Saturday, November 27, 2010

အားကစား သမားဆိုတာ ဘီစကစ်မုန့်စားဖို့ကလွဲလို့ တိုင်းပြည်အရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းတွေမှာ စိတ်ဝင်စားစရာ မလိုဟု မြန်မာ နည်းပြပြောကြား

တရုတ်နိုင်ငံ ကွမ်ကျိုးမှာ ကျင်းပနေတဲ့ အာရှအားကစား ပွဲတော်အပြီးမှာ မြန်မာနိုင်ငံအနေနဲ့ ပိုက်ကျော်ခြင်း အားကစားအတွက် ရွှေတံဆိပ်နှစ်ခု ဆွတ်ခူးရရှိခဲ့ပါတယ်။ ရွှေတံဆိပ်တစ်ခု ရရှိစေခဲ့တဲ့ နောက်ဆုံး သဲထိပ်ရင်ဖို အမျိုးသမီး နောက်ဆုံး ပွဲစဉ်အတွင်းမှာ ပိုက်ကျော်ခြင်းတွေရဲ့ team leader ဦးဥာဏ်ထွန်း ရှော့ရိုက်ပြီး သတိမေ့သွားလို့ ဆေးရုံသို့ အရေးပေါ် ပို့သလိုက်ရကြောင်းသိရပြီး လူနာရဲ့ နောက်ဆုံး အခြေအနေကို အတိအကျ မသိရသေးပါဘူး။

ဆုတံဆိပ်တွေ ရရှိပြီးလို့ သတင်းစာရှင်းလင်းရာမှာ မြန်မာ နည်းပြ ဦးကျော်ဇင်မိုးက
"မြန်မာအဖွဲ့အနေနဲ့ တစ်ခြား နိုင်ငံက အားကစားအဖွဲ့တွေလို ဟိုတယ်တွေမှာ တည်းခိုးခြင်း မပြုဘဲ ရွက်ဖျင်တဲထိုးပြီး နေထိုင်ကြကြောင်း၊ ရွက်ဖျင်တဲ အတွင်းမှာ တီဗီ တစ်လုံးမှ မရှိတာကြောင့် မြန်မာပြည်ရဲ့ ထူးခြား ဖြစ်စဉ် သတင်းတွေကို ဘာမှ မသိပါကြောင်း" ပြောကြားသွားပြီး
"အားကစားသမားကောင်း တစ်ယောက်ဖြစ်ဖို့ အတွက်၊ အားရင် ကစားရမှာ ဖြစ်ကြောင်း၊ ကောင်းကောင်း ကစားနိုင်မှ ဘီစကစ် စားရမှာဖြစ်ကြောင်း၊ ဘီစကစ်စားတဲ့ အားကစားသမား (သို့) ဘီစကစ်စားသမား တွေအနေနဲ့ ဘီစကစ်ပဲ စားဖို့ လိုအပ်ပြီး၊ နိုင်ငံ့အရေး၊ တိုင်းပြည်အရေး၊ စီးပွားရေး၊ လူမှုရေး၊ ပြည်သူလူထု အရေးကို ဘာမှ လုပ်စရာမလိုကြောင်း" ပြောကြားသွားပါတယ်။

အာရှအားကစားပြိုင်ပွဲမှ ဆုရ မြန်မာကစားသမားများ ဘီစကစ် စားနေပုံ

မြန်မာနိုင်ငံဟာ သေနတ်ပစ် ပြိုင်ပွဲတိုင်းမှာ ပြိုင်ဖက်ကင်းအောင် ရွှေတံဆိပ်ဆုတွေ အများဆုံး ရလေ့ရှိတဲ့အတွက် အိုလံပစ်ပြိုင်ပွဲနဲ့ အာရှကစားပွဲတွေမှာ သေနတ်ပစ်ပြိုင်ပွဲ ၀င်ရောက်ခြင်း မပြုရဘူးလို့ ကမ္ဘာ့ အိုလံပစ်ကောင်စီက တားမြစ်ထားပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရှုရန်

1 comment:

  1. ရေးထားတဲ့ခေါင်းစဉ်ရယ် ပုံရယ် အဲဒီနှစ်ခုတည်းနဲ့တင် ပြောင်မြောက်ပါပေတယ်
    ကြိုက်တယ်ဗျာ အားပေးတယ် ဆက်ကြိုးစားပါ

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။