Sunday, November 28, 2010

ငမိုးရိပ်ချောင်းအတွင်း သွားလာနေသော မှော်မီးကျောင်းတစ်ကောင် ဖမ်းဆီးရမိ


ရန်ကုန်တိုင်းဒေသကြီးသင်္ကန်းကျွန်းမြို့ နယ်ငမိုးရိပ်ချောင်းအတွင်း သွားလာနေသော မှော်မီးကျောင်း တကောင်ကို ၁၁.၁၁.၂၀၁၀ နေ့ကဖမ်းဆီးရမိခဲ့ကြောင်းသတင်းရရှိပါတယ်။
အဆိုပါမီးကျောင်းသည် အရှည် ၇.၂ပေ. လုံးပတ် ၂.၁၀ ပေ ခန့်ရှိအမဖြစ်ပြီး ငမိုးရိပ်ချောင်းအတွင်း တဲထိုး နေထိုင်ခဲ့သည်မှာ မကြာသေးကြောင်းသိရှိရပါတယ်။
မီးကျောင်းကို ဖမ်းဆီးရမိခြင်းအကြောင်းနဲ့ပတ်သက်ပြီး သင်္ကန်းကျွန်း ရ.ယ.က ရုံးမှ တာဝန်ရှိသူတယောက် ကိုဆက်သွယ်မေးမြန်းခဲ့ရာ----မီးကျောင်းက ဧည့်စာရင်း မတိုင်ဘူး။ ပထမတခါ ကျနော်တို့ Warning ပေးပြီးသွား ပြီ။ ဒါပေမယ့်ဂရုမစိုက်ဘူး။ အဲဒါကြောင့်ဖမ်းဆီးရခြင်း ဖြစ်ပါတယ်လို့ ဖြေကြားသွားပါတယ်။
ကိုက်လိုက်ရင်မလွယ်ဘူး။ အကုန်ဂိကုန်မှာ-သူကတော်တော်မြန်တယ် ။ရုံးချိန်းခေါ်တာလည်းမလာဘူး။ ရေထဲ မှာလည်းရှာမတွေ့တော့ ဘယ်များ ပျောက်သွားလဲလို့ရှာလိုက်ရတာ- နောက်တော့နွံထဲမှာအိပ်ပျော်နေတာ. လူ အယောက်၂၀လောက်နဲ့ တော်တော်ခက်ခက်ခဲခဲ ဖမ်းယူလိုက်ရတယ်။ ဒါတောင် သူအရက်တော်တော်မူးနေလို့ ဟု ဖမ်းဆီးခဲ့ရာတွင်ကိုယ်တိုင်ပါဝင်ခဲ့သူ တယောက်က ပြောကြားသွားပါတယ်။
မီးကျောင်းကို ဖမ်းဆီးခဲ့ပြီးချိန်မှသာ သာကေတမီးချောင်းစခန်းမှ တာဝန်ရှိသူများရောက်ရှိလာပြီး စခန်းသို့ခေါ် ဆောင်သွားကြောင်း. အဆိုပါစခန်းတွင် မီးကျောင်းမအား ငမိုးရိပ်ချောင်းအတွင်း လာရောက်ရခြင်းအကြောင်း ကို မေးမြန်းရာ ရွှေတိဂုံဘုရားကို လာဖူးခြင်းဖြစ်ပါတယ်လို့ မီးကျောင်းမက ဖြေကြားသော်လည်း ဒေါ်စုလွတ်မြောက်မှုနဲ့ သက်ဆိုင်နိုင်ကြောင်း တာဝန်ရှိသူတွေက တဖက်သတ်စွဲချက်တင်ကာ မီးကျောင်းစခန်း တွင် ရာသက်ပန်း ထန်းသိမ်းထားရန် အမိန့် ချလိုက်ကြောင်း သတင်းရရှိပါတယ်။
(ပြည်တွင်းသတင်းထောက်ထံမှ)

Related News

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။