Thursday, September 15, 2011

WHO ကို အမည်ပြောင်းပြီ


ကုလသမဂ္ဂက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကို အမည်ပြောင်းလိုက်ပါပြီ။
အမည်သစ်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ဖြစ်ပါတယ်။

သက်တမ်းရှည်အဖွဲ့ကြီးကို ဘာကြောင့် နာမည်ပြောင်းလိုက်တာလဲဆိုတာ ကုလသမဂ္ဂက မကြေညာသေးပါ။
နာမည်ကို ပြောင်းသင့်လို့ ပြောင်းရတာပါလို့ ပညာရှင်တဦးက ယူဆနေပါတယ်။

အဲဒီ ဌာနကအရာရှိတွေ၊ ၀န်ထမ်းတွေဟာ စားတဲ့နေရာမှာ ပါးနပ်ပြီး၊ ရိပ်တဲ့နေရာမှာ လက်ဖျားခါရလောက်အောင် ၀ါရင့်နေကြလို့ စားနပ်ရိက္ခာအဖွဲ့ ဆိုပြီး အမည်ပြောင်းလိုက်တာ ဖြစ်နိုင်ကြောင်း ဖင်လန်နိုင်ငံ ရှက်စရာကြီးတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာပေါ်တင်က သုံးသပ်ပါတယ်။

ဒေါက်တာပေါ်တင်ရဲ့ သုံးသပ်ချက်ကြောင့် WHO အရာရှိတွေ၊ ၀န်ထမ်းတွေ အကြီးအကျယ် အီးတင်းနေကြတယ်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံးက ၀ါရှင်ကို လျှို့ဝှက်ပေးပို့တဲ့ ကြေးနန်းစာတစောင်မှာ အခိုင်အမာ ရေးထားပါတယ်။

ဒီအကြောင်း သံရုံးကို ဖုန်းဆက်မေးကြည့်တော့ ဖြေဆိုဖို့ ငြင်းပါတယ်။

"အဲဒီကြေးနန်းစာကို ဒီကနေ့ ရက်စွဲနဲ့ ပေးပို့လိုက်တာ ဆိုပေမယ့် သိပ်မကြာခင် ၀ီကီလိဝက်ဆိုက်မှာ ပေါ်လာမှာပဲ။ အဲဒီအခါမှ ယူဖတ်ပါခင်ဗျာ" လို့ သံရုံးအရာရှိက အလွတ်သဘော ပြောပါတယ်။

(ဇာနည်ဝင်း)


အပြည့်အစုံ ဖတ်ရန် ...

1 comment:

  1. WHO ကို ဘီဘီစီက တိတ်တိတ်လေး ဖြုတ်လိုက်ပြီ။ ဟားဟား ....

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။