Monday, May 2, 2011

ဧပြီလ ၃၁ ရက်

လူထုနှင့် တွေ့ဆုံ ရှင်းလင်းမည့် အစီအစဉ် တားမြစ် ခံရပြီးနောက် ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးဖေသန်းသည် ပြည်သူများနှင့် တွေ့ဆုံခွင့် ရရန် အတွက် ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းထံ စာရေး အကြောင်းကြားထားသည်ဟု သတင်း ရရှိသည်။

မြို့နယ် အုပ်ချုပ်ရေးမှူး တားသော်လည်း ဧပြီလ ၃၁ ရက်နေ့ နောက်ပိုင်းတွင် နယ်များသို့ ဆင်းကို ဆင်းမည်ဖြစ်ကြောင်းနှင့် သူအနေဖြင့် နယ်ဆင်းပြီး လူထုနှင့် တွေ့ဆုံမည် အကြောင်းကို သူရေးသားပေးပို့သော စာထဲတွင် ရေးသားဖေါ်ပြထားကြောင်း သူက ပြောသည်။


ဧပြီလ ၃၁ ရက် သတင်း

ဧပြီလ ၃၁ ရက်နေ့ နောက်ပိုင်းတွင် နယ်ဆင်းမည် ဆိုသော လွှတ်တော် အမတ်ကြီးသည် ဧပြီလ ၃၁ ရက်နေ့ကို ပေါ်လာနိုးဖြင့် ငုတ်တုတ်ထိုင်ကာ စောင့်ဆိုင်းလျက် ရှိနေကြောင်း သတင်းရရှိသည်။


အပြည့်အစုံသို့

@ကေဇီ-Clean

4 comments:

  1. တော်သေးတာပေါ့။ ဖေဖော်ဝါရီ ၃၁ မဖြစ်တာ။ ဟိဟိ

    ReplyDelete
  2. ဘဘကြီးMay 4, 2011 at 12:16 PM

    ၃၁ မှာ စက်တင်ဘာ ဧပြီ ဇွန် နဲ့ နိုဝင်ဘာ.. ကြန်လများ မှာ ၃၂ ဖေဖော်ဝါရီ ၂၈ ရက်ထပ်နှစ်မှာ တစ်ရက် တိုး ဖေဖော်ဝါရီ ၂၉... ဟီးဟီး...

    ReplyDelete
  3. မူရင်းသတင်းမှာ ပြန်ပြင်ထားပြီ ဖြစ်ပါတယ်

    ReplyDelete
  4. ရယ်လိုက်ရတာဗျာ :D

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။