Saturday, May 14, 2011

အမေရိကန် ကွန်ပျူတာတွေ အိပ်ငိုက်၊၊ DV ကံစမ်းမဲပေါက်သူများကို မှားယွင်းရွေးချယ်

အမေရိကန်နိုင်ငံမှ DV ကံစမ်းမဲ ရွေးချယ်သည့် ကွန်ပျူတာများ အိပ်ငိုက်သွားကြသည်။ ထိုကဲ့သို့ အိပ်ငိုက်သွားသည့်အတွက် DV ပေါက်သူများကို အမှားမှား အယွင်းယွင်း ပေါက်ကရ ရွေးချယ်လိုက်သည်ဟု သိရသည်။

ထိုကဲ့သို့ အမေရိကန်နိုင်ငံသို့ အရောက်လာခွင့် ဗီဇာမဲဖောက်ရာတွင် ကွန်ပျူတာများ အိပ်ငိုက်သွားမှုကြောင့် လူထောင်ပေါင်းများစွာကို မဲပေါက်သည်ဟု မှားယွင်းစွာ အသိပေးခဲ့မိသည့် အတွက် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက တောင်းပန်နေရသည်။ ထို့ကြောင့် လူပေါင်း ၁၅ သန်းနီးပါး၏ လျှောက်လွှာများကို ပြန်လည် စိစစ် ရွေးချယ်ရလိမ့်မည် ဟုဆိုသည်။

"ကျွန်တော်တို့ ကံစမ်းမဲ ပြန်လည်ရွေးချယ်မှာ ဖြစ်ပါတယ်။ ယခင်က ပေါက်တယ်လို့ အပြောခံရသူတွေ အခု မပေါက်တော့ပါဘူး။ ဘွာတေး- ဘွာတေး လို့ပဲ ပြောပါရစေ ခင်ဗျာ။

ကျွန်တော်တို့ဆီက ကွန်ပျူတာတွေ တော်တော်ဆိုးပါတယ်။ သူတို့ အိပ်ငိုက်ပြီး အလုပ်လုပ်တဲ့အတွက် ခုလို ဖြစ်သွားရတာပါ။ အခု ကွန်ပျူတာတွေကို အိပ်မငိုက်အောင် ကော်ဖီ တိုက်ထားပါပြီ။ ဒီတကြိမ်မှာတော့ သူတို့ အသေအချာ ရွေးချယ်ကြမှာ ဖြစ်ပါတယ်။" ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန တာဝန်ရှိသူ တဦးက ပြောသည်။


Read More ...

6 comments:

  1. ကောင်းရောပဲ။ ဟာဟ

    ReplyDelete
  2. ကျော်ထင်May 15, 2011 at 4:05 PM

    Hi BSN
    The ads appearing when clicking on comment link is very annoying. It appears even when clicking on the post title to read the whole post. Could you please handle it? It really disturbs your readers.

    ReplyDelete
  3. i agree with above person

    ReplyDelete
  4. စာဖတ်သူတစ်ဦးMay 16, 2011 at 11:12 AM

    ပို့စ်တစ်ခု ဖန်တီးတာ ငါးစက္ကန့် ... စက္ကန့်ငါးဆယ်... စက္ကန့် ငါးရာနဲ့ မရနိုင်မှန်းသိလျက်နဲ့..
    ငါးစက္ကန့်လောက်ကို သည်းမခံချင်ကြတာ.. ဘာကြောင့်လဲ စဉ်းစားမရပါ။
    စက္ကန့်ပေါင်းများစွာ အချိန်ယူ လုပ်ကိုင်သူတွေဘက်က ဘာမှ မညဉ်းမညူပါလျက်နဲ့ ငါးစက္ကန့်လောက် အချိန်ပေးရတာကို ဘာလို့ ညဉ်းညူချင်နေကြသလဲ. ကျွန်တော်ကတော့ BSN ကို သူတို့ ပေးဆပ်ခဲ့ရတဲ့ အချိန်တွေ အများကြီး အတွက် ကိုယ်ချင်းစာပါတယ်။

    ReplyDelete
  5. ဘာဘူကြီးMay 16, 2011 at 3:05 PM

    ငါးစက္ကန့်မက.. စက္ကန့်ငါးဆယ်မက... စက္ကန့် ငါးရာမက.. စက္ကန့်ရာပေါင်းများစွာ အလုပ်ပျက်ခံပြီး၊ အချိန်ပေးကာ ပရိသတ်တွေကို ဖျော်ဖြေမှုပေးခဲ့သူတွေရဲ့ ပေးဆပ်မှု ကို နားလည်မှု မပေးနိုင်တဲ့... ငါးစက္ကန့်လေးကိုတောင် သည်းမခံတတ်တဲ့ မြန်မာပြည်သား အချို့ကို တော်တော် လက်လန်ပါတယ်ဗျာ....

    ReplyDelete
  6. ဦးနှောက်သုံး ကိုယ့်လူတို့ ။ ခေါင်း ဆိုတာ ပခုံးနှစ်ဖက်ကြားထဲက ပေါက်နေရုံသက်သက် မဟုတ်ဘူး။ လင့် နှိပ်လိုက်၊ ပေါ်လာတဲ့ လိပ်စာမှာ http:// ရှေ့ ကဟာတွေကို delete မြန်မြန်နှိပ်ပြီး ဖျက်လိုက်။ လိုချင်တဲ့ ဆိုက်ပေါ်လာလိမ့်မယ်။ သူတို့ အတွက်လည်း နှိပ်ပြီးသား ဖြစ်သွားရော။း)

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။