Monday, November 22, 2010

ဆင်ဖြူတွေ့သော်လည်း မဖမ်းဆီးရန် ညွှန်ကြားထား

ပြီးခဲ့သော ဂျွန်လ ၂၆ ရက်နေ့နှင့် စက်တင်ဘာလ ၁၉ ရက်နေ့က ဖမ်းဆီးရမိခဲ့သည် ဆင်ဖြူနှစ်ကောင်မှာ ဘင်္ဂလားဒေ့ရှ့် နိုင်ငံမှ ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ၏ အစီအမံဖြင့်၊ ဝေဒပညာရှင်များက ယတြာ အင်းအိုင်များဖန်တီးပြီး အကွက်ချ လျှို့ဝှက် စေလွှတ်လိုက်သည့် ဘင်္ဂလား ဆင်များ ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့မှ ဝေဒပညာရှင် ဒေါက်တာ ဒေါက်တာ ကုမာရဆွာမိ (PhD & PhD in Astrology, India) က  ထုတ်ဖော် ပြောဆိုလိုက် ကြောင်း  ပြောဌာန်အာဠော သတင်းစာ  က ရေးသားဖော်ပြ သည်။
-
အဆိုပါ တရားဝင် ထုတ်ဖော် ပြောဆိုချက်မှာ နောက်ဆုံးရရှိခဲ့သည့် ဆင်ဖြူနှစ်ကောင်အား ဘင်္ဂလားဒေ့ရှ် ခရီးသွား ဧည့်သည်နှစ်ဦးမှ နေပြည်တော်တွင် လွန်ခဲ့သော နှစ်ရက်က တွေ့ရှိပြီးနောက် ပေါ်ထွက်လာခြင်းဖြစ်သည်။

ရှိတ်ဟာဆီနာ
-
BSN မှ စုံစမ်း ရရှိသော သတင်းများအရ ဘင်္ဂလား ခရီးသွား နှစ်ယောက် ဆင်ဖြူဆို၍ ၀င်ကြည့်ကြရာ ၄င်း ဆင်ဖြူကို မြင်သည်နှင့် တဟားဟားပင်ရယ်ကြကြောင်း၊ ထိုအခါ မြန်မာအာဏာပိုင်များက မြင်သွားကြပြီး ရယ်ရသော အကြောင်းရင်းကို မေးမြန်းရာ ဆင်ဖြူကို အင်းအိုင်မန္တရားများကို ကုမာရဆွာမိ၏ အစီအမံအတိုင်း ဆင်သို တွင် ရေးသား စီရင်ခဲ့သူမှာ ၄င်းတို့ပင် ဖြစ်သည်ဟု ပြောဆိုကြောင်း၊ မြန်မာတာဝန်ရှိသူ တို့က မယုံဘူးဆိုနေကြသဖြင့် ၄င်းတို့ နှစ်ယောက်က လက်တချောင်းထောင်ပြလိုက်ရာ ဆင်ဖြူသည် ၀မ်းသာအားရ တဗျောင်းဗျောင်းကခုန်ကြောင်း၊ လက်နှစ်ချောင်းထောင်လိုက်သည်နှင့် ဆင်ဖြူသည် ရှုံးပွဲချ ငိုကြွေးကြောင်း၊ သိရှိရသည်။
-
အဆိုပါ ဘင်္ဂလား နှစ်ယောက်က ဆင်ဖြူများကို ယတြာအင်းအိုင်များ စီရင်ပြီး မြန်မာပြည်သို့ ပို့လွှတ်ရခြင်းမှာ နှစ်စဉ် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို မုန်တိုင်းများ တိုက်သဖြင့် လူပေါင်းများစွာ သေဆုံးခြင်း အန္တရာယ်မှ ကာကွယ်ရန် ဖြစ်ကြောင်း၊ ယခုလည်း ဘင်္ဂလားဒေ့ရှ်ကို မုန်တိုင်းတိုက်မည်ကို သိသဖြင့် ဘင်္ဂလားဒေ့ရှ် အစိုးရ၏ မုန်တိုင်းဒဏ်မှ လွတ်ကင်းရေး စီမံချက်၏ တစိတ်တဒေသအဖြစ် ဆောင်ရွက်မှု ဖြစ်ကြောင်း ဆက်လက် ပြောကြားသွားကြောင်း၊ သို့ဖြစ်၍ မြန်မာ တာဝန်ရှိသူများ အလွန်စိတ်ပျက်သွားကြ ကြောင်း စုံစမ်းသိရှိရသည်။
-
မြန်မာနိုင်ငံ အနောက်ပိုင်းသို့ တိုက်ခတ်သွားသည့် ဂီရိ ဆိုင်ကလုန်း မုန်တိုင်းမှာ အဆိုပါ ဘင်္ဂလားမှ ပို့လိုက်သည့် ယတြာ ဆင်ဖြူကို ရှိခိုးပူဇော်ပွဲသဘင် ကျင်းပပြီးနောက် တစ်ပတ် အကြာတွင် တိုက်ခတ်သွားခဲ့ခြင်းဖြစ်သည်။

ယခုအခါ နောက်ထပ် မုန်တိုင်းတိုက်ခတ်မှုမျိုး မြန်မာနိုင်ငံတွင် မခံရစေရန်အတွက် ဆင်ဖြူ တွေ့သော်လည်း ဖမ်းဆီးခြင်း မပြုရန် ညွှန်ကြားလိုက်ကြောင်း သတင်းရရှိသည်။ နောက်ဆက်တွဲ သတင်းအဖြစ် စက်တင်ဘာလက တွေ့ရှိခဲ့သည့် ပဉ္စမမြောက် ဆင်ဖြူအပြီးတွင် ဆဌမမြောက် ဆင်ဖြူတစ်ကောင် တွေ့ရှိခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်နယ်မြေအတွင်းသို့ မောင်းထုတ်ပြီး ၀န်ကြီးချုပ် ရှိတ်ဟာဆီနာထံသို့ ပြန်လည် ပို့ဆောင် လိုက်ကြောင်း သတင်းရရှိသည်။
-
ရှိတ်ဟာဆီနာထံ ပြန်ပို့လိုက်သည့် ဆင်ဖြူပုံ 

(ပြည်တွင်းသတင်းထောက်ထံမှ)

2 comments:

  1. ဟားဟားဟား အဲဒီ ဆင်ဖြူကိုသဘောအကျဆုံးပဲ။

    ReplyDelete
  2. အထက်ပါ ဆင်ဖြူတော် မှသာလျှင် ဘုန်းတော်ကြီးမြတ်တော်မှုသော မင်းတရားကြီး ငရွေ နှင့် အမှန်စင်စစ် လိုက်ဖက်တော်မှုပါပေတယ်။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။