(Photo: Burmese Spirits)
ရွှေတိဂုံဘုရားတွင် အထက်ပါ အတိုင်း အများပြည်သူ ကို သတိပေးထားသည်။
"ဒါ- တိုင်းပြည် လုံခြုံမှု မရှိဘူး ဆိုတာကို ဖော်ပြနေတာဗျ။ တည်ငြိမ် အေးချမ်းရမယ့် ဘုရား ရင်ပြင်လို နေရာမျိုးမှာတောင် မိုင်းခွဲမှာ ကြောက်နေရတယ် ဆိုတော့ အစိုးရသစ် လက်ထက်မှာ မြန်မာပြည် မတည်ငြိမ်သေးဘူး ဆိုတာ သက်သေပြနေတာပဲ" ဟု အမည်မဖော်လိုသူ မြန်မာ့အရေးသုံးသပ်သူ တစ်ဦးက ပြောသည်။
"အခုလို မိုင်း (Mind) သတိ စာတန်း ရေးထိုးထားတာက ဘုရားဖူးမျှော်တဲ့ ပြည်သူအပေါင်းကို တရားရစေဖို့ အသိပေးထားတာပါ။ မိမိတို့ရဲ့ Mind (စိတ်)ကို သတိနဲ့ ဆင်ခြင်ပြီး တရား ဘာဝနာ ရှုမှတ်စေဖို့ အသိပေးထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘုရားရင်ပြင်တော်ကြီးဟာ ဆိုရင်ဖြင့် အလွန်တရာမှ တည်ငြိမ်အေးချမ်း လုံခြုံမှု ရှိတဲ့အတွက် မိမိတို့ရဲ့ မိုင်း (Mind) ဆိုတဲ့ စိတ်ကို သတိတရား၊ အသိတရား ထားပြီး တည်ငြိမ်စွာနဲ့ တရားဘာဝနာရှုမှတ် ပွားများဖို့ အလွန် သင့်လျော် လှပါတယ်။ ဒါကြောင့်မို့ အခုလို စာတန်း ချိတ်ဆွဲထားရခြင်း ဖြစ်ပါတယ်" ဟု ဂေါပက လူကြီးတစ်ဦးက ရှင်းပြသွားပါသည်။
@ပရလောကသားများ
မိုင်းက ဗုံးကိုရည်ရွယ်တယ်ဆိုရင် ဘုရားရင်ပြင် မငြိမ်းချမ်းတော့ ငြိမ်းချမ်းမှုကို ဖျက်ဆီးတယ်။ မိုင်းက စိတ်ကိုရည်ရွယ်တယ်ဆိုရင် မြန်မာစကားကို ဖျက်ဆီးတယ်။ ရူးကြောင်းမူးကြောင်လုပ်ရပ်ပါပဲ။
ReplyDeleteI like the way u think about that notice board!!!good thinking my fri!!!
ReplyDelete