Monday, November 29, 2010

အင်တာနက်ဆိုင်အတွင်း ချိန်ကိုက်မိုင်း ထားသွားသည်ဟုသံသယရှိသူနှစ်နှစ်ဦး၏ ပုံအားပြောင်းလဲသတ်မှတ်

ရန်ကုန်မြို့ တော်ခန်းမအနီး City Star ဟိုတယ်အောက်ထပ်ရှိ Star Net အင်တာနက်ဆိုင်အတွင်း ချိန်ကိုက်မိုင်း ၄လုံးထား ရှိသွားသည်ဟု သံသယရှိ သူ၏ပုံကို မူလကထုန်ပြန်ထားသော ရုပ်ပုံအစားရုပ်ပုံအသစ်ကို ပြောင်းလဲထုတ်ပြန်လိုက်တယ်လို့ သတင်း ရရှိ ပါတယ်။ပြောင်းလဲရသောအကြောင်းရင်းကို အာဏာပိုင်တို့က မထုတ်ပြန်သေးသော်လည်း-
တိကျသောသတင်းပေးမှု. စုံစမ်းမှုများအရ မူလထုတ်ပြန်ထားခြင်းခံရသူနှစ်ဦးအနက် တဦးမှာ ရဲချုပ်ခင်ရီကိုယ် တိုင်ဖြစ်နေခြင်းနဲ့၊ နောက်တဦးမှာ ----မြို့ နယ်နေ.မောင်-----ဆိုသူဖြစ်တယ်လို့ သိရပြီး ၄င်းအား သွားရောက်ဖမ်းဆီးရာ--
“၂၀.၁၁.၂၀၁၀နေ့ ကအိမ်ကို ရဲကားနှစ်စီး ရောက်လာပြီးတော့ မိုင်းထောင်မှုနဲ့ ကျမသားကို လာဖမ်းတာပါလို့ ပြောတယ်.အစက ကျမလည်းတောတော်အံ့သြသွားတယ်။ ကျမသား ဆုံးသွာတာပဲ ၅ နှစ်ကျော်လောက်ရှိနေ ပြီ ။ ဒါနဲ့ကျမလည်း သားက ခုအိမ်မှာမရှိဘူး။ ဖမ်းချင်ရင် ရွာထိပ်က သုသာန်ကို လိုက်သွားဆိုလို့ လိုက်သွားတာဖဲဝိုင်း မိလာတယ်  ကြားတယ်ဟု မိခင်ဖြစ်သူက ပြောကြားသွားခဲ့ခြင်း တို့ကြောင့် ဖြစ်ဖွယ်ရှိတယ် လို့ ယူဆရပါတယ်။
CCTV၏ မှတ်တမ်းအရ ယခုအသစ်ထုတ်ပြန် ထားခြင်းခံရသူနှစ်ဦးသည် အီး ၂ လုံးလည်း ဆက်တိုက် ပေါက်သွား သည်ဟု သိရှိရသဖြင့် အီးနှစ်လုံး ဆက်တိုက်ပေါက်တတ်သူများကို  စုံစမ်းစစ်ဆေးလျက်ရှိရာ လေလည်တတ်သူများ အထူးသတိထား နေရကြောင်းလည်း သိရှိရပါတယ်
(ပြည်တွင်းသတင်းထောက်ထံမှ)

ဆက်စပ် ဖတ်ရှုရန် သတင်း

1 comment:

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။