Wednesday, September 21, 2011

သုဝဏ္ဏဘောလုံးကွင်းကို လယ်ကွင်းအဖြစ်ပြောင်းလဲပြီး စပါးစိုက်တော့မည်

စပါးစိုက်ပျိုးရန် အသင့်ဖြစ်နေသော ထွန်ယက်ပြီး သုဝဏ္ဏလယ်ကွင်း (ဓာတ်ပုံ- the Voice weekly)

သုဝဏ္ဏဘောလုံးကွင်းကို လယ်ကွင်း အဖြစ် ပြောင်းလဲ တော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဦးဇော်ဇော်က ပြောဆိုလိုက်သည်။

နိုင်ငံတော် သမ္မတကြီးကိုယ်တိုင် လယ်ယာထွန်ယက်ပြီး ကောက်စိုက်နေသည်ကို (Read Here) ထောက်ခံ အားပေးသည့် အနေဖြင့် လည်းကောင်း၊ စိုက်ပျိုးရေးကို အခြေခံ၍ အခြားစီးပွားရေး ကဏ္ဍများကိုလည်း ခေတ်မီဖွံ့ဖြိုးအောင် ဆောင်ရွက်ရေး ဟူသော စီးပွားရေး ဦးတည်ချက်ကို အကောင်အထည် ဖော်သည့် အနေဖြင့် လည်းကောင်း ယခုကဲ့သို့ သုဝဏ္ဏဘောလုံးကွင်းကို လယ်ကွင်းအဖြစ် ပြောင်းလဲကာ စပါး စိုက်ပျိုးတော့မည် ဖြစ်ကြောင်း ဦးဇော်ဇော်က ပြောသည်။


လယ်ကွင်းအတွင်း ဘောလုံးတစ်လုံးဖြင့် ပြေးလွှားနေကြစဉ် (ဓာတ်ပုံ- the Voice weekly)

5 comments:

  1. ဟီဟိ ... ဘောလုံးကွင်းပေမဲ့ မိုးတွင်းဆို water-polo ကစားလို့ရတယ်၊ ခုလိုမျိုးလဲ စပါးတို့ အာလူးတို့ စိုက်လို့ရတယ် ... ဉာဏ်ကြီးရှင်တွေမို့သာ ဒါမျိုး 3 in 1 ကွင်း ဆောက်နိုင်တာ၊ တော်ပါပေတယ် ငှက်ကထကြီးတို့ရယ်။

    B-)

    ReplyDelete
  2. ဟ... ဟ... နာတို့ကတော့ နွေစပါး စိုက်ဖို့အတွက်ပါ လေလံ အပြိုင်ဆွဲရတော့မယ် ဟ......

    ReplyDelete
  3. ရှက်ဖွယ်လိလိ ဖြစ်တော့၏

    ReplyDelete
  4. အလဲ့...လယ်ကွင်းက စပွန်ဆာတွေ ပေးထားပါလားဟ....ဒါမျိုး ဒို့နီူင်ငံ ပထမဆုံးပဲ ထင်တယ်...... :D :D

    ReplyDelete
  5. ဟဟ..ကွန်မန့်တွေအသက်ဝင်တယ်.ဟုတ်ပါ့..ဒို့နိုင်ငံမှာပဲဒီလိုမျိုးရှိတာ..
    ..

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။