Friday, November 26, 2010

၂၀၁၁တွင်ကျင်းပမည့်မြန်မာနယ်ရှင်နယ်လိဂ်တွင် လိမ္မော်ရောင်ဘောလုံးများ ပြောင်းလဲအသုံးပြုသွားမည်

ကျင်းပချိန်မကြာမြင့်သေးသော်လည်း ထိုးပွဲကြိတ်ပွဲများဖြင့် သွေးဆူလျက်ရှိတဲ့ မြန်မာနယ်ရှင်နယ်လိဂ်
ဘောလုံးပွဲစဉ်များမှာ အဖြူရောင်ဘောလုံးများအစား လိမ္မော်ရောင်ဘောလုံးများကို လာမယ့်၂၀၁၁မှစတင်ပြီး အသုံးပြုသွားမယ်လို့ သိရပါတယ်။
"ပွဲတွေက ညပိုင်းမှကန်တာဆိုတော့ နည်းနည်းမှောင်လာတာနဲ့ ဘောလုံးအဖြူက သိမမြင်ရတော့ဘူး။ သုဝဏ္ဏနဲ့ အောင်ဆန်းကွင်းဆို မီးလုံး တွေရှိလို့အဆင်ပြေပေမယ့် တောင်ကြီးနဲ့ မုံရွာကွင်းတွေမှာဆို မီးမရှိလို့ဘောလုံးကိုမမြင်ရပဲ ဘောလုံးသမားတွေ တော်တော်ဒုက္ခရောက်ကြရပါတယ်။ ဒါကြောင့် ကာလာ ကွဲပြားမှုရှိအောင် အဖြူရောင်အစား လိမ္မော်ရောင်ကို အသုံးပြုဖို့ ကြံရွယ်ထားခြင်း ဖြစ်ပါတယ်" လို့ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ယောက်က ပြောကြားသွားသလို---
"မြန်မာ့ဘောလုံး ကမ္ဘာလွှမ်း ဆိုပြီး အော်လာတာ နှစ်ပေါင်း မနည်းတော့ပေမယ့် အခုထိ အရှေ့တောင်အာရှကို ကျော်လို့မရောက်သေးဘူးလေ။ ဒါပေမယ့် ၂၀၀၇ တုန်းကတော့ လိမ္မော်သီးကို စစ်ဖိနပ်နဲ့ ကန်လိုက်တာမှာ ကမ္ဘာကျော်သွားတယ် မလား။ အဲဒါကြောင့် ကမ္ဘာလွှမ်းဖို့ အဖြူကနေ လိမ္မော်ရောင်ကို ယတြာအနေနဲ့ပြောင်းသုံးတာ ဖြစ်နိုင်တယ်" လို့ ပြည်သူတဦးက ပြောကြားသွားကြောင်းပါ။

(ပြည်တွင်းသတင်းထောက်ထံမှ)

1 comment:

  1. သွားတုန်းကတော့ တပြုံးပြုံး၊ ပြန်လာတဲ့အခါ အမြဲရှုံး၊
    မြန်မာ့ဘောလုံး၊ မြန်မာ့ဘောလုံး။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။