Friday, September 30, 2011

မြန်မာ ဝေါဟာရကို ဧ၀ရက် တောင်ထိပ်တွင် ရေးသားနိုင်ရေး လွှတ်တော်က ဆွေးနွေးအတည်ပြု

မြန်မာ ဝေါဟာရကို မသင့်တော်သော နေရာများတွင် မရေးသားရေး အဆိုပြုချက် ရှုံးနိမ့်သွားပြီးနောက် "မြန်မာဟူသည့် အသုံးအနှုန်းကို မြင့်မြတ်သည့် နေရာများတွင်သာ သုံးရန်" အဆိုကို ဗိုလ်မှူးကြီး ဌေးနိုင် (ကြည်း ၁၆၄ဝ၂)က ထပ်မံ တင်သွင်းရာ လွှတ်တော်မှ ဆက်လက် ဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

မြင့်သည့်နေရာ မြတ်သည့် နေရာများတွင် မြန်မာအမည် အသုံးပြုရေး ဆွေးနွေးကြရာတွင်- မြင့်သည့် နေရာနှင့် ပတ်သက်၍ ကမ္ဘာ့ အမြင့်ဆုံးတောင်ထိပ် ဖြစ်သော ဧ၀ရက် တောင်ထိပ်တွင် မြန်မာ ဝေါဟာရ ရေးထိုးပါက မြန်မာသည် ကမ္ဘာပေါ်တွင် အဆင့်အမြင့်ဆုံး ဖြစ်လာနိုင်ကြောင်း၊ မြန်မာနိုင်ငံ အတွင်းတွင်မူ ခါကာဘိုရာဇီ တောင်ထိပ်တွင် ရေးသား အသုံးပြုရမည် ဖြစ်ကြောင်း၊ ဆက်သွယ်ရေး တာဝါတိုင်များတွင် မြန်မာဟု စာရေးသား အသုံးပြု ရမည်ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး အတည်ပြုကြသည်ဟု သိရပြီး၊ မြတ်သော နေရာများတွင် အသုံးပြုရေး နှင့် စပ်လျဉ်း၍ အမြတ်ကြီးစား လက်ဝါးကြီးအုပ် စီးပွားရေး လုပ်ငန်းများနှင့် တကွ အခြား အမြတ်အစွန်းရသော လုပ်ငန်းများ ဟူသမျှတွင် မြန်မာ အမည်ကို အသုံးပြုသင့်ကြောင့် လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေး အတည်ပြုကြသည်ဟု သတင်းရရှိသည်။


Read More ...

2 comments:

  1. တိုင်းပြည် တိုးတက်ရေး တိုးတက်ရာများ ဆွေးနွေးမလား မှတ်တယ်။ ဘာမဟုတ်တဲ့ နာမည်ကိစ္စ လာဆွေးနွေးနေကြတယ်။
    ထိုင်ချည်းပဲ နေရင် မျက်နှာပူမှာစိုးလို့ ကြောင်ရေချိုးခိုင်းတယ် ထင်မယ်။

    ဆွေးနွေးပါလား... ရန်ကုန်-မန်းလေးလမ်းပိုင်း ရေကျော်လို့ လမ်းပျက်စီးတာ ဘယ်လိုပြင်သင့်မလဲ...
    ရန်ကုန်က သယ်ယူပို့ဆောင်ရေး စနစ် ဘယ်လို ကောင်းအောင် လုပ်သင့်သလဲ။
    လေတယ်...
    ဖွတ်....။

    ReplyDelete
  2. CupidBoyz must be super knowledgeable in the matters of law making.. :D:D

    He suggested the lawmakers to discuss on road making and road repairing..

    Aww.. Myanmars.. Myanmars...

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။