Wednesday, November 24, 2010

ခြင်္သေ့ရေသောက်ဆင်းခြင်း သတင်းအပြည့်အစုံ

ယမန်နေ့က ရွှေတိဂုံ စေတီတောင် မြောက်ဖက်မုခ်အနီးမှ ခြင်္သေ့ကြီးနှစ်ကောင် သွေးဆေးကန်သို့ ရေသောက်ဆင်းခဲ့ကြောင်း သတင်း ရရှိသည်။

ထိုအကြောင်းနှင့် ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သော အခြေအနေများကို ဒေါက်တာ ဇင်ယောင်ဖြူ (နမိတ်ကျွမ်းကျင်) ကို ဆက်သွယ် မေးမြန်းကြည့်ရာ "ဒီနှစ်နွေရာသီ စားနပ်ရိက္ခာ ရှားမယ်ဗျာ၊ အထူးသဖြင့် ရေ ကတော့ တော်တော်ရှားလိမ့်မယ်" ဟု ဗေဒင် ကိန်းခန်းများ အရ ဖြေကြားသွားခဲ့သည်။

နိုင်ငံရေး ကျွမ်းကျင်သူတယောက်ကမူ "ဒီအချက်က ဘာကို ပြသ သလဲ ဆိုတော့- စစ်အစိုးရကို နိုင်ငံတကာက ပြုပြင်ပြောင်းလဲဖို့ ပြောဆို ဆုံးမနေတာ ကို ခြင်္သေ့ရုပ်တွေတောင် ရေဆင်းလို့သောက်ချင်သောက်မယ် ဆိုတာဖြစ်နိုင်ဦးမယ်၊ စစ်အစိုးရကိုတော့ ဘယ်တော့မှ ဆုံးမနားချလို့ ရမယ်မထင် ဆိုတာကို ပြလိုက်တာပဲဗျ" လို့ဖြေကြားသွားခဲ့သည်။ အမေရိကန်နိုင်ငံမှ မြန်မာ့ ယဉ်ကျေးမှု အနုပညာရေးရာ သုံးသပ်သူ တစ်ဦးကမူ "ခြင်္သေ့တွေက ထိုင်နေတာလဲ ညောင်းလှပြီ၊ အခုချိန်ထိလည်း ကိုယ့်ကိုယ်ကို အထီးမှန်းမသိ၊ အမမှန်းမသိ ဖြစ်နေတော့ ရေကန်ထဲဆင်းပြီး ကိုယ့်ကိုယ်ကို ပြန်ကြည့်တာ ဖြစ်နိုင်တယ်" ဟု ထင်မြင်ချက် ပေးသွားသည်။
ငှက်ဖျားစီမံကိန်းမှ ဆရာဝန် ရမ်းကု တယောက်ကမူ "ခြင်သစ်ဗျ၊ နမိတ်နဲ့လာတာ ခြင်အသစ်တွေပေါ်လာဖို့ အထူးသဖြင့် နောက်နှစ်မှာ ခြင်ကြောင့်ဖြစ်ပွားတဲ့ ငှက်ဖျားတို့ တုတ်ကွေးတို့ အဖြစ်များဖို့ လက္ခဏာ"ဟုဖြေကြားသွားသည်။

နောက်ဆုံးရရှိသော သတင်းအရမူ ခြင်္သေ့များ ထမင်းစားပြီး၍ ပါးစပ်ဆေးရန် ဆင်းခြင်းသာဖြစ်ပါကြောင်း၊ နှစ်ကောင်လုံး အထီးများ ဖြစ်ကြောင်း သိရသည်။

(ပြည်တွင်းသတင်းထောက် စုံစမ်းမေးမြန်း သတင်း ပေးပို့သည်)

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။