Friday, September 23, 2011

ဘောလုံးသမားမပါဘဲ နည်းပြများဖြင့်သာ ကစားမည့် ကမ္ဘာ့ပထမဆုံး ဘောလုံးကလပ် ပေါ်ထွက်လာ


စက်တင်ဘာ ၁၉-၂၅ ရက်ထုတ် The Voice Weekly ဂျာနယ်ပါ သတင်းတစ်ခုအရ MNL ပြိုင်ပွဲဝင် ရခိုင်ပြည်နယ် ကိုယ်စားပြု ရက္ခပူရ ဘောလုံးကလပ်တွင် ဘောလုံးသမားများကို အသုံးမပြုဘဲ နည်းပြများဖြင့်သာ ဘောလုံး ဆက်လက်ကစားမည်ဟု ရေးသားဖော်ပြထားသည်။

အဆိုပါသတင်းအရ ရခိုင်ကလပ်(ရက္ခပူရ) နည်းပြ မင်ကော့စကီးသည် ရက္ခပူရတွင် ရက်အတန်ကြာ ပူပန်နေခဲ့ရသည့်အတွက် နေပြည်တော်လွှတ်တော်ကလပ်တွင် အငှားဖြင့် သွားရောက်ကစားနေကြောင်း၊ မင်ကော့မရှိတော့သည့်အတွက် ရက္ခပူရအသင်းအနေဖြင့် ပွဲကျန်များကို လက်ကျန်နည်းပြများဖြင့်သာ ဆက်လက်ကစားသွားရမည်ဟုဆိုလေရာ ရက္ခပူရဘောလုံးအသင်းမှာ နည်းပြများဖြင့်သာ ဘောလုံးကစားမည့် ကမ္ဘာ့ပထမဆုံး ဘောလုံးကလပ်အသင်းတစ်ခုဖြစ်လာဖွယ်ရှိနေပေသည်။


(ချောင်းဖြူ)

5 comments:

  1. ဂင်းနစ် စံချိန်တင်မဲ့ တို့ မြန်မာကွ....... ဘာမှတ်လဲ

    ReplyDelete
  2. စာကို သေချာစွာဖတ်ပါ .. ပြီးမှ တင်ပါရန် .... နားလည်မှုလွဲနေပါသည်... လက်ကျန်ပွဲ ကို အသင်း က ဒုနည်းပြ အဖွဲ့ဝင်တွေက နည်းပြ ပြီး ဘောလုံးသမားတွေက ကန်မယ်လို့ ပြောတာပါ.. သေချာစွာဖတ်ပါရန်....

    ReplyDelete
  3. lol .. whoever wrote the above comment is in serious need of sense in humour.

    ReplyDelete
  4. သေချာဖတ်လေ ခေါင်းစဉ်အတိုင်းမြင်ရလေပါပဲဗျာ.. မဟုတ်ဘူးဆိုရင်လဲ ဂျာနယ်ဖတ်ဖို့ ဂျာနယ်အီဒီယမ် သီးသန့်ထပ်ထုတ်ပေါ့

    ReplyDelete
  5. @ဒုတိယမြောက် ကွန်မင့်ရေးသူ သို့....

    သေချာဖတ်လျှင် သေချာ မြင်ရပါသည်။ နည်းပြများက နည်းပြမည်ဟု လုံးဝ မရေးထားပါ။ နည်းပြများဖြင့်သာ ဆက်လက်၍ ကစားမည်ဟု ရေးထားပါသည်။ (မျက်လုံးပြူးပြီး သေချာ ပြန်ဖတ်ပါ၊ စာလုံးပေါင်းပြီး ထပ်ဖတ်ပါ)။ ကစားသမားများ ကစားမည်ဟုလည်း ရေးမထားပါ။ ကစားသမားများ တက်ကြွနေကြောင်း ဟုသာ ရေးထားပါသည်။

    သေချာ ဖတ်ပြီးမှ ကွန်မင့်ရေးပါ။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။