Friday, September 30, 2011

မြန်မာ ဝေါဟာရကို ဧ၀ရက် တောင်ထိပ်တွင် ရေးသားနိုင်ရေး လွှတ်တော်က ဆွေးနွေးအတည်ပြု

မြန်မာ ဝေါဟာရကို မသင့်တော်သော နေရာများတွင် မရေးသားရေး အဆိုပြုချက် ရှုံးနိမ့်သွားပြီးနောက် "မြန်မာဟူသည့် အသုံးအနှုန်းကို မြင့်မြတ်သည့် နေရာများတွင်သာ သုံးရန်" အဆိုကို ဗိုလ်မှူးကြီး ဌေးနိုင် (ကြည်း ၁၆၄ဝ၂)က ထပ်မံ တင်သွင်းရာ လွှတ်တော်မှ ဆက်လက် ဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

မြင့်သည့်နေရာ မြတ်သည့် နေရာများတွင် မြန်မာအမည် အသုံးပြုရေး ဆွေးနွေးကြရာတွင်- မြင့်သည့် နေရာနှင့် ပတ်သက်၍ ကမ္ဘာ့ အမြင့်ဆုံးတောင်ထိပ် ဖြစ်သော ဧ၀ရက် တောင်ထိပ်တွင် မြန်မာ ဝေါဟာရ ရေးထိုးပါက မြန်မာသည် ကမ္ဘာပေါ်တွင် အဆင့်အမြင့်ဆုံး ဖြစ်လာနိုင်ကြောင်း၊ မြန်မာနိုင်ငံ အတွင်းတွင်မူ ခါကာဘိုရာဇီ တောင်ထိပ်တွင် ရေးသား အသုံးပြုရမည် ဖြစ်ကြောင်း၊ ဆက်သွယ်ရေး တာဝါတိုင်များတွင် မြန်မာဟု စာရေးသား အသုံးပြု ရမည်ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး အတည်ပြုကြသည်ဟု သိရပြီး၊ မြတ်သော နေရာများတွင် အသုံးပြုရေး နှင့် စပ်လျဉ်း၍ အမြတ်ကြီးစား လက်ဝါးကြီးအုပ် စီးပွားရေး လုပ်ငန်းများနှင့် တကွ အခြား အမြတ်အစွန်းရသော လုပ်ငန်းများ ဟူသမျှတွင် မြန်မာ အမည်ကို အသုံးပြုသင့်ကြောင့် လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေး အတည်ပြုကြသည်ဟု သတင်းရရှိသည်။


Read More ...

မြန်မာ ဝေါဟာရကို အိမ်သာများ၊ အနှိပ်ခန်းများ နှင့် ပျော်တော်ဆက်များတွင် ရေးသားအသုံးပြုနိုင်

တပ်မတော်သား လွှတ်တော်အမတ် ဗိုလ်မှူးကြီး ဌေးနိုင် (ကြည်း ၁၆၄ဝ၂)က 'မြန်မာ ကာရာအိုကေ၊ မြန်မာ အနှိပ်ခန်း၊ မြန်မာ ပျော်တော်ဆက်' စသည့်နေရာများတွင် မြန်မာ ဟူသည့် အသုံးနှုန်း သုံးစွဲလာကြမည်မှာ မသင့်တော်ကြောင်း၊ ထို့ပြင် မြန်မာ ဟူသော ဝေါဟာရကို သန့်စင်ခန်းများတွင်လည်း ရေးသားခြင်း မပြုသင့်ကြောင်း လွှတ်တော်တွင် တင်ပြရာ ၊ ထိုအဆိုမှာ ကန့်ကွက်မဲ ၂၅ဝ၊ ထောက်ခံမဲ ၁၃၃ နှင့် ကြားနေမဲ ၁၃ မဲဖြင့် ရှုံးနိမ့် သွားကြောင်း သိရသည်။

ထို့ကြောင့် မြန်မာဟူသော ဝေါဟာရကို မသင့်တော်သော နေရာများ၊ အိမ်သာများတွင်  အသုံးပြုနိုင်သည်ဟု လွှတ်တော်ကိုယ်စားလှယ် အများစုက ရှုမြင်ကြောင်း သတင်းရရှိသည်။


Read More ...

Tuesday, September 27, 2011

ရန်ကုန်တွင် အ၀ါရောင်များ ဆုတောင်းမှုကြောင့် ထိုင်းဝန်ကြီးချုပ် ဒေါ်ရင်လှ ကြောက်ရွံ့လျက်ရှိ

(Photo: the Voice weekly)

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ဧရာဝတီမြစ်ဆုံ စီမံကိန်း ဆက်လက် မတည်ဆောက်ရေး၊ နယ်စပ်ဒေသများတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ် ရပ်စဲရေး၊ စစ်မှန်သော တွေ့ဆုံဆွေးနွေးရေးနှင့် အမျိုးသား ရင်ကြားစေ့မှု ဖြစ်ပေါ်ရေး၊ ရွှေဝါရောင် တော်လှန်ရေးတွင် ကွယ်လွန်သွားသည့်သူများ အတွက် ရည်ရွယ်ပြီး ရန်ကုန်မြို့တွင် အ၀ါရောင် ၀တ်ဆင်သူများက ဆုတောင်းပွဲ ပြုလုပ်သဖြင့်၊ အ၀ါရောင် ၀တ်သူများ၏ ဆန့်ကျင်ဖက် အနီရောင် အုပ်စုမှ ထိုင်းဝန်ကြီးချုပ် ကြောက်လန့်လျက် ရှိသည်။

အ၀ါရောင်ဝတ်ဆင်သူတို့၏ လှုပ်ရှားမှုများ မြန်မာပြည်မှ ထိုင်းနိုင်ငံသို့ ကူးစက်လာမည်ကို ကြောက်ရွံ့ စိုးရိမ်သဖြင့် ထိုင်းဝန်ကြီးချုပ် မစ္စဒေါ်ရင်လှ မြန်မာပြည်သို့ လာရောက်ကာ မြန်မာအစိုးရနှင့် တွေ့ဆုံရန် စီစဉ်နေသည်။ (Read Here)။

အ၀ါရောင်များကို မြန်မာအစိုးရ အနေဖြင့် နှိမ်နင်းလိုပါက ထိုင်းနိုင်ငံမှ အနီဝတ်များကို စေလွှတ်ပေးမည် ဟုလည်း မစ္စဒေါ်ရင်လှက ပြောဆိုကြောင်း ထိုင်းသတင်းရပ်ကွက်က ဆိုသည်။ ဒေါ်ရင်လှ အနေဖြင့် မြန်မာအစိုးရ ကျောထောက်နောက်ခံ ပြုထားသည့် ကြံ့ဖွတ်များနှင့် စွမ်းအားရှင်များကို အနီဝတ်များအဖြစ် အသွင်ပြောင်းကာ အ၀ါများကို နှိမ်နင်းနိုင်ရေး ဆွေးနွေး သွားမည်ဟုလည်း ထိုင်းသတင်းရပ်ကွက် အရ သိရသည်။


အနီရောင်များ စေလွှတ်မည်

လွန်ခဲ့သော နှစ်အနည်းအတွင်း အ၀ါရောင် ၀တ်ဆင်သူများ၏ သုဝဏ္ဏဘူမိ လေဆိပ်ပိတ်ဆို့ ဆန္ဒပြသည့် လှုပ်ရှားမှုကြောင့် အနီရောင်များ ထောက်ခံသည့် ထိုင်းအစိုးရ ပြုတ်ကျခဲ့ဖူးရာ မစ္စ ရင်လှ အနေဖြင့် အ၀ါရောင်များကို ကြောက်ရွံ့လျက် ရှိသည်ဟု ဆိုသည်။

ရာဇ၀င်များရဲ့ သတို့သမီး သီချင်း အမည်ပြောင်းပြီ


ရာဇ၀င်များရဲ့ သတို့သမီး သီချင်းကို အမည် ပြောင်းလိုက်ပြီဖြစ်သည်။

အမည်သစ်မှာ ဧရာဝတီ ဖြစ်သည်။

အဆိုတော် ထူးအိမ်သင် မှာလည်း ဘ၀တပါးမှ နေ၍ အမည်ပြောင်းလိုက်သည်။

အမည်သစ်မှာ ထူးအိမ်သင်း ဖြစ်သည်။

@ကိုဖြိုး


သီချင်း အသစ်၊ အဆိုတော် အသစ် (နားဆင်ရန်) ...

Sunday, September 25, 2011

စိုင်းတင် ရေတံခွန် ခွန်အားဗလကြီးမားကာ ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး ဖြစ်လာ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ စိုင်းတင် ရေတံခွန်သည် ခွန်အားဗလ အလွန် ကြီးထွားလာကြောင်း သတင်းရရှိသည်။ ခွန်အားဗလ ကြီးမားလာသဖြင့် အရွယ် အစားလည်း အဆမတန် ကြီးမားလာကာ ယခုအခါ ကမ္ဘာပေါ်တွင် တတိယ အကြီးဆုံး ရေတံခွန် ဖြစ်လာကြောင်း သတင်းတပုဒ်တွင် တွေ့ရသည်။။

-
ထို့ကြောင့် အောက်ပါ စာရင်းတွင် ဖော်ပြထားသည့် ကမ္ဘာ့ အကြီးဆုံး၊ ကမ္ဘာ့အမြင့်ဆုံး နှင့် ကမ္ဘာ့ ရေစီးနှုန်း အများဆုံး စာရင်းများ မှားယွင်းသွားသည်။
-
-
-

Saturday, September 24, 2011

မြန်မာငွေ ၃၀ ကျပ်ဖြင့် ထမင်း အ၀စားနိုင်ပြီ


နိုင်ငံတစ်ဝန်းရှိ မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့အချုပ်ခန်းအသီးသီးတွင် အကြောင်း အမျိုးမျိုးကြောင့် ဖမ်းဆီး ချုပ်နှောင်ခံနေရသော အချုပ်သားများအတွက် ထမင်းကျွေး စရိတ်ကို ၃ဝ ကျပ်နှုန်း ခွင့်ပြုထားကြောင်း သိရသည်။

ရဲတပ်ဖွဲ့ စတင်ဖွဲ့စည်းစဉ်ကပင် အချုပ်တရားခံများကို နိုင်ငံ တော်မှ ခွဲဝေချထားပေးသည့် အချုပ်တရားခံ ထမင်းကျွေးစရိတ် ရန်ပုံငွေ တစ်ကျပ်နှင့် ကျွေးမွေးခဲ့ ကြောင်း၊ ၁၉၇၃ ခုနှစ် နောက်ပိုင်း ကာလတွင် ကုန်ဈေးနှုန်း ပမာဏ တိုးမြင့်လာသည်နှင့်အမျှ ရန်ပုံငွေကို တိုးမြှင့်တောင်းခံမှုများ ပြုခဲ့ရာ နိုင်ငံ တော်မှ ၁-၅-၁၉၇၃ မှ ၃၁-၃-၁၉၇၇ ထိ ၁ ကျပ် ၅ဝ ပြားနှုန်း၊ (ငါးမူး ထပ်တိုးသည်) ၁-၄-၁၉၇၇ မှ ၁၄-၇-၁၉၈၇ ထိ ၂ ကျပ် ၅ဝ ပြားနှုန်း၊ (တစ်ကျပ် ထပ်တိုးသည်)။ ၁၅-၇-၁၉၈၉ မှ ၃၁-၃-၂ဝဝ၄ ထိ ၅ ကျပ်နှုန်း၊ (နှစ်ဆ တိုးလာသည်)။ ၁-၄-၂ဝဝ၄ မှ ယနေ့ ထိ ၃ဝ ကျပ်နှုန်း (ခြောက်ဆ တိုးလာသည်) ခွင့်ပြုတိုးမြှင့်ပေးခဲ့ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောသည်။

ထမင်းစရိတ် ငါးကျပ်မှ ၃၀ ကျပ် သို့ တိုးရန် ဆယ့်ငါးနှစ် ကြာစောင့်ရပြီး ခြောက်ဆ တိုးမြှင့်ပေးခဲ့သည် ကို တွေ့ရမှာ ဖြစ်ကြောင်း၊ ယခုအခါ အဆိုပါ နှုန်းထားကျင့်သုံးမှုမှာ ၇ နှစ် ကြာမြင့် ခဲ့ပြီဖြစ်သဖြင့် တိုးမြှင့်ပေးတော့မည် ဖြစ်ကြောင်း၊ အဆ မည်မျှ ထပ်တိုးမည်ကို မူ  မသိသေးကြောင်း၊ ဒုဝန်ကြီးက ပြောသည်။

”ငွေ ၃၀ ကျပ် ဆိုတာ အလွန် များပြားလွန်းတဲ့ အတွက် ဒီကိစ္စကို ကျွန်တော်တို့က နိုင်ငံတော် သမ္မတဆီ တင်ပြရပါတယ်။ အခု- နိုင်ငံတော် သမ္မတရုံး ရဲ့ ခွင့်ပြုချက်အရ သြဂုတ်လ ၁၄ ရက်နေ့မှာခန့်မှန်း ကုန်ကျစရိတ်လျာထား တွက်ချက်မှုနဲ့အတူ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသို့ ပေးပို့ဆောင်ရွက်လျက် ရှိပါတယ်” ဟု ၄င်းက ပြော သည်။

၎င်းအပြင် ထမင်းကျွေးစရိတ် ၃ဝ ကျပ်နှုန်းဖြင့် ကျွေးမွေးနေရမှု သည် ယနေ့ ကုန်ဈေးနှုန်းအရ လုံ လောက်မှု မရှိသည်ကို တွေ့ရှိရပါ ကြောင်း၊ သို့ရာတွင် သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ် ရဲတပ်ဖွဲ့ များ၏ အစီအစဉ်ဖြင့် စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရ ရှိသောကြောင့် ထမင်းတစ်နပ်ကို ၃၀ ကျပ်နှုန်းဖြင့် ယခုကဲ့သို့ ကျွေးမွေးနိုင်ခြင်း ဖြစ်ကြောင်း၊ ဆန်တစ်ပြည်ကို တစ်ကျပ်၊ ၀က်သား အမဲသား တစ်ပိဿာကို သုံးကျပ်၊ ငါးတစ်ပိဿာကို နှစ်ကျပ်၊ ဟင်းသီးဟင်းရွက် တစ်စည်းလျှင် နှစ်ဆယ့်ငါးပြား စသည့် အထူးဈေးနှုန်းဖြင့် ရဲတပ်ဖွဲ့များက ၀ယ်ယူ ရရှိနေသည့် အတွက် ယခုကဲ့သို့ ထမင်းတစ်နပ်လျှင် ၃၀ ကျပ်နှုန်းဖြင့် အတတ်နိုင်ဆုံး ကောင်းမွန်စွာ စားသောက်နိုင်အောင် ဆောင်ရွက်ပေး နိုင်ခြင်း ဖြစ်ကြောင်း ၄င်း က ထပ်လောင်းဆိုသည်။


Read More ....

Friday, September 23, 2011

ဘောလုံးသမားမပါဘဲ နည်းပြများဖြင့်သာ ကစားမည့် ကမ္ဘာ့ပထမဆုံး ဘောလုံးကလပ် ပေါ်ထွက်လာ


စက်တင်ဘာ ၁၉-၂၅ ရက်ထုတ် The Voice Weekly ဂျာနယ်ပါ သတင်းတစ်ခုအရ MNL ပြိုင်ပွဲဝင် ရခိုင်ပြည်နယ် ကိုယ်စားပြု ရက္ခပူရ ဘောလုံးကလပ်တွင် ဘောလုံးသမားများကို အသုံးမပြုဘဲ နည်းပြများဖြင့်သာ ဘောလုံး ဆက်လက်ကစားမည်ဟု ရေးသားဖော်ပြထားသည်။

အဆိုပါသတင်းအရ ရခိုင်ကလပ်(ရက္ခပူရ) နည်းပြ မင်ကော့စကီးသည် ရက္ခပူရတွင် ရက်အတန်ကြာ ပူပန်နေခဲ့ရသည့်အတွက် နေပြည်တော်လွှတ်တော်ကလပ်တွင် အငှားဖြင့် သွားရောက်ကစားနေကြောင်း၊ မင်ကော့မရှိတော့သည့်အတွက် ရက္ခပူရအသင်းအနေဖြင့် ပွဲကျန်များကို လက်ကျန်နည်းပြများဖြင့်သာ ဆက်လက်ကစားသွားရမည်ဟုဆိုလေရာ ရက္ခပူရဘောလုံးအသင်းမှာ နည်းပြများဖြင့်သာ ဘောလုံးကစားမည့် ကမ္ဘာ့ပထမဆုံး ဘောလုံးကလပ်အသင်းတစ်ခုဖြစ်လာဖွယ်ရှိနေပေသည်။


(ချောင်းဖြူ)

Wednesday, September 21, 2011

သုဝဏ္ဏဘောလုံးကွင်းကို လယ်ကွင်းအဖြစ်ပြောင်းလဲပြီး စပါးစိုက်တော့မည်

စပါးစိုက်ပျိုးရန် အသင့်ဖြစ်နေသော ထွန်ယက်ပြီး သုဝဏ္ဏလယ်ကွင်း (ဓာတ်ပုံ- the Voice weekly)

သုဝဏ္ဏဘောလုံးကွင်းကို လယ်ကွင်း အဖြစ် ပြောင်းလဲ တော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဦးဇော်ဇော်က ပြောဆိုလိုက်သည်။

နိုင်ငံတော် သမ္မတကြီးကိုယ်တိုင် လယ်ယာထွန်ယက်ပြီး ကောက်စိုက်နေသည်ကို (Read Here) ထောက်ခံ အားပေးသည့် အနေဖြင့် လည်းကောင်း၊ စိုက်ပျိုးရေးကို အခြေခံ၍ အခြားစီးပွားရေး ကဏ္ဍများကိုလည်း ခေတ်မီဖွံ့ဖြိုးအောင် ဆောင်ရွက်ရေး ဟူသော စီးပွားရေး ဦးတည်ချက်ကို အကောင်အထည် ဖော်သည့် အနေဖြင့် လည်းကောင်း ယခုကဲ့သို့ သုဝဏ္ဏဘောလုံးကွင်းကို လယ်ကွင်းအဖြစ် ပြောင်းလဲကာ စပါး စိုက်ပျိုးတော့မည် ဖြစ်ကြောင်း ဦးဇော်ဇော်က ပြောသည်။


လယ်ကွင်းအတွင်း ဘောလုံးတစ်လုံးဖြင့် ပြေးလွှားနေကြစဉ် (ဓာတ်ပုံ- the Voice weekly)

Monday, September 19, 2011

အင်ဂျင်လုံးဝ မလိုသည့်ကား၊ ချင်းပြည်နယ်မှ ထုတ်လုပ်

လောင်စာ စွမ်းအင် အသုံးပြုရန် လုံးဝ မလိုအပ်သော အင်ဂျင်မဲ့ ကားများကို ချင်းပြည်နယ်အတွင်း ထုတ်လုပ် အသုံးပြုနေကြောင်း သတင်းရရှိသည်။

မည်သည့် လောင်စာမှ အသုံးပြုရန် မလိုသဖြင့် လေထုညစ်ညမ်းခြင်း၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ခြင်းများကို ဖြစ်ပေါ်စေခြင်း မရှိပေ။

သို့သော် အဆိုပါ ကားများမှာ တောင်ပေါ်မှ တောင်အောက်သို့သာ မောင်းနှင် နိုင်ကြောင်း သိရသည်။


(မြန်မာကျုပစ်ဖိုရမ်မှ)

ပထမဦးစွာ ကားများကို တောင်ပေါ်ရောက်အောင် တွန်းတင်ကြရကြောင်း၊ (သို့မဟုတ်) ကြိုးဖြင့် ဆွဲတင်ကြရကြောင်း၊ တောင်ပေါ်ရောက်လျှင် ယာဉ်မောင်းသူက ကား၏ စတီယာရင်နှင့် ဘရိတ်ကို ထိန်းပြီး တောင်အောက်သို့ မောင်းနှင်လေ့ ရှိကြောင်း သိရသည်။

ယခုအခါ စက်ဖြင့် မောင်းနှင်မရဘဲ လူများက တွန်းပို့ရသည့် ကားများကို အပ်နှံပြီး၊ နိုင်ငံခြားမှ မော်ဒယ်မြင့် ကားသစ်များကို တင်သွင်းခွင့်ပြုထားသည်။ သို့သော် ချင်းပြည်နယ်မှ ထုတ်လုပ်သော ကားများမှာ ဖော်ပြပါ ကားများနှင့် သဘာဝချင်း တူညီသော်လည်း၊ ယဉ်ကျေးမှုနှင့် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် အလို့ငှာ နိုင်ငံခြားလုပ် ကားများနှင့် လဲလှယ်ခွင့် မပြုကြောင်း သတင်းရရှိသည်။


(ဒီကားတွေတော့ ကားသစ်နဲ့ လဲလို့ရတယ်)
Photo: The Voice 

@Anonymous

အပြည့်အစုံ ဖတ်ရှုရန် ...

Saturday, September 17, 2011

လွှတ်တော်တက်ကြသည့်မွန်တိုင်းရင်းသားအမတ်အချို့ နာမည်တစ်လုံးပိုရခဲ့

နေပြည်တော်တွင်ကျင်းပဆဲဖြစ်သည့် လွှတ်တော်တက်ရောက်နေကြသည့်မွန်အမတ်အချို့ မိမိတို့၏မူရင်းအမည်များရှေ့တွင်နာမည်တစ်လုံးပိုလာသည်ကို အစိုးရသတင်းစာများဖေါ်ပြချက်အရ သိရသည်။

ကြံဖွတ်ပါတီဝင် မိရင်ချမ်းသည် ဒေါ်မိရင်ချမ်းဟု၎င်း၊ မွန်ပါတီမှမိမြင့်သန်းသည် ဒေါ်မိမြင့်သန်းဟု၎င်း၊ သံဖြူဇရပ်မှလွှတ်တော်ကိုယ်စားလှယ် နိုင်ထွန်းအုံးသည် ဦးနိုင်ထွန်းအုံဟု၎င်းအလားတူ မိ၊ နိုင် အမည်ရှိမွန်အမတ်များနာမည်ရှေ့တွင် ဒေါ်(သို့မဟုတ်) ဦး တစ်လုံးအပိုပေးလိုက်သည်မှာနိုင်ငံတော်၏စေတနာဖြစ်ကြောင်း ဒေါက်တာဗညားအောင်မိုးက ယုံကြည်စိတ်ချရသူတစ်ဦးထံမှ တဆင့်ပြောကြားလာသည်။

ရေးမြို့နယ်လွှတ်တော်အမတ်နိုင်ဗညားအောင်မိုးမှာ ဆရာဝန်ဖြစ်သဖြင့် “ဒေါက်တာ” ကိုရှေ့တွင်တပ်ဆင်လိုလျှင် “နိုင်”ကိုဖြစ်ပေးလိုက်ရသောကြောင့် ယခုအခါ “ဒေါက်တာဗညားအောင်မိုး” ဟုမြန်မာသတင်းစာများတွင်ဖေါ်ပြလေ့ရှိကြောင်းသိရသည်။

မွန်အရေးကျွမ်းကျင်သူတစ်ဦးအဆိုအရမွန်တို့၏ မိ၊ နိုင် အခေါ်အဝေါ်များမှာ မြန်မာ ဒေါ်၊ ဦး နှင့်အတူတူအဓိပ္ပါယ်ရှိကြောင်း၊မွန်နာမည်များတွင် ဒေါ်၊ ဦး စသည့်အခေါ်အဝေါ်များအပိုတပ်ထည့်သည်မှာ မွန်ယဉ်ကျေးမှုနှင့်ဆန့်ကျင်နေကြောင်းသိရ၏။ သို့ရာတွင် မွန်အမတ်များမှာ ဒေါ်၊ ဦး တို့အားမည်သူမည်ဝါ ထည့်ခေါ်လိုက်မှန်း မသိရှိရသော်လည်းနိုင်ငံတော်စေတနာဟုသိရသဖြင့် အောက်သက်သက်ဖြင့်ငြိမ်ပေးလိုက်ရကြောင်း အဆိုပါနေပြည်တော်ရောက်အမတ်များအတွက်ရုံးအကူကွန်ပျူတာသမားတစ်ဦးက လက်တို့ပြောကြားခဲ့သည်။

ပေးပို့သူ- ဗညား

Thursday, September 15, 2011

WHO ကို အမည်ပြောင်းပြီ


ကုလသမဂ္ဂက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကို အမည်ပြောင်းလိုက်ပါပြီ။
အမည်သစ်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ဖြစ်ပါတယ်။

သက်တမ်းရှည်အဖွဲ့ကြီးကို ဘာကြောင့် နာမည်ပြောင်းလိုက်တာလဲဆိုတာ ကုလသမဂ္ဂက မကြေညာသေးပါ။
နာမည်ကို ပြောင်းသင့်လို့ ပြောင်းရတာပါလို့ ပညာရှင်တဦးက ယူဆနေပါတယ်။

အဲဒီ ဌာနကအရာရှိတွေ၊ ၀န်ထမ်းတွေဟာ စားတဲ့နေရာမှာ ပါးနပ်ပြီး၊ ရိပ်တဲ့နေရာမှာ လက်ဖျားခါရလောက်အောင် ၀ါရင့်နေကြလို့ စားနပ်ရိက္ခာအဖွဲ့ ဆိုပြီး အမည်ပြောင်းလိုက်တာ ဖြစ်နိုင်ကြောင်း ဖင်လန်နိုင်ငံ ရှက်စရာကြီးတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာပေါ်တင်က သုံးသပ်ပါတယ်။

ဒေါက်တာပေါ်တင်ရဲ့ သုံးသပ်ချက်ကြောင့် WHO အရာရှိတွေ၊ ၀န်ထမ်းတွေ အကြီးအကျယ် အီးတင်းနေကြတယ်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံးက ၀ါရှင်ကို လျှို့ဝှက်ပေးပို့တဲ့ ကြေးနန်းစာတစောင်မှာ အခိုင်အမာ ရေးထားပါတယ်။

ဒီအကြောင်း သံရုံးကို ဖုန်းဆက်မေးကြည့်တော့ ဖြေဆိုဖို့ ငြင်းပါတယ်။

"အဲဒီကြေးနန်းစာကို ဒီကနေ့ ရက်စွဲနဲ့ ပေးပို့လိုက်တာ ဆိုပေမယ့် သိပ်မကြာခင် ၀ီကီလိဝက်ဆိုက်မှာ ပေါ်လာမှာပဲ။ အဲဒီအခါမှ ယူဖတ်ပါခင်ဗျာ" လို့ သံရုံးအရာရှိက အလွတ်သဘော ပြောပါတယ်။

(ဇာနည်ဝင်း)


အပြည့်အစုံ ဖတ်ရန် ...

Wednesday, September 14, 2011

ဒေါ်အောင်ဆန်းစုကြည် ကိုယ်ရံတော်များ ခြံရံလျက် ဘောလုံးပွဲကြည့်ရှု

(Photo: The Voice Weekly)

ဒေါ်အောင်ဆန်းစုကြည် ယနေ့ကျင်းပသော မြန်မာ-လာအို ဘောလုံးပွဲ ကြည့်နေသည်။
ဘေးမှ ကိုယ်ရံတော်နှစ်ဦးက ဒေါ်အောင်ဆန်းစုကြည်၏ ကာကွယ်ရေး တာဝန်ကို ယူထားကြ၏။
မတော်တဆ ဒေါ်အောင်ဆန်းစုကြည်အနီးသို့ ကွင်းထဲမှ ဘောလုံး ချော်ထွက် ရောက်ရှိလာပါက ပါးစပ်ဖြင့် ကိုက်ဖမ်းရန် အဆင်သင့် ပြင်ဆင်ထားကြသည်။
ဓာတ်ပုံတွင် ပါးစပ်ကြီး ဟထားသော ကိုယ်ရံတော် နှစ်ဦးအား တွေ့မြင်နိုင်သည်။

လျှပ်စစ်ဝန်ကြီး ဧရာဝတီစီမံကိန်းကို ကာကွယ်ပြောဆိုရာတွင် ကာတွန်းစာအုပ်ကို ကိုးကား သွားခြင်း

ဧရာဝတီ မြစ်ဆုံစီမံကိန်းကို လုံးဝ ရပ်တန့်မှာ မဟုတ်ကြောင်း မြန်မာ လျှပ်စစ်ဝန်ကြီးက မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောဆိုလိုက်သည်။

ဝန်ကြီးက ပြောကြားရာတွင် ဧရာဝတီမြစ်သည် မဟာဗန္ဓုလ အရိုးစေတီ တည်ရှိရာ မြစ်ကမ်းပါးကို တိုက်စားဖြိုဖျက်ရန် ကြိုးစားခဲ့ကြောင်း၊ ထို့ကြောင့် သမိုင်းဝင် အမွေအနှစ်ကို ထိန်းသိမ်းခဲ့ရကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ဖြစ်သည့် မြစ်ကမ်းပါးနှင့် ယဉ်ကျေးမှု အမွေအနှစ်ကို ဖျက်ဆီးသည့် တရားခံမှာ ဧရာဝတီမြစ်သာ ဖြစ်ကြောင်း ကာတွန်းစာအုပ်ကို ကိုးကားပြီး ပြောဆိုသွားသည်။



ဆက်လက်၍- ဧရာဝတီမြစ်မှာ စီးချင်သလို လျှောက်ပြီး စီးဆင်းနေခြင်း ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဧရာဝတီမြစ် ပေါက်ကရ လျှောက်စီးနေမှုကြောင့် မြစ်ကမ်းပါးများ တိုက်စားခံရပြီး ပြိုပျက်ရကြောင်း၊ ထိုကဲ့သို့သော သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုမှ ကာကွယ်ရန် မြစ်ဆုံ ရေကာတာစီမံကိန်းကို တည်ဆောက်ရခြင်း ဖြစ်ကြောင်း၊ စီးချင်သလို လျှောက်စီးသော ဧရာဝတီမြစ်ကို ရေကာတာကြီး တည်ဆောက်ကာ မစီးဆင်းနိုင်အောင် တားဆီးရမည် ဖြစ်ကြောင်း၊ သို့မှသာ ဧရာဝတီမြစ်ကြီး ပေါက်တတ်ကရ လျှောက်စီးတော့မှာ မဟုတ်ကြောင်း ၀န်ကြီးက ကာတွန်းစာအုပ် အကိုးအကားဖြင့် ရှင်းလင်း ဖြေကြားသွားခဲ့သည်။

သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အရပ်ဝတ်အစိုးရ လက်ထက်တွင် ၀န်ကြီးပု ဦးကျော်ဆန်းက ဆဒ္ဒန်ဆင်မင်းဇာတ် ကပြခဲ့ခြင်းကို အားကျမခံသည့် အနေဖြင့်လျှပ်စစ်ဝန်ကြီးက ကာတွန်းစာအုပ်ကို ကိုးကားပြီး မီဒီယာများကို ရှင်းလင်းသွားခြင်း ဖြစ်ကြောင်း သိရသည်။

Read More ...

Sunday, September 11, 2011

ကားတစ်စီး- စီးဖို့ ဒေါ်လာတစ်သိန်း လိုအပ်

(7 Day News Journal FB)

အစိုးရဘဏ်များတွင် ဒေါ်လာ တစ်သိန်း နှင့် အထက် အပ်နှံထားပါက ကားတစ်စီး တင်သွင်းနိုင်မည် ဖြစ်ကြောင်း သိရသည်။

ကား အနွယ်ဝင် ဖြစ်သည့် "ဆိုက်ကား" တစ်စီး တင်သွင်းရန် အတွက်မူ အစိုးရ ဘဏ်များတွင် ဒေါ်လာ ငါးသောင်း အနည်းဆုံး အပ်နှံထားရှိရမည်ဟု အတည်မပြုရသေးသော သတင်းတစ်ပုဒ်က ဆိုသည်။


Read More ...

မြန်မာ့ပိုင်နက်အတွင်းသို့ ဂေါ်ဇီလာကြီး တစ်ကောင် ယနေ့ညနေပိုင်းတွင် ၀င်ရောက်မည်

မြန်မာနိုင်ငံ ပိုင်နက် နယ်မြေ အတွင်းသို့ အလွန်ကြောက်မက်ဖွယ် ကောင်းသည့် ဂေါ်ဇီလာ သတ္တ၀ါကြီး တစ်ကောင် ယနေ့ ညနေပိုင်းတွင် ၀င်ရောက်လာမည်ဟု သတင်းရရှိသည် (Click Here)။

မြန်မာ့နယ်မြေအတွင်းသို့ ၀င်ရောက်မည့် အကြောင်းကို ဂေါ်ဇီလာကြီးက The Voice Weekly မှ တဆင့် ကြိုတင် အသိပေးထားသည်။


 (မိုးမခ-Click Here)
-

ကြောက်မက်ဖွယ် ကောင်းသည့် ဂေါ်ဇီလာ သတ္တ၀ါကြီး မြန်မာပြည်သို့ ၀င်ရောက်မည့် သတင်းကြောင့် မြန်မာ့တပ်မတော် ကြည်း၊ရေ၊လေ တပ်ဖွဲ့ဝင်များကို လက်နက် အပြည့်အစုံဖြင့် အသင့် အနေအထား ပြင်ဆင် ခိုင်းထားသည်ဟု ကျင်းပဆဲလွှတ်တော်မှလာသော သတင်းတပုဒ်က ဆိုသည်။

ထိုအချိန်တွင် မြန်မာ့ပိုင်နက် နယ်မြေအတွင်းသို့ ၀င်ရောက်မည့် ဂေါ်ဇီလာကြီး၏ ဓာတ်ပုံကို အင်တာနက် စာမျက်နှာ တခုက အောက်ပါအတိုင်း ဖော်ပြသည်။ (Click)။ သို့သော် ဂေါ်ဇီလာကို လိုလီပွတ် ဘာသာစကားဖြင့်  ဂေါ်ဖီအာဟု စာလုံး ပေါင်းထားသည်ကို တွေ့ရသည်။


"အခု သတင်းတွေထဲ တွေ့နေရတဲ့ ဂေါ်ဇီလာဆိုတဲ့ ကြောက်စရာ သတ္တ၀ါကြီး မြန်မာ ပြည်ထဲ  ရောက်လာလို့  မြန်မာနိုင်ငံသားတွေ ထိတ်လန့်စရာ လုံးဝ မလိုပါဘူး။ အခု ၀င်လာမယ့် ဂေါ်ဇီလာ သတ္တ၀ါကြီးက မြန်မာ့ပိုင်နက် နယ်မြေထဲ ရောက်တာနဲ့ ချက်ချင်း အရွယ်အစား သေးငယ်သွားပြီး ပုတ်သင်ညို အသွင် ပြောင်းလဲသွားမှာပါ။ ဂေါ်ဖီအာ ဆိုတာ လိုလီပွတ် ဘာသာစကားမှာ ပုတ်သင်ညို လို့ အဓိပ္ပါယ်ရပါတယ်။ ခေါင်းညိတ်တတ်တယ်၊ ရေမြေကို လိုက်ပြီး အရောင် ပြောင်းတတ်တယ်။ ဂေါ်ဇီလာနဲ့ ပုံသဏ္ဍာန်ချင်း တူသလိုလိုတော့ ရှိတာပေါ့ဗျာ" ဟု သဘာဝ သမိုင်းပြတိုက်မှ ကျွမ်းကျင်သူ တဦးက ပြောပြသွားသည်။

Friday, September 9, 2011

လွှတ်တော်အတွင်း ဦးကျော်ဆန်း ကပြဖျော်ဖြေ

ဦးကျော်ဆန်း ကပြဖျော်ဖြေနေစဉ် (ဓာတ်ပုံ-ဧရာဝတီ)

ကျင်းပဆဲ လွှတ်တော်အတွင်း မင်းသားကြီး ဦးကျော်ဆန်းက ဆဒ္ဒန်ဆင်မင်း ဇာတ်ထုပ်ဖြင့် ရွှေပွဲလာပရိသတ် အမတ်မင်း အပေါင်းအား ကပြဖျော်ဖြေ အသုံးတော်ခံသွားကြောင်း သတင်းရရှိသည်။

မင်းသားကြီး ဦးကျော်ဆန်းသည် လွှတ်တော်အတွင်း အဆိုပါ ဇာတ်တော်ကြီးကို နာရီဝက်ကျော် ကြာအောင် ကပြနေသည့် အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အလင်္ကာကျော်စွာ သူရ ဦးရွှေမန်းက လိုရင်းကို ဖြေကြားရန် သတိပေးပြောဆိုခဲ့ရသည်ဟု လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောပြသည်။

ဦးကျော်ဆန်းမှာ ၀န်ကြီးရာထူးမှ အလုပ်ပြုတ်ပါက ဇာတ်ထောင်ကာ ဇာတ်မင်းသားကြီး လုပ်ရန် စီစဉ်နေကြောင်း နေပြည်တော် လွှတ်တော် ဇာတ်သဘင်ခန်းမကြီး မှ လာသော သတင်းတပုဒ်က ဆိုသည်။


News (1) 
News (2)

Thursday, September 8, 2011

အမေရိကား ဖိုးဝင်းမြို့မှ ရှေးဟောင်း မြန်မာများ

မြန်မာလူမျိုး သင်္ဘောသူကြီး ကိုလံဘတ်ရဲ့ တိုက်ကြီးအသစ်တစ်တိုက်ကို ရှာဖွေတွေရှိမှုနဲ့ အတူ မြန်မာလူမျိုး များစွာဟာ အဲဒီ တိုက်သစ်ကြီးမှာ အခြေချ နေထိုင်လာခဲ့ကြပါတယ်။

ကိုလံဘတ်က သူရှာဖွေတွေ့ရှိတဲ့ တိုက်ကြီးကို အမေကြီးကား တိုက်လို့ အမည်ပေးလိုက်ပါတယ်။ အမေကြီးတစ်ယောက် ပေါင်နှစ်ချောင်းကားပြီး ထိုင်နေတာကို စတင်တွေ့ရှိခဲ့လို့ အဲသလို အမည်ပေးရခြင်း ဖြစ်တယ်လို့ သိရပါတယ်။ နှစ်ကာလကြာလာတာနဲ့ အမျှ အဲဒီတိုက်မှာ နေထိုင်တဲ့ စကားမပီသူ ဥရောပနွယ်ဖွားများက အမေရိကားလို့ ပြောင်းလဲ ခေါ်ဝေါ်လာကြပါတယ်။

မြန်မာလူမျိုးများဟာ အမေကြီးကားတိုက်ပေါ်မှာ မြို့ပြတွေလဲ တည်ထောင်ခဲ့ကြပါတယ်။ ထင်ရှားတဲ့ မြို့တွေကတော့ ဥက္ကလံမြို့ (Oakland)နဲ့ သင်္ဘောသူကြီး ကိုလံဘတ်ရဲ့ တပည့် ဦးဖိုးဝင်း တည်ထောင်တဲ့ ဖိုးဝင်းမြို့ (Fort Wayne)တွေပဲ ဖြစ်ပါတယ်။

ဖိုးဝင်းမြို့မှာ ကိုလံဘတ်ခေတ်ကတည်းက ခေတ်အဆက်ဆက် နေထိုင်လာသူ ရှေးမြန်မာ တွေဟာ အမေရိကားမှာ နေထိုင်တာ နှစ်ပေါင်းများစွာ ကြာညောင်းလာတာနဲ့ အမျှ တဖြည်းဖြည်း အသားဖြူသွားကြပါတယ်။

အောက်မှာ တွေ့ရတဲ့ ဗီဒီယိုထဲမှာ အသားဖြူသွားကြတဲ့ ဖိုးဝင်းမြို့က မြန်မာ မိသားစု တစ်စု မြန်မာဘာသာ စကားနဲ့ ပြောဆိုနေကြတာကို တွေ့မြင် ရှုစားနိုင်ပါတယ်။


Courtesy: johnprattchristian

စိုင်းစိုင်းခမ်းလှိုင် မိန်းမရရန် အခက်အခဲဖြစ်နေ


စိုင်းစိုင်းခမ်းလှိုင်တစ်ယောက် ကိုယ့်အစွမ်းအစနှင့်ကိုယ် မိန်းမ ရရန် အခက်အခဲ ဖြစ်နေသည်။ သို့ဖြစ်၍ လူကြီးများ ပေးစားမှသာ မိန်းမ ရတော့မည်ဟု စိုင်းစိုင်းခမ်းလှိုင်က မကြာသေးမီက ထုတ်ဖော် ပြောဆိုလိုက်သည်။

Read More ...

သတင်းစာထဲက သတင်း


@Anonymous

Monday, September 5, 2011

လွှတ်တော်အတွင်း ဆွေးနွေး မေးမြန်းမှုများ

ကျင်းပဆဲ လွှတ်တော်ထဲမှာ လွှတ်တော်အမတ်အိမ်မှာ မွေးထားတဲ့ ခွေးကလေး နေမကောင်းလို့ ဖြေရှင်းပေးမည့်ကိစ္စ၊ မြေးကလေး သူငယ်တန်း ကျောင်းအပ်မယ့် ကိစ္စ၊ အိမ်က အဖွားကြီး ပူညံပူညံ လုပ်လို့  နားမခံနိုင်တဲ့ ကိစ္စတွေကို ဆွေးနွေးတင်ပြလျက် ရှိတယ်လို့ သတင်းရရှိပါတယ်။

အခကြေးငွေပေးပြီး အသုံးပြုရတဲ့ အများသုံး အိမ်သာတွေနဲ့ ပတ်သက်လို့ အမတ်မင်း တစ်ယောက်ရဲ့ မေးမြန်းချက်ကို ရန်ကုန်တိုင်း တံမြက်လှည်း ၀န်ကြီးချုပ်နဲ့၊ ရန်ကုန် မိလ္လာကြုံး မြို့တော်ဝန် နှစ်ယောက်က ဖြေကြားသွားတာကတော့ - ရှူးရှူး တစ်ခါပေါက်ရင် ၂၀ ကျပ် ပေးနေရတာကို အကြွေ မအမ်းနိုင်တာ ဖြစ်နေတဲ့ အတွက် နောက်ပိုင်းမှာ တစ်ခါသွားလျှင် ၁၀၀ ကျပ်နှုန်း တိုးကောက်သွားရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း၊ အကြွေ အဆင် မပြေသေးဘူး ထင်လျှင်၊ ၁၀၀၀ ကျပ်သို့ တိုးကောက်သွား မည် ဖြစ်ကြောင်း၊ (အိမ်သာမှ ရရှိတဲ့ အပိုဝင်ငွေတွေကို အိမ်မှ မိန်းမကြီးများအား လက်သိပ်ထိုးပေးသွားမည်) ဖြစ်ကြောင်း၊

တာမွေမြို့နယ်၊ အမှိုက်သိမ်းကား ကိစ္စနှင့်ပတ်သက်ပြီး ယနေ့ လာမည်ဖြစ်ကြောင်း၊ ယနေ့ မရောက်ပါက နောက်နေ့၊နောက်နေ့ မရောက်က၊ နောက် တနေ့ ရောက် မည် ဖြစ်ကြောင်း၊ ရောက်ချင်မှလည်း ရောက်မည်ဖြစ်ကြောင်း၊ ဖြေကြား သွားခဲ့တယ်လို့ ဗွေတုတ်ကလေး အမည်ရတဲ့ သတင်းထောက် တစ်ဦးက ရောက်တတ်ရာရာ ပေါက်ကရညီ လာခံကြီးမှနေ၍ အိပ်ချင်မူးတူး၊ တ၀ါးဝါး သန်းဝေရင်း တိုက်ရိုက် ပေးပို့တဲ့ သတင်းတစ်ပုဒ်မှာ ဖတ်ရှုရပါတယ်။


@aaa

Read More ...

Saturday, September 3, 2011

ရထားနောက်ဆုံးတွဲများ ဖြုတ်၍ ပြေးဆွဲကြရန် ဝန်ကြီးညွှန်ကြား

၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၅ မိနစ်တွင် ရန်ကုန်-အင်းစိန်မြို့ပါတ် ရထားနောက်ဆုံးတွဲသည် ကမာရွတ်ဘူတာနှင့် လှည်းတန်းဘူတာကြားတွင် ပြုတ်ထွက်ကျန်ရစ်ပြီးတိမ်းမှောက်သွားသောကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၄ ဦးရှိကြောင်း သိရှိရသည်။ ရထားတွဲများတွင် နောက်ဆုံးတွဲသည့် မတော်တဆ အန္တရာယ်ဖြစ်နိုင်ခြေအများဆုံးဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့ နောက်ဆုံးရထားတွဲ ပြုတ်ထွက်ခြင်း မဖြစ်ပွားစေရန်နောင်အခါတွင် မြို့ပတ်ရထားတွဲများ၏ နောက်ဆုံးအတွဲများအား ဖြုတ်၍ ပြေးဆွဲသွားမည် ဖြစ်ကြောင်း၊မြန်မာတစ်နိုင်ငံလုံးရှိ ရထားများကိုလည်း နောက်ဆုံးအတွဲများကို ဖြုတ်ပြီး ပြေးဆွဲကြရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံ မီးရထားဝန်ကြီး ဦးအောင်မင်းမှ ပြောကြားသွားခဲ့သည်။ မိမိတို့ မြန်မာနိုင်ငံသည် နောက်ဆုံးတွဲမပါသော ရထားများ ပြေးဆွဲသည့် ပထမဆုံးနိုင်ငံ ဖြစ်လာမှာဖြစ်ကြောင်းလည်း ထပ်လောင်း ပြောကြားသွားသည်။

ဆြာကြီးခ


Link

Thursday, September 1, 2011

မပူလေနဲ့ ဗမာ


မပူလေနဲ့ ဗမာ
နင်တို့ မြစ်တစ်စင်း ကောရင်
နောက်မြစ် အသစ် တစ်စင်း
တူးပေးမယ်

(fb မှာ တွေ့တဲ့ ကာတွန်းလေးပါ)

အလယ်တန်း ပညာအရည်အချင်း ရှိသူများကို အလုပ်ခန့်မည် မဟုတ်


အထည်ချုပ်လုပ်ငန်းများ ဈေးကွက် ကောင်းမွန်လာသောကြောင့် လုပ်ငန်း အတွေ့အကြုံ မရှိသည့်သူများကိုပါ အလုပ်သင်အဖြစ် လုပ်သားဦးရေ ရာနှင့်ချီ၍ ခေါ်ယူလာကြောင်း သတင်း ရရှိသည်။ အထည်ချုပ်စက်ရုံများမှ အလုပ်သင် လုပ်သားများအား ခေါ်ယူရာတွင် မူလတန်းနှင့် အထက်တန်း ပညာအရည်အချင်း ရှိသူများကို ခေါ်ယူခြင်း ဖြစ်ပြီး အချို့ စက်ရုံများမှာ နေထိုင်ရန် အဆောင်ပါပေးကြောင်း သိရသည်။

အထည်ချုပ် စက်ရုံများမှ မူလတန်းနှင့် အထက်တန်း ပညာအရည်အချင်း ရှိသူများကိုသာ ခေါ်ယူပြီး အလယ်တန်း အဆင့်ရှိသူများကို ခေါ်ယူ အလုပ်ခန့်မည် မဟုတ်ကြောင်းလည်း သိရသည်။

ထိုအကြောင်းနှင့် ပတ်သက်၍ စက်ရုံ မန်နေဂျာ တစ်ဦးက-
"ကျွန်တော်တို့က အလယ်တန်းတွေကို အလုပ်မခန့်ပါဘူး။ အလယ်တန်းဆိုတာက သိတဲ့အတိုင်း အရမ်းလယ်တဲ့ အတန်းလေ။ ဒီလို လူလယ် (လူလည်) တွေကို အလုပ်ခန့်မိရင် တော်ကြာ လုပ်အားခ တိုးတောင်တာတို့၊ လစာ တိုးတောင်းတာတို့ ဆန္ဒပြတာတို့ မကြာခဏ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အလယ်တန်းအဆင့် ရှိသူတွေကို အလုပ်မခေါ်ရခြင်း ဖြစ်ပါတယ်"
ဟု ရှင်းပြသွားသည်။

@Law Shay


Read More ...