Monday, November 22, 2010

ရန်ကုန်သို့ ဘီလူးများ ရောက်နေ

မြောက်ဦး ရှေးဟောင်းနယ်မြေမှ အကာအရံ တံတိုင်းအချို့ ရထားလမ်းဖောက်လုပ်ရာတွင် ပါဝင် ပျက်စီး သွားသဖြင့် တံတိုင်း စောင့် ဘီးလူးအချို့ နေစရာနေရာ အခက်အခဲ ဖြစ်လျက်ရှိကြောင်း သတင်းရရှိသည်။ ယခုအခါ အဆိုပါ ဘီလူးများမှာ ရန်ကုန်မြို့သို့ ရောက်ရှိနေကြကြောင်း ကိုယ်တွေ့ ကြုံတွေ့ရသော ဘတ်စ်ကား စပါယ်ယာ တစ်ယောက်က ပြောကြားသည်။
"ကားခတောင်းတော့ ရှေးခေတ် ငွေဒင်္ဂါးတွေ ပေးတယ်ဗျ၊ ကျွန်တော်လဲ ငွေစက္ကူတောင်းတော့ သူက တစ်ခြား ပိုက်ဆံမရှိဘူး၊ ဒါပဲယူ- လို့ ပြောတယ်။ ကျွန်တော်လဲ မသင်္ကာတာနဲ့ နောက်ကြည့်မှန်ထဲမှာ ကြည့်တော့ အစွယ်ငေါငေါနဲ့ ဖြစ်နေတာ တွေ့ရတယ်"။


ထိုကဲ့သို့ ဘီလူးများ ရန်ကုန်မြို့သို့ရောက်ရှိမှုမှာ လွန်ခဲ့သော ၂၂ နှစ်က တစ်ကြိမ် ဖြစ်ပျက်ခဲ့ဖူးကြောင်း၊ ထိုစဉ်က မဆလ ဦးနေ၀င်း အမိန့်အရ သကျမာန်အောင် ဘုရား အနီး ရတနာသိုက် တစ်ခုကို တူးယူခဲ့ကြကြောင်း၊ ထိုအခါ အစောင့်အရှောက် ဘီလူးများ ဒေါသထွက်သဖြင့် ရန်ကုန်မြို့ပေါ်သို့ တက်လာကြကြောင်း၊ ဘီလူး ရေးရာ ကျွမ်းကျင်သူ တစ်ဦးက ပြောသည်။ ၁၉၈၈ ခုနှစ် လူပေါင်း များစွာ သေဆုံးခဲ့ရမှုမှာ အဆိုပါ ဘီလူးများ စားသောက် သဖြင့် သေဆုံးရခြင်း ဖြစ်ကြောင်း ဦးနေ၀င်းတို့၏ မိသားစု ဘိုးတော်- စကြ်ာ အောင်ပွင့်ခေါင် က ရှင်းလင်း ပြောကြားခဲ့ဖူးသည်။

(ဓာတ်ပုံ-- (ကလေးအဖေ) ဘီလူးတစ်ကောင် ဖြစ်သည့် ပုဏ္ဏက ဘီလူးအား ရန်ကုန်မြို့ ရွှေတိဂုံဘုရား ၌ ယမန်နေ့ ၂၁-၁၁-၂၀၁၀ ရက်နေ့ တန်ဆောင်မုန်းလပြည့်ည တွင် တွေ့မြင်ရစဉ် ခဏ၌ ရိုက်ကူးထားပုံ ဖြစ်ပါသည်) 

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။