Sunday, November 21, 2010

ဘန်ကောက်မြို့ကို အခြေအနေအရ လိုအပ်ပါက သိမ်းပိုက်နိုင်ရန် မြန်မာစစ်သားများ အပြေးလေ့ကျင့်နေ

ဒီကေဘီအေ ဗိုလ်နှုတ်ခမ်းမွေးနှင့် မြန်မာစစ်တပ်တို့အကြား မြ၀တီမြို့တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် ထိုင်း-မြန်မာ နယ်စပ် အခြေအနေများ တင်းမာခဲ့သည်။ ထိုသို့ တင်းမာလာရာမှ တစ်ဆင့်တက်ပြီး ထိုင်းဘက်သို့ ကျူးကျော်မှု မျိုးဖြစ်ပေါ်လာခဲ့လျှင် ထိုင်းစစ်တပ်အနေဖြင့် မြန်မာပြည် ရန်ကုန်မြို့နှင့် နေပြည်တော် တို့ကို တင့်ကားများ၊ သံချပ်ကာယန္တရား တပ်ဖွဲ့များ ဖြင့် ၀င်ရောက်သိမ်းပိုက် ရန်လိုအပ်ပါက ၁၃ နာရီနှင့် ၁၈ နာရီအတွင်းထိုးဖောက် မှုများ ပြုလုပ်လိုပါက ပြုလုပ် နိုင်ကြောင်း ထိုင်းထိပ်တန်း စစ်ဘက်ဆိုင်ရာ လျှို့ဝှက် သတင်းတရပ် ပေါက်ကြားသွားခဲ့သည်။
ထိုကဲ့သို့ စစ်ရေး ထိုးဖောက်နိုင်မှုမျိုးကို တုန့်ပြန်ရန်အတွက် မြန်မာစစ်တပ်အနေဖြင့်လည်း ပြင်ဆင်မှုများ တန်ပြန် ပြုလုပ်လျက်ရှိရာ တနင်္သာရီ တိုင်းအတွင်းရှိ စစ်တပ်များကို ဘန်ကောက်နှင့် အနီးဆုံး ထိုင်း-မြန်မာ နယ်စပ်နေရာမှ ချီတက်နိုင်ရေးအတွက် စီစဉ်နေကြောင်း ကြားသိရသည်။

ဘန်ကောက်မြို့သို့ မြန်မာ-ထိုင်း နယ်စပ်အနီးဆုံး နေရာမှ ပြေးလွှားသွားလျှင် ၁၂ နာရီ အတွင်း ရောက်ရှိနိုင်သည့် ခရီးဖြစ်သောကြောင့်၊ လောလောဆယ်တွင် မြန်မာ စစ်သားများသည် ခြေညှပ်ဖိနပ်များ စီးကာ အပြေးလေ့ကျင့်နေကြကြောင်း၊ ၁၂ နာရီအတွင်း ဘန်ကောက်မြို့သို့ရောက်အောင် ပြေးသွား ကြမည်ဖြစ်ကြောင်း မြန်မာ့ တပ်မတော် ထိပ်တန်း အရာရှိကြီးတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ထိုသတင်းနှင့် ပတ်သက်၍ မြန်မာ့တပ်မတော်အတွင်း အနှစ် ၄၀ အမှုထမ်းခဲ့သူ လက်ရှိ တပ်ကြပ်ကြီး တစ်ဦးက BS News ကို ယခုကဲ့သို့ ပြောကြားသည်။
"ပြေးပြီးတော့ ချီတက်မယ် ဆိုလဲ ချီတက်ကြပေါ့ဗျာ။ ဟိုဘက်က ဘာမှ ခုခံမှု မရှိရင်တော့ ၁၂ နာရီအတွင်း ရောက်နိုင်ပါတယ်။ ကဲ- ဘယ်သူမှ မခုခံဘူးပဲ ထားဦးဗျာ။ ဘန်ကောက်ရောက်ပြီ ဆိုတာနဲ့ အကုန်လုံး ကြွက်တက် ကုန်ပြီပေါ့။ ကြွက်တက်ပြီး မပြေးနိုင်တော့မှ ထိုင်းစစ်တပ်က ကြိုးတုပ်ပြီး ဖမ်းတာ ခံရမှာဗျ"

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။