Tuesday, November 30, 2010

ဂီရိမုန်တိုင်းသင့် ငှက်များကို မြန်မာ NGO အဖွဲ့တစ်ခု ကူညီမည်


ဂီရိမုန်တိုင်း တိုက်ခတ်မှု၊ ဂီရိမုန်တိုင်းကြောင့် ပြည်သူလူထုများ ထိခိုက် ဒုက္ခရောက်မှု လုံးဝ မရှိဘဲ ဂေဟစနစ် ပြောင်းလဲမှုများနှင့်အတူ ယင်းဒေသ၌ လာရောက် နေထိုင်ကျက်စားကြသည့် ဆောင်းခိုငှက်များသာ အလွန် ဒုက္ခရောက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ငှက်အသင်းက ပြောကြားလိုက်သည်။ ဆောင်းခိုငှက် များအပြင် ယင်းဒေသရှိ မူလနေထိုင် ကျက်စားနေသော ငှက်မျိုးစိတ်များလည်း  စားနပ်ရိက္ခာ၊ ဆေးဝါး၊ သောက်သုံးရေ ပြတ်လပ်မှုများ ရှိလာကြောင်း မြန်မာနိုင်ငံငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်းမှ ဥက္ကဋ္ဌ ဦးစိုးညွန့်က ဆက်လက် ပြောကြားသည်။

“ဂေဟစနစ် ပြောင်းလဲပျက်စီးမှု ရှိလာပြီဆိုရင် ဒီစနစ်ကို မှီခိုနေထိုင် ကျက်စားကြတဲ့ ကုန်းနေ၊ ရေနေသတ္တဝါတွေ၊ ငှက်တွေရဲ့ နေထိုင်ကျက်စားမှုတွေလဲ အလွန် ထိခိုက်နိုင်ပါတယ်။ နေထိုင်တဲ့နေရာမှာ အစာရေစာ ပြတ်လပ်လာရင်တော့ သတ္တဝါတွေလဲ အတိဒုက္ခရောက်နိုင်တဲ့ အတွက် ကူညီကယ်ဆယ်ဖို့ လိုအပ်တယ်” ဟု ယင်းကဆိုသည်။

လက်ရှိတွင် အဆိုပါ မုန်တိုင်းသင့်ဒေသဖြစ်သော ရခိုင်ဒေသ၏ ငှက်သတ္တ၀ါများနှင့် ငှက်အိုးအိမ်များ ပျက်စီးမှု အခြေအနေကို သိရှိနိုင်စေရန်အတွက် အသင်းမှ သွားရောက်လေ့လာပြီး ငှက်များကို အကူအညီ ပေးရန် စီစဉ်နေကြောင်း သိရသည်။ ယင်းဒေသသို့ နှစ်စဉ်လာရောက် ဆောင်းခိုကာ နေထိုင်ကျက်စားလေ့ရှိသော ငှက်အမျိုးအစားများမှာ ဟင်္သာ၊ ငဟစ်၊ ငှက်ကြီးဒုံးစက်၊ ကြိုးကြာ၊ စင်ရော်၊ စွန်၊ လင်းတ၊ ဗျိုင်း အစရှိသော ငှက်အမျိုးအစားများဖြစ်ကြောင်း သိရသည်။



1/2©The Flower News ဂျာနယ်

တာဝတိံသာကို အစိုးရသော သကြားမင်း အလုပ်လက်မဲ့ ဖြစ်နေခြင်း

ယခု သီတင်းပတ်အတွင်း ထုတ်ဝေသော Flower News ဂျာနယ်တွင် ဖော်ပြချက်အရ- ကျောက်တော် သကြားစက် လည်ပတ်မှု ရပ်တန့်သွားခြင်းကြောင့် သကြားစက်ကို အုပ်စိုးမင်းမူနေသော သကြားမင်း အလုပ်လက်မဲ့ ဖြစ်နေသည်ဟု သိရပါကြောင်း။

Monday, November 29, 2010

ဗိုလ်ချုပ်ခင်ညွှန့် ဖိုးသူတော် ၀တ်လျက်ရှိ

ဗိုလ်ချုပ်ခင်ညွှန့် (ငြိမ်း) သည် ဖိုးသူတော် ၀တ်လျက်ရှိကြောင်း ပြီးခဲ့သော ရက်ပိုင်းအတွင်းက
Face Book မှ တစ်ဆင့် ပြန့်နှံခဲ့သည့် ဗီဒီယို မှတ်တမ်းအရ သိရှိရသည်။ အဆိုပါ ဗီဒီယို မှတ်တမ်းတွင် တစ်ခေါင်းလုံးနီးပါး ဆံပင်များ ဆွတ်ဆွတ်ဖြူနေသော ဗိုလ်ချုပ် ခင်ညွှန့်အား ဖိုးသူတော် အ၀တ်အစား ဖြစ်သည့် ၀တ်ဖြူ စင်ကြယ် ၀တ်လျက်လည်းကောင်း၊ နှစ်လုံးပုတီး စိတ်ပြီး အတိတ်စိမ်းများ ပေးလျက် လည်းကောင်း၊ ဘုရားရှိခိုး ဆုတောင်းပြီး ဂါထာမန္တရားများ ရွတ်ဖတ် သရဇ္ဈာယ်လျက် လည်းကောင်း၊ ဖိုးသူတော်လက်စွဲ ဖြစ်သည့် အနက်ရောင် မှော်လွယ်အိတ် လွယ်လျက်လည်းကောင်း တွေ့မြင်ရကြောင်း သတင်းရရှိသည်။

အင်တာနက်ဆိုင်အတွင်း ချိန်ကိုက်မိုင်း ထားသွားသည်ဟုသံသယရှိသူနှစ်နှစ်ဦး၏ ပုံအားပြောင်းလဲသတ်မှတ်

ရန်ကုန်မြို့ တော်ခန်းမအနီး City Star ဟိုတယ်အောက်ထပ်ရှိ Star Net အင်တာနက်ဆိုင်အတွင်း ချိန်ကိုက်မိုင်း ၄လုံးထား ရှိသွားသည်ဟု သံသယရှိ သူ၏ပုံကို မူလကထုန်ပြန်ထားသော ရုပ်ပုံအစားရုပ်ပုံအသစ်ကို ပြောင်းလဲထုတ်ပြန်လိုက်တယ်လို့ သတင်း ရရှိ ပါတယ်။ပြောင်းလဲရသောအကြောင်းရင်းကို အာဏာပိုင်တို့က မထုတ်ပြန်သေးသော်လည်း-
တိကျသောသတင်းပေးမှု. စုံစမ်းမှုများအရ မူလထုတ်ပြန်ထားခြင်းခံရသူနှစ်ဦးအနက် တဦးမှာ ရဲချုပ်ခင်ရီကိုယ် တိုင်ဖြစ်နေခြင်းနဲ့၊ နောက်တဦးမှာ ----မြို့ နယ်နေ.မောင်-----ဆိုသူဖြစ်တယ်လို့ သိရပြီး ၄င်းအား သွားရောက်ဖမ်းဆီးရာ--
“၂၀.၁၁.၂၀၁၀နေ့ ကအိမ်ကို ရဲကားနှစ်စီး ရောက်လာပြီးတော့ မိုင်းထောင်မှုနဲ့ ကျမသားကို လာဖမ်းတာပါလို့ ပြောတယ်.အစက ကျမလည်းတောတော်အံ့သြသွားတယ်။ ကျမသား ဆုံးသွာတာပဲ ၅ နှစ်ကျော်လောက်ရှိနေ ပြီ ။ ဒါနဲ့ကျမလည်း သားက ခုအိမ်မှာမရှိဘူး။ ဖမ်းချင်ရင် ရွာထိပ်က သုသာန်ကို လိုက်သွားဆိုလို့ လိုက်သွားတာဖဲဝိုင်း မိလာတယ်  ကြားတယ်ဟု မိခင်ဖြစ်သူက ပြောကြားသွားခဲ့ခြင်း တို့ကြောင့် ဖြစ်ဖွယ်ရှိတယ် လို့ ယူဆရပါတယ်။
CCTV၏ မှတ်တမ်းအရ ယခုအသစ်ထုတ်ပြန် ထားခြင်းခံရသူနှစ်ဦးသည် အီး ၂ လုံးလည်း ဆက်တိုက် ပေါက်သွား သည်ဟု သိရှိရသဖြင့် အီးနှစ်လုံး ဆက်တိုက်ပေါက်တတ်သူများကို  စုံစမ်းစစ်ဆေးလျက်ရှိရာ လေလည်တတ်သူများ အထူးသတိထား နေရကြောင်းလည်း သိရှိရပါတယ်
(ပြည်တွင်းသတင်းထောက်ထံမှ)

ဆက်စပ် ဖတ်ရှုရန် သတင်း

ဝတီးမြို့ဟောင်းတူးဖော်မှုမှ အငြင်းပွားဖွယ် ရှေးဟောင်းပစ္စည်းများတွေ့ရှိ

မြန်မာ့ ရှေးဟောင်းမြို့ တစ်ခုဖြစ်သည့် ၀တီးမြို့ဟောင်း တူးဖော်မှုမှ ရှေးဟောင်း ပစ္စည်းများ ဖြစ်သည့် အရှည် ရှစ်လက်မခန့်ရှိသည့် ၀ါးဖြင့် ပြုလုပ်ထားသော ဒုတ်ချောင်း အများ အပြား တူးဖော် တွေ့ရှိရသည်ဟု ဆင်ဟွာ နှင့် ဆိတ်ဟွာ သတင်းဌာနမှ ရေးသား လိုက်သည်။

ဘေဂျင်း တက္ကသိုလ်မှ တရုတ်အနုပညာ ပါမောက္ခ ဒေါက်တာ တန်အီချောက် က အဆိုပါ ပစ္စည်းများမှာ တရုတ်ပြည် "တူ" မင်းဆက်ခေတ်က ခေါက်ဆွဲစားသည့် တူများ ဖြစ်ဟန်တူကြောင်း သုံးသပ်သည်။

မြန်မာမှု အနုပညာရေးရာ ကျွမ်းကျင်သူ အမ္ပ၀တီ ဦးဗင်းမောင်ကမူ အဆိုပါ ဒုတ်ချောင်းများ မှာ ပျူခေတ် (ဘီစီ ၁၀၀ - အေဒီ ၈၄၀) အတွင်းကထွန်းကားခဲ့သည့် အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မား စေသော ပျူယဉ်ကျေးမှု ပစ္စည်းများဖြစ်ရုံမျှမက၊ ဒွတ္တဘောင် မင်းကြီး အသုံးပြုတော်မူခဲ့သည့်  တော်ဝင် သွားကြားထိုးတံ ဒုတ်ချောင်းများ ဖြစ်ကြောင်း "မင်္ဂလာ ဒဏ္ဍီ သွားကြားထိုးတံတော်" ဟု အမည်တွင်ကြောင်း အတည်ပြု ပြောဆိုလိုက်သည်။

ရှေးဟောင်းပစ္စည်းများ တူးဖော်ရရှိသည့် ကုန်းအမှတ် ၂ အနီးတွင် တဲထိုးနေထိုင်သည့် ၀တီးဒေသခံ ကိုဖိုးမောင်ကမူ၊ ထိုဒုတ်ချောင်းများမှာ သူတို့ မိသားစုဝင်များ နေ့စဉ် မဖြစ်မနေ အသုံးပြုသည့် အီးအီးကုန်းသော ဒုတ်ချောင်းများသာ ဖြစ်ကြောင်း၊ သူအပါအ၀င် သူ့ဇနီးနှင့် သူ၏ သားသမီးများ အိမ်သာတက်တိုင်း အဆိုပါ ဒုတ်ချောင်းများကို အသုံးပြုလေ့ ရှိကြောင်း တင်ပြသွားပြီး အသေးစိတ်အချက်အလက်များကို မူ ပြောကြားခြင်း မပြုပေ။

ဝတီးမြို့ဟောင်းကို ပြီးခဲ့သည့် ဂျူလိုင်-သြဂုတ်လအတွင်းက ရှေးဟောင်းသုတေသန ဦးစီးဌာနက တူးဖော်ခဲ့သည်။

သတင်းအသေးစိတ် ဖတ်ရှုရန်

Sunday, November 28, 2010

တာမွေမြို့နယ်တွင် ဘုန်းကြီးတစ်ပါး၏ သပိတ်အတွင်းမှ သေနတ်များတွေ့ရှိ

ရန်ကုန်တိုင်း တာမွေမြို့နယ် လေးထောင့်ကန် လမ်းပေါ်၌ ဆွမ်းခံကြွနေသော ဘုန်းကြီးတစ်ပါး၏ သပိတ်အတွင်းမှ သေနတ်များ တွေ့ရှိရသည်ဟု သတင်းရသဖြင့် တာမွေရဲစခန်းသို့ ခေါ်ယူ စစ်ဆေးခဲ့ရာ ဘုန်းကြီး သပိတ်အတွင်း တွေ့ရသည်မှာ သရက်သီး သနပ်များ ဖြစ်ပါကြောင်း။

(ပြည်သူတစ်ဦးပေးပို့သည်)

Related Article

ငမိုးရိပ်ချောင်းအတွင်း သွားလာနေသော မှော်မီးကျောင်းတစ်ကောင် ဖမ်းဆီးရမိ


ရန်ကုန်တိုင်းဒေသကြီးသင်္ကန်းကျွန်းမြို့ နယ်ငမိုးရိပ်ချောင်းအတွင်း သွားလာနေသော မှော်မီးကျောင်း တကောင်ကို ၁၁.၁၁.၂၀၁၀ နေ့ကဖမ်းဆီးရမိခဲ့ကြောင်းသတင်းရရှိပါတယ်။
အဆိုပါမီးကျောင်းသည် အရှည် ၇.၂ပေ. လုံးပတ် ၂.၁၀ ပေ ခန့်ရှိအမဖြစ်ပြီး ငမိုးရိပ်ချောင်းအတွင်း တဲထိုး နေထိုင်ခဲ့သည်မှာ မကြာသေးကြောင်းသိရှိရပါတယ်။
မီးကျောင်းကို ဖမ်းဆီးရမိခြင်းအကြောင်းနဲ့ပတ်သက်ပြီး သင်္ကန်းကျွန်း ရ.ယ.က ရုံးမှ တာဝန်ရှိသူတယောက် ကိုဆက်သွယ်မေးမြန်းခဲ့ရာ----မီးကျောင်းက ဧည့်စာရင်း မတိုင်ဘူး။ ပထမတခါ ကျနော်တို့ Warning ပေးပြီးသွား ပြီ။ ဒါပေမယ့်ဂရုမစိုက်ဘူး။ အဲဒါကြောင့်ဖမ်းဆီးရခြင်း ဖြစ်ပါတယ်လို့ ဖြေကြားသွားပါတယ်။
ကိုက်လိုက်ရင်မလွယ်ဘူး။ အကုန်ဂိကုန်မှာ-သူကတော်တော်မြန်တယ် ။ရုံးချိန်းခေါ်တာလည်းမလာဘူး။ ရေထဲ မှာလည်းရှာမတွေ့တော့ ဘယ်များ ပျောက်သွားလဲလို့ရှာလိုက်ရတာ- နောက်တော့နွံထဲမှာအိပ်ပျော်နေတာ. လူ အယောက်၂၀လောက်နဲ့ တော်တော်ခက်ခက်ခဲခဲ ဖမ်းယူလိုက်ရတယ်။ ဒါတောင် သူအရက်တော်တော်မူးနေလို့ ဟု ဖမ်းဆီးခဲ့ရာတွင်ကိုယ်တိုင်ပါဝင်ခဲ့သူ တယောက်က ပြောကြားသွားပါတယ်။
မီးကျောင်းကို ဖမ်းဆီးခဲ့ပြီးချိန်မှသာ သာကေတမီးချောင်းစခန်းမှ တာဝန်ရှိသူများရောက်ရှိလာပြီး စခန်းသို့ခေါ် ဆောင်သွားကြောင်း. အဆိုပါစခန်းတွင် မီးကျောင်းမအား ငမိုးရိပ်ချောင်းအတွင်း လာရောက်ရခြင်းအကြောင်း ကို မေးမြန်းရာ ရွှေတိဂုံဘုရားကို လာဖူးခြင်းဖြစ်ပါတယ်လို့ မီးကျောင်းမက ဖြေကြားသော်လည်း ဒေါ်စုလွတ်မြောက်မှုနဲ့ သက်ဆိုင်နိုင်ကြောင်း တာဝန်ရှိသူတွေက တဖက်သတ်စွဲချက်တင်ကာ မီးကျောင်းစခန်း တွင် ရာသက်ပန်း ထန်းသိမ်းထားရန် အမိန့် ချလိုက်ကြောင်း သတင်းရရှိပါတယ်။
(ပြည်တွင်းသတင်းထောက်ထံမှ)

Related News

မစ္စတာ နံပြား ရန်ကုန်ရောက်ရှိ

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ နံပြား (Mr Nambiar) ရန်ကုန်မြို့သို့ ရောက်ရှိနေကြောင်း၊ မစ္စတာ နံပြားသည် မစ္စတာ ဂမ်ဖလား နောက် ခန့်အပ်ခံရသည့် တတိယမြောက် အထူးကိုယ်စားလှယ် ဖြစ်ကြောင်း၊ ဆက်လက်၍ မစ္စတာ စမူဆာ၊ မစ္စတာ ပလာတာ၊ မစ္စတာ ပူရီ၊ မစ္စတာ တိုရှည်တို့ကို အထူးကိုယ်စားလှယ်များ အဖြစ် ခန့်အပ် သွားရန် အစီအစဉ် ရှိကြောင်း သိရသည်။

Saturday, November 27, 2010

အားကစား သမားဆိုတာ ဘီစကစ်မုန့်စားဖို့ကလွဲလို့ တိုင်းပြည်အရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းတွေမှာ စိတ်ဝင်စားစရာ မလိုဟု မြန်မာ နည်းပြပြောကြား

တရုတ်နိုင်ငံ ကွမ်ကျိုးမှာ ကျင်းပနေတဲ့ အာရှအားကစား ပွဲတော်အပြီးမှာ မြန်မာနိုင်ငံအနေနဲ့ ပိုက်ကျော်ခြင်း အားကစားအတွက် ရွှေတံဆိပ်နှစ်ခု ဆွတ်ခူးရရှိခဲ့ပါတယ်။ ရွှေတံဆိပ်တစ်ခု ရရှိစေခဲ့တဲ့ နောက်ဆုံး သဲထိပ်ရင်ဖို အမျိုးသမီး နောက်ဆုံး ပွဲစဉ်အတွင်းမှာ ပိုက်ကျော်ခြင်းတွေရဲ့ team leader ဦးဥာဏ်ထွန်း ရှော့ရိုက်ပြီး သတိမေ့သွားလို့ ဆေးရုံသို့ အရေးပေါ် ပို့သလိုက်ရကြောင်းသိရပြီး လူနာရဲ့ နောက်ဆုံး အခြေအနေကို အတိအကျ မသိရသေးပါဘူး။

ဆုတံဆိပ်တွေ ရရှိပြီးလို့ သတင်းစာရှင်းလင်းရာမှာ မြန်မာ နည်းပြ ဦးကျော်ဇင်မိုးက
"မြန်မာအဖွဲ့အနေနဲ့ တစ်ခြား နိုင်ငံက အားကစားအဖွဲ့တွေလို ဟိုတယ်တွေမှာ တည်းခိုးခြင်း မပြုဘဲ ရွက်ဖျင်တဲထိုးပြီး နေထိုင်ကြကြောင်း၊ ရွက်ဖျင်တဲ အတွင်းမှာ တီဗီ တစ်လုံးမှ မရှိတာကြောင့် မြန်မာပြည်ရဲ့ ထူးခြား ဖြစ်စဉ် သတင်းတွေကို ဘာမှ မသိပါကြောင်း" ပြောကြားသွားပြီး
"အားကစားသမားကောင်း တစ်ယောက်ဖြစ်ဖို့ အတွက်၊ အားရင် ကစားရမှာ ဖြစ်ကြောင်း၊ ကောင်းကောင်း ကစားနိုင်မှ ဘီစကစ် စားရမှာဖြစ်ကြောင်း၊ ဘီစကစ်စားတဲ့ အားကစားသမား (သို့) ဘီစကစ်စားသမား တွေအနေနဲ့ ဘီစကစ်ပဲ စားဖို့ လိုအပ်ပြီး၊ နိုင်ငံ့အရေး၊ တိုင်းပြည်အရေး၊ စီးပွားရေး၊ လူမှုရေး၊ ပြည်သူလူထု အရေးကို ဘာမှ လုပ်စရာမလိုကြောင်း" ပြောကြားသွားပါတယ်။

အာရှအားကစားပြိုင်ပွဲမှ ဆုရ မြန်မာကစားသမားများ ဘီစကစ် စားနေပုံ

မြန်မာနိုင်ငံဟာ သေနတ်ပစ် ပြိုင်ပွဲတိုင်းမှာ ပြိုင်ဖက်ကင်းအောင် ရွှေတံဆိပ်ဆုတွေ အများဆုံး ရလေ့ရှိတဲ့အတွက် အိုလံပစ်ပြိုင်ပွဲနဲ့ အာရှကစားပွဲတွေမှာ သေနတ်ပစ်ပြိုင်ပွဲ ၀င်ရောက်ခြင်း မပြုရဘူးလို့ ကမ္ဘာ့ အိုလံပစ်ကောင်စီက တားမြစ်ထားပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရှုရန်

ဝင်္ကပါလမ်းရှိ စာပေစီစစ်ရေး ရုံး ချီးထုပ် များ နဲ့ အပေါက်ခံရ

ဗဟန်းမြို့ နယ် ၀င်္ကပါ လမ်းရှိ ဂျပန် သံရုံးဘေးတွင် ရှိသည့် စာပေစိစစ်ရေး ရုံးအား နိုဝင်ဘာ ၂၄ ရက် နံနက် ၈း၃၀ အချိန် ခန့် တွင်စက်မှု ဇုန်လုပ် ဂျစ်ကား တစ်စီး ဖြတ်သန်း မောင်းနှင်ပြီးနောက် ထိုကားပေါ်မှ ချီးထုပ်များ ဖြင့် ပစ်ပေါက် သွားသည် ဟု Freedom News Group မှ သတင်းရရှိသည်။

ထိုချီးထုပ် ပေါက်သည့် အဖွဲ့ ကို ဦးဆောင် ခဲ့သည့် နာမည်ကျော် လက်ဖက်ရည် ဖျော်ဆရာ ဟောင်း တစ်ဦးဖြစ်သည့် ကိုဘပု က ‘တစ်နေ့ ကတည်း ကပေါက်ဖို့ သူခိုးကြီး နေ့ နဲ့ ခံနေ လို့  ၊နောက် CCTV ကင်မရာတွေတပ်ထား မထား လေးရက်လောက် စုံစမ်းရတယ်။ ဂျပန် သံရုံးက CCTV ကတော့ ဒီဘက် အ၀င် ကို လှည့်မထား ဘူး ဒါကြောင့် ပေါက်လို့ ရသွားတာ ဟု FNG သို့ ပြောသည်။

ကိုဘပု သည် ယခင်ကလက်ဖက် ရည်ဖျော် ဆရာ တစ်ဦး အဖြစ် အသက်မွေးဝမ်း ကျောင်း ပြုခဲ့ပြီး တောင်ဥက္ကလာပ အမတ်ကြီး မြို့ တော်ဝန် ဦးအောင်သိန်း လင်း ၏ အိမ်အား ချီးထုပ်ဖြင်ပေါက်ခဲ့သူ တစ်ဦး လည်း ဖြစ်သည်။

အမတ်ကြီး မြို့ တော်ဝန် ဦးအောင်သိန်း လင်း ၏ အိမ် အား ချီးထုပ်ဖြင့် ပေါက် ခဲ့သည် နှင့် ပတ်သက်၍ သူက “အဲဒီတုန်း က နဲနဲ လန့် တယ် လမ်းမကြီး ပေါ်မှာ ရွေးကောက် ပွဲက ပြီးခါစ အဲဒီနေရာ ကို ကားဆယ်ခါ လောက်ဖြတ်မောင်းရတယ်.. နောက်ချီးထုပ် ပေါက်ပြီး ထွက် တော့ မီးစိမ်းတာ နဲ့  ချိန်ထားတာ ဟာမစ်တစ်မီးပွိုင့် က မီးနီသွားတော့ လန့် သွားတယ် ဒါနဲ့ မီးနီ ဖြတ်ပြီး ရွှေ ဂုံတိုင် ဘက် ကို ချက်ခြင်းမောင်းချလာရတယ်ဟု သူ၏ သည်းထိတ်ရင် ဖို အတွေ့ အကြုံ ကို ပြောသည်။

ယနေ့ စာပေစိစစ်ရေး ရုံးသို့ ချီးထုပ်ဖြင့် ပေါက်ရန် အသွားတွင် လမ်းရှိ မီးပွိုင့် တစ်ခု ဉ် Migty X ရဲကားတစ်စီးနောက် မှ ပါလာသဖြင့် မှင်သေသေ နေရသေးကြောင်း ထိုကား က သူ့ နောက် လိုက်လာသည် မဟုတ်သော်လည်း ကန်ပတ် လမ်း တလျှောက် လိုက်လာ သဖြင့် မျက်နှာ မျက်ရ အောင် မနဲနေရ ကြောင်း ပြောသည်။ချီးထုပ်များ ကို အိတ်များ ခွဲထည့်ထားပြီး သူ နှင့် အဖော် တစ်ဦးက ပေါက်စဉ် ချီးထုပ် ထည့် ထားသောရေခဲ ထည့် ဖော့ ဘူး တစ်ခု မှာလေစုပ် အား ကြောင့် ချက်ခြင်း မပွင့် သောကြောင့် အသင့် ထုတ်ထားသည့်ချီး ထုပ် ငါးထုပ်ဖြင့် သာ ပေါက်ခဲ့ရသည် ဟု ပြန်ပြောင်း ပြောပြသည်။

စာပေစီစစ်ရေး ရုံး ချီးထုပ် ဖြင့် အပေါက် ခံရခြင်း နှင့် ပတ်သက် ၍ ပြည်တွင်း သတင်းဂျာနယ် တစ်စောင်မှ အယ်ဒီတာ တစ်ဦး ကို မေးမြန်းရာ ‘နောက်တစ် ခါ ချီးထုပ် နဲ့  မပေါက် နဲ့  ဗုံး နဲ့ သာဆော်ဗျာ’ တကယ့်ကလေ ကလေ ကချေ ရုံး တိုင်းပြည် ကို တကယ် ဖျက်စီးနေတဲ့ ရုံး ဗျာ ဟု Freedom News Group သို့ ပြောသည်။

ရန်ကုန်  မြို့ တော်ဝန် အမတ်ကြီး ဦးအောင်သိန်း လင်း ၏ အိမ်အား ချီးထုပ်ဖြင့် ပေါက် အပြီးတွင် မင်္ဂလာဈေးသူဈေးသား အချို့ က ထို အဖွဲ့ အား ဂုဏ်ပြုရန် FNG မှ တစ်ဆင့် ဆက်သွယ် ခဲ့သည်။ ကိုဘ ပု သည် ဒီဇင်ဘာနှစ် သစ်ကူး တွင် ထူးထူးခြားခြား နိုင်ငံရေး အံတုမှု တစ်ခု ပြုမည် ဟု ဆိုသည်။

၎င်းသည် ပဲခူး အခြေစိုက် ဥဿာရာ မဂိုဏ်း ကို တည် ထောင် သူများ အနက် မှ တစ်ဦး ဖြစ်သည်။

© FNG freedom news group

ဂျူမုံ ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံရ

ကိုးရီးယား မင်းသား ဂျူမုံ သည် နိုဝင်ဘာ ၂၅ ရက်၊ ညနေ ၆ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့သို့ ထိုင်းလေကြောင်း ခရီးဖြင့် ရောက်ရှိခဲ့သည်။

လေဆိပ်သို့ ရောက်ရောက်ချင်း ဂျူမုံ အား ပတ်စ်ပို့ အမည်လိမ်လည်မှုဖြင့် ဖမ်းဆီးလိုက်ကြောင်း သိရ၏။ အကြောင်းမှာ ပတ်ပို့စ်ပေါ်တွင် "ဂျူမုံ" အစား "ဆောင်အီလ်ဂွတ်" ဟု သူ၏ အမည်ကို လိမ်လည် ရေးထားသောကြောင့် ဖြစ်သည် ဟူ၏။ ထိုကဲ့သို့ အမည်လိမ်လည်မှုအား ဤနေရာတွင် ဖော်ထုတ် တွေ့ရှိရကြောင်း အမည် မဖော်လိုသူ လေဆိပ်အရာရှိကြီး တစ်ဦးက ပြောသည်။  တစ်ဖန် ဓား၊ လှံ၊ လေးမြား လက်နက်များ သယ်ဆောင်မှု ဖြင့်လည်း တရားစွဲ ထားပြီး၊ ဆီဒိုးနား ဟိုတယ်၌ ယာယီ ဖမ်းဆီး ထိန်းသိမ်း ထားလိုက်ကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၂၆ ရက်နေ့တွင် ဆီဒိုးနား ဟိုတယ်မှ ထွက်ပြေး လွတ်မြောက်လာသည့် ဂျူမုံသည် Chatrium ဟိုတယ်၌ ဓားလှံ လေးမြားများကို ကိုင်စွဲလျက် တစ်ကိုယ်တော် တိုက်ခိုက်မှု ပြုခဲ့ရာ ပြည်တွင်း သတင်းထောက်များက သတင်းရယူနိုင်ခဲ့ကြောင်း သိရသည်။ သို့သော် သတင်းထောက်များ အနေဖြင့် သူတို့ မေးလိုသည့် မေးခွန်းများကို စာဖြင့် ကြိုတင် ပေးပို့ရကြောင်း၊ ဂျူမုံ အနေဖြင့် ကြိုတင်မဲ များနှင့် ရောထွေးသွားခြင်း ဖြစ်နိုင်ကြောင်း သွားရောက်ခဲ့သည့် သတင်းထောက် တစ်ဦးက ပြောကြားသည်။

"ဂျီသရီး" သေနတ်ဖြင့် ပစ်ခတ်ပါက ဘာလုပ်မည်နည်း" ဆိုသည့် သတင်းထောက် တစ်ဦး၏ မေးခွန်းကိုမူ ဂျူမုံ က "ဂျီသရီးနဲ့ ပစ်မှတော့ ထွက်ပြေးတာပေါ့ဗျာ၊ ဂျီသရီးက ဂျပန်ကိုတောင် ရှောင်တာ မဟုတ်ဘူး၊ ကျွန်တော့်လို ကိုးရီးယားဆိုတော့ ပိုဆိုးတာပေါ့ဗျာ" ဟု ဖြေကြားသွားကြောင်း။

(ဂျာနယ်လစ်များ ထံမှ)

မိုးပေါ်က ကျတာ မဟုတ်ကြောင်း အမှန်တရား ဖော်ထုတ်တဲ့ ဂျပန်ပျံ ပညာရှိ

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဒေါက်တာဝင်းနိုင်က ကြိုတင်မဲတွေဟာ မိုးပေါ်က ကျလာတာ မဟုတ်ဘဲ မြေကြီးပေါ်မှာ ဆေးခြယ်ထားခြင်းသာ ဖြစ်တယ်လို့ အမှန်တရား တစ်ခုကို ဖော်ထုတ်လိုက်ပါတယ်။

သူဟာ ဒေါက်တာဘွဲ့ရ ဂျပန် ပျံ ပုဂ္ဂိုလ် ဖြစ်တဲ့ အတွက် မိုးပေါ်မှာ ပျံတဲ့ အကြောင်းတွေကို ကောင်းကောင်း သိသူ တစ်ဦးပီပီ၊ ဒီလို မိုးပေါ်က ကြိုတင်မဲတွေ ပျံဝဲပြီး ကျလာတာ မဟုတ်တဲ့ ကိစ္စကို ရေးသားတင်ပြပြီး အမှန်တရားတစ်ခုကို ဖော်ထုတ် လိုက်တာ ဖြစ်ပါတယ်။ အဲဒီ အမှန်တရားကတော့ မြေကြီးပေါ်မှာ အခုလို ဆေးခြယ် ထားခြင်း ဖြစ်ပါကြောင်း။
(ပြည်တွင်း သတင်းထောက်ထံမှ)

Friday, November 26, 2010

ကမ္ဘာ့အလယ်တွင် အထင်ရှားဆုံးဖြစ်သည့် ဂုဏ်ယူဖွယ် မြန်မာပြည်



မီးပျက်၍ မှောင်မည်း နေသောကြောင့် စကြဝဠာ အပြင်ဘက်က လှမ်းကြည့် လိုက်လျှင် ကမ္ဘာ့နိုင်ငံ အသီးသီး အလယ်၌ မြန်မာနိုင်ငံကို အထင်ရှားဆုံး မြင်တွေ့ ရမည် ဖြစ်ကြောင်း၊

ပြောကြားသူများ- နေတိုး၊ ကျော်ကျော်ဗို၊ ရဲလေး၊ ထွန်းထွန်းနှင့် မိုးမိုး
(ဒါရိုက်တာ-မောင်မျိုးမင်း၏ ထာဝရ နှင်းဆီ အငြိမ့်)

ထူးဆန်းသော ရေသူထီး ရန်ကုန်မြို့ပေါ်သို့ ရောက်ရှိလာခြင်း

ယမန်နေ့ နံနက်စောစောပိုင်းတွင် ရေသူထီးတစ်ဦး ရန်ကုန်မြစ်ထဲမှနေ၍ ရန်ကုန်မြို့ပေါ်သို့ ခုန်ဆွ ခုန်ဆွ တက်လာကြောင်း သတင်းရရှိသည်။ အဆိုပါ ထူးဆန်းသော ရေသူထီးသည် မြောက်ဖက်သို့ ခုန်ဆွ ခုန်ဆွ ဆက်လက် လမ်းလျှောက်လာရာ ပတ်ဝန်းကျင်ရှိ လူများအားလုံးက ထူးဆန်းသော သတ္တ၀ါအဖြစ်
ဝိုင်းကြည့်ကြကြောင်း သိရသည်။ ထူးဆန်းသော ရေသူထီးသည် နံနက် ၁၁ နာရီခန့်တွင် ရွှေဂုံတိုင်ရှိ အဆောက်အဦး တစ်ခုအတွင်းသို့ ရောက်ရှိကြောင်း၊ ထို့နောက် ဟင်းချက်ပြုတ်စရာ ထမင်းအိုးများ၊ ဒန်အိုးများ အနီးတွင် ခေတ္တခဏ ရပ်တန့်ပြီး တောင်ကြည့် မြောက်ကြည့် လုပ်နေကြောင်းသိရသည်။

သို့သော် အစာ အဆိပ်သင့်မည် စိုးသဖြင့် ထို ရေသူထီး သတ္တ၀ါအား မည်သူမျှ ချက်ပြုတ် စားသောက်ခြင်း မပြုကြသည့်အတွက် ရန်ကုန်မြစ်အတွင်းသို့ လာလမ်းအတိုင်း ပြန်လည်ထွက်ခွာ သွားကြောင်း သိရသည်။
အဆိုပါ ရေသူထီး ခုန်ဆွ ခုန်ဆွ လမ်းလျှောက်နေမှုကြောင့် သူ့ကို ရှောင်တိမ်း မောင်းနှင် ကြရသည့် အတွက် မြို့တွင်း လမ်းများတွင် ယာဉ်ကြော ပိတ်ဆို့မှုများလည်း ဖြစ်ပွားခဲ့ရကြောင်းလည်း သိရသည်။

သတင်း အသေးစိတ် ဖတ်ရှုရန်

ဆက်စပ် သတင်းများ     

မြန်မာနိုင်ငံမှ ခရီးသည်တင် လေယာဉ်အချို့ ပျံသန်းနေယင်း လေထဲတွင် စက်ရပ်သွားသဖြင့် ဆင်းတွန်းရ


မြန်မာ့လေကြောင်းမှ လေယာဉ်တစ်စီးသည် ရန်ကုန်မြို့မှ ထားဝယ်မြို့သို့ ပုံမှန် ခရီးစဉ်တစ်ခု ပျံသန်းနေစဉ်အတွင်း လေယာဉ် အင်ဂျင်စက်များ ရပ်တန့်သွားခဲ့သဖြင့်၊ လေယာဉ် စပါယ်ယာမလေးများ၏ ပန်ကြားချက် အရ အားကောင်းမောင်းသန် ယောက်ျားကြီးများ လေယာဉ်ပေါ်မှ ဆင်းတွန်းကြရကြောင်း၊ ဆယ်ပေခန့် လေထဲတွင် တွန်းပြီးနောက် လေယာဉ်အင်ဂျင်စက်များ "ဂရူး" "ဂရူး" ဟု ပြန်လည်ပတ်လာပြီး ဆက်လက် ထွက်ခွာနိုင်ခဲ့ရာ ထားဝယ်လေဆိပ်သို့ ချောမောစွာ ဆင်းသက် နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

လေယာဉ် ပန်ကာများ လည်ပတ်လျက် ပျံတက်သွားသော ရန်ကုန်အဲဝေးလေယာဉ်ကို တွေ့ရစဉ်

ထိုနည်းတူ ယနေ့ နံနက်ပိုင်းက ကောင်းကင်ပေါ်သို့ ပျံတက်သွားသော ရန်ကုန်အဲဝေး လေယာဉ် တစ်စီးသည် အမြင့်ပေ တစ်သောင်းငါးထောင် အရောက်တွင် လေယာဉ် အင်ဂျင် ပန်ကာများ လုံးဝ
ရပ်တန့်သွားကြောင်း သိရသည်။ သို့သော် ကံကောင်း ထောက်မစွာဖြင့်  ထိုလေယာဉ်သည် ဒေါက်တိုင် တစ်ခုတွင် ငြိနေသည့်အတွက် အောက်သို့ ပြုတ်မကျဘဲ လေထဲတွင် တွဲလောင်း တွဲလောင်း ဖြစ်နေကြောင်း သတင်းရရှိသည်။  

ပန်ကာများ ရပ်တန့်သွားပြီးနောက် တွဲလောင်းဖြစ်နေသော လေယာဉ်ကို တွေ့ရစဉ်

ဤသို့ မြန်မာ လောယာဉ်များကဲ့သို့ပင် လွန်ခဲ့သော သတင်းပတ်များ အတွင်းက သြစတြေးလျ နိုင်ငံမှ AirBus A-380 နှင့် ဘိုးရင်း 747 လေယာဉ်တို့၏ အင်ဂျင်စက်များလည်း ကောင်းကင်ပြင်တွင် ပျံသန်းနေစဉ်အတွင်း ရပ်တန့်ခဲ့ဖူးသည်။

၂၀၁၁တွင်ကျင်းပမည့်မြန်မာနယ်ရှင်နယ်လိဂ်တွင် လိမ္မော်ရောင်ဘောလုံးများ ပြောင်းလဲအသုံးပြုသွားမည်

ကျင်းပချိန်မကြာမြင့်သေးသော်လည်း ထိုးပွဲကြိတ်ပွဲများဖြင့် သွေးဆူလျက်ရှိတဲ့ မြန်မာနယ်ရှင်နယ်လိဂ်
ဘောလုံးပွဲစဉ်များမှာ အဖြူရောင်ဘောလုံးများအစား လိမ္မော်ရောင်ဘောလုံးများကို လာမယ့်၂၀၁၁မှစတင်ပြီး အသုံးပြုသွားမယ်လို့ သိရပါတယ်။
"ပွဲတွေက ညပိုင်းမှကန်တာဆိုတော့ နည်းနည်းမှောင်လာတာနဲ့ ဘောလုံးအဖြူက သိမမြင်ရတော့ဘူး။ သုဝဏ္ဏနဲ့ အောင်ဆန်းကွင်းဆို မီးလုံး တွေရှိလို့အဆင်ပြေပေမယ့် တောင်ကြီးနဲ့ မုံရွာကွင်းတွေမှာဆို မီးမရှိလို့ဘောလုံးကိုမမြင်ရပဲ ဘောလုံးသမားတွေ တော်တော်ဒုက္ခရောက်ကြရပါတယ်။ ဒါကြောင့် ကာလာ ကွဲပြားမှုရှိအောင် အဖြူရောင်အစား လိမ္မော်ရောင်ကို အသုံးပြုဖို့ ကြံရွယ်ထားခြင်း ဖြစ်ပါတယ်" လို့ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ယောက်က ပြောကြားသွားသလို---
"မြန်မာ့ဘောလုံး ကမ္ဘာလွှမ်း ဆိုပြီး အော်လာတာ နှစ်ပေါင်း မနည်းတော့ပေမယ့် အခုထိ အရှေ့တောင်အာရှကို ကျော်လို့မရောက်သေးဘူးလေ။ ဒါပေမယ့် ၂၀၀၇ တုန်းကတော့ လိမ္မော်သီးကို စစ်ဖိနပ်နဲ့ ကန်လိုက်တာမှာ ကမ္ဘာကျော်သွားတယ် မလား။ အဲဒါကြောင့် ကမ္ဘာလွှမ်းဖို့ အဖြူကနေ လိမ္မော်ရောင်ကို ယတြာအနေနဲ့ပြောင်းသုံးတာ ဖြစ်နိုင်တယ်" လို့ ပြည်သူတဦးက ပြောကြားသွားကြောင်းပါ။

(ပြည်တွင်းသတင်းထောက်ထံမှ)

Thursday, November 25, 2010

မြန်မာပြည်မြောက်ပိုင်းတွင် နှာခေါင်းမပါသည့် ထူးဆန်း မျောက်တစ်မျိုး တွေ့ရှိ

မြန်မာနိုင်ငံမြောက်ပိုင်း ဒေသ တောကြီးမျက်မဲထဲတွင် နှာခေါင်းမပါသည့် ထူးဆန်းမျောက်များကို တွေ့ရကြောင်း သိပ္ပံပညာရှင်များက ပြောသည်။ ထို- ထူးဆန်းမျောက်ကို Rhinopithecus strykeri ဟု ဇီဝဗေဒ နှင့် ပရိုင်းမိတ် သုတေသီများက အမည်ပေးထားကြောင်း သိရသည်။ မျောက်များ၏ ထူးခြားချက်မှာ နှာခေါင်းပေါက်များသည် မိုးပေါ်သို့ ထောင်နေကြောင်း၊ ထို့ကြောင့် မိုးရွာသည့်အခါ နှာခေါင်းထဲ ရေ၀င်ကြောင်း၊ မျောက်များ နှာစေးပြီး "ဟတ်ချိုး" "ဟတ်ချိုး" ဟု နှာချီ ကြကြောင်း သိရသည်။ ထို့ကြောင့် မျောက်များနှာ ၄င်းတို့၏ မျက်နှာများကို ဒူးနှစ်ခုကြား ညှပ်လျက် နေထိုင်လေ့ရှိကြောင်း လေ့လာတွေ့ရှိရသည်။
အပြည်ပြည်ဆိုင်ရာ သားရိုင်းတိရစ္ဆာန်နှင့် သဘာဝပေါက်ပင်များ ထိန်းသိမ်းရေး အဖွဲ့မှ Mark Rose က- ယခုကဲ့သို့ သော ထူးဆန်းသည့် နှာခေါင်း ပြောင်းပြန် မျောက်များသည် လူသားအစ မြန်မာက ဟူသော ပရိုင်းမိတ်များ ရှာဖွေတွေ့ရှိမှုနှင့် သက်ဆိုင်ခြင်း ရှိမရှိ အသေအချာ မသိရသေးကြောင်း ပြောကြားသည်။
ထူးခြား ဖြစ်စဉ်အဖြစ် မျောက်များ၏ နေရပ်ဌာနီသို့ တရုတ်ပြည်မှ တရုတ်များ လာရောက်ပြီး၊ မြေနေရာများကို ဈေးကြီးပေးဝယ်ယူခြင်း၊ သိမ်းပိုက်ခြင်း၊ တိုက်တာ အိုးအိမ်များ တည်ဆောက် နေထိုင်ခြင်းတို့ကြောင့် အဆိုပါ ထူးဆန်းမျောက်များ မှာ နေရပ်ကို စွန့်ခွာ ထွက်ပြေးကြရလျက် ရှိကြောင်း Mark Rose က ထပ်လောင်းပြောကြားသည်။

သတင်းအသေးစိတ် ဖတ်ရှုရန်

Burma Strange News ဆိုသည်မှာ

Burma Strange News သည် အလွန်တရာမှ ထူးဆန်း အံ့သြဖွယ်ကောင်းသည့်၊ စိတ်ဝင်စားဖွယ် အကောင်းဆုံးသော အဆန်းတကြယ် သတင်းများကို Surrealism & Expressionism နည်းဖြင့် စဉ်ဆက်မပြတ် စုစည်း တင်ပြပေးနေသော Post-Modern News Agency တစ်ခု ဖြစ်ပါကြောင်း။
(BS News ၏ အခမဲ့ ကြော်ငြာ ကဏ္ဍတွင် ကိုယ့်ကိုယ်ကို ကြော်ငြာ နေခြင်း ဖြစ်ပါသည်။
ဤသည်ကား စကားချပ်)

ရည်ညွှန်းကိုးကား။

ကျွဲနွားများ မကြာမီ Life-Jacket ၀တ်ဆင်ရတော့မည်။

မုန်တိုင်းဒဏ်ခံရနိုင်သော မြို့ နယ်များတွင် လူများ သေကြေပျက်စီးမှုနည်းစေရန်အတွက် ဆိုင်ကလုန်း Shelter များ တည်ဆောက်ထားသလို ဆုံးရှုံးမှု အလွန်များပြားလျက်ရှိသော ကျွဲ နွားများ အတွက်ပါ ထည့်သွင်းစဉ်းစားရန် လိုအပ်နေပြီဖြစ်ကြောင်း မွေး-ကု ဦးစီးဌာနမှအကြီးတန်း တာဝန်ရှိသူ တဦးက ပြောကြားသွားပါတယ်။ နာဂစ်တုန်းက ကျွဲနွား ၂ သိန်းကျော်သေဆုံးခဲ့သလို အခု ဂီရိမုန်တိုင်းမှာလည်း ကျွဲနွားတွေ မရေတွက် နိုင်အောင် သေဆုံးခဲ့ရတယ်။ အဓိက ကတော့ မုန်တိုင်းတိုက်နေတဲ့အခါ ကျွနွားတွေကို ထွက်မပြေးစေဖို့ တိုင်မှာချဉ်ထားတဲ့အတွက် ရေနစ်သေဆုံးခဲ့တာလို့ စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ တကယ်လို့ တိုင်မှာချဉ်မထား ပဲ အသက်ကယ်ပစ္စည်းတမျိုးမျိုး (ဥပမာ- ဘောကွင်း.ရေဂါလံဗူး.Life-Jacket) လိုမျိုး တခုခုဝတ်ဆင်စေပြီး ရေထဲမှာလွှတ်ထားခဲ့မယ်ဆိုရင် ကျွဲနွားတွေဟာ ရေကူးနိုင်တဲ့ အတွက် အသေအပျောက် အလွန် နည်းပါးနိုင်ကြောင်း ရှင်းပြသွားတဲ့ အတွက် မကြာခင်မှာ ကျွဲနွားတွေကို Life-Jacket များ ၀တ်ဆင်ပြီး မြင်တွေ့နိုင်တော့မယ်လို့ သတင်းရရှိပါတယ် ခင်ဗျား

Wednesday, November 24, 2010

ခြင်္သေ့ရေသောက်ဆင်းခြင်း သတင်းအပြည့်အစုံ

ယမန်နေ့က ရွှေတိဂုံ စေတီတောင် မြောက်ဖက်မုခ်အနီးမှ ခြင်္သေ့ကြီးနှစ်ကောင် သွေးဆေးကန်သို့ ရေသောက်ဆင်းခဲ့ကြောင်း သတင်း ရရှိသည်။

ထိုအကြောင်းနှင့် ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သော အခြေအနေများကို ဒေါက်တာ ဇင်ယောင်ဖြူ (နမိတ်ကျွမ်းကျင်) ကို ဆက်သွယ် မေးမြန်းကြည့်ရာ "ဒီနှစ်နွေရာသီ စားနပ်ရိက္ခာ ရှားမယ်ဗျာ၊ အထူးသဖြင့် ရေ ကတော့ တော်တော်ရှားလိမ့်မယ်" ဟု ဗေဒင် ကိန်းခန်းများ အရ ဖြေကြားသွားခဲ့သည်။

နိုင်ငံရေး ကျွမ်းကျင်သူတယောက်ကမူ "ဒီအချက်က ဘာကို ပြသ သလဲ ဆိုတော့- စစ်အစိုးရကို နိုင်ငံတကာက ပြုပြင်ပြောင်းလဲဖို့ ပြောဆို ဆုံးမနေတာ ကို ခြင်္သေ့ရုပ်တွေတောင် ရေဆင်းလို့သောက်ချင်သောက်မယ် ဆိုတာဖြစ်နိုင်ဦးမယ်၊ စစ်အစိုးရကိုတော့ ဘယ်တော့မှ ဆုံးမနားချလို့ ရမယ်မထင် ဆိုတာကို ပြလိုက်တာပဲဗျ" လို့ဖြေကြားသွားခဲ့သည်။ အမေရိကန်နိုင်ငံမှ မြန်မာ့ ယဉ်ကျေးမှု အနုပညာရေးရာ သုံးသပ်သူ တစ်ဦးကမူ "ခြင်္သေ့တွေက ထိုင်နေတာလဲ ညောင်းလှပြီ၊ အခုချိန်ထိလည်း ကိုယ့်ကိုယ်ကို အထီးမှန်းမသိ၊ အမမှန်းမသိ ဖြစ်နေတော့ ရေကန်ထဲဆင်းပြီး ကိုယ့်ကိုယ်ကို ပြန်ကြည့်တာ ဖြစ်နိုင်တယ်" ဟု ထင်မြင်ချက် ပေးသွားသည်။
ငှက်ဖျားစီမံကိန်းမှ ဆရာဝန် ရမ်းကု တယောက်ကမူ "ခြင်သစ်ဗျ၊ နမိတ်နဲ့လာတာ ခြင်အသစ်တွေပေါ်လာဖို့ အထူးသဖြင့် နောက်နှစ်မှာ ခြင်ကြောင့်ဖြစ်ပွားတဲ့ ငှက်ဖျားတို့ တုတ်ကွေးတို့ အဖြစ်များဖို့ လက္ခဏာ"ဟုဖြေကြားသွားသည်။

နောက်ဆုံးရရှိသော သတင်းအရမူ ခြင်္သေ့များ ထမင်းစားပြီး၍ ပါးစပ်ဆေးရန် ဆင်းခြင်းသာဖြစ်ပါကြောင်း၊ နှစ်ကောင်လုံး အထီးများ ဖြစ်ကြောင်း သိရသည်။

(ပြည်တွင်းသတင်းထောက် စုံစမ်းမေးမြန်း သတင်း ပေးပို့သည်)

Breaking News: ရွှေတိဂုံဘုရား မြောက်ဖက်မုခ်မှ ခြင်္သေ့ကြီးနှစ်ကောင် သွေးဆေးကန်သို့ ရေသောက်ဆင်း

သတင်းအသေးစိတ်ကို စုံစမ်းလျက် ရှိပါသည်။

(ပြည်တွင်း သတင်းထောက်ထံမှ)

ရန်ကုန်တွင် ကိုးရီးယား ဇာတ်ကား ဗီစီဒီခွေများ အဆမတန် ဈေးတက်


တောင်၊ မြောက် ကိုရီးယား နှစ်နိုင်ငံ လက်နက်ကြီးများနှင့် အပြန်အလှန် ပစ်ခတ်သော သတင်းကြောင့်
ရန်ကုန်မြို့ ပလက်ဖောင်းများပေါ်တွင် ရောင်းချလျက်ရှိသော ကိုးရီးယား ဗီစီဒီ ဇာတ်ကားများ အဆမတန် ဈေးတက်သွားကြောင်း သတင်းရရှိသည်။

အသေးစိတ် ဖတ်ရှုရန်

Tuesday, November 23, 2010

ထိုင်းနိုင်ငံတောင်ပိုင်းတွင် မြန်မာများ မြင်းစီးလျက်၊ လားစီးလျက်၊ နွားမောင်းလျက် ခရီးသွားလာနေကြ


ထိုင်းနိုင်ငံ တောင်ပိုင်းတွင် မြန်မာမှန်လျှင် စက်ဘီးမစီးရ၊ ဆိုင်ကယ်မစီးရ၊ ကားမမောင်းရ ဟု အမိန့်ထုတ်လိုက်သဖြင့် မြန်မာများ အနေဖြင့် မြင်းစီးလျက် လည်းကောင်း၊ လားစီးလျက် လည်းကောင်း၊ နွားမောင်းလျက် လည်းကောင်း၊ ကျွဲမောင်းလျက် လည်းကောင်း ခရီးသွားလာနေကြသည်ကို တွေ့မြင်ရကြောင်း သိရသည်။ ဆိုင်းဘုတ်တွင်ပါသော စာကို အသေအချာ ဖတ်ရှုသော မြန်မာများကမူ ဆိုက္ကားစီးလျက် လည်းကောင်း၊ ထော်လာဂျီ မောင်းလျက် လည်းကောင်း၊ တုတ်တုတ် မောင်းလျက် လည်းကောင်း၊ လမ်းဘေးတွင် အမှိုက်ပစ်လျက် လည်းကောင်း သွားလာ နေကြကြောင်း သတင်းရရှိသည်။

ဘုရားကိုသေနတ်ဖြင့်ပစ်မှု မကွေးမြို့တွင် ဖြစ်ပွား၊ သေနတ်ဖြင့် ပစ်ခတ်သူအား ပြစ်ဒဏ် ၆ လ ချမှတ်

မြန်မာပြည် ပြက်လုံးတွင် အတွဲညီသောလူရွှင်တော် ဒိန်းဒေါင်နှင့် စိန်ပန်းသီး တို့သည် တန်းဆောင်မုန်းလ မပြည့်မီ ၅ ရက်အလို (နိုဝင်ဘာလ ၁၆ ရက်နေ့က) မကွေးမြို့ပေါ်တနေရာတွင် ကပြ ဖျော်ဖြေကြသည်ဆို၏။ ဟာသ တခန်းရပ်တွင် အင်္ဂုလိမာလ ဇာတ်ထုပ်ကို ကပြဖျော်ဖြေရာ ဘုရားနေရာသရုပ်ဆောင်သော ဒိန်းဒေါင်ကို အင်္ဂုလိမာလ နေရာ သရုပ်ဆောင်သော စိန်ပန်းသီးက လက်ညှိုးဖြတ်ရန်လိုက်လေရာ လိုက်၍မရသောကြောင့် စိန်ပန်းသီးက ခါးမှ သေနတ်ကို ထုတ်ပြီး ပစ်ခတ်လိုက်ကြောင်း၊ အဆိုပါ သေနတ် ပစ်ခတ်မှုအတွက် ဒိန်းဒေါင်နှင့် စိန်ပန်းသီးတို့ နှစ်ဦးကို ယခု မကွေးရဲစခန်းတွင် ဖမ်းဆီးထားကြောင်း၊ ထိုကဲ့သို့ သေနတ်ပစ်ခတ်သော အမှုအတွက် လူရွှင်တော်နှစ်ဦးကို ဇာတ်သဘင်ဖျော်ဖြေခွင့် ခြောက်လ ပိတ်ပင်လိုက်ကြေင်း သတင်းရရှိသည်။

(ပြည်တွင်းသတင်းထောက်ထံမှ) 

ကိုထိန်လင်း၏ ရင်ဘတ်ပေါ်မှ သရဲလေးကို မြင်ရ၍ ရန်ကုန်လေဆိပ် အာဏာပိုင်များ ကြောက်ရွံ့တုန်လှုပ်

ကိုထိန်လင်း၏ အင်္ကျီပေါ်မှ သရဲလေးကို တွေ့ရစဉ်

ယနေ့ မြန်မာစံတော်ချိန် နံနက် ၉ နာရီခန့်က ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (Kim Aris) ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့သည်။ လေဆိပ် immigration ကောင်တာတွင် သူ၏ အင်္ကျီပေါ်မှ ရုပ်ပုံဖြစ်သည့် သရဲလေးက လေဆိပ်အာဏာပိုင်များကို မျက်လုံးပြူးပြီး သွားဖြဲပြခဲ့ရာ အာဏာပိုင်များ လွန်စွာ ကြောက်လန့် တုန်လှုပ်သွားကြကြောင်း သတင်းရရှိသည်။ ကိုထိန်လင်းအနေဖြင့် ယခုကဲ့သို့ သရဲ ရုပ်ပုံပါ အင်္ကျီကို ၀တ်ဆင်လာခြင်းမှာ ရုပ်ရှင်သရုပ်ဆောင် ကျော်သူ၏ သရဲမွေးမြူရေးလုပ်ငန်း (ဒီမှာကြည့်) နှင့် ဆက်စပ်မှု ရှိနိုင်ကြောင်း၊ ချင်းမိုင်တက္ကသိုလ်မှ သရဲရေးရာ ကျွမ်းကျင်သူ ဒေါက်တာ အာနမ် ပရွန်ချွမ်ဝစ် က သုံးသပ်ပြောဆိုသည်။ သို့သော် ကိုထိန်လင်း၏ အင်္ကျီပေါ်မှ သရဲလေးသည် သတင်းထောက်များနှင့် ပြည်သူလူထုကိုမူ ပြုံးပြပြီး မျက်စိ မှိတ်ပြခဲ့ကြောင်း သတင်းရရှိသည်။

ဒီမှာ ဖတ်ကြည့်ပါ

နျူကလီးယားလက်နက်များ စူပါမားကက် နှင့် စတိုးဆိုင်များတွင် ရောင်းချပေးနေပြီ

မြန်မာနိုင်ငံအနေဖြင့် နျူကလီးယား လက်နက်များကို ၀ယ်ယူရန် ဆန္ဒရှိပါက  Seven-Eleven၊ Family Mart စသည့် စတိုးဆိုင်များ၊ စူပါမားကက် ကုန်ပဒေသာတိုက်ကြီးများ၊ စည်ပင်သာယာဈေးများ နှင့် လေဟာပြင် အခွန်လွတ်ဈေးများ တွင် လိုသလောက် လက်ငင်းငွေချေစနစ်ဖြင့် ၀ယ်ယူနိုင်ကြောင်း လန်ဒန်တက္ကသိုလ်မှ Marie-Carine Lall က ပြောကြားလိုက်သည်။

နျူကလီးယား ၀ယ်နေသည့် Customer တစ်ဦး

Marie-Carine Lall ၏ ပြောကြားချက် အပြည့်အစုံ ဖတ်ရှုရန်

ရန်ကုန်နှင့် ကူမင်း ဆက်သွယ်မည့် ကမ္ဘာ့အမြန်ဆုံး ရထားလမ်း တည်ဆောက်မည်

မြန်မာနိုင်ငံနှင့် တရုတ်ပြည် ကူမင်းမြို့တို့ကို ဆက်သွယ်မည့် ကီလိုမီတာ ၁၉၂၀ ရှည်လျားသည့် ရထားလမ်း တစ်ခုသည် လာမည့် လွန်စွာ အလှမ်းဝေးသည့် တစ်ခုသော နောင်အနာဂတ် ကာလ တစ်ချိန်ချိန် တွင် ပေါ်ပေါက်လာတော့မည် ဖြစ်ကြောင်း တရုတ်နိုင်ငံမှ ယနေ့ ကြေညာလိုက်သည်ဟု  China Daily သတင်းတွင် ဖော်ပြကြောင်း အိန္ဒိယနိုင်ငံထုတ် The Economist နှင့် The Hindu သတင်းစာများက ရေးသား ဖော်ပြသည်။
ယခု ဖောက်လုပ်မည့် မြန်မာ-တရုတ် ရထားလမ်းတွင် မောင်းနှင်မည့် လျှပ်စစ်ရထားမှာ တစ်နာရီလျှင် အလျင်မြန်ဆုံး ကီလိုမီတာ ၂၀၀ ထက်မြန်သော အမြန်နှုန်းဖြင့် လောကီ ဈာန်ရ- ၀ိဇ္ဇာဇော်ဂျီ ရထား Driver များက "ဥုံဖွ-ဥုံဖွ" "သွားဟ-သွားဟ" ဟု မန်းမှုတ်ကာ မောင်းနှင်ကြမည် ဖြစ်ကြောင်းသိရ၏။  လျှပ်စစ်မီး မရသည့် ကာလများတွင်မူ ဖယောင်းတိုင်များ ထွန်းကာ ပူဇော် သက္ကာရပြုလျက် ဂါထာမန္တရားများဖြင့် ဆက်လက် မောင်းနှင်ကြမည်ဟု ရထားပို့ဆောင်ရေးဌာန အရာရှိကြီးတစ်ဦးက ဆင်ဟွာ နှင့် ဆိတ်ဟွာ သတင်းကို ကိုးကားလျက် ပြောကြားသွားသည်။

ရန်ကုန်-ကူမင်း အမြန်ဆုံးရထားလမ်း တွင် မောင်းနှင်မည့် နောက်ဆုံးပေါ် လျှစ်စစ်ရထားပုံ (လျှပ်စစ်ကောင်းကင် ကေဘယ်ကြိုးတန်းကို ပုံတွင် တွေ့မြင်နိုင်သည်)

တရုတ်ပြည်မှ နောက်ဆုံး ထုတ်လုပ်သည့် လျှပ်စစ်ရထားမှာ (၁၀၆၉) ကီလိုမီတာ ခရီးကို သုံးနာရီ ဖြင့် ခုတ်မောင်းနိုင်ကြောင်း သိရပြီး (ဒီမှာကြည့်) မြန်မာပြည်တွင် နောက်ဆုံး ဖွင့်လှစ်လိုက်သည့် (၁၂)  မိုင် (တစ်ဆယ့်နှစ်မိုင်တိတိ) အလွန့်အလွန် ရှည်လျားသော ရထားလမ်းတွင် ခုတ်မောင်းသည့် ရထားမှာ ထိုခရီးကို ခုတ်မောင်းရန် အချိန် သုံး နာရီ ကြာမြင့်ကြောင်း သိရသည်။

ရန်ကုန်-ကူမင်း အမြန်ဆုံးရထားလမ်း တွင် မောင်းနှင်မည့် နောက်ဆုံးပေါ် လျှစ်စစ်ရထားပုံ (ဤရထားလမ်းပိုင်းတွင်  သံလမ်းတလျှောက် လျှပ်စစ်ဓာတ်အား စီးဆင်းသည်)

သတင်းအပြည့်အစုံ ဖတ်ရှုရန်

တစ်နာရီလျှင် ကီလိုမီတာ ၂၀၀ နှုန်းဖြင့် ခုတ်မောင်းနိုင်မည့် အကွေးအကောက် လုံးဝ မရှိသည့် ကမ္ဘာ့အဖြောင့်တန်းဆုံးသော တရုတ်မြန်မာ လမ်းမကြီးကို တွေ့ရစဉ်

Monday, November 22, 2010

အလံခိုးမှု ကမ္ဘာ့တရားရုံး ဆုံးဖြတ်

အီသီယိုးပီးယားအလံ

အီသီယိုးပီးယားနိုင်ငံနှင့် ဂါနာနိုင်ငံ များ၏ သမတ ကတော်များက ၄င်းတို့၏ "အီသီယိုးပီးယား နိုင်ငံတော် သမတအလံ-ခိုးမှု" နှင့် "ဂါနာနိုင်ငံတော် သမတအလံ- ခိုးမှု" ပုဒ်မများဖြင့် ကမ္ဘာ့တရားရုံးတွင် တရားစွဲဆိုထား သည့် အမှုအပေါ် ကမ္ဘာ့ခုံရုံးမှ ယနေ့ စီရင်ချက် ချမှတ်လိုက်သည်။
တရားရုံး ဆုံးဖြတ်ချက်မှာ- "အလံခိုးသည့် နိုင်ငံအား အလံခိုးလိုပါက ကြိုက်သလောက် အချိန်အတိုင်းအတာ အထိ အီသီယိုးပီးယားနှင့် ဂါနာ နိုင်ငံတို့၏ အလံ-ခိုးနိုင်ကြောင်း၊ သို့သော် ထိုနိုင်ငံများ၏ အလံ-ခိုးနေသမျှ ထိုနိုင်ငံများ ကဲ့သို့ ကမ္ဘာ့ အဆင်းရဲ အမွဲတေဆုံး နိုင်ငံအဖြစ် တည်ရှိစေရမည်ဖြစ်ကြောင်း" 

ဂါနာအလံ

ရန်ကုန်သို့ ဘီလူးများ ရောက်နေ

မြောက်ဦး ရှေးဟောင်းနယ်မြေမှ အကာအရံ တံတိုင်းအချို့ ရထားလမ်းဖောက်လုပ်ရာတွင် ပါဝင် ပျက်စီး သွားသဖြင့် တံတိုင်း စောင့် ဘီးလူးအချို့ နေစရာနေရာ အခက်အခဲ ဖြစ်လျက်ရှိကြောင်း သတင်းရရှိသည်။ ယခုအခါ အဆိုပါ ဘီလူးများမှာ ရန်ကုန်မြို့သို့ ရောက်ရှိနေကြကြောင်း ကိုယ်တွေ့ ကြုံတွေ့ရသော ဘတ်စ်ကား စပါယ်ယာ တစ်ယောက်က ပြောကြားသည်။
"ကားခတောင်းတော့ ရှေးခေတ် ငွေဒင်္ဂါးတွေ ပေးတယ်ဗျ၊ ကျွန်တော်လဲ ငွေစက္ကူတောင်းတော့ သူက တစ်ခြား ပိုက်ဆံမရှိဘူး၊ ဒါပဲယူ- လို့ ပြောတယ်။ ကျွန်တော်လဲ မသင်္ကာတာနဲ့ နောက်ကြည့်မှန်ထဲမှာ ကြည့်တော့ အစွယ်ငေါငေါနဲ့ ဖြစ်နေတာ တွေ့ရတယ်"။


ထိုကဲ့သို့ ဘီလူးများ ရန်ကုန်မြို့သို့ရောက်ရှိမှုမှာ လွန်ခဲ့သော ၂၂ နှစ်က တစ်ကြိမ် ဖြစ်ပျက်ခဲ့ဖူးကြောင်း၊ ထိုစဉ်က မဆလ ဦးနေ၀င်း အမိန့်အရ သကျမာန်အောင် ဘုရား အနီး ရတနာသိုက် တစ်ခုကို တူးယူခဲ့ကြကြောင်း၊ ထိုအခါ အစောင့်အရှောက် ဘီလူးများ ဒေါသထွက်သဖြင့် ရန်ကုန်မြို့ပေါ်သို့ တက်လာကြကြောင်း၊ ဘီလူး ရေးရာ ကျွမ်းကျင်သူ တစ်ဦးက ပြောသည်။ ၁၉၈၈ ခုနှစ် လူပေါင်း များစွာ သေဆုံးခဲ့ရမှုမှာ အဆိုပါ ဘီလူးများ စားသောက် သဖြင့် သေဆုံးရခြင်း ဖြစ်ကြောင်း ဦးနေ၀င်းတို့၏ မိသားစု ဘိုးတော်- စကြ်ာ အောင်ပွင့်ခေါင် က ရှင်းလင်း ပြောကြားခဲ့ဖူးသည်။

(ဓာတ်ပုံ-- (ကလေးအဖေ) ဘီလူးတစ်ကောင် ဖြစ်သည့် ပုဏ္ဏက ဘီလူးအား ရန်ကုန်မြို့ ရွှေတိဂုံဘုရား ၌ ယမန်နေ့ ၂၁-၁၁-၂၀၁၀ ရက်နေ့ တန်ဆောင်မုန်းလပြည့်ည တွင် တွေ့မြင်ရစဉ် ခဏ၌ ရိုက်ကူးထားပုံ ဖြစ်ပါသည်) 

ကိုအေးလွင်အမှု တရားရုံးက စစ်ဆေးလျက်ရှိ

ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းက ဂြို့ပင်ကောက်မြို့၌ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးနေစဉ် အတွင်း မြန်မာနိုင်ငံ အမျိုးသား အမျိုးသမီး နိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဌ ကိုအေးလွင် အား ပရိသတ် အတွင်းမှ လေးဂွဖြင့် ပစ်လိုက်ရာ ကိုအေးလွင်၏ နဖူးတွင် ကြက်ဥလုံးခန့် အဖု တစ်ခု ပေါ်ထွက်သွားခဲ့ကြောင်း၊ သို့ဖြစ်၍ ရဲစခန်းသို့ သွားရောက် အမှုဖွင့်တိုင်ကြားရာ “လောက်စာလုံးဖြင့် ပစ်သည်” ဟု အမှုမဖွင့်ပဲ
“လုံးဝန်းသော အချင်း တစ်လက်မ အရွယ်ရှိ အလုံးတစ်လုံးဖြင့်” ပစ်ခတ်ခြင်း ခံခဲ့ရသည်ဟု တိုင်ကြား အမှုဖွင့်ခဲ့ကြောင်း သိရသည်။
(ဓာတ်ပုံ- ကလေးအဖေ၊ Myanmar Times)
ထိုဖြစ်ရပ်နှင့် ပတ်သက်၍ တရားရုံးက လေးဂွဖြင့် ပစ်သူကို သုံးကြိမ်တိတိ ဆင့်ခေါ်ခဲ့သော်လည်း အိမ်လိပ်စာ မှားနေသဖြင့် ဆင့်ခေါ်၍ မရခဲ့ကြောင်း၊ ပဉ္စမမြောက်ရုံးချိန်းတွင်မှ လိပ်စာမှန်သွားသဖြင့် လေးဂွဖြင့်ပစ်သူကိုယ်စား သူ၏ ဇနီးသည်ဖြစ်သူက တရားရုံးသို့ ကိုယ်စားလှယ်အဖြစ် လာရောက် သွားကြောင်း၊ တရားရုံးက လာမည့် သီတင်းပတ်ကို ထပ်မံရုံးချိန်း ပေးလိုက်ကြောင်း သတင်းရရှိသည်။ သို့သော် ဤအမှု မည်သို့ မည်ပုံ ပြီးပြတ်သွားမည်ဆိုသည်နှင့် ပတ်သက်၍မူ နောက်ဆက်တွဲ ဖြစ်ရပ် သတင်းများ အဖြစ် ဖော်ပြရန် အခက်အခဲ ရှိနေကြောင်း၊ လောလောဆယ် နဖူးတွင် ရရှိသည့် ကြက်ဥဒဏ်ရာအား ကိုယ့်ပိုက်ဆံနှင့်ကိုယ် ဆေးကုနေရ၍ တော်တော် ပိုက်ဆံ ကုန်သွားကြောင်း သတင်းရရှိပါသည်။

ဆင်ဖြူတွေ့သော်လည်း မဖမ်းဆီးရန် ညွှန်ကြားထား

ပြီးခဲ့သော ဂျွန်လ ၂၆ ရက်နေ့နှင့် စက်တင်ဘာလ ၁၉ ရက်နေ့က ဖမ်းဆီးရမိခဲ့သည် ဆင်ဖြူနှစ်ကောင်မှာ ဘင်္ဂလားဒေ့ရှ့် နိုင်ငံမှ ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ၏ အစီအမံဖြင့်၊ ဝေဒပညာရှင်များက ယတြာ အင်းအိုင်များဖန်တီးပြီး အကွက်ချ လျှို့ဝှက် စေလွှတ်လိုက်သည့် ဘင်္ဂလား ဆင်များ ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့မှ ဝေဒပညာရှင် ဒေါက်တာ ဒေါက်တာ ကုမာရဆွာမိ (PhD & PhD in Astrology, India) က  ထုတ်ဖော် ပြောဆိုလိုက် ကြောင်း  ပြောဌာန်အာဠော သတင်းစာ  က ရေးသားဖော်ပြ သည်။
-
အဆိုပါ တရားဝင် ထုတ်ဖော် ပြောဆိုချက်မှာ နောက်ဆုံးရရှိခဲ့သည့် ဆင်ဖြူနှစ်ကောင်အား ဘင်္ဂလားဒေ့ရှ် ခရီးသွား ဧည့်သည်နှစ်ဦးမှ နေပြည်တော်တွင် လွန်ခဲ့သော နှစ်ရက်က တွေ့ရှိပြီးနောက် ပေါ်ထွက်လာခြင်းဖြစ်သည်။

ရှိတ်ဟာဆီနာ
-
BSN မှ စုံစမ်း ရရှိသော သတင်းများအရ ဘင်္ဂလား ခရီးသွား နှစ်ယောက် ဆင်ဖြူဆို၍ ၀င်ကြည့်ကြရာ ၄င်း ဆင်ဖြူကို မြင်သည်နှင့် တဟားဟားပင်ရယ်ကြကြောင်း၊ ထိုအခါ မြန်မာအာဏာပိုင်များက မြင်သွားကြပြီး ရယ်ရသော အကြောင်းရင်းကို မေးမြန်းရာ ဆင်ဖြူကို အင်းအိုင်မန္တရားများကို ကုမာရဆွာမိ၏ အစီအမံအတိုင်း ဆင်သို တွင် ရေးသား စီရင်ခဲ့သူမှာ ၄င်းတို့ပင် ဖြစ်သည်ဟု ပြောဆိုကြောင်း၊ မြန်မာတာဝန်ရှိသူ တို့က မယုံဘူးဆိုနေကြသဖြင့် ၄င်းတို့ နှစ်ယောက်က လက်တချောင်းထောင်ပြလိုက်ရာ ဆင်ဖြူသည် ၀မ်းသာအားရ တဗျောင်းဗျောင်းကခုန်ကြောင်း၊ လက်နှစ်ချောင်းထောင်လိုက်သည်နှင့် ဆင်ဖြူသည် ရှုံးပွဲချ ငိုကြွေးကြောင်း၊ သိရှိရသည်။
-
အဆိုပါ ဘင်္ဂလား နှစ်ယောက်က ဆင်ဖြူများကို ယတြာအင်းအိုင်များ စီရင်ပြီး မြန်မာပြည်သို့ ပို့လွှတ်ရခြင်းမှာ နှစ်စဉ် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို မုန်တိုင်းများ တိုက်သဖြင့် လူပေါင်းများစွာ သေဆုံးခြင်း အန္တရာယ်မှ ကာကွယ်ရန် ဖြစ်ကြောင်း၊ ယခုလည်း ဘင်္ဂလားဒေ့ရှ်ကို မုန်တိုင်းတိုက်မည်ကို သိသဖြင့် ဘင်္ဂလားဒေ့ရှ် အစိုးရ၏ မုန်တိုင်းဒဏ်မှ လွတ်ကင်းရေး စီမံချက်၏ တစိတ်တဒေသအဖြစ် ဆောင်ရွက်မှု ဖြစ်ကြောင်း ဆက်လက် ပြောကြားသွားကြောင်း၊ သို့ဖြစ်၍ မြန်မာ တာဝန်ရှိသူများ အလွန်စိတ်ပျက်သွားကြ ကြောင်း စုံစမ်းသိရှိရသည်။
-
မြန်မာနိုင်ငံ အနောက်ပိုင်းသို့ တိုက်ခတ်သွားသည့် ဂီရိ ဆိုင်ကလုန်း မုန်တိုင်းမှာ အဆိုပါ ဘင်္ဂလားမှ ပို့လိုက်သည့် ယတြာ ဆင်ဖြူကို ရှိခိုးပူဇော်ပွဲသဘင် ကျင်းပပြီးနောက် တစ်ပတ် အကြာတွင် တိုက်ခတ်သွားခဲ့ခြင်းဖြစ်သည်။

ယခုအခါ နောက်ထပ် မုန်တိုင်းတိုက်ခတ်မှုမျိုး မြန်မာနိုင်ငံတွင် မခံရစေရန်အတွက် ဆင်ဖြူ တွေ့သော်လည်း ဖမ်းဆီးခြင်း မပြုရန် ညွှန်ကြားလိုက်ကြောင်း သတင်းရရှိသည်။ နောက်ဆက်တွဲ သတင်းအဖြစ် စက်တင်ဘာလက တွေ့ရှိခဲ့သည့် ပဉ္စမမြောက် ဆင်ဖြူအပြီးတွင် ဆဌမမြောက် ဆင်ဖြူတစ်ကောင် တွေ့ရှိခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်နယ်မြေအတွင်းသို့ မောင်းထုတ်ပြီး ၀န်ကြီးချုပ် ရှိတ်ဟာဆီနာထံသို့ ပြန်လည် ပို့ဆောင် လိုက်ကြောင်း သတင်းရရှိသည်။
-
ရှိတ်ဟာဆီနာထံ ပြန်ပို့လိုက်သည့် ဆင်ဖြူပုံ 

(ပြည်တွင်းသတင်းထောက်ထံမှ)

Sunday, November 21, 2010

ဘန်ကောက်မြို့ကို အခြေအနေအရ လိုအပ်ပါက သိမ်းပိုက်နိုင်ရန် မြန်မာစစ်သားများ အပြေးလေ့ကျင့်နေ

ဒီကေဘီအေ ဗိုလ်နှုတ်ခမ်းမွေးနှင့် မြန်မာစစ်တပ်တို့အကြား မြ၀တီမြို့တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် ထိုင်း-မြန်မာ နယ်စပ် အခြေအနေများ တင်းမာခဲ့သည်။ ထိုသို့ တင်းမာလာရာမှ တစ်ဆင့်တက်ပြီး ထိုင်းဘက်သို့ ကျူးကျော်မှု မျိုးဖြစ်ပေါ်လာခဲ့လျှင် ထိုင်းစစ်တပ်အနေဖြင့် မြန်မာပြည် ရန်ကုန်မြို့နှင့် နေပြည်တော် တို့ကို တင့်ကားများ၊ သံချပ်ကာယန္တရား တပ်ဖွဲ့များ ဖြင့် ၀င်ရောက်သိမ်းပိုက် ရန်လိုအပ်ပါက ၁၃ နာရီနှင့် ၁၈ နာရီအတွင်းထိုးဖောက် မှုများ ပြုလုပ်လိုပါက ပြုလုပ် နိုင်ကြောင်း ထိုင်းထိပ်တန်း စစ်ဘက်ဆိုင်ရာ လျှို့ဝှက် သတင်းတရပ် ပေါက်ကြားသွားခဲ့သည်။
ထိုကဲ့သို့ စစ်ရေး ထိုးဖောက်နိုင်မှုမျိုးကို တုန့်ပြန်ရန်အတွက် မြန်မာစစ်တပ်အနေဖြင့်လည်း ပြင်ဆင်မှုများ တန်ပြန် ပြုလုပ်လျက်ရှိရာ တနင်္သာရီ တိုင်းအတွင်းရှိ စစ်တပ်များကို ဘန်ကောက်နှင့် အနီးဆုံး ထိုင်း-မြန်မာ နယ်စပ်နေရာမှ ချီတက်နိုင်ရေးအတွက် စီစဉ်နေကြောင်း ကြားသိရသည်။

ဘန်ကောက်မြို့သို့ မြန်မာ-ထိုင်း နယ်စပ်အနီးဆုံး နေရာမှ ပြေးလွှားသွားလျှင် ၁၂ နာရီ အတွင်း ရောက်ရှိနိုင်သည့် ခရီးဖြစ်သောကြောင့်၊ လောလောဆယ်တွင် မြန်မာ စစ်သားများသည် ခြေညှပ်ဖိနပ်များ စီးကာ အပြေးလေ့ကျင့်နေကြကြောင်း၊ ၁၂ နာရီအတွင်း ဘန်ကောက်မြို့သို့ရောက်အောင် ပြေးသွား ကြမည်ဖြစ်ကြောင်း မြန်မာ့ တပ်မတော် ထိပ်တန်း အရာရှိကြီးတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ထိုသတင်းနှင့် ပတ်သက်၍ မြန်မာ့တပ်မတော်အတွင်း အနှစ် ၄၀ အမှုထမ်းခဲ့သူ လက်ရှိ တပ်ကြပ်ကြီး တစ်ဦးက BS News ကို ယခုကဲ့သို့ ပြောကြားသည်။
"ပြေးပြီးတော့ ချီတက်မယ် ဆိုလဲ ချီတက်ကြပေါ့ဗျာ။ ဟိုဘက်က ဘာမှ ခုခံမှု မရှိရင်တော့ ၁၂ နာရီအတွင်း ရောက်နိုင်ပါတယ်။ ကဲ- ဘယ်သူမှ မခုခံဘူးပဲ ထားဦးဗျာ။ ဘန်ကောက်ရောက်ပြီ ဆိုတာနဲ့ အကုန်လုံး ကြွက်တက် ကုန်ပြီပေါ့။ ကြွက်တက်ပြီး မပြေးနိုင်တော့မှ ထိုင်းစစ်တပ်က ကြိုးတုပ်ပြီး ဖမ်းတာ ခံရမှာဗျ"

မြန်မာ အစိုးရ နျူကလီးယား မလုပ်ဘဲ နို့စည်ခွက်တွေ လုပ်ခြင်းသာ ဖြစ်ကြောင်း IAEA အကြီးအကဲဟောင်းက ပြောကြား

Burma's Nuclear Reactor

ကုလ သမဂ္ဂ နျူကလီးယား အရာရှိကြီး ဟောင်း ဖြစ်သူ Olli Heinonen က မြန်မာ အစိုးရဟာ အဏုမြူဗုံး ထုတ်လုပ်ဖို့ နျူကလီးယား ဓာတ်ပေါင်းဖို လုပ်နေတာ မဟုတ်ဘဲ မြေကြီးထဲက တူးယူရရှိတဲ့ ယူရေနီယမ် တွေကို ထမင်းပေါင်းအိုးထဲ (သို့မဟုတ်) နို့စည်ခွက်ထဲ ထည့်ကြည့်ပြီး ထောပတ်ထမင်း ချက်စားဖို့ ပြင်ဆင် နေတာသာ ဖြစ်ကြောင်း၊ လောလောဆယ်မှာတော့ ထောပတ်ထမင်းထဲ ထည့်ဖို့ ဆိတ်နို့ နွားနို့များ ကြိုချက်ရန် ပြင်ဆင်နေကြောင်းနဲ့၊ ဆိတ်နို့ နွားနို့တွေ ထည့်ဖို့ နို့စည်ခွက်များ ထုတ်လုပ်ဖို့ ကြိုးစားနေဆဲ အခြေအနေမှာပဲ ရှိသေးတယ်လို့ ဒီကနေ့ ပြောကြားလိုက်ကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထား ပါတယ်။

သတင်းအပြည့်အစုံကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ရိုက်တာ သတင်းမှာ ဖတ်ပါ

Saturday, November 20, 2010

မြန်မာနိုင်ငံ၊ လက်ရှိ သမ္မတ နှင့် အင်တာဗျူး

မြန်မာနိုင်ငံရဲ့ သမ္မတ-သန်းနိုင် နဲ့ Burma Strange News တို့ရဲ့ အင်တာဗျူးကို တင်ဆက်ထားပါတယ်။

BS News။  ။ သမ္မတ-သန်းနိုင် အဖြစ် ဘယ်တုန်းက ရွေးကောက် တင်မြှောက်ခံရတာပါလဲ ခင်ဗျ။

သမ္မတ-သန်းနိုင်။  ။ ကျွန်တော့် အမျိုးသမီးက ရွေးကောက်လိုက်တာပါခင်ဗျ။ ကျွန်တော် ဘုန်းကြီး ဘ၀တုန်းက ဆွမ်းခံကြွယင်း ကျွန်တော့် အမျိုးသမီးနဲ့ ဆုံတွေ့ခဲ့တာပါ။ အမျိုးသမီးက "သမ္မတ" သင်္ကန်းတိုက် ပိုင်ရှင်လေ။ ကျွန်တော် လူဝတ်လဲပြီး သူနဲ့ လက်ထပ်လိုက်တော့ ကျွန်တော်လည်း သမ္မတ-သန်းနိုင် ဖြစ်သွားတော့ တာပေါ့ဗျာ။

BS News။  ။ သမ္မတ-သန်းနိုင် ဖြစ်လာတော့ သမ္မတ-သန်းနိုင် အနေနဲ့ ဘယ်လို ဖွံ့ဖြိုးတိုးတက် ကြီးပွားရေး လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါသလဲ။

သမ္မတ-သန်းနိုင်။  ။ ကျွန်တော်တို့က "ပြင်သစ်" လုပ်ငန်းကို လုပ်ပါတယ် ခင်ဗျ။ ပြင်သစ်နိုင်ငံက လာရောက် ရင်းနှီး မြှုပ်နှံတာ မဟုတ်ပါဘူး။ သင်္ကန်း အဟောင်းတွေကို ကျွန်တော်က အသစ်ဖြစ်အောင် "ပြင်" ပါတယ်။ "ပြင်" လိုက်တော့ "သစ်" သွားတာပေါ့ဗျာ။ အဲသလို ပြင်သစ် သင်္ကန်းအဟောင်းတွေကို အသစ်လုပ်ရောင်းယင်း၊ ကျွန်တော့ မိသားစုလဲ ခေတ်မီ ဖွံ့ဖြိုးတိုးတက် ကြီးပွား လာတာပေါ့ဗျာ။

BS News။  ။ လက်ရှိ..... သမ္မတ-သန်းနိုင် အနေနဲ့ အနာဂတ် မြန်မာနိုင်ငံရဲ့ သမ္မတ ဘယ်သူ ဖြစ်လာမယ်လို့ မျှော်လင့်ပါသလဲ ခင်ဗျာ။

သမ္မတ-သန်းနိုင်။  ။ ကျွန်တော့် အမြင်က တော့ ဘယ်သူမှ သမ္မတ ဖြစ်မယ် မထင်ဘူးဗျ။ အဲ- ကျွန်တော့် သမ္မတ သင်္ကန်းတိုက်က ကျွန်တော့် မူပိုင် trade mark လေ။ မှတ်ပုံတင်ထား ပြီးသား။ ဟဲဟဲ။

အဲ-၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြောရရင်တော့၊ ပုဒ်မ ၅၉ (ခ) မှာ ပြဌာန်း ထားတာ ရှိပါတယ် ခင်ဗျ။ အဲဒီ ပုဒ်မထဲမှာ နိုင်ငံတော် သမ္မတ ဖြစ်မယ့်လူရဲ့ မိဘနှစ်ပါးလုံးဟာ ပြည်ထောင်စု မြန်မာနိုင်ငံတော်ရဲ့ နယ်နိမိတ် အတွင်းမှာ မွေးဖွားရမည်လို့ အတိအလင်း ပြဌာန်းထားပါတယ်ဗျာ။ ပြည်ထောင်စု မြန်မာနိုင်ငံ ဆိုတာက ၁၉၄၈ ဇန်န၀ါရီ ၄ ရက်နေ့မှ ပေါ်ပေါက်တာပါ။ ဒီတော့- ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စလို့ ၀န်ကြီးချုပ် ဦးသိန်းစိန် အပါအ၀င်၊ လက်ရှိ အစိုးရ အဖွဲ့ဝင်တွေ အကုန်လုံးရဲ့ မိဘ တွေဟာ ဗြိတိသျှ အင်ပါယာ နယ်နိမိတ်အတွင်းမှာ မွေးဖွားခဲ့တယ် ဆိုတာကို တွေ့ရှိရပါတယ်။ ဒါကြောင့်မို့လို့၊ အခြေခံ ဥပဒေအရ ပြောရရင်တော့- နိုင်ငံတော် သမ္မတ ဖြစ်မဲ့လူကို အခုချိန်ထိ ကျွန်တော် မမြင်သေးပါဘူး ခင်ဗျ။

မြန်မာ့ အကောင်းဆုံး နောက်တန်း ခံစစ်မှူး

မြန်မာ နေရှင်နယ်လိဂ်ရဲ့ ဂိုးအများဆုံး သွင်းထားတဲ့ ဂိုးသွင်းဘုရင်က တော့ မြန်မာကလပ် အသင်းတွေထဲက အကောင်းဆုံး နောက်တန်း ခံစစ်မှူး တစ်ယောက် အကြောင်းကို အောက်ပါ အတိုင်း
ပြောဆို သွားခဲ့ပါတယ် ခင်ဗျာ။ (သတင်း-ဧရာဝတီ)။ သူ့ရဲ့ ကစားကွက်ကိုလဲ ကမ္ဘာ့ အကောင်းဆုံး ကစားကွက် အဖြစ် သတ်မှတ်လိုက်ကြောင်း ဖီဖာ ဥက္ကဌက ပြောဆိုသွားခဲ့တယ်လို့ သတင်းရရှိထားပါတယ် ခင်ဗျား။
©Irrawaddy


မြန်မာ ယောက်ျား ပြည့်တန်ဆာ နှစ်ယောက် အကြောင်း

မြန်မာ မိန်းမ ပြည့်တန်ဆာတွေက တော့ ပေါသလား မမေးနဲ့။ လူတိုင်းသိကြတယ်နော။
အဲ... မြန်မာ ယောက်ျား ပြည့်တန်ဆာ လဲ ရှိသဗျ။ သူတို့က ဘယ်လောက် အထိ ခြေဆန့် ကြသလဲ ဆိုရင်
ထိုင်းနိုင်ငံအထိတောင် ရောက်ရှိ နေထိုင် လုပ်ကိုင် စားသောက် နေကြပါတယ်ဗျား။



အောက်က လင့်ကို သွားကြည့်ရင် သူတို့ရဲ့ ချောမော လှပတဲ့ ဓာတ်ပုံတွေနဲ့တကွ သူတို့ရဲ့ လှုပ်ရှားနေတဲ့ ဗီဒီယိုတွေကို ဗမာစကား ပြောသံ ပီပီသသတွေနဲ့ တကွ ထင်ထင်ရှားရှား ရင်သပ်ရှုမောစွာ  တ၀ကြီး  ရှုစား တွေ့မြင်ကြရမှာ ဖြစ်ပါတယ်ဗျား။

ပတ္တရားက မြန်မာ ယောက်ျား ပြည့်တန်ဆာ  (Click)

(အဲသလိုနဲ့ တစ်နေ့မှာတော့ နဖူးပြောင်တဲ့ ပြင်သစ်ကြီး  Mr. Louis Hazebroucq က ပိုက်ဆံ မပေးပဲ လုပ်သွားပါလေရော တဲ့ဗျာ။ -- အသုံးအနှုန်း ရိုင်းတယ်ထင်ရင် ခွင့်လွှတ်ကြပါ)

သတင်းကောက်နုတ်ချက်။  ။ "angry after having not been paid for sexual services rendered on the previous night"

သတင်းထဲမှာ ဖတ်ကြည့်ပါနော   (Click)

ကမ္ဘာ့အထူးဆန်းဆုံး တိုင်းပြည် = မြန်မာပြည်

ဂင်းနစ် ကမ္ဘာ့မှတ်တမ်း စံချိန်တင်မည့် ကမ္ဘာ့အထူးဆန်းဆုံး မဲပေးသူ ရာခိုင်နှုန်းများ ပင် ဖြစ်ကြပေသတည်း။
မဲပေးသူ လူတစ်ရာ ရှိသည့်အနက် ၁၀၄ ဦး မဲလာပေးလေ၏။ ထူးဆန်းပေစွတကား။

ရှုပေဦးလော့။ ယခုတစ်ဖန် လူတစ်ရာ ရှိသည့်အနက် ၁၀၂ ဦး မဲလာပေးလေ၏။
အံ့ဖွယ်။ အံ့ဖွယ်။



အနှီ မောင်ကကြီး ဟူသော လူကလေးတစ်ယောက် သူငယ်တန်း စာမေးပွဲဖြေဆိုရာဝယ် စုစုပေါင်း အမှတ်တစ်ရာ ပေးရာတွင် ၁၀၅ မှတ်ဖြင့် အထူးအောင်မြင်ပြီး၊ ပထမဆု ရသတည်း ဟူ၍ကား ကြားဖူးသလိုလို ....ထိုစဉ်က ပုံပြင်ဟု ထင်ခဲ့၏။ ယနေ့အခါသမယ မြန်မာ့အလင်းနှင့် ကြေးမုံကို ဖတ်ပါက ထိုအံ့သြဖွယ် အခြင်းအရာကား အမှန်ပင် ဖြစ်ခဲ့လတ်ဟု ယုံကြည်ဖွယ် ကောင်းစွ တကား။ အံ့ဖွယ်... အံ့ဖွယ်...


ရွေးကောက်ပွဲ နောက်ဆုံးသတင်းများ အင်တာနက် စာမျက်နှာသစ်

တိကျ ခိုင်လုံသော ရွေးကောက်ပွဲ နောက်ဆုံး သတင်းများနှင့်အတူ အနိုင်ရသော လွှတ်တော် အမတ်ကြီးများ၏ ဓာတ်ပုံများ၊ ကိုယ်ရေးအချက်အလက်အလက်များနှင့် တကွ ဝေေ၀ဆာဆာ တင်ပြထားသည့် အင်တာနက် စာမျက်နှာသစ်တစ်ခုကို တွေ့ရပါသည်။
အသေးစိတ် အချက်အလက်များကို သိရှိလိုပါက အောက်ပါ လိပ်စာသို့ သွားရောက် လေ့လာ ဖတ်ရှုနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

http://mmelection.tk/

ကျော်သူ သရဲတွေ မွေးမြူထား

(Photo: kumondra.com)

ရုပ်ရှင်မင်းသား ကျော်သူသည် နာရေးကူညီမှု လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိရာ ကွယ်လွန်သူ လူသေအလောင်းများနှင့် အလွန် ရင်းနှီးကြောင်း သိရသည်။ ထိုသို့ ရင်းနှီးသည့်အလျောက် ကွယ်လွန်သူများ သရဲ ဖြစ်သွားသည့်အခါ သရဲများကို လစဉ် လကွယ်နေ့တိုင်း သရဲ အစာကျွေးလျက် သရဲများ ကို မွေးမြူထားကြောင်း သတင်းရရှိသည်။
သရဲမွေးမြူနေရသဖြင့် သရဲများ ရိုသေစိမ့်သောငှာ ကျော်သူသည် ဘိုးတော် ၀တ်စုံကို ၀တ်ဆင်လျက် နှုတ်ခမ်းမွေး မုတ်ဆိတ်မွေးများ ထားရှိသည်ကို တွေ့မြင်နေရသည်။
ထိုသို့ သရဲများမွေးမြူထားပြီး ထိပ်စီး ဘိုးတော် ဖြစ်နေသော ကျော်သူကို မည်သူမျှ မဖမ်းဆီးရဲကြကြောင်း ဆက်လက် စုံစမ်းသိရှိရသည်။ ကတုံးတုံးထားပြီး ဘိုးတော် သိဒ္ဒိနှင့် မပြည့်စုံသော ကျော်သူ့ သူငယ်ချင်း ဇာဂနာမှာ မူကား ဖမ်းဆီးခြင်း ခံနေရပါသည်။

(ပြည်တွင်းသတင်းထောက်ထံမှ)