတွင် စစ်ဆင်ရေး များ အရှိန်မြှင့် ဆောင်ရွက်ကာ၊ တိုင်းသူပြည်သား လူအများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ ပြည်ပသို့ မောင်းထုတ်ခြင်း များ ပြုလုပ်ရန် လိုအပ်ကြောင်း ပညာရှင်ကြီးက အကြံပြုသည်။ ထို့ပြင် နာဂစ်ကဲ့သို့သော မုန်တိုင်းများ တိုက်ခတ်ပါကလည်း ကယ်ဆယ်ရေးများ မလုပ်ဘဲ လူများ သေကျေသည်ကို ဒီအတိုင်း စောင့်ကြည့်နေသင့်ကြောင်း လမ်းပြ စာတမ်းတွင် အကြံပြုထားသည်။ သို့မှသာ မြန်မာပြည်၏ လူဦးရေများ လျော့ကျသွားမည် ဖြစ်ပြီး တိုင်းပြည်၏ တစ်ဦးချင်း ၀င်ငွေမှာလည်း လူဦးရေ အချိုးအစားပေါ် မူတည်ကာ မြင့်မား လာမည် ဖြစ်သည်ဟု သမ္မတ၏ အကြံပေး ပညာရှင်ကြီးက တင်ပြသည်။


အခြား နည်းလမ်းအနေဖြင့် မြန်မာပြည်ရှိ ဆင်းရဲမွဲတေသူများကို အငတ်ဘေး ကြုံတွေ့ရသည့် ဆင်းရဲမွဲတေမှု အဆင့်ထိ ရောက်အောင် စောင့်ကြည့်နေသင့်ကြောင်းကိုလည်း ပညာရှင်ကြီးက ဆက်လက် အကြံပြုသည်။ သို့မှသာ ဆင်းရဲမွဲတေသူများ ငတ်သေပြီး ပပျောက်သွားမှာ ဖြစ်သည်ဟု သမ္မတ၏ စီးပွားရေး အကြံပေးပညာရှင်ကြီးက သူ၏ ဆင်းရဲမွဲတေမှု ပပျောက်ရေး လမ်းပြ စာတမ်းတွင် တင်ပြထားသည်။


စစ်အစိုးရခေတ်က ချမ်းသာသော မြန်မာပြည် အစိုးရသစ်လက်ထက်တွင် ဆင်းရဲသွား

ယခင် စစ်အစိုးရလက်ထက် ထုတ်ဝေခဲ့သော သတင်းစာများ အရ မြန်မာနိုင်ငံသည် အလွန်ချမ်းသာ ကြွယ်ဝကြောင်း သိရသည်။ မူလတန်း ကျောင်းသုံးစာအုပ်များ တွင်လည်း မြန်မာနိုင်ငံသည် မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတများ အလွန်ပေါများကြောင်း ပြဌာန်းထားသည်။ သဘာဝ တွင်းထွက်၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား ပေါကြွယ်ဝသော၊ ဆန်ရေစပါး သားငါး သီးနှံ ပေါများ ပြည့်လျှံသော မြန်မာပြည်မှာ အလွန်ပင် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီး ဖြစ်ကြောင်း သတင်းများတွင် ဖတ်ရှုရသည်။ သတင်းစာများအရ ဆိုလျှင် မြန်မာပြည်သည် ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးမှု အနိမ့်ဆုံး နိုင်ငံ ဖြစ်ဖို့ ဝေးစွ၊ ဖွံ့ဖြိုးဆဲ အဆင့်ကိုပင် ကျော်လွန်ပြီး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခေတ်မီ တိုးတက် ချမ်းသာသော မြန်မာနိုင်ငံတော်ကြီးသည် အရပ်သား အ၀တ်အစားကို ဆင်မြန်း ၀တ်ဆင်သည့် အစိုးရသစ် တက်လာပြီးနောက် နှစ်လအတွင်း ရုတ်ချည်း ဆင်းရဲသွားသည်။ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး ယခုကဲ့သို့ ရုတ်တရက် ဆင်းရဲသွားသဖြင့် နေပြည်တော်တွင် "ဆင်းရဲမွဲတေမှု ဖိုရမ်" ကို ကျင်းပနေရကြောင်း သတင်းများတွင် တွေ့ရသည်။


@HN

News & News 

Saturday, May 21, 2011

မြန်မာပြည် ဒီမိုကရေစီ ဖြစ်ထွန်းတိုးတက်စေရန် အင်ဒိုနီးရှားက လက်နက်ရောင်းပြီး ကူညီမည်

မြန်မာပြည် ဒီမိုကရေစီဖြစ်စဉ်ကို အားပေးရန်နှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖြစ်ထွန်း တိုးတက်စေရန် အတွက်၊ မြန်မာအစိုးရကို အင်ဒိုနီးရှားနိုင်ငံက SS-2 အမျိုးအစား တိုက်ခိုက်ရေး ရိုင်ဖယ်သေနတ်များ ရောင်းချကာ ကူညီမည် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ယခုကဲ့သို့ လက်နက်များ ရောင်းချ ပံပိုးခြင်းဖြင့် မြန်မာ့ ဒီမိုကရေစီ ဖြစ်စဉ်ကို အားပေးရာ ရောက်ကြောင်း အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး၏ အထူး လက်ထောက်အရာရှိ ဗိုလ်မှူးကြီး ဂျန် ပီယက်တာ အိတ် (Jan Pieter Ate) ကပြောသည်။



"ကျွန်တော်တို့ နိုင်ငံက ထုတ်လုပ်တဲ့ လက်နက်တွေဟာ အရည်အသွေး လုံးဝ မပြည့်ဝသလို အဆင့်အတန်းလဲ အလွန်နိမ့်ပါတယ်။ အခု မြန်မာပြည်ကို ရောင်းချမယ့် SS-2 သေနတ်တွေ ဆိုလို့ရှိရင်လဲ ပစ်လိုက်တိုင်း ကျည်ဆံက ထွက်ချင်မှ ထွက်ပါတယ်။ သေနတ် အများစုက ဂျမ်းဖြစ်တတ်ပါတယ်။ ဒီတော့ မြန်မာပြည်မှာ ဒီမိုကရေစီ တောင်းဆိုမှု ဖြစ်စဉ်တွေကို ကျွန်တော်တို့ အင်ဒိုနီးရှား လက်နက်တွေနဲ့ နှိမ်နင်းလို့ရှိရင် ကျည်ဆံ မထွက်တဲ့ အတွက် လူအသေအပျောက် အလွန် နည်းပါး စေနိုင်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ နိုင်ငံက လက်နက်တွေကို မြန်မာပြည်ကို ရောင်းချခြင်းဖြင့် မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို အထောက်အကူ ပြုမှာ ဖြစ်ပါတယ်။" ဟု ၄င်းက ရှင်းပြသွားသည်။

Read More ...

နေပြည်တော်တွင် ကြောက်စာ အသစ်တစ်ခု တူးဖော်တွေ့ရှိ

မြန်မာပူရ နေပြည်တော်ကြီးတွင် ကြောက်စာ အသစ်တစ်ခု တူးဖော်တွေ့ရှိရကြောင်း မိုးမခ မီဒီယာ တွင် ဖော်ပြချက်အရ သိရှိရပါသည်။ အဆိုပါ ကြောက်စာကို ရှေးဟောင်းသုတေသန ကြောက်စာဝန် ဂျော်ဒီးက တူးဖော်တွေ့ရှိကြောင်း၊ ကြောက်စာပါ အကြောင်းအရာများကို ထောက်ရှု၍ အဓမ္မကြပ်ပြေး နေပြည်တော် မင်းတြားကြီး ကြောက်စာဟု အမည်ပေးထားကြောင်း သိရသည်။ ကြောက်စာပါ ခုနှစ် သက္ကရာဇ်နှင့် လက်ရေး လက်သား အနေအထားအရ စစ်အာဏာရှင် ခေတ်နှောင်းတွင် ရေးထိုးခြင်း ဖြစ်ကြောင်း ကြောက်စာဝန်ကြီးက သုံးသပ်သည်။ မြန်မာပြည်တွင် ယခု နောက်ဆုံး တွေ့ရှိသော နေပြည်တော် မင်းတြားကြီး ကြောက်စာပါ ရေးထိုးချက်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

ကာတွန်း- မောင်ရစ် (မိုးမခ)


အဓမ္မကြပ်ပြေး နေပြည်တော် မင်းတြားကြီး ကြောက်စာ
ဂျော်ဒီး
မေ ၂၀၊ ၂၀၁၁
(စစ်အာဏာရှင် ခေတ်နှောင်း)


ဗုဒ္ဓံ ... မြတ်စွာဘုရား ဆင်းတုများကို ဗိုက်ဖောက်၍ ဌာပနာ ယူပါ၏။

ဓမ္မံ ... တရားတော်မြတ်ကို မထီမဲ့မြင် လုပ်ချင်ရာ လုပ်ပါ၏။

သံဃံ ... သံဃာတော် အရှင်မြတ်များကို ... သေနတ်နှင့်ပစ် ... တုတ်နှင့်ရိုက် ... လူဝတ်လဲကာ ထောင်ချပါ၏။

၁။ ကောဇာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ ဘုရားသာသနာနှစ် ၂၅၀၀ လွန်လေပြီးရကား ... ဤ … အဓမ္မ ကြပ်ပြေး နေပြည်တော်၌ … အဓမ္မရာဇာ ကြပ်ပြေးမင်းတြားကြီး ... ငါ ... ဖြစ်တော်မူလတ်၏ ...။

၂။ ဤ ... ငါ မင်းကြားကြီး၏ ဖေကြီးပေါက်ဖော် ... ပထွေးတော် ကုလားနှင့် အဝေးအနီး တိုင်းပြည်ကြီးငယ် အသွယ်သွယ်မှ သားရေတမြားမြားကျရှာသော လောဘခေါင်အိုး မိတ်ဆိုး ဆွေညစ် သခင်သစ်တို့အား ... တိုင်းပြည်တဝှမ်း မြေပေါ်မြေအောက် လှန်လှောက်တူးဆွရသမျှ သယံဇာတ အဝဝကို လည်းကောင်း ...။ ပြည်သူပြည်သား နယ်ခြားမြို့စွန် ... မြစ်မချောင်းသွယ် ... ရွှံ့ဗွက် အိုင်ငယ် မကျန် ကျွန်သီးကျွန်ခိုင်အဖြစ် (ငါ့မယား … ငါ့သားသမီး ... ငါ့ဥစ္စာ ... မပါရွေ့) ကျီးထိုး လောက်စား ထားရာနေ စေရာသွားစေနိုင်ရန်လည်းကောင်း ... ရက်ရက်ရောရော လှူတော်မူလတ်၏။

၃။ ဖေကြီးပေါက်ဖော် ပထွေးတော် ကုလား နှင့် လောဘခေါင်အိုး မိတ်ဆိုးဆွေညစ်များ ပြန်လည် ပေးသနားသော တံစိုးလက်ဆောင် အစုစုကို ငါ့အိတ်ထောင်တွင်း အပြည့်အတင်း ဖြည့်တင်းပြီးသကာလ ... ကျန်ရာမျှဝေ ... ငါ ... ခိုင်းစေသမျှ စေသည့်ကျွန်၊ ထွန်သည့်နွားများ အရိုးအရင်းမျှ လျှက်ကြစေရန်လည်း ရက်ရက်ရောရော စွန့်ကြဲတော်မူလတ်၏ ...။

၎။ ထိုထိုသော အလှူပေးရခြင်းအကျိုးငှာ တိုင်းသားပြည်သူ ငြူစူစိတ်ဝမ်း တစက်မျှ မလန်းရအောင် ... ငါနှင့်မတူ ငါ့ရန်သူ မှတ် ... သတ်ဖြတ်ညှဉ်းဆဲ ထောင်သွင်း အကျဉ်းချစေလျက် ... လွတ်ရက်မရှိ ... အနှစ် ၁၀၀ ... ၅၀ တိုင် ... သံတိုင် အချုပ် ခိုင်ခိုင်တုတ်ခဲ့သော ... ငါ … လုပ်ခဲ့သမျှ အကုသိုလ် အဝဝထက် အဆ ... ရာထောင်မက ... ဝိဘာဂ ဝဋ်ကြွေးကို ဘတလုံးတဝတည်း ပြန်လည် ခံစားရပါစေသား ...။ မြေတွင်း တူးမြောင်း … လိုဏ်ခေါင်းသွယ်သွယ် ... ၌ ... နှစ်ပေါင်း ကုဋေကုဋာ ပိတ်ဆို့ ခံနေရပါစေသား။

ထို … လိုဏ်ခေါင်းငရဲ ... အနုမြူ မီးကျီးခဲတွင် ရဲရဲကင်ခံရသကဲ့သို့ တံကျင်လျှိုနေရသော ကာလ၌ ... ငါ ... သူတပါး အားပြုခဲ့သလို ... ငါ့မိသားစုကို ... စိတ်ကြေ ကိုယ်နွမ်း မပန်းစေလိုရွေ့ ... ငါနှင့်အတူ ... ငါ့အသက်နှင့်တူသော ... မျက်စေ့ မျက်ဆန် ... ဖြစ်တော်မူထသော ... ငါ့မယား ... ငါ့သမီး.. ရှုမငြီးသည့် ... မျောက်ထီး မျောက်မ … ဘုစုခရု ... မြေးတစုအပြင် ... ငါစေ ခိုင်းသမျှ ... မြေမကျအောင်… ဘောင်းတော်ညိတ် ... စိတ်တော်သိ ... တပည့်လက်ပါးစေ … ဝေလေလေတို့ ...။ ကြီးကြီးငယ်ငယ် ... ရွယ်ရွယ်လတ်လတ် ... တယောက်မကျန် … ငါ၏ အဖို့ဘာဂ ... အကုသိုလ်အဝဝကို ... ငါနှင့်ထပ်တူ ... ခပ်သိမ်းအတူ ရပါစေသတေး ...။ အရေးအရာ … ယူပါစေသတေး ...။

၅။ ငါ၏ ... အမှုအကုသိုလ် အစုစုကြောင့် ... ဤ … ဘဒ္ဒကမ္ဘာတွင် ... ရှာကာမှရှား နိုင်ငံရေး အကျဉ်းသားများစွာ ပိုင်ဆိုင်ထသော ... အာဆီယံ ဒုက္ခအိုးလေး … ဘဝမှ ... ဥက္ကဋ္ဌဆိုးလေးဘဝအဖြစ် ... သေမည့်နှစ်တွင် ... ဖြစ်စေသတေး ...။

စားရမှာလည်း ... လူ့အခွင့်အရေး ချိုးဖောက်မှုတည်းသော သဲတရှပ်ရှပ် ...။ ပစ်ရမှာလည်း ... သဘာဝဓာတ်ငွေ့၊ ရွှေ ငွေ ကျောက်သံ ... သယံဇာတ ... တဝင်းဝင်း...။ လည်ပင်းတနင်နင် ... သားရေ
တငင်ငင်နဲ့ စုံလုံးကန်း ... ပါးစပ် ပိတ် ... ဘာ ... ယံ ... ညာ ... ယံ ... အကာအရံ ပေးနေသော ... အိမ်နီးချင်းဆိုး ... သူခိုးဓားပြ … လောဘအိုး ... အားလုံး ... ငါနှင့်အတူ ... ကမ္ဘာ့အလည် … မျက်နှာငယ် ... တံတွေးခွက် ပက်လက် ... ဖြစ်စေသတေး...။

၆။ ထိုသော ... ကာလ … ထိုဘဝ၌ … အူကြောင်အူကြား ကိုယ့်ဘာသာစကားကိုမျှ ... အဓိပ္ပာယ် နားမလည် ... အမိန့်တော် ပေါက်ကရ … ထုတ်တတ်လှသော ... “လွတ်ငြိမ်းချမ်းသာခွင့်” ဆိုတာ ဘာမှန်း မသိရှာထသော ရူးပေါသွပ်နှမ်း … သမ္မတလူကြမ်းအဖွဲ့မှ အကန်းများနှင့် အဖူးရစေ ...။

လိုဏ်ခေါင်းငရဲ .. အနုမြူ မီးကျီးထဲ ... ၌ ... ရဲရဲ ဖုတ်ကင် ... တံကျင်လျှိုခံဘဝမှ ... မလောက်လေး မလောက်စား ... တစက္ကန့်မျှ လျှော့ပေါ့လေကြောင်း ... မောင်းထု ကြော်ညာ ... အုတ်အော်သောင်းတင်း ... အရှက်ကင်းမဲ့ ... လူပုံအလယ် ... ငယ်ထိပ်ပေါ်… သေးနဲ့ပန်းပြသလို ... အစော်အကား ... မခံရပါလိုသတေး ...။

ဤ … လိုဏ်ခေါင်းငရဲ ... အနုမြူ မီးကျီးခဲထဲမှ တမိနစ် … တစက္ကန့်မျှ မဆိုထား ... ဘဝအသင်္ချေ ... သိန်းသန်းကုဋေ ... ကုဋာ … လွတ်လမ်း မရလိုပါသတေး...။

(ကြပ်ပြေးနေပြည်တော်အနီး ... ဥပ္ပါတသန္တိ စေတီတော် ... တွင်း … အောက်ဘက် ငရဲပြည်သို့
မျက်နှာမူသော ... အရပ်၌ … ရေးထိုးထားသော ... အဓမ္မကြပ်ပြေး နေပြည်တော် အဓမ္မရာဇာ မင်းတြားကြီး ကြောက်စာ)

(တူးဖော်တွေ့ရှိသူ ... ကြောက်စာဝန် … ဂျော်ဒီး)


မူလ ကျောက်ထက် အက္ခရာ အရေးအသားကို ကောင်းစွာ ဖတ်ရှုစိစစ်ပြီး အများသူငါ လွယ်လင့်တကူ ဖတ်ရှုနိုင်ရန်၊ ကြောက်စာဝန်ကြီးအနေဖြင့် ပင်ပန်းဆင်းရဲကြီးစွာ စေတနာ ရှေ့ထားပြီး ကွန်ပျူတာအက္ခရာသို့ ဖလှယ်ထားသည့် နေပြည်တော် ကြောက်စာ အစအဆုံးကို မိုးမခမှ တိုက်ရိုက် ကူးယူ ဖော်ပြအပ်ပါသည်။


ကဆုန်လပြည့် ဗုဒ္ဓနေ့

ဗုဒ္ဓနေ့နဲ့ ပတ်သက်လို့ ရေးစရာလေး တစ်ခု တွေ့လို့ တင်လိုက်တာပါ။

ဗုဒ္ဓမြတ်စွာနဲ့ ပတ်သက်လို့ Satire မလုပ်ချင်လို့ ရိုးရိုးပဲ ရေးလိုက်ပါတယ်။ မကြာသေးမီက မီဒီယာ တစ်ခုမှာ သာသနာနှစ် လွဲနေတုန်းကလဲ ထောက်ပြခဲ့ဖူးပါတယ် (Click Here)။

ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုတာ မြတ်စွာဘုရား ဖွားမြင်တော်မူတဲ့နေ့၊ သဗ္ဗညုတ ရွှေဥာဏ်တော်ကို ရတော်မူတဲ့နေ့ နဲ့ ပရိနိဗ္ဗာန် စံလွန်တော်မူတဲ့နေ့ ရယ်လို့ သိရှိ မှတ်သားဖူးပါတယ်။ မြန်မာအပါအ၀င် ဗုဒ္ဓဘာသာဝင်တွေရဲ့ အစဉ်အလာ မှတ်သားချက်တွေအရ ဒီနှစ်ဟာ သာသနာနှစ် ၂၅၅၅ ခုနှစ် ဖြစ်တာကို တွေ့ရပါတယ်။ ကမ္ဘာ့ သမိုင်းပညာရှင်တွေရဲ့ သမိုင်းအထောက်အထား တွေ့ရှိချက်အရ တွက်ချက်ထားတဲ့ သသနာတော် သက္ကရာဇ်နဲ့ ဗုဒ္ဓမြတ်စွာ ဖွားမြင်တော် မူတဲ့ ခုနှစ်တွေကတော့ အစဉ်အလာ မှတ်သားချက်တွေနဲ့
ကွဲလွဲမှု ရှိပါတယ်။

သာသနာနှစ် ၂၅၅၅ ဆိုတာ ဗုဒ္ဓဘာသာဝင်များ အမှတ်အသားပြုထားတဲ့ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတဲ့နှစ်ကို အခြေခံပြီး တွက်ချက်ထားတာပါ။ ဗုဒ္ဓမြတ်စွာဟာ ဘုရားဖြစ်တော်မူချိန်က စပြီး ၄၅ ၀ါ ပတ်လုံး တရားရေအေး တိုက်ကျွေးခဲ့တဲ့အတွက် အဲဒီ ၄၅ နှစ်ကို သာသနာနှစ် ၂၅၅၅ မှာ ထည့်ပေါင်းလိုက်ခြင်းဖြင့် နှစ်ပေါင်း (၂၆၀၀) ကို ရရှိမှာ ဖြစ်ပါတယ်။ ဒီတော့ မြတ်စွာဘုရားသခင် ဟာ လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ က ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့တယ်လို့ သိရှိနိုင်ပါတယ်။ ဒီနှစ်ဟာ ဆိုရင်- ဘုရားဖြစ်တော်မူတဲ့ နှစ်ပေါင်း ၂၆၀၀ ပြည့် နှစ်ပတ်လည်ပါ။ သာသနာနှစ် ၂၆၀၀ ပြည့် နှစ်ပတ်လည် မဟုတ်ပါဘူး။ ကမ္ဘာ့ မီဒီယာတွေမှာ 2,600th Anniversary of the Buddha’s Enlightenment (ဘုရားအဖြစ်သို့ရောက်တော်မူတဲ့ ၂၆၀၀ ပြည့် နှစ်ပတ်လည်) လို့ပဲ ဖော်ပြကြတာကို တွေ့ရမှာ ဖြစ်ပြီး သာသာနာတော် သက္ကရာဇ်နဲ့ ဘာမှ မသက်ဆိုင်ဘူး ဆိုတာကို မှတ်သား သိရှိရပါတယ်။


နဲနဲ လွဲနေတဲ့ မူရင်းသတင်းက (ဒီမှာ) ပါ

ဒီမှာလဲ ဖော်ပြထားတာ တွေ့ရပါတယ်။

Friday, May 20, 2011

အားလုံးကို ကျေးဇူးတင်ပါတယ်

ဒီနေ့ BSN သက်တမ်း ခြောက်လ ပြည့်ပါပြီ။

သက်တမ်း ခြောက်လ အတွင်းမှာ ကမ္ဘာအရပ်ရပ်မှ လာရောက် ဖတ်ရှုကြတဲ့ ပရိသတ် အပေါင်းကို အထူး ကျေးဇူးတင်ကြောင်း မှတ်တမ်း တင်ပါတယ်။ အထူးသဖြင့် မကြာသေးမီ ရက်ပိုင်းအတွင်းက စတင်လိုက်တဲ့ adf.ly ဆိုတဲ့ ဘာမှန်းမသိတဲ့ ပေါက်ကရ စာမျက်နှာတွေ တက်တက်လာပြီး ဒုက္ခပေးနေတဲ့ကြားက၊ အနှောင့်အယှက်ကို ဘေးဖယ်ပြီး၊ စိတ်ရှည်စွာနဲ့ အခုလို ဆက်လက် အားပေးနေတဲ့ အတွက်လည်း အကြီးအကျယ် ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။

BSN ကို စတင်ထူထောင်ချိန်မှ ယနေ့အထိ စာဖတ် ပရိတ်သတ်များ အတွက် ပို့စ်အသစ် အဆန်းတွေကို နေ့စဉ် တင်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်။ (အကြီးအကျယ် အချိန် ဆင်းရဲလို့ ပို့စ်မတင်နိုင်တဲ့ နေ့ရက်အနည်းငယ်တော့ ရှိခဲ့ပေမဲ့ အလွန့်အလွန် နည်းပါးလှတာကို တွေ့ရမှာပါ။) မနက် သုံးနာရီ၊ လေးနာရီ ထိုးမှ ပို့စ် အသစ်တင်ပြီးတော့မှ အိပ်စက်ခဲ့ရတဲ့ ညတွေလဲ မနည်းပါဘူး။

ပို့စ်အသစ် တင်နိုင်ဖို့ သတင်းတွေကို လက်တို့ကြသူ၊ ကိုယ်တိုင် သတင်းဝင်ရေးသူ၊ ၀ိုင်းဝန်း အကြံပေးသူ နဲ့ မိမိတို့ရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေကို ဖဲ့ပြီး BSN ကို လာရောက် ဖတ်ရှုကြတဲ့ ပရိသတ်များ အားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင်တာ အမှန်ပါ။ ဒီလို ၀ိုင်းဝန်းသူ မရှိဘဲ BSN ရပ်တည် ရှင်သန်ဖို့ မဖြစ်နိုင်ပါ။

BSN စတင်ချိန်က စပြီး အခုချိန်အထိ ကျွန်တော် ဇီးကွက်မျက်ပြူးက တောက်တိုမယ်ရ အလုပ်သမား တာဝန်ကို ယူထားပါတယ်။ စာရေးဖို့ ကုန်ကြမ်းရှာရလို့ မျက်စိ ညောင်းညာခြင်း ဝေဒနာနဲ့ အိုင်ဒီယာ ထုတ်ရလို့  ဦးယဉ်းခေါင်းခဲ ဝေဒနာတွေ ခံစားရသလို၊ "ဘလော့ပဲ ရေးနေတယ်၊ သတင်းတပုဒ် ဖြစ်ဖို့ အင်တာနက်ဆိုက်တွေပဲ တချိန်လုံး ထိုင်ကြည့်နေတယ်၊ အချိန်တွေ အလဟဿ ဖြုန်းတီးနေတယ်၊ ဘာမှလဲ အကျိုးရှိတာ မဟုတ်ဘူး" လို့ ဇနီးသည် မဒမ် ဇီးကွက်မျက်ပြူးရဲ့ တဗြစ်တောက်တောက်နဲ့ မျက်လုံးပြူး၊ မာန်မဲတာကို နေ့စဉ်နဲ့ အမျှ ခံနေရဆဲပါ။ ဒါပေမဲ့ နားဂွမ်းဆို့ပြီး စာဖတ်သူတွေအတွက် နေ့စဉ် ပို့စ်တွေ ရေးနေဆဲပါ။

နေ့စဉ် မြည်တွန်တောက်တီးပေမဲ့၊ သတင်းထူးလေးတွေ တွေ့တိုင်း ကျွန်တော့်ကို သူပဲ လက်တို့လေ့ရှိပါတယ်။ သီးသန့် Credit ပေးမထားတဲ့ ပို့စ်အတော်များများဟာ မဒမ်ဇီးကွက် လက်တို့တာတွေ ဖြစ်သလို၊ အချို့ ပို့စ်တွေဟာလဲ မဒမ်ရဲ့ အိုင်ဒီယာတွေ ဖြစ်ပါတယ်။ ဒီအတွက် မဒမ် ဇီးကွက် မျက်ပြူးကို ကျေးဇူးတင်ကြောင်း ယနေ့ ခြောက်လပြည့် အခါသမယမှာ ဖော်ပြလိုပါတယ်။ ဗြစ်တောက်ဗြစ်တောက် မြည်တွန် တောက်တီးပေမဲ့ ကျွန်တော် အခုလို စာရေးနေတာကို ကန့်ကွက်ခြင်း မရှိတဲ့ အပြင်၊ ပို့စ်တွေ ဖြစ်ပေါ်ဖို့ တဖက်တလမ်းက ကူညီ ပံ့ပိုးနေတဲ့ အတွက်လဲ ကျေးဇူးတင်ကြောင်း မှတ်တမ်း တင်ပါတယ်။

ဒီလိုပါဘဲ မိတ်ဆွေ တဦးက သိုးဆောင်းဘာသာ အစီအစဉ်အတွက် စေတနာနဲ့ သိုးဆောင်းလို ပို့စ်တွေကို ဘာသာပြန်ပေးပါတယ်။ သူကတော့ ဇီးကွက်မျက်ပြူးလို နားဂွမ်းဆို့စရာ မလိုပေမဲ့ အချိန်ဆင်းရဲတော့ ပို့စ်ကို မကြာမကြာ မတင်နိုင်ရှာပါ။ သူ့ကိုလဲ "ရေးတော်မူပါ ဘုရား၊ ရေးတော်မူပါ ဘုရား" လို့ တောက်တိုမယ်ရ အလုပ်သမားက ဖင်မ ရလေ့ ရှိပါတယ်။ အခုချိန်ထိ သိုးဆောင်း တာဝန်ခံကို လက်ဖက်ရည် တခွက် တိုက်နိုင်ခြင်း မရှိခဲ့ပါ။

BSN ရဲ့ ပြည်တွင်း သတင်းထောက်များကလဲ မကြာခဏ ဆိုသလို ပြည်တွင်းကနေ သတင်းဦး၊ သတင်းထူးလေးတွေ၊ သတင်းဓာတ်ပုံတွေကို ပေးပို့လျက်ရှိပါတယ်။ သူတို့အနေနဲ့ အင်တာနက်ဖိုး အိပ်စိုက်ပြီး BSN ကို အခုလို ပေးပို့နေကြတာပါ။ သူတို့ကိုလဲ BSN အနေနဲ့ လက်ဖက်ရည် တခွက်တောင် မတိုက်နိုင်ခဲ့ပါ။

မကြာမီ ရက်ပိုင်းအတွင်းက စတင်လိုက်တဲ့ adf.ly ဆိုတဲ့ ကြော်ငြာ ထည့်သွင်းမှုဟာ BSN ကို ၀ိုင်းဝန်းသူတွေကို လက်ဖက်ရည် တိုက်ချင်လို့ စမ်းသပ်လုပ်ဆောင်ကြည့်ရာက ဖြစ်ပေါ်လာရတာပါ။ ကျွန်တော်တို့ အနေနဲ့ သတင်း လက်တို့သူတွေ၊ ၀ိုင်းဝန်းသူတွေကို လက်ဖက်ရည် တိုက်ချင်သလို၊ အားလုံးနဲ့လဲ လက်ရည် တပြင်တည်း လက်ဖက်ရည် သောက်လိုတဲ့ ဆန္ဒရှိပါတယ်။


တနေ့လျှင် မြန်မာပြည်ရဲ့ လက်ဖက်ရည်တခွက်ဖိုး (၃၀၀ ကျပ်ဝန်းကျင်) ၀င်ငွေရှိပါတယ်။

ဒီတော့ လက်ဖက်ရည် စီမံကိန်းကို စတင်ကြည့်တော့ BSN အနေနဲ့ တရက်ကို လက်ဖက်ရည် တခွက်ဖိုး ၀င်ငွေရနေပါတယ်။ လူ သုံးလေးငါးယောက်ပေါင်းမှ တနေ့ လက်ဖက်ရည် တခွက်သောက်နိုင်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အနှောင့်အယှက်ပေးပြီးမှ သောက်ရလို့လားတော့ မသိဘူး၊ သောက်ရတဲ့ အရသာက ချိုမြိန်သလိုပါဘဲ။ ဒီလို လက်ဖက်ရည် သောက်နိုင်ဖို့ အတွက် စာဖတ်သူတွေကို အနှောင့်အယှက် ဖြစ်ပေါ်စေတာကိုတော့ အနူးအညွတ် တောင်းပန်လိုပါတယ်။ တချိန်တည်းမှာပဲ နားလည်မှု အပြည့်အ၀ ရှိပြီး ဆက်လက် ဖတ်ရှုနေကြတဲ့ ပရိသတ် အပေါင်းကိုလဲ အထူး ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့တွေ လက်ဖက်ရည်လေး သောက်ပြီး ပို့စ်တွေ ဖန်တီးရတော့ ဦးနှောက် ကြည်တာပေါ့ဗျာ။ ပရိသတ်များ အနေနဲ့လဲ တကူးတက လက်ဖက်ရည် တိုက်နေစရာ မလိုပါဘူးဗျာ။ ဒါလေးကိုတော့ နားလည်မှု ပေးကြလိမ့်မယ်လို့ ရိုးသားစွာ မျှော်လင့်မိတာ အမှန်ပါ။

adf.ly ကို စထည့်တုန်းက BSN ဖေ့ဘွတ်မှာ ပရိသတ်တဦး ပြောခဲ့သလို စာဖတ်သူတွေ အလွန် လျော့နည်းသွားမယ်လို့ ထင်ခဲ့မိပါတယ်။ ပုံမှန်ဆိုရင် BSN ကို လာကြည့်တဲ့ page view တရက်ကို ၂၅၀၀ နဲ့ ၃၀၀၀ ကြားမှာ ရှိပါတယ်။ adf.ly နောက်ပိုင်းမှာတော့ အရေအတွက် ၂၅၀၀ လောက်ကို နေ့စဉ် page view အနေနဲ့ တွေ့ရပါတယ်။ အရမ်းကြီး လျော့မသွားတဲ့အတွက် ဆက်လက် အားပေးနေသူတွေကို ကျေးဇူးစကား ဆိုပါရစေ။ BSN ဖေ့ဘွတ်မှာဆိုရင်လဲ ပို့စ်တခုစီအတွက် impression တွေကို အယင်အတိုင်းပဲ တွေ့ရပါသေးတယ်။ ပို့စ် တခုချင်းစီအတွက် ၂၄ နာရီအတွင်း impression ၂၀၀၀ နဲ့ ၂၅၀၀ ကြားမှာ တွေ့နေရသလို လူကြိုက်များတဲ့ ဗီဒီယိုပို့စ်တွေ အတွက် ၃၀၀၀ အထက်မှာ တွေ့နေရပါတယ်။ ဒီတော့ အားပေးသူ အပေါင်းကို ထပ်မံ ကျေးဇူးစကား ဆိုပါရစေ။ တချိန်တည်းမှာပဲ adf.ly ကြောင့် အနှောင့်အယှက် ဖြစ်ပေါ်ရတာကိုလည်း တောင်းပန်စကား ဆိုပါရစေ။

နောက်ဆုံးအနေနဲ့ ပြောလိုတာကတော့...
မိမိတို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်လေးတွေကို ဖဲ့ပြီး BSN ကို တကူးတက လာရောက် လည်ပတ်သူ အပေါင်းကို အထူး ကျေးဇူးတင်ပါကြောင်း ထပ်မံ ပြောကြားလိုပါတယ်။

BSN ပရိသတ်များအားလုံး ကာယ၊ စိတ္တ သုခနှစ်ဖြာ ပြည့်စုံနိုင်ကြပါစေ။

လေးစားလျက်-

ဇီးကွက်မျက်ပြူး (တောက်တိုမယ်ရ အလုပ်သမား)
ပရိသတ်များအတွက် နားဂွမ်းဆို့လျက် ရေးသားသည်။

Thursday, May 19, 2011

နေပြည်တော်တွင် ဗုံးမကွဲစေရန် မြန်မာ့မီးရထားက ဆောင်ရွက်ခဲ့ခြင်းဖြစ်

ဗုဒ္ဓဟူးနေ့က ပေါက်ကွဲခဲ့သော ရန်ကုန်-မန္တလေး ရထားပေါ်မှ ဗုံးပေါက်ကွဲမှုသည် နေပြည်တော်ဘူတာ တွှင် ပေါက်ကွဲမှု ဖြစ်ပွားစေရန် ချိန်ကိုက်ဗုံး ထောင်ထားခြင်း ဖြစ်သော်လည်း၊ နေပြည်တော်တွင် မပေါက်ကွဲအောင် မြန်မာ့ မီးရထားက စနစ်တကျ စီမံ ဆောင်ရွက်နိုင်ခဲ့ကြောင်း မီးရထား တာဝန်ရှိ အကြီးအကဲ တစ်ဦးက BSN သို့ ပြောပြသည်။

"ကျွန်တော်တို့ ရထားတွေက ထွက်ချင်တဲ့ အချိန်ထွက်ပြီး ဘူတာတွေကို ရောက်ချင်တဲ့ အချိန်ရောက်ပါတယ်။ နေပြည်တော် ရထားဆိုက်ချိန် နဲ့ ချိန်ကိုက်ပြီး ဗုံးထောင်တော့ ဘယ်ရမလဲဗျ။ ကျွန်တော်တို့ရထားတွေ ဘူတာ ဆိုက်ရောက်ချိန်က ပေါက်တတ်ကရ ဆိုတော့ သူတို့ ချိန်ကိုက် တွက်ချက်တာ မအောင်မြင်ဘူးပေါ့ဗျာ။ ဒီအရေးတွေကို ကြိုမြင်လို့၊ အရေးကြီး နေရာတွေမှာ ဗုံးမကွဲနိုင်အောင် အတွက် အခုလို ရထားတွေကို ထွက်ချင်တဲ့ အချိန်ထွက်၊ ၀င်ချင်တဲ့ အချိန်ဝင်၊ ရထားတွေ အချိန်မမှန်အောင်၊ ဆိုက်ရောက်ချိန် ပေါက်ကရဖြစ်အောင် အစီအစဉ်ဆွဲပြီး ကျွန်တော်တို့က စနစ်တကျ စီစဉ်ထားရတာ ဖြစ်ပါတယ်။ အခုဆိုလို့ရှိရင် ဒီလို စီစဉ်ဆောင်ရွက်မှုကြောင့် နေပြည်တော်မှာ ဗုံးကွဲမှု မဖြစ်ရအောင် ကျွန်တော်တို့ ရှောင်လွှဲနိုင်ခဲ့ပြီ ဖြစ်ပါတယ်"ဟု အဆိုပါ အကြီးအကဲက ပြောသည်။


Read More ...

(မှတ်ချက်။ ။ ဗုံးကွဲမှုကြောင့် သေဆုံးရသူများ၊ ဒဏ်ရာရသူများနှင့် ၄င်းတို့၏ မိသားစုဝင်များကို အထူးစာနာကြောင်း၊ ထိုဖြစ်ရပ်အတွက် ၀မ်းနည်းကြောင်းနှင့် အပြစ်မဲ့ပြည်သူများ သေကျေဒဏ်ရာ ရစေသည့် ဗုံးခွဲမှုကို ရှုတ်ချကြောင်း ဖော်ပြအပ်ပါသည်။

ဤပို့စ်မှာ မြန်မာ့မီးရထား၏ ရထားများ အချိန်မမှန်မှုနှင့်သာ တိုက်ရိုက် သက်ဆိုင်ပါကြောင်း။)

နတ်တွေ စုတေ့လျှင် မြန်မာပြည်မှာ လူဖြစ်သည်

မြန်မာပြည်ရဲ့ လူဦးရေဟာ ၂၀၀၉ မှာ ၄၄.၂ သန်းရှိတယ်လို့ ကုလသမဂ္ဂ စာရင်းဇယားတွေမှာ ဖော်ပြပါတယ်။

ဒါပေမဲ့ ၂၀၁၀ မှာ မြန်မာပြည် လူဦးရေ ၅၉.၁ သန်းရှိတယ်လို့ မြန်မာ လ၀က ၀န်ကြီးဌာနက ပြောပါတယ်။ တစ်နှစ်အတွင်း လူဦးရေ ၁၅ သန်း အပ်ချလောင်း ဆိုသလို ချက်ချင်း တိုးပွားလာတာဟာ နတ်ပြည်က နတ်သား နတ်သမီးတွေ မြန်မာပြည်မှာ လူပြန်ဖြစ်လို့ အခုလို တိုးပွားလာတာဖြစ်ကြောင်း လ၀က ၀န်ကြီးက ရှင်းပြပါတယ်။

တစ်နှစ်ကို လူဦးရေ ၂.၀၂ ရာခိုင်နှုန်း တိုးတဲ့ မြန်မာပြည်မှာ အခုလို အဆမတန် လူဦးရေ တိုးပွားရခြင်းဟာ နတ်တွေ လူဖြစ်တာကလွဲရင် အခြား နည်းလမ်း မဖြစ်နိုင်ကြောင်း ၀န်ကြီးက ပြောပါတယ်။ နတ်တွေတောင် မြန်မာပြည်မှာ လူဖြစ်ချင်တာကို ကြည့်ခြင်းဖြင့် မြန်မာပြည်ဟာ ကမ္ဘာပေါ်မှာ အလွန် နေချင့်စဖွယ် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံ ဖြစ်တယ်ဆိုတာ ငြင်းချက် မထုတ်နိုင်လောက်အောင် အမှန်ပင် သေချာကြောင်း သူက ဆက်ပြောပါတယ်။

ဒါပေမဲ့ မြန်မာ အစိုးရ ၀န်ကြီးရဲ့ ရှင်းလင်းချက် မှားယွင်းဖွယ် ရှိကြောင်း၊ အခုလို ဗြုန်းစားကြီး အပ်ချလောင်း တိုးပွားလာတဲ့ လူဦးရေ ၁၅ သန်းဟာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကယ် တွေ မြန်မာပြည်မှာ လူပြန်ဖြစ်တာလဲ ဖြစ်နိုင်ကြောင်း၊ မြန်မာ့အရေး ကျွမ်းကျင်သူ အချို့က သုံးသပ်ပါတယ်။

မြန်မာပြည်ရဲ့ ၂၀၀၉ လူဦးရေကို ကုလသမဂ္ဂနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေက ၄၄.၂ သန်း၊ Lonely Planet က ၄၇.၄ သန်း၊ အမေရိကန် CIA က ၄၈.၁ သန်း အစရှိသဖြင့် ကွဲပြားစွာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကာလတုန်းကဆိုရင်လဲ မြန်မာပြည်ရဲ့ လူဦးရေကို သန်း ၅၀၊ ၅၁ သန်း၊ ၅၂ သန်း၊ ၅၄ သန်း၊ ၅၇ သန်း အစရှိသဖြင့် ဖော်ပြခဲ့ဖူးပါတယ်။ အခုလို လူဦးရေ မတည်ငြိမ်ရတာဟာ နတ်ဗီဇာ ကင်းလွတ်ခွင့်ကြောင့် နတ်သား၊ နတ်သမီးများ အနေနဲ့ မြန်မာပြည်နဲ့ နတ်ပြည် ကူးချည်သန်းချည် သွားလာနေတဲ့ အတွက် အခုလို မြန်မာပြည် လူဦးရေ လျော့လိုက်၊ တိုးလိုက် ဖြစ်နေရတာပါ လို့ လ၀က ၀န်ကြီးက ရှင်းပြသွားခဲ့ပါတယ်။


Read More ...

မြန်မာတွေနဲ့ ရေစက်ဆုံတဲ့ နယူးဇီလန်

(Photo: stuff.co.nz)

နယူးဇီလန်ရှိ မြို့တစ်မြို့မှာ မြန်မာအမည် ဥက္ကလံမြို့ (Auckland) ဖြစ်နေသည်ကို တွေ့ရသည်။ :D

ထိုနည်းတူ ဥက္ကလံ တိရစ္ဆာာန်ဥယျာဉ်တွင် "မြန်မာ" (Burma) ဟု အမည်ရသော အသက် ၂၈ နှစ် အရွယ် ဆင်မ တစ်ကောင် နေထိုင်လျက် ရှိသည်။


Read More ..

Wednesday, May 18, 2011

ရန်ကုန်တွင် နိုက်ကလပ်နှင့် အနှိပ်ခန်းများ လိုင်စင်ဖြင့် ဖွင့်လှစ်

ရန်ကုန်တိုင်း အတွင်း ဖွင့်လှစ်ထားတဲ့ နိုက်ကလပ်တွေနဲ့ အနှိပ်ခန်းတွေဟာ အထူး ခွင့်ပြုချက် လိုင်စင်နဲ့ ဖွင့်လှစ် လုပ်ကိုင်နေကြတာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသ အစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

မေလ ၁၇ ရက်နေ့က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသ အစိုးရ အဖွဲ့ရဲ့ မီဒီယာ တွေ့ဆုံပွဲမှာ ပြည်တွင်း သတင်းထောက် တစ်ဦးရဲ့ "ရန်ကုန်တိုင်းထဲမှာ နိုက်ကလပ်တွေနဲ့ အနှိပ်ခန်းတွေကို ဘယ်လို လိုင်စင်မျိုးတွေ ထုတ်ပေးနေသလဲ၊ ဘယ်လို ပုံစံမျိုးနဲ့ ခွင့်ပြုနေသလဲ" ဆိုတဲ့ မေးခွန်းကိုအစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦးက အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

"ဆိုင်ရာ ပိုင်ရာ ပုဂ္ဂိုလ်တွေက သူတို့ရဲ့ လုပ်ပိုင်ခွင့် ဘောင်အတွင်းကနေ လိုင်းကြေး ယူပြီး အထူး ခွင့်ပြုချက် လိုင်စင်တွေ ချပေးတာ ဖြစ်ပါတယ်။ လိုင်းကြေး ပေးရင် နိုက်ကလပ်တို့ အနှိပ်ခန်းတို့ကို မည်သူ မဆို လွတ်လပ်စွာ ဖွင့်လှစ်နိုင်ပါတယ်။ အလှပြင်ဆိုင်လို့ တရားဝင် အမည်ပေးဖို့တော့ လိုအပ်ပါတယ်။ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရပေါ့ဗျာ။ စည်းကမ်းပြည့်ဝစွာ လိုင်းကြေးပေးရင် ဘာမဆို လွတ်လပ် အဆင်ပြေ လွယ်ကူ ပါတယ်" လို့ အစိုးရ အဖွဲ့ တာဝန်ရှိသူက ဖြေကြားသွားပါတယ်။


Read More ..

ဆိပ်ကမ်း ဆိုသည်မှာ ပိုက်လိုင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း သတင်းတစ်ပုဒ်ကဆို

ပိုက်လိုင်း၏ တစ်စိတ်တဒေသ အစိတ်အပိုင်းတစ်ခု အဖြစ် တွေ့ရသော သင်္ဘောဆိပ်ကမ်း တစ်ခု
(ကာတွန်း - ဇီးကွက်မျက်ပြူး)

ဆိပ်ကမ်း ဆိုသည်မှာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း၏ တစ်စိတ်တဒေသ ဖြစ်ကြောင်း သတင်း တစ်ပုဒ်တွင်  တွေ့ရသည်။ ထို့ကြောင့် အဆိုပါ ပိုက်လိုင်း မှာ ဆိပ်ကမ်းထက် အရွယ်အစား အဆမတန် ကြီးမားမည်ဟု ယူဆရသည်။ မြန်မာပြည်မှ တရုတ်ပြည်အထိ သွယ်တန်းသော သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း၏ ရှည်လျားမှုကို သတင်းများနှင့် ပူးတွဲပါရှိသည့် မြေပုံများတွင် တွေ့ရသော်လည်း အဆိုပါ ပိုက်လိုင်းများ၏ ယခုကဲ့သို့ အရွယ်အစား ကြီးမားမှုကို ဖော်ပြခဲ့ကြခြင်း မရှိပေ။ အောက်ပါ သတင်းမှာ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း၏ အရွယ်အစား ပမာဏ မည်မျှကြီးမားသည်ကို ဖော်ပြသော ပထမဆုံး သတင်းဖြစ်ဖွယ်ရှိသည်။


Read More...

Tuesday, May 17, 2011

(?)က.. ကနေသည်

(Courtesy: MyanmarCelebrity.com)


မင်းသားကြီး အားနိုးကို မြန်မာများ ဒေါသထွက်နေကြ

(Photo: citystatetimes.com)

အမေရိကားရောက် ကမ္ဘာကျော် မြန်မာတစ်ဦးဖြစ်သည့် မင်းသားကြီး အာနိုး ရွှေဝါဇနက္က (သူ့အကြောင်း ဖတ်ရန်) အိမ်ထောင်ရေး ဖောက်ပြန်မှုကြောင့် အမေရိကားမှ မြန်မာများ ဒေါသထွက်နေကြသည်။

သူ၏ နေအိမ်အမှုထမ်း အမျိုးသမီး တစ်ဦးနှင့် တိတ်တိတ်ပုန်း ဇာတ်လမ်းဖြစ်ခဲ့ပြီး ကလေးတစ်ဦး မွေးဖွားခဲ့ကြောင်း မေလ ၉ ရက်နေ့က ဇနီးသည်နှင့် လမ်းခွဲပြီးနောက်၊   အာနိုးက ၀န်ခံလိုက်ကြောင်း အေပီ သတင်းဌာနက ယနေ့ ဖော်ပြသည်။ ထိုကိစ္စကြောင့် မြန်မာလူမျိုး ဂုဏ်သိက္ခာ ကျဆင်းစေသည်ဟု ယူဆသဖြင့် အာနိုးကို အထူးဒေါသ ထွက်ကြောင်း ကယ်လီဖိုးနီးယား မြန်မာကွန်မြူနတီမှ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက ပြောသည်။

ထိုကဲ့သို့သော မကောင်းသတင်းကြောင့် မင်းသားကြီး အာနိုး ရွှေဝါဇနက္ကအား BSN တွင် ထင်ပေါ်ကျော်ကြား မြန်မာလူမျိုးများ စာရင်း ထည့်သွင်းထားခြင်းမှ ပယ်ဖျက်ရန် ၄င်းက ဆက်လက် တောင်းဆိုလိုက်သည်။


Read More ...

ရေချိုးခန်းသုံး အဆင့်မြင့် ပစ္စည်းများ

Credit: MyanmarCelebrity.com

ရေချိုးခန်းသုံး အဆင့်မြင့် ပစ္စည်းများ လို့ ဆိုပါတယ်။
ရေချိုးခန်းသုံး အဆင့်မြင့် မိန်းကလေးများ လား ??
ရေချိုးခန်းသုံး အဆင့်မြင့် အ၀တ်အစား တွေလား ??
လား ?? လား ?? လား ??

Monday, May 16, 2011

မစ္စတာနံပြား၊ ရန်ကုန်တွင် ဈေးရောင်း

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်တော်ကြီးလည်းဖြစ်၊ ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ်လည်းဖြစ်သူ မစ္စတာ နံပြားသည် မြန်မာနိုင်ငံတွင် နေထိုင်စဉ်အတွင်း ရှိသမျှ ပိုက်ဆံများ ပြုတ်ပြုတ်ပြုန်းသွားကြောင်း စုံစမ်း သိရှိရသည်။

(Photo: demowaiyan)

ပိုက်ဆံ တပြားမျှ မရှိတော့သဖြင့် မစ္စတာနံပြား မြန်မာပြည်မှ မထွက်ခွာမီ လမ်းဘေး ဈေးသည်တဦးကဲ့သို့ ဗန်းကလေး ခင်းပြီး ဈေးရောင်းခဲ့သည်။ အပြန်လမ်းခရီးတွင် ထမင်းစားစရိတ် ရလိုရငြား ရှိစုမဲ့စု ကက်ဆက် အဟောင်းများနှင့် အမ်ပီသရီးများကို ယခုကဲ့သို့ အောက်ဈေးဖြင့် ချရောင်းရခြင်း ဖြစ်ကြောင်း မစ္စတာ နံပြားက ပြောသည်။ (အိန္ဒိယနိုင်ငံတွင် ထိုကဲ့သို့ လုပ်နေကျဟုလည်း ၄င်းက ရှင်းပြသည်)။

မြန်မာပြည်တွင် နေထိုင်စဉ် အတွင်း စားစရာ မရှိလောက်အောင် အဘယ်ကြောင့် ပိုက်ဆံများ တပြားတချပ်မျှ မကျန်ဘဲ ပြုတ်ပြုတ်ပြုန်းသွား သနည်း ဟူသော BSN သတင်းထောက်၏ မေးခွန်းကိုမူ မစ္စတာ နံပြားက ဖြေကြားရန် ငြင်းဆိုသည်။


(ပြည်တွင်းသတင်းထောက် သတင်းပေးပို့သည်)။

More Photos ...

Sunday, May 15, 2011

လိုကယ်လိုက်ဇေးရှင်း ဆိုက်ဘာကာဖေး လော မြန်မာ့ဆက်သွယ်ရေးထုတ်ပြန်

မြန်မာ့ဆက်သွယ်ရေးမှ (PAC)အင်တာနက်ဆိုင်များ လိုက်နာဆောင်ရွက်ရမည့် စည်ကမ်းချက် (အသစ်)များကို ယခုလအတွင်း စာတိုက်ကနေတဆင့် အင်တာနက်ဆိုင်များသို့ ပေးပို့နေပါသည်။ ထုတ်ပြန်လိုက်သည့် အချက်(၁၂)ချက်ပါ စည်းကမ်းချက်များနှင့် ပတ်သက်ပြီး မြန်မာ့ဆက်သွယ်ရေးမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးတင့်လွင်ကို အိမ်သာနတ်တို့ မတွေ့ဆုံပဲ မေးမြန်းခန်း ဖွင့်လိုက်ပါသည်။

(credit: ဒီမိုဝေယံ)

အိမ်သာနတ်။ ။ ဦးတင့်လွင်ခင်ဗျာ ဆက်သွယ်ရေးကနေ အင်တာနက်ဆိုင်တွေကို စည်းကမ်းချက်တွေ ပို့တယ်လို့ ကြားပါတယ်ခင်ဗျ။

ဦးတင့်လွင်။ ။ ဟုတ်ပါတယ်။ ဒါက ကျနော်တို့ စတင်လုပ်နေတဲ့ လိုကယ်လိုက်ဇေးရှင်း ပလန်ထဲက လိုကယ်ဆိုက်ဘာကာဖေး လောရဲ့ ခြေလှမ်းအစပါ။

အိမ်သာနတ်။ ။ ဘယ်လိုမျိုး လိုကယ်လိုက်ဇေးရှင်းလဲ ခင်ဗျ။

ဦးတင့်လွင်။ ။ ဒီလိုလေ၊ မောင်ရင် အခုထုတ်လိုက်တဲ့ စည်းကမ်းချက်တွေကို ကြည့်ရင် တခြားနိုင်ငံနဲ့ မတူညီတာတွေ၊ တခြားနိုင်ငံတွေမှာ မရှိသေးတာတွေ တွေ့ရလိမ့်မယ်။

အိမ်သာနတ်။ ။ ဟုတ်ကဲ့။ အဲဒါကတော့ သိပ်ကို ထင်သာမြင်သာ တွေ့ရပါတယ်။

ဦးတင့်လွင် ။ ။ အဲဒါက လိုကယ်လိုက်ဇေးရှင်းလေ၊ အင်တာနက်ကို မြန်မာ့နည်း မြန်မာ့ဟန်ပြုတာ။ မြန်မာပြည်မှာ မြန်မာတွေသုံးတာ မြန်မာဆန်ရမယ်။ မကိုက်ညီတဲ့ အင်တာနက် ယဉ်ကျေးမှုတွေကို ဆန်ရှင် လုပ်ရမယ်။ ဒါကြောင့် လိုကယ်လိုက်ဇေးရှင်းလုပ်တဲ့အနေနဲ့ အခုလို စည်းကမ်းချက်တွေ စထုတ်လိုက်တာပါ။

အိမ်သာနတ်။ ။ ဟုတ်ပါပြီခင်ဗျာ။ ဒီအထဲမှာပါတဲ့ အချက်တစ်ခုက ဆိုင်ထဲကကွန်ပျုတာတွေမှာ floppy drive, CD drive, USB port နဲ့ တခြား external drive တွေ တပ်ဆင်အသုံးမပြုရဘူး လို့ပါတယ်။ အခုခေတ် အခုဆိုင်တွေမှာသုံးတဲ့ စက်တွေက အဲဒါတွေပါပြီးသားပဲလေ။ အဲဒီ့ကိတ်စကို ဘယ်လိုဆောင်ရွက်မှာလဲခင်ဗျ။

ဦးတင့်လွင်။ ။ မကြာခင်မှာ အင်တာနက်ဆိုင်တွေကို မြန်မာ့ဆက်သွယ်ရေးကနေ မြန်မာမှုပြု ထုတ်လုပ်ထားတဲ့ Mainframe system တွေ ပြောင်းလဲတပ်ဆင်ခိုင်းမှာပါ။ အဲဒီ့ခါကျရင် ဆိုင်တွေမှာ စက်တစ်လုံး ၀ယ်တပ်ရ၊ ပျက်ရင်ပြင်ရ စရိတ်တွေ သက်သာသွားမှာပါ။ ကျနော်တို့ရဲ့ Mainframe စက်ကို ဆိုင်ရဲ့ အော်ပရေတာခုံမှာ ထားရပါမယ်။ ကျန်တာတော့ တဆိုင်လုံးမှာ လူတွေသုံးဖို့အတွက် မော်နီတာ၊ ကီးဘုတ်နဲ့ မောက်စ်တွေပဲ ထုတ်ထားပေးရပါမယ်။ အဲဒီ့အခါကျရင် ဆိုင်တွေမှာ နေရာလဲရှင်း၊ ၀န်လည်းကျဉ်း၊ သန့်ရှင်းရေးလုပ်တာကအစ သက်သာသွားပါလိမ့်မယ်။

အိမ်သာနတ်။ ။ ဟုတ်ကဲ့၊ မှတ်သားလောက်ပါပေတယ်ဗျာ။ အဲဒါဆို လာသုံးတဲ့သူတွေက ဓါတ်ပုံဖြစ်စေ၊ ဖိုင်ဖြစ်စေ တခုခု ပို့ချင်တာရှိရင်ကော။

ဦးတင့်လွင် ။ ။ အဲဒါအတွက်က မိန်းဖရိန်စက်မှာပဲ ရှိတာပါ။ အော်ပရေတာက တဆင့် သွားရပါလိမ့်မယ်။

အိမ်သာနတ်။ ။ လာသုံးတဲ့သူတွေက ဖိုင်တွေဘာတွေ သိမ်းထားချင်ရင်ကော။

ဦးတင့်လွင် ။ ။ အဲဒါကလဲ အော်ပရေတာက တဆင့် သွားရမှာပါ။

အိမ်သာနတ်။ ။ အိမ်ကနေ ရိုက်ကူးလာတဲ့ အီးမေးလေးတစောင်လောက်ကို ကော်ပီကူးပြီး ပို့ချင်တယ်ဆိုရင်ကောဗျာ။

ဦးတင့်လွင်။ ။ အဲဒါကလဲ အော်ပရေတာကတဆင့် သွားပေါ့ဗျာ။

အိမ်သာနတ်။ ။ စည်းကမ်းချက်ထဲမှာ လာသုံးသူတွေရဲ့ မှတ်ပုံတင်နံပါတ်၊ လိပ်စာ၊ ဖုန်းနံပါတ်တွေ မှတ်ရမယ်လို့ ဆိုတယ်။

ဦးတင့်လွင်။ ။ အဲဒါကလဲ အော်ပရေတာကတဆင့် လုပ်ရမှာဗျ။

အိမ်သာနတ်။ ။ နောက်ပီးတော့ သုံးစွဲသူတွေရဲ့ ဘာလုပ်၊ဘယ်သွားစတဲ့ ရက်ကော့ဒ်တွေ၊ စကရင်ရှော့တွေ တလတကြိမ် ဆက်သွယ်ရေးကို ပို့ရမယ်ဆို။

ဦးတင့်လွင်။ ။ အဲဒါကလဲ အော်ပရေတာဆင့် လုပ်ရမှာလေ။

အိမ်သာနတ်။ ။ ပီးတော့ တာဝန်ရှိသူတွေက ၀င်စစ်ဆေးမယ်၊ စည်းကမ်းတွေမကိုက်ညီရင် လိုင်စင်ပိတ်သိမ်းတဲ့အထိ တည်ဆဲဥပဒေနဲ့ အရေးယူမယ်ဆိုပါတော့။

ဦးတင့်လွင်။ ။ အဲဒါပဲလေ.. ဆိုင်တွေမှာ အော်ပရေတာတွေမှာ တာဝန်အရှိဆုံးပဲလေ။ ခင်ဗျားသိတဲ့အတိုင်း ကျုပ်တို့တိုင်းပြည်ကြီးက မင်းပြောင်းမင်းလွှဲ ဖြစ်ပြီ။ ဒီအချိန်မှာ မသိနားမလည်တဲ့ အင်တာနက်ယူဇာတွေအနေနဲ့ ကိုယ့်တိုင်းပြည်ကို ထိခိုက်စေမယ့် အမှားတွေ မသိပဲမလုပ်မိအောင် ထိန်းသိမ်းပေးရေမယ်။ အစိုးရအနေနဲ့ကလည်း ကလင်း ဂါးဗားမင့်၊ ဂွတ် ဂါးဗားမင့်လို့ ဆိုထားတော့ ကျုပ်တို့ကလည်း ကလင်းဆားဗစ်၊ ဂွတ်ဆားဗစ်တွေ ပေးနိုင်ဖို့လိုတယ်။ ဒါမှလဲ ကလင်းအင်တာနက်၊ ဂွတ်အင်တာနက်၊ ကလင်း စီတဇင်၊ ဂွတ်စီတဇင်တွေ ဖြစ်လာကြမှာပေါဗျာ။

အိမ်သာနတ်။ ။ ဟုတ် ဟုတ် ဟုတ်ကဲ့... ဒါနဲ့ အရင်တခေါက် အင်တာဗျုးတုန်းကလေ ဂျီတော့ထက် သာတဲ့ ဆားဗစ် မြန်မာ့ဆက်သွယ်ရေးက လုပ်မယ်ဆိုတာလေ၊ ဘယ်အခြေအနေ ရောက်ပီလဲခင်ဗျ။

ဦးတင့်လွင်။ ။ ကျုပ်တို့က ဂျီတော့ထက် ပိုမြန်အောင် သားပိုက်ကောင်တော့ လုပ်တာလေ။ အဲဒီ့ သားပိုက်ကောင်ဗျာ ဟိုတစ်နေ့က အင်တာနက်ကျောရိုးကြီးပေါ် တက်ခုန်နေလို့ ပြန်လိုက်ပြင်နေရတာ ငါးနာရီလောက် ကြာသွားလို့ ကာစတန်မာတွေဆီကို အကြောင်းကြားစာ ပို့လိုက်ရသေးတယ်။ အခုတောင် သူခုန်ခဲ့တဲ့ အရှိန်မသေသေးလို့ စပိက မမှန်ချင်သေးဘူး။


(Courtesy: ဒီမိုဝေယံ)

ဒါပဲဗျာ။ ခင်ဗျား မေးခွန်းတွေ သိပ်များနေပြီ။ ကျုပ်တို့က နိုင်ငံတော်အတွက် မနားမနေ အလုပ်များနေတာ.. ဒါပဲ ဒါပဲ

အိမ်သာနတ်။ ။ ဟုတ်...

ဂွပ် တီ တီ တီ တောက်

(အိမ်သာနတ် ဆက်သွယ် မေးမြန်းထားသည်)



ပြင်သစ်ဆိုတာ နှာဘူးတွေ ဖြစ်လေမလား

(Photo: Washington Post)

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ အကြီးအကဲ ပြင်သစ်လူမျိုး၊ အသက် ၆၂ နှစ် အရွယ်ရှိ အဖိုးကြီး Dominique Strauss-Kahn သည် နှာဘူး ဖြစ်ကြောင်း သတင်းများတွင် တွေ့ရသည်။ သူသည် ပြင်သစ် သမ္မတလောင်းအဖြစ် အရွေးခံရန် အလားအလာ ရှိနေသည့် အထင်ကရ ပုဂ္ဂိုလ်ကြီးလည်း ဖြစ်သည်။

သူသည် သူတည်းခိုခဲ့သည့် ဟော်တယ်မှ အသက် ၃၂ နှစ်အရွယ် ဟော်တယ်အခန်း သန့်ရှင်း ပြင်ဆင်ရေး လုပ်ဆောင်သူ အမျိုးသမီးတဦးအား အဓမ္မကျင့်ရန် ကြိုးစားခဲ့ကြောင်း တိုင်တန်းချက်အရ နယူးယောက်မှ ထွက်ခွာရန် ပြင်ဆင်နေသည့် လေယာဉ်ပေါ်မှ ဆွဲချကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ပြင်သစ်လူမျိုးများသည် ကပ်စီးနည်းသူများ ဖြစ်ကြရာ မြန်မာ ယောက်ျား ပြည့်တန်ဆာ နှစ်ဦးကိုလည်း နှာဘူးထပြီးနောက် ပိုက်ဆံမပေးသည့် ဖြစ်ရပ် တစ်ခု ဖြစ်ပွားခဲ့ဖူးသည် (Click Here)။


Read More ...

Saturday, May 14, 2011

အမေရိကန် ကွန်ပျူတာတွေ အိပ်ငိုက်၊၊ DV ကံစမ်းမဲပေါက်သူများကို မှားယွင်းရွေးချယ်

အမေရိကန်နိုင်ငံမှ DV ကံစမ်းမဲ ရွေးချယ်သည့် ကွန်ပျူတာများ အိပ်ငိုက်သွားကြသည်။ ထိုကဲ့သို့ အိပ်ငိုက်သွားသည့်အတွက် DV ပေါက်သူများကို အမှားမှား အယွင်းယွင်း ပေါက်ကရ ရွေးချယ်လိုက်သည်ဟု သိရသည်။

ထိုကဲ့သို့ အမေရိကန်နိုင်ငံသို့ အရောက်လာခွင့် ဗီဇာမဲဖောက်ရာတွင် ကွန်ပျူတာများ အိပ်ငိုက်သွားမှုကြောင့် လူထောင်ပေါင်းများစွာကို မဲပေါက်သည်ဟု မှားယွင်းစွာ အသိပေးခဲ့မိသည့် အတွက် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက တောင်းပန်နေရသည်။ ထို့ကြောင့် လူပေါင်း ၁၅ သန်းနီးပါး၏ လျှောက်လွှာများကို ပြန်လည် စိစစ် ရွေးချယ်ရလိမ့်မည် ဟုဆိုသည်။

"ကျွန်တော်တို့ ကံစမ်းမဲ ပြန်လည်ရွေးချယ်မှာ ဖြစ်ပါတယ်။ ယခင်က ပေါက်တယ်လို့ အပြောခံရသူတွေ အခု မပေါက်တော့ပါဘူး။ ဘွာတေး- ဘွာတေး လို့ပဲ ပြောပါရစေ ခင်ဗျာ။

ကျွန်တော်တို့ဆီက ကွန်ပျူတာတွေ တော်တော်ဆိုးပါတယ်။ သူတို့ အိပ်ငိုက်ပြီး အလုပ်လုပ်တဲ့အတွက် ခုလို ဖြစ်သွားရတာပါ။ အခု ကွန်ပျူတာတွေကို အိပ်မငိုက်အောင် ကော်ဖီ တိုက်ထားပါပြီ။ ဒီတကြိမ်မှာတော့ သူတို့ အသေအချာ ရွေးချယ်ကြမှာ ဖြစ်ပါတယ်။" ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန တာဝန်ရှိသူ တဦးက ပြောသည်။


Read More ...

နေပြည်တော်၊ ပျဉ်းမနားသို့ မြို့တော် ပြောင်းရခြင်း အကြောင်းရင်း

တရံရောအခါက ရန်ကုန်ဟု အမည်ရသော ဒဂုံမြို့ကို အခြေစိုက်သည့် မြန်မာပူရ နိုင်ငံတော် မင်းတြားကြီး တစ်ပါး အိပ်မက် မြင်မက်တော်မူသည်။

အိပ်မက်ထဲတွင် အလွန်ကြီးမားသော ဆင်ကြီး တစ်ကောင်က ဘုရင်ကြီး၏ ခေါင်းကို တက်နင်းသွားသဖြင့် ဘုရင်မင်းတြားကြီး၏ ဦးခေါင်းတစ်ခုလုံး ပြားသွားသည် ဟူ၏။

အိပ်ရာမှ နိုးသော်၊ ဘုရင် မင်းတြားကြီး အလွန်ထိတ်လန့်သွားသည်။ ထို့ကြောင့် အနီးအနားတွင် ခစားသည့် သမား၊ ဟူးရား၊ ပုဏ္ဏားဖြူ၊ ပုဏ္ဏားညိုများကို မင်းတြားကြီးက မေးမြန်း အကြံတောင်း၏။

ပုဏ္ဏားတစ်ဦးက အကြံပြု အခါတော်ပေးလိုက်သည်။

"မင်းတြားကြီးကို ဆင်ကဲ့သို့ အကောင်ကြီးကြီး မပြောနဲ့ ပျားလို အလွန်သေးငယ်တဲ့ အကောင် သေးသေးလေးတောင် မနင်းစေရဘူး။ ဒီတော့ ပျားမနင်း- ပျဉ်းမနား ဆိုတဲ့အတိုင်း မြို့တော်အား ပျဉ်းမနားသို့ ပြောင်းတော်မူပါ"

ထို့ကြောင့် မြို့တော်သစ်ကို ပျဉ်းမနားမြို့အနီးသို့ မင်းတြားကြီး ရွှေ့ပြောင်းတော် မူလေသတည်း။


(တက္ကသီလာမှ ဒိသာပါမောက္ခကြီးတစ်ပါး ပြောပြဖူးသည်ကို ပြန်လည် တင်ပြခြင်း ဖြစ်ပါသည်)

Related Article about the new Capital ..

ဂူးဂဲလ်နှင့် ဖေ့ဘွတ် ရန်ဖြစ်၊ ဘလော့တွေ ရပ်တန့်သွား

ဂူးဂဲလ်နှင့် ဖေ့ဘွတ် ရန်ဖြစ်နေကြသည်။ ဖေ့ဘွတ် တည်ထောင်သူ မြန်မာအမျိုးသမီးငယ် မဇကာပေါက် နှင့် ဂူးဂဲလ် စီအီးအို လယ်ရီ ပေ့ခ်ျတို့ ရန်ဖြစ်ခြင်းကြောင့် ဂူးဂဲလ်မှ support လုပ်ထားသည့် ဘလော့စနစ် ယမန်နေ့က ကြောင်တောင်တောင် ဖြစ်သွားသည်။

"ဒါ ကျွန်မနဲ့ ရန်ဖြစ်တဲ့ အတွက် ဂူဂဲလ်က မြန်မာတွေကို ရန်ငြိုးထားပြီး မြန်မာ ဘလော့တွေကို ဖတ်မရအောင် လုပ်လိုက်တာ ဖြစ်ပါတယ်" ဟု မဇကာပေါက်က မြန်မာပီပီ ဒေါသတကြီး ပြောသည်။

ယမန်နေ့က မြန်မာ ဘလော့များ အပါအ၀င် အခြား ဘလော့များလည်း ကြောင်တောင်တောင် ဖြစ်ခဲ့သည်။

"သူတို့ နှစ်ယောက် ရန်ဖြစ်ကြတာ ကောင်းတာပေါ့ဗျာ။ ကျွန်တော်တို့ ပို့စ်တင်လို့ မရဖြစ်နေတော့၊ ဒီနေ့ အနားရတော့ပေါ့။ လယ်ရီပေ့ခ်ျက ဘလော့ဂါတွေ ပင်ပန်းမှာ စိုးလို့ အခုလို လုပ်လိုက်တာ ထင်ပါတယ်။ အနားယူနိုင်ကြစေဖို့ စေတနာနဲ့ လုပ်လိုက်တာ ဖြစ်မှာပါ " ဟု BSN မှ တောက်တိုမယ်ရ ဇီးကွက်မျက်ပြူးက မျက်လုံးပြူးပြကာ ပြောသည်။

BSN တွင် ၁၃ မေ၊ နေ့စွဲဖြင့် ည သန်းခေါင်ယံခန့်က ပို့စ်နှစ်ခု တင်ခဲ့သော်လည်း အဆိုပါ ပို့စ်များ တစ်ရက်တာ ပျောက်ဆုံးခဲ့သည်။


Read More ...

Friday, May 13, 2011

အမြွှာညီအစ်မ နှစ်ဦး အမည်ပြောင်း

၂၀၀၂ ခုနှစ်က မန္တလေးမြို့ ဆေးရုံကြီးတွင် အောင်မြင်စွာ ခွဲစိတ်ခဲ့သော ခန္ဓာကိုယ်ချင်းထိစပ်နေသည့် အမြွှာညီအစ်မ မိုးမမအောင်နှင့် မိုးပပအောင်တို့ အမည်ပြောင်းလိုက်ပြီဖြစ်သည်။


အဆိုပါ ညီအစ် နှစ်ဦး၏ အမည်သစ်မှာ မျိုးပပ နှင့် မျိုးမမ ဖြစ်သည်ဟု သတင်းတစ်ပုဒ်က ဆိုသည် (Click Here)။

မြန်မာနိုင်ငံတွင် ရင်ချင်းဆက် အမြွှာများအဖြစ် မနန်းစိုး၊မနန်းစံကို ၁၉၇၁ တွင် ခွဲစိတ်ပေးခဲ့သည်။ နောင်အနှစ် ၂၀ ကျော် ကြာသောအချိန် ၁၉၉၃ ခုနှစ်တွင် ရင်ချင်းဆက် အေးအေးငြိမ်း နှင့် အိအိငြိမ်း တို့ကို အောင်မြင်စွာ ခွဲစိတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။ ၂၀၀၂ ခုနှစ်တွင် မိုးမမအောင် နှင့် မိုးပပအောင် ညီအစ်မကို မန္တလေးမြို့ ဆေးရုံကြီးတွင် အောင်မြင်စွာ ခွဲစိတ်ပေးခဲ့ပြီး ၂၀၀၉ ခုနှစ်မှာတော့ စိုပြေ၀င်း နှင့် စိုပြေလင်း ညီအစ်မတို့ကို အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့သည်။


ယခု တစ်ဖန် စစ်ကိုင်းတိုင်း ချောင်းဦးမြို့တွင် ရင်ချင်းဆက် အမြွှာညီအစ်မနှစ်ဦးကို မေလ ၆ ရက်နေ့က မွေးဖွားခဲ့ကြောင်း သိရှိရပါသည်။

ရင်ချင်းဆက်များ ခွဲစိတ်မှုကို theludupost တွင် ဖတ်ရန် ..

ကိုယ်ပိုင် အီးမေးလ် မရှိတဲ့ မြန်မာအစိုးရ ထိပ်တန်း သတင်းစာကြီး

မြန်မာအစိုးရရဲ့ ထိပ်တန်း သတင်းစာကြီးဖြစ်တဲ့ မြန်မာ့အလင်း သတင်းစာမှာ ကိုယ်ပိုင် အီးမေးလ် မရှိဘဲ အလကားရတဲ့ ဂျီမေးလ်ကို တရားဝင် အီးမေးလ် လိပ်စာအဖြစ် အသုံးပြုနေတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့ မြန်မာ့အလင်း သတင်းစာကြီးဟာ ကိုယ်ပိုင် အီးမေးလ် မရှိတဲ့ နိုင်ငံတော် အဆင့် သတင်းစာကြီး အဖြစ် ကမ္ဘာ့ သတင်းစာများအကြားမှာ သမိုင်းမှတ်တမ်း ၀င်သွားတယ်လို့ သိရပါတယ်။ ဂင်းနစ် မှတ်တမ်း စာအုပ်ကြီးကလည်း ဒီအချက်ကို မှတ်တမ်း တင်ဖို့ စီစဉ်နေတယ်လို့ သတင်းရရှိပါတယ်။

"Burmese Regime Newspaper does not even have own email -
they are using GMAIL as official contact" လို့ မိုးမခ မှာ ရေးသား တင်ဆက်ထားတာကို
ပြန်လည် ဖော်ပြလိုက်တာပါ။

Thursday, May 12, 2011

မြန်မာ့လေကြောင်းမှာ အလွန်အချိန်မှန်သည့် လေကြောင်းလိုင်းဖြစ်

အိန္ဒိယနိုင်ငံ အခြေစိုက် PTI သတင်း ဌာန၏ ထုတ်ပြန် ကြေညာချက် များအရ အိန္ဒိယ နိုင်ငံ တွင် ပျံသန်း လျက် ရှိသည့် လေ ကြောင်း လိုင်း ၅၁ ခု၏ ၀န်ဆောင်မှု ဆန်း စစ်ချက် မှတ်တမ်း ကို စာရင်း ကောက်ယူ ခဲ့ ရာတွင် မြန်မာ့ လေကြောင်း ကို အချိန်မှန် သည့် လေကြောင်း လိုင်း အဖြစ် ရွေးချယ် သတ်မှတ် ခဲ့ကြောင်း သိရသည်။



အဆိုပါ စစ်တမ်း ကောက်ယူမှုတွင် ပါဝင်သည့် ပြည်ပ လေကြောင်း လိုင်း ၅၁ ခု အနက် အချိန်မှန် ထွက်ခွာမှု၌ ရာခိုင်နှုန်း ၁၀၀ ဖြင့် အမှတ်ပြည့် ရရှိသည့် လေကြောင်း လိုင်း နှစ်ခု သာရှိပြီး China Southern လေ ကြောင်းလိုင်း နှင့် မြန်မာ့ လေကြောင်းလိုင်း တို့ ဖြစ်ကြောင်း၊ ထိုလေကြောင်း လိုင်းနှစ်ခု ၏ နောက်တွင် အမေရိကန် လေကြောင်း က ဆန္ဒမဲ ၉၆ ဒသမ ၈ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ ကာတာ လေကြောင်းက ဆန္ဒမဲ ၉၆ ဒသမ ၄ ရာခိုင် နှုန်းဖြင့် တတိယ၊ ပင်လယ် ကွေ့ လေကြောင်း (Gulf Air)က ဆန္ဒမဲ ၉၆ ဒသမ ၁ ရာခိုင်နှုန်းဖြင့် စတုတ္ထ နေရာမှ ရပ် တည် လျက်ရှိသည်။



"ကျွန်တော် စီးဖူးတဲ့ မြန်မာ့လေကြောင်းကတော့ နေ့လည် ၁ နာရီထွက်မယ်ပြောတယ်။ တစ်ကယ်ထွက်တော့ ညနေ ၄ နာရီ ပါခင်ဗျ။ အရမ်းအချိန်မှန်ပါတယ်" ဟု မြန်မာ့လေကြောင်းဖြင့် ခရီးသွားဖူးသူ တစ်ဦးကပြောသည်။



"ဟုတ်ကဲ့၊ မြန်မာ့လေကြောင်းလိုင်းက အိန္ဒိယကို မနှစ်က တနှစ်တခေါက်နှုန်း ပြေးဆွဲလို့ပါ။ ယခုနှစ်ကစပြီး တနှစ်နှစ်ခေါက်နှုန်း ပျံရတာမို့ အချိန်တိကျမှုနှုန်း ငါးဆယ်ရာခိုင်နှုန်းသို့ ကျဆင်းသွားမှာကို နားလည်ပေးစေလိုပါတယ်။" ဟု သက်ဆိုင်ရာ အရာရှိတစ်ဦးက ပို့စ်မော်ဒန်နည်းဖြင့် ဖြေကြားသည်။



မြန်မာ့လေကြောင်းမှာ ပြည်တွင်း ခရီးစဉ်များသာ ပြေးဆွဲနေသော်လည်း အိန္ဒိယနိုင်ငံသို့ ပျံသန်းပြေးဆွဲသည့် လေကြောင်းလိုင်းများအနက် အချိန်မှန်သည့် လေကြောင်းလိုင်းအဖြစ် ရွေးချယ်ခြင်းကို ထူးဆန်းစွာ ခံခဲ့ရသည်။




Credit: ဘစ်ကက်။



Read More ...

Wednesday, May 11, 2011

အိုစမာ ဘင်လာဒင်ကို ရှင်းလင်းပြီးနောက် အမေရိကန်လေတပ် အင်အား ဆယ်ပုံတစ်ပုံ အထိလျှော့ချ

အိုစမာ ဘင်လာဒင်ကို ရှင်းလင်း သုတ်သင်ခဲ့ပြီးနောက် အမေရိကန်လေတပ် ကို မူလ အင်အား သုံးသိန်း သုံးသောင်းခန့် (Click Here) မှ သုံးသောင်း သုံးထောင်ကျော်သို့ လျှော့ချလိုက်ကြောင်း သတင်းဆောင်းပါး တစ်ပုဒ်တွင် ရေးသားသည်။ အကြမ်းဖက်မှုများ ဖြစ်မလာနိုင်တော့ဟု ယူဆသဖြင့် ယခုကဲ့သို့ အင်အား လျှော့ချခြင်း ဖြစ်ပုံရသည်။


တစ်ချိန်တည်းတွင် အမေရိကန် လေတပ်အနေဖြင့် F-22 (Falcon) လေယာဉ်များကို ထုတ်လုပ်ကြောင်း အဆိုပါ ဆောင်းပါးက ဖော်ပြသည်။ လေယာဉ် အမျိုးအစားသစ် သတင်းကြောင့် အမေရိကန် လေတပ်တွင် ဂယက်ရိုက်သွားသည်။ လောလောဆယ် အနေအထားတွင် F-22 Raptor လေယာဉ်အမျိုးအစားသာ ရှိသေးသဖြင့် ယခု အသစ်ပေါ်ပေါက်လာသော F-22 (Falcon) လေယာဉ်ကို မည်သူက မည်သူ့အတွက် မည်သို့မည်ပုံ ထုတ်လုပ်ခဲ့သနည်း ဆိုသည်ကို သိနိုင်ရန် အတွက် ကော်မရှင် တစ်ရပ် ဖွဲ့စည်းကာ စုံစမ်း စစ်ဆေးရန် ပြင်ဆင်နေကြသည်။

@ဖေသက်အောင်


Read More ...

မစ္စတာ နံပြား မြန်မာပြည် လာမည်

(Photo: asiantribune)

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က မြန်မာနိုင်ငံဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်အဖြစ် ယာယီ တာဝန်ပေးအပ်ထားသည့် မစ္စတာ နံပြား (Vijay Nambiar) သည် မေလ ၁၂ ရက်နေ့ ကြာသပတေးနေ့တွင် မြန်မာပြည်ကို ရောက်ရှိမည်ဟု သိရသည်။

"နံပြား ရောက်လာရင်တော့ ကောင်းတာပေါ့ဗျာ။ ကျွန်တော်တို့ မနက်စာ အဖြစ် လက်ဖက်ရည်သောက်ရင်း နံပြား စားကြတာပေါ့" ဟု မြန်မာနိုင်ငံခြားရေး ၀န်ကြီးသစ် ဦးဝဏ္ဏမောင်လွင်က ပြောသည်။

သမ္မတသစ် ဦးသိန်းစိန်ကမူ နံပြား သိပ်မကြိုက်သဖြင့် မစ္စတာနံပြား အနေဖြင့် တွေ့ခွင့်ရမရ မသေချာ ဖြစ်နေကြောင်း သတင်းရရှိသည်။


Read More ...

Tuesday, May 10, 2011

ပထမဆုံး မြန်မာ အာကာသယာဉ်မှူး

မြန်မာတရုတ် အာကာသသိပ္ပံ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ မြန်မာအာကာသယာဉ်မှူးတစ်ဦးကို တရုတ်ပြည်မှာ လေ့ကျင့်ပေးလျက်ရှိပါတယ်။

အပြည့်အစုံကို ဧရာဝတီ ဘလော့ မှာ တင်ပြထားပါတယ်။


မုန်တိုင်းဆိုတာ အကောင် တစ်ကောင်ဖြစ်သည်ဟု မိုးဇလ ညွှန်ချုပ်ပြော

မုန်တိုင်း ဆိုသည်မှာ အကောင် တစ်ကောင် ဖြစ်ကြောင်း မိုးဇလ ညွှန်ချုပ် ဦးချစ်ကျော်က ပြောဆိုလိုက်သည်။ အဆိုပါ အကောင်ကြီးတွင် "မုန်းတိုင်းမျက်စိ" ဟူသော မျက်စိ ပါဝင်ပြီး မြင်မြင်သမျှ အရာများကို ဝှေ့ယမ်း ဖျက်ဆီးတတ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် နာဂစ်နှင့် ဂီရိ ဟူသော အကောင် နှစ်ကောင်ကြောင့် အသက် အိုးအိမ် စည်းစိမ် များစွာ ပျက်စီးဆုံးရှုံးခဲ့ဖူးသည်။

အပြည့်အစုံသို့ ...

အချိန်ကာလများ ပျောက်ဆုံးသွားခြင်း

၁၉၅၆ ခုနှစ်က သာသနာနှစ် ၂၅၀၀ ပြည့် အခမ်းအနားများနှင့် အတူ ဆဋ္ဌသင်္ဂါယနာတင်ပွဲ ပြီးဆုံးခဲ့ကြောင်း မှတ်တမ်းများတွင် တွေ့ရသည်။

သို့သော်၊ နှစ်ပေါင်း ၅၅ နှစ်အကြာ ခရစ်နှစ် ၂၀၁၁ တွင် ကြာသောအခါ သာသနာတော် သက္ကရာဇ် ၁၅၅၅ ဖြစ်သွားပြီး နှစ်ပေါင်း တစ်ထောင် ထူးဆန်းစွာ ပျောက်ဆုံးသွားသည်။ ထို့ကြောင့် ယခုနှစ်မှာ အေဒီ ၁၀၁၁ ဖြစ်သွားပြီး ပုဂံခေတ် ပတ်ဝန်းကျင် အချိန်ကာလသို့ ပြန်လည် ရောက်ရှိသွားသည်။



"မဖြစ်သေးဘူးဗျ။ ကျွန်တော်တို့ ပုဂံခေတ် ပြန်ရောက်သွားရင် အရည်းကြီးတွေကို ကြောက်တယ်" ဟု ဆယ်ကျော်သက် လူငယ်တစ်ဦးက သူ၏ ကောင်မလေးကို လက်တွဲမဖြုတ်ဘဲ ပြောသည်။

ပြုပြင် ပြောင်းလဲရေး သမားတစ်ဦးကမူ ရှေးခေတ်သို့ ပြန်ရောက်သွားသည်ကို ကြိုဆိုလိုက်သည်။

"နှစ်ပေါင်း တစ်ထောင် နောက်ဆုတ်သွားတော့ ကောင်းတာပေါ့ဗျာ။ ကျွန်တော်တို့ ပုဂံခေတ်ကနေ ပြန်စကြတာပေါ့။ အခုဆိုရင် အေဒီ ၁၀၁၁ လေ၊ အနော်ရထာမင်း နန်းမတက်သေးဘူး။ ဒီတော့ ပုဂံခေတ်ကို ပြန်စမယ်။ ပဒေသရာဇ်စနစ်ထဲက မကောင်းကွက်တွေကို ဖယ်ရှားမယ်။ နောက်ထပ် နှစ်ပေါင်း ၈၀၀ ကျော် ကြာတဲ့အခါ အင်္ဂလိပ်ဆီမှာ ကိုလိုနီ မဖြစ်အောင် ကြိုးစားမယ်။ အာဏာရှင် စနစ် မပေါ်ထွန်းအောာင် ၀ိုင်းဝန်း ကြိုးပန်းကြမယ်။ ကျွန်တော်တို့ အနှစ် တစ်ထောင် အချိန်ရတာပဲဗျာ။ အေးဆေးပဲပေါ့" ဟု ၄င်းက ရှင်းပြသွားသည်။


လွန်ခဲ့သော အနှစ်တစ်ထောင်ဆီ သွားကြည့်ရန် ..

ရာမ စိတ်ကြွဆေးပေါ်ပေါက်၊ လက္ခဏ စိတ်ကြွဆေး မရှိသေး


ရာမာယဏ ဇာတ်တော်မှ ရာမ မင်းသား စိတ်ကြွဆေးများ ထုတ်လုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ စိတ်ကြွဆေးကို ရာမစိတ်ကြွဆေးဟု ခေါ်ဆိုကြောင်း သတင်း တစ်ပုဒ်က ဆိုသည်။

"စာစီစာရိုက်သူတွေ အမှတ်တမဲ့မို့ စာလုံးပေါင်း မှားသွားတာ ဖြစ်မှာပါ။ ရာမမင်းသား စိတ်ကြွဆေး ဆိုတာတော့ မဖြစ်နိုင်ဘူး။ အဲ- ယမမင်းကြီး စိတ်ကြွဆေး ဖြစ်ဖို့များတယ်" ဟု ဂျာနယ်လစ် တစ်ဦးက သုံးသပ်သည်။

ရာမ မင်းသား၏ ညီတော်ထုတ်လုပ်သော လက္ခဏ စိတ်ကြွဆေးကိုမူ မတွေ့ရသေးပေ။


@HN

အပြည့်အစုံသို့ ...

Monday, May 9, 2011

တယ်လီဖုန်းလိုင်း သန်း ၃၀ တိုးချဲ့မှုကြောင့် CDMA ဖုန်း ချပေးမှု ရပ်ဆိုင်းသွား

မြန်မာ အစိုးရသစ်၏ ၁/၂၀၁၁ အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေး အစည်းအဝေးတွင် ပြည်ထောင်စု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဦးသိန်းထွန်းက တယ်လီဖုန်းလိုင်းများကို သန်း ၃၀ အထိ တိုးချဲ့မည်ဟု ပြောဆိုလိုက်သည်။

ထိုကဲ့သို့ သန်း ၃၀ စတင် တိုးချဲ့လိုက်သဖြင့် ငါးသိန်းတန် CDMA 450 MHz နှင့် 800 MHz ဖုန်းများကို အများပြည်သူသို့ ချပေးနေမှု ရပ်ဆိုင်းသွားပြီး၊ ငါးသိန်းတန်ဖုန်းများမှာ ခြောက်သိန်းတန် ဖုန်းဘ၀ သို့ ချက်ချင်းရောက်ရှိသွားသည်။

မြန်မာပြည်တွင် တယ်လီဖုန်းလိုင်းများ တိုးချဲ့ခြင်းကြောင့် လိုင်းမကျပ်စေရန် လည်းကောင်း၊ တယ်လီဖုန်းများကို တစ်ဦးတည်း လက်ဝါးကြီးအုပ် ဖြန့်ဖြူးနေသည့် သေဌေးကြီး ဦးတေဇကို ဦးသိန်းစိန်က ကြည့်မရသောကြောင့် လည်းကောင်း ဖုန်းချပေးမှု ရပ်ဆိုင်းရသည်ဟု အချို့က သုံးသပ်ကြသည်။


အပြည့်အစုံ ဖတ်ရှုရန် ...

Sunday, May 8, 2011

အကြမ်းဖက် အဖွဲ့ အသစ်တစ်ခု ပေါ်ပေါက်

(Al-Quada သတင်း)

Al-Quada အမည်ရှိသည့် အကြမ်းဖက် အဖွဲ့အသစ်တစ်ခု မကြာသေးမီက ပေါ်ပေါက်ကြောင်း သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ ထိုအဖွဲ့ကိုလည်း အိုစမာ ဘင်လာဒင်ကပင် ခေါင်းဆောင်ကြောင်း သိရသည်။

@Ko Chan



read more ...

Saturday, May 7, 2011

ဦးသိန်းစိန် အင်ဒိုနီးရှားနိုင်ငံမှ ရုတ်တရက် ပျောက်ဆုံးသွား

ယနေ့ မေလ ၇ ရက် (၁၈) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပနေစဉ် မြန်မာသမ္မတ ဦးသိန်းစိန် အင်ဒိုနီးရှားနိုင်ငံမှ ရုတ်တရက် ပျောက်ဆုံးသွားကြောင်း ဂျာကာတာမှ ပေးပို့သော၊ ပို့စ်မော်ဒန် သတင်း တွင် ဖော်ပြပါရှိသည်။

အင်ဒိုနီးရှားမှ ရုတ်တရက် ပျောက်ဆုံးသွားသည်ဆိုသော ဦးသိန်းစိန်သည် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေဖွယ် ရှိကြောင်း အတည်မပြုရသေးသော သတင်းတစ်ပုဒ်က ဆိုသည်။

ဦးသိန်းစိန် နှင့် ရုပ်ချင်းအလွန်ဆင်တူသူ တစ်ဦးကို စင်ကာပူနိုင်ငံရှိ၊ တစ်ခုသော MRT အနီးတွင် ဖိနပ်တိုက်နေသည်ကို တွေ့ရသည်ဟု အဆိုပါ MRT အနီးသို့ ရောက်ရှိခဲ့သူ မြန်မာပြည်သား တစ်ဦးက BSN သို့ ဓာတ်ပုံနှင့် တကွ သတင်းပေးပို့ထားသည်။ အဆိုပါ ပုဂ္ဂိုလ်ကို မည်သူမည်ဝါဟု အတိအကျ အတည်ပြုနိုင်ခြင်း မရှိသေးပေ။


(ဓာတ်ပုံ- ဒီရိန်းဂျား)

Friday, May 6, 2011

မြန်မာ တိုင်းရင်းသားများမှာ အလုပ်သမားများသာဖြစ်ကြောင်း သမ္မတကြီးကဖော်ပြ

(Kyay Mon, 1 May 2011)

မေလ ၁ ရက် အလုပ်သမားနေ့ သ၀ဏ်လွှာတွင် နိုင်ငံတော်သမ္မတက မြန်မာ တိုင်းရင်းသားများကို အလုပ်သမားကြီးများဟု အထက်ပါအတိုင်း ဖော်ပြ ညွှန်းဆိုသွားသည်။

သို့ဖြစ်ရာ မြန်မာတိုင်းရင်းသားများမှာ အလုပ်သမားများဖြစ်ကြပြီး၊ မြန်မာပြည်သို့ ပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နှံသူ နိုင်ငံခြားသားများနှင့်၊ မြန်မာပြည်တွင်းမှ တိုင်းရင်းသား မဟုတ်သူများမှာ အလုပ်ရှင်များ ဖြစ်ကြသည်ဟု သမ္မတကြီး အနေဖြင့် ဆိုလိုကြောင်း တွေ့ရသည်။ မြန်မာပြည်တွင် နေထိုင်သည့် တိုင်းရင်းသား မဟုတ်သူ ပြည်ပ အနွယ်ဝင်များမှာ အလုပ်သမားများ မဟုတ်ကြဟု သမ္မတကြီးက ဆိုလိုသည်။

မြန်မာ တိုင်းရင်းသားများစွာမှာ ပြည်တွင်း တွင်သာ မက ပြည်ပနိုင်ငံများတွင်ပါ အလုပ်သမားများ အဖြစ် အလုပ်လုပ်ကိုင်နေကြခြင်းကြောင့် သမ္မတကြီးက ယခုကဲ့သို့ ၀န်ခံ သွားခြင်း ဖြစ်ကြောင်း သိရသည်။

(မှတ်ချက်။ ။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း အပါအ၀င် လူမျိုး (၁၃၅) မျိုးကို တိုင်းရင်းသား ဟု တရားဝင် သတ်မှတ်ထားပါသည်။)

မိုင်းသတိ.. မိုင်းအသိ ရှိပါ။

(Photo: Burmese Spirits)

ရွှေတိဂုံဘုရားတွင် အထက်ပါ အတိုင်း အများပြည်သူ ကို သတိပေးထားသည်။

"ဒါ- တိုင်းပြည် လုံခြုံမှု မရှိဘူး ဆိုတာကို ဖော်ပြနေတာဗျ။ တည်ငြိမ် အေးချမ်းရမယ့် ဘုရား ရင်ပြင်လို နေရာမျိုးမှာတောင် မိုင်းခွဲမှာ ကြောက်နေရတယ် ဆိုတော့ အစိုးရသစ် လက်ထက်မှာ မြန်မာပြည် မတည်ငြိမ်သေးဘူး ဆိုတာ သက်သေပြနေတာပဲ" ဟု အမည်မဖော်လိုသူ မြန်မာ့အရေးသုံးသပ်သူ တစ်ဦးက ပြောသည်။

"အခုလို မိုင်း (Mind) သတိ စာတန်း ရေးထိုးထားတာက ဘုရားဖူးမျှော်တဲ့ ပြည်သူအပေါင်းကို တရားရစေဖို့ အသိပေးထားတာပါ။ မိမိတို့ရဲ့ Mind (စိတ်)ကို သတိနဲ့ ဆင်ခြင်ပြီး တရား ဘာဝနာ ရှုမှတ်စေဖို့ အသိပေးထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘုရားရင်ပြင်တော်ကြီးဟာ ဆိုရင်ဖြင့် အလွန်တရာမှ တည်ငြိမ်အေးချမ်း လုံခြုံမှု ရှိတဲ့အတွက် မိမိတို့ရဲ့ မိုင်း (Mind) ဆိုတဲ့ စိတ်ကို သတိတရား၊ အသိတရား ထားပြီး တည်ငြိမ်စွာနဲ့ တရားဘာဝနာရှုမှတ် ပွားများဖို့ အလွန် သင့်လျော် လှပါတယ်။ ဒါကြောင့်မို့ အခုလို စာတန်း ချိတ်ဆွဲထားရခြင်း ဖြစ်ပါတယ်" ဟု ဂေါပက လူကြီးတစ်ဦးက ရှင်းပြသွားပါသည်။

@ပရလောကသားများ

Thursday, May 5, 2011

မြန်မာနိုင်ငံသားများ ၀င်ငွေ အထူးမြင့်မား

(၀င်ငွေ ကျပ် ၁ သန်း သတင်း)

တစ်လလျှင် ၀င်ငွေ ၁ သန်း ရှိသော မြန်မာနိုင်ငံသားများသည် ဈေးသက်သာသည့် ငါးသိန်းတန် တယ်လီဖုန်းများကို ကိုင်တွယ် အသုံးပြုနိုင်ခြင်း မရှိသေးကြောင်း သတင်းတစ်ပုဒ်က ဖော်ပြသည်။ အဆိုပါ တစ်လ ၁ သန်း ၀င်ငွေရှင်များမှာ နောက်ထပ် စီမံကိန်းဖြင့် တယ်လီဖုန်းလိုင်း ၄ သန်း တိုးချဲ့ချိန်၊ တယ်လီဖုန်းများ ယခုထက် ပိုမို ဈေးကျသော အခါတွင်မှ ဖုန်းကိုင်နိုင်ကြမည် ဖြစ်ကြောင်း အဆိုပါ သတင်းက ဆိုသည်။

အထက်ပါ သတင်းအရ ငါးသိန်းတန်ဖုန်းများကို အသုံးပြုသူများမှာ တစ်လ ၀င်ငွေ ၁ သန်းကျပ်ထက် များစွာ ပိုမိုလိမ့်မည်ဟု ယူဆရသည်။ ထို့ကြောင့်  မြန်မာနိုင်ငံသားများ ၀င်ငွေ အထူးမြင့်မားနေကြပြီဟု အဆိုပါ သတင်းအရ မှတ်ယူနိုင်သည်။

"အများသူငါ ငါးသိန်းတန် ဖုန်းကိုင်နေချိန်မှာ၊ တစ်လ ၁ သန်း ၀င်ငွေရှိသူတွေ ဖုန်းမကိုင်ဘူး ဆိုတော့ ဒီလူတွေ တော်တော် ကပ်စီးနည်းလို့ ဖြစ်ရမယ်" ဟု မြေနီကုန်းတွင် ကွမ်းယာရောင်းနေသူ တစ်ဦးက မှတ်ချက်ချသည်။

တယ်လီဖုန်း တစ်လုံး ငါးသိန်းကျပ် ဟူသော ပမာဏမှာ နိုင်ငံတကာနှင့် နှိုင်းယှဉ်လျှင် အတော်အတန် ဈေးကြီးနေသေးသော်လည်း မြန်မာနိုင်ငံအတွင်းက ပြည်သူလူထုကမူ ဈေးသက်သာသည်ဟု ယူဆလျက် ရှိကြပြီး လူဦးရေ အတော်များများ အသုံးပြုလျက်ရှိကြသည်။ လက်ရှိအခြေအနေတွင် မြန်မာပြည်၌ တယ်လီဖုန်းလိုင်း ၂ သန်းကျော် ရှိသည်။


@MK




အပြည့်အစုံ ဖတ်ရှုရန် ...

Wednesday, May 4, 2011

ခွေးသေတစ်ကောင် ကျပ်သုံးထောင် ဆတ်သားခြောက် ပြုလုပ်ရန်ဝယ်ယူ

အများပြည်သူစားသုံးနေသော ဆတ်သားခြောက်များပြု လုပ်ရန် ရည်ရွယ်၍ ခွေးသေတစ်ကောင် ကျပ်သုံးထောင်အထိ ဈေးပေး ဝယ်ယူမှုများရှိလာကြောင်း ဒဂုံ တောင်၊ ၂၂ ရပ်ကွက်နေ ပြည် သူတို့၏ ပြောပြချက်အရ သိရ သည်။

ဧပြီ ပထမပတ်က ရန်ကုန်မြို့ သာကေတမြို့ လမ်းတစ်လမ်းတွင် အဆိပ်မိသေနေသော ခွေးများ
(ဓာတ်ပုံ-ပေါ်ပြူလာ)

ယင်းသို့ ဆတ်သားခြောက် တုပြုလုပ်ရောင်းချနေသည့် နေရာမှာ သာကေတ၊ ၁ဝ မြောက်ရပ်ကွက် ယခင် သင်္ချိုင်းမြေနေရာ၊ ယခု အမှိုက်ပုံအနီး မြို့တော်စည်ပင်ပိုင် မြေနေရာတွင် ကျူးကျော်ဝင် ရောက်နေထိုင်နေသော အိမ်တစ်အိမ်မှ ဖြစ်ကြောင်း၊ ထိုသို့ ခွေးသားဖြင့် ပြုလုပ်ထားသည့် ဆတ်သားခြောက်များအား အသားခြောက် ရောင်းသည့်ဒိုင်များသို့ သွားရောက် ရောင်းချလေ့ ရှိကြောင်း သိရသည်။

”သူတို့အရင်က လုပ်သလား မလုပ်သလားတော့ မသိဘူး။ ကျွန်မတို့ ပြောင်းလာတဲ့ ၁ နှစ် ကျော်အတွင်းမှာတော့ အဲဒီလို ခွေးသားတွေကို ဆတ်သားခြောက် လုပ် ရောင်းတာတွေ တွေ့နေရတာ ပဲ။ အခုလည်း ပြီးခဲ့တဲ့ သင်္ကြန်မတိုင်မီ ရက်ပိုင်းအတွင်းက အဲဒီအိမ်မှာ အသားခြောက်တွေ လှန်းထားတာ အများကြီးပဲ။ အခုတော့ ရောင်းပြီးပြီနဲ့ တူတယ်။ လှန်းတာ မတွေ့တော့ဘူး” ဟု ဒဂုံတောင်၊ ၂၂ ရပ်ကွက်နေ အမျိုးသမီးတစ် ဦးကပြောသည်။

သာကေတ၊ ၁ဝ မြောက်ရပ် ကွက်နှင့် ဒဂုံတောင်၊၂၂ ရပ်ကွက် သည်။ နယ်နိမိတ်ခြင်း ထိစပ်လျက် ရှိပြီး ယင်းမြို့နယ်များမှ ခွေးလေ ခွေးလွင့်များအား ချောင်းမြောင်း သတ်ခြင်း၊ တစ်ဆင့်ပြန်လည် ဝယ်ယူ၍ အသားခြောက်ပြုလုပ် ရောင်းချခြင်းများပြုလုပ်ကြောင်း သိရသည်။ ယင်းအိမ်သည် ညဘက်တွင် ခွေးများအား လိုက်လံသတ်ဖြတ်၍ ယမ်းစိမ်းမှုန့်များသုံးကာ အခြောက်ပြုလုပ်ရောင်း ချခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဧပြီလ ပထမပတ် အတွင်းက ရန်ကုန်မြို့နေရာအ တော်များများတွင် ခွေးလေခွေးလွင့်များအား လိုက်လံရှင်းလင်းရာ ယင်းရက်အတွင်း၌ အဆိုပါနေအိမ်တွင် အသားခြောက်များလှန်းထားသည် ကို များစွာတွေ့ခဲ့ကြောင်း နီးစပ်သူ များက ဆိုသည်။

”သင်္ကြန်ရက်မတိုင်ခင်က အဲဒီအိမ်မှာ ခွေးသားတွေ လှန်းတာ အများကြီးတွေ့ရတယ်။ အခြောက်လှန်းပြီး လမ်းမတော်၊ သံဈေးဒိုင်တွေကို ပို့တယ်လို့ သိရတယ်။ သူ တို့က အခုလို နွေရာသီမှာပဲ လုပ် ကြတာ။ နွေရာသီမှာက စည်ပင်က ခွေးလေခွေးလွင့်တွေကို အဆိပ်ပါတဲ့ အသားတုံးတွေကျွေးပြီး သတ်တာ လုပ်လေ့ရှိတာကိုး။ သူတို့ လုပ်နေ တာကို ကြည့်ရတာ တရားဝင်လုပ် ခွင့်ရှိသလားတောင် ထင်ရတယ်” ဟု ယင်းရပ်ကွက်အနီးနေ အိမ်တစ် အိမ်က ပြောပြသည်။

ပြီးခဲ့သည့် တစ်နှစ်ကျော်က ဒဂုံတောင်၊ ၂၂ ရပ်ကွက်၌ ယင်း သို့ ခွေးသားများအား ဆိတ်သား များပြုလုပ်ကာ ဈေးများသို့ လိုက်လံ ရောင်းချသူတစ်ဦး ရှိခဲ့ပြီး၊ ယင်းသို့ ပြုလုပ်သူအား သက်ဆိုင်ရာက ဖမ်း ဆီးအရေးယူခဲ့ကြောင်း၊ ယခုအခါ ယင်းရပ်ကွက်အနီးတွင် ပြန်လည်ပြု လုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ယခုကာလအတွင်း ရန်ကုန်ဆေးရုံကြီး၌ ခွေးကိုက်လူနာများ ရောက်ရှိလာမှု များပြားလာသည်ဟုဆိုကာ ရန်ကုန်မြို့၊ မြို့နယ်အချို့ရှိ ခွေးလေခွေးလွင့်များအား အဆိပ် ရည်သုတ်ထားသည့် အမဲသားတုံး များ လိုက်လံချကျွေးမှုများရှိခဲ့သည်။ ယင်းအဆိပ်လူးအသားတုံးများ စားမိသော ခွေးများသည် တစ်ခဏအတွင်း သေဆုံးကြရ သည်။

ရေးသူ- မိုးမြင့်မြတ်





ပေါ်ပြူလာ မှ တိုက်ရိုက်ကူးယူ ဖော်ပြပါသည်။

အိုဘားမား သေပြီ


အိုဘားမား ကွယ်လွန်ကြောင်း သတင်းတပုဒ်ကို Breaking News အဖြစ် Fox News Channel တွင် တွေ့ရသည်။





Read More ...

@ကေဇီ-Clean

Monday, May 2, 2011

O*B*AMA killed O*S*AMA

(Picture: cartoonstock.com)

O*b*ama said he gave the order for the operation to eliminate O*s*ama.

"Justice has been done," President Barack Hussein Obama said in a dramatic late-night announcement at the White House.

@Reported by: Anonymous



Read More ...



Death_of_Osama_bin_Laden