Sunday, November 21, 2010

မြန်မာ အစိုးရ နျူကလီးယား မလုပ်ဘဲ နို့စည်ခွက်တွေ လုပ်ခြင်းသာ ဖြစ်ကြောင်း IAEA အကြီးအကဲဟောင်းက ပြောကြား

Burma's Nuclear Reactor

ကုလ သမဂ္ဂ နျူကလီးယား အရာရှိကြီး ဟောင်း ဖြစ်သူ Olli Heinonen က မြန်မာ အစိုးရဟာ အဏုမြူဗုံး ထုတ်လုပ်ဖို့ နျူကလီးယား ဓာတ်ပေါင်းဖို လုပ်နေတာ မဟုတ်ဘဲ မြေကြီးထဲက တူးယူရရှိတဲ့ ယူရေနီယမ် တွေကို ထမင်းပေါင်းအိုးထဲ (သို့မဟုတ်) နို့စည်ခွက်ထဲ ထည့်ကြည့်ပြီး ထောပတ်ထမင်း ချက်စားဖို့ ပြင်ဆင် နေတာသာ ဖြစ်ကြောင်း၊ လောလောဆယ်မှာတော့ ထောပတ်ထမင်းထဲ ထည့်ဖို့ ဆိတ်နို့ နွားနို့များ ကြိုချက်ရန် ပြင်ဆင်နေကြောင်းနဲ့၊ ဆိတ်နို့ နွားနို့တွေ ထည့်ဖို့ နို့စည်ခွက်များ ထုတ်လုပ်ဖို့ ကြိုးစားနေဆဲ အခြေအနေမှာပဲ ရှိသေးတယ်လို့ ဒီကနေ့ ပြောကြားလိုက်ကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထား ပါတယ်။

သတင်းအပြည့်အစုံကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ရိုက်တာ သတင်းမှာ ဖတ်ပါ

1 comment:

  1. အနုမြူသိပ္ပံပညာရှင် Robert Kelley ကတော့ မြန်မာ့ နျူကလီးယား ထုတ်လုပ်ရေး ပစ္စည်းတွေနဲ့ ပတ်သက်လို့.. သူတို့အိမ်က ရေပိုက် ပြင်သမားတောင် ဒီထက်ကောင်းအောင် လုပ်တတ်ပါတယ်လို့ မှတ်ချက် ပြုထားပါ တယ် ....
    "Some of the machines they've been making or some of the products they've been making are very crude, probably because they haven't been having outside help. There's one item that's a burning chamber that has two pipes coming out of it," she said. "Bob [Robert Kelley] remarked to me that his plumber could have done a better job than that. I mean it is very crude welding." အောက်မှာ ဖတ်ပါ...
    http://www1.voanews.com/english/news/Expert-Accuses-Burma-of-Trying-to-Build-Nuclear-Bomb-95607209.html?refresh=1

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။