ဂီရိမုန်တိုင်း တိုက်ခတ်မှု၊ ဂီရိမုန်တိုင်းကြောင့် ပြည်သူလူထုများ ထိခိုက် ဒုက္ခရောက်မှု လုံးဝ မရှိဘဲ ဂေဟစနစ် ပြောင်းလဲမှုများနှင့်အတူ ယင်းဒေသ၌ လာရောက် နေထိုင်ကျက်စားကြသည့် ဆောင်းခိုငှက်များသာ အလွန် ဒုက္ခရောက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ငှက်အသင်းက ပြောကြားလိုက်သည်။ ဆောင်းခိုငှက် များအပြင် ယင်းဒေသရှိ မူလနေထိုင် ကျက်စားနေသော ငှက်မျိုးစိတ်များလည်း စားနပ်ရိက္ခာ၊ ဆေးဝါး၊ သောက်သုံးရေ ပြတ်လပ်မှုများ ရှိလာကြောင်း မြန်မာနိုင်ငံငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်းမှ ဥက္ကဋ္ဌ ဦးစိုးညွန့်က ဆက်လက် ပြောကြားသည်။
“ဂေဟစနစ် ပြောင်းလဲပျက်စီးမှု ရှိလာပြီဆိုရင် ဒီစနစ်ကို မှီခိုနေထိုင် ကျက်စားကြတဲ့ ကုန်းနေ၊ ရေနေသတ္တဝါတွေ၊ ငှက်တွေရဲ့ နေထိုင်ကျက်စားမှုတွေလဲ အလွန် ထိခိုက်နိုင်ပါတယ်။ နေထိုင်တဲ့နေရာမှာ အစာရေစာ ပြတ်လပ်လာရင်တော့ သတ္တဝါတွေလဲ အတိဒုက္ခရောက်နိုင်တဲ့ အတွက် ကူညီကယ်ဆယ်ဖို့ လိုအပ်တယ်” ဟု ယင်းကဆိုသည်။
လက်ရှိတွင် အဆိုပါ မုန်တိုင်းသင့်ဒေသဖြစ်သော ရခိုင်ဒေသ၏ ငှက်သတ္တ၀ါများနှင့် ငှက်အိုးအိမ်များ ပျက်စီးမှု အခြေအနေကို သိရှိနိုင်စေရန်အတွက် အသင်းမှ သွားရောက်လေ့လာပြီး ငှက်များကို အကူအညီ ပေးရန် စီစဉ်နေကြောင်း သိရသည်။ ယင်းဒေသသို့ နှစ်စဉ်လာရောက် ဆောင်းခိုကာ နေထိုင်ကျက်စားလေ့ရှိသော ငှက်အမျိုးအစားများမှာ ဟင်္သာ၊ ငဟစ်၊ ငှက်ကြီးဒုံးစက်၊ ကြိုးကြာ၊ စင်ရော်၊ စွန်၊ လင်းတ၊ ဗျိုင်း အစရှိသော ငှက်အမျိုးအစားများဖြစ်ကြောင်း သိရသည်။
1/2©The Flower News ဂျာနယ်
ဂီရိကြောင့် အိုးအိမ်တွေပျက်စီး၊... အလုပ်အကိုင်တွေ ပျောက်တော့
ReplyDeleteလုပ်စရာမရှိတဲ့အဆုံး ဘ၀ရပ်တည်ရေးအတွက် ကြက်မွေးမြူရေး လုပ်ငန်းတွေ ပေါ်ပေါက်လာပီး ကြက်တွေ ပေါလာနိုင်တယ်....
မြန်မာနိုင်ငံ ငှက် အသင်း အနေနဲ့ ငှက် အုပ်စု ၀င် ကြက်များရဲ့ ကြက်နေမှု ဘ၀ အဆင်ပြေဖို့အတွက်... ကူညီရေး၊ ကာကွယ်တားဆီးရေး.....
ကြက်တွေကို ကြက်ဘ၀ကနေ မြင့်မားတဲ့ ဘ၀အဆင့်မြှင့်တင်ရေး
စီမံကိန်းတွေ ချမှတ်လုပ်ဆောင်သင့်ပါတယ်......
ငှက် အသင်းအနေနဲ့လဲ မြန်မာနိုင်ငံ ကြက်ငှက် အသင်း တို့ချဲ့သင့်ပါတယ်။။
ငှက်တစ်မျိုးတည်းအတွက် လုပ်နေရုံနဲ့ မလုံလောက်ပါဘူး ငှက်ဥက္ကဌ စိုးညွန့်ညွန့်ခင်ဗျား။