မြန်မာ့လေကြောင်းမှ လေယာဉ်တစ်စီးသည် ရန်ကုန်မြို့မှ ထားဝယ်မြို့သို့ ပုံမှန် ခရီးစဉ်တစ်ခု ပျံသန်းနေစဉ်အတွင်း လေယာဉ် အင်ဂျင်စက်များ ရပ်တန့်သွားခဲ့သဖြင့်၊ လေယာဉ် စပါယ်ယာမလေးများ၏ ပန်ကြားချက် အရ အားကောင်းမောင်းသန် ယောက်ျားကြီးများ လေယာဉ်ပေါ်မှ ဆင်းတွန်းကြရကြောင်း၊ ဆယ်ပေခန့် လေထဲတွင် တွန်းပြီးနောက် လေယာဉ်အင်ဂျင်စက်များ "ဂရူး" "ဂရူး" ဟု ပြန်လည်ပတ်လာပြီး ဆက်လက် ထွက်ခွာနိုင်ခဲ့ရာ ထားဝယ်လေဆိပ်သို့ ချောမောစွာ ဆင်းသက် နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
လေယာဉ် ပန်ကာများ လည်ပတ်လျက် ပျံတက်သွားသော ရန်ကုန်အဲဝေးလေယာဉ်ကို တွေ့ရစဉ်
ထိုနည်းတူ ယနေ့ နံနက်ပိုင်းက ကောင်းကင်ပေါ်သို့ ပျံတက်သွားသော ရန်ကုန်အဲဝေး လေယာဉ် တစ်စီးသည် အမြင့်ပေ တစ်သောင်းငါးထောင် အရောက်တွင် လေယာဉ် အင်ဂျင် ပန်ကာများ လုံးဝ
ရပ်တန့်သွားကြောင်း သိရသည်။ သို့သော် ကံကောင်း ထောက်မစွာဖြင့် ထိုလေယာဉ်သည် ဒေါက်တိုင် တစ်ခုတွင် ငြိနေသည့်အတွက် အောက်သို့ ပြုတ်မကျဘဲ လေထဲတွင် တွဲလောင်း တွဲလောင်း ဖြစ်နေကြောင်း သတင်းရရှိသည်။
ပန်ကာများ ရပ်တန့်သွားပြီးနောက် တွဲလောင်းဖြစ်နေသော လေယာဉ်ကို တွေ့ရစဉ်
ဤသို့ မြန်မာ လောယာဉ်များကဲ့သို့ပင် လွန်ခဲ့သော သတင်းပတ်များ အတွင်းက သြစတြေးလျ နိုင်ငံမှ AirBus A-380 နှင့် ဘိုးရင်း 747 လေယာဉ်တို့၏ အင်ဂျင်စက်များလည်း ကောင်းကင်ပြင်တွင် ပျံသန်းနေစဉ်အတွင်း ရပ်တန့်ခဲ့ဖူးသည်။
No comments:
Post a Comment
ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။
မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။
တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။
ကျေးဇူးတင်ပါသည်။