Wednesday, September 14, 2011

လျှပ်စစ်ဝန်ကြီး ဧရာဝတီစီမံကိန်းကို ကာကွယ်ပြောဆိုရာတွင် ကာတွန်းစာအုပ်ကို ကိုးကား သွားခြင်း

ဧရာဝတီ မြစ်ဆုံစီမံကိန်းကို လုံးဝ ရပ်တန့်မှာ မဟုတ်ကြောင်း မြန်မာ လျှပ်စစ်ဝန်ကြီးက မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောဆိုလိုက်သည်။

ဝန်ကြီးက ပြောကြားရာတွင် ဧရာဝတီမြစ်သည် မဟာဗန္ဓုလ အရိုးစေတီ တည်ရှိရာ မြစ်ကမ်းပါးကို တိုက်စားဖြိုဖျက်ရန် ကြိုးစားခဲ့ကြောင်း၊ ထို့ကြောင့် သမိုင်းဝင် အမွေအနှစ်ကို ထိန်းသိမ်းခဲ့ရကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ဖြစ်သည့် မြစ်ကမ်းပါးနှင့် ယဉ်ကျေးမှု အမွေအနှစ်ကို ဖျက်ဆီးသည့် တရားခံမှာ ဧရာဝတီမြစ်သာ ဖြစ်ကြောင်း ကာတွန်းစာအုပ်ကို ကိုးကားပြီး ပြောဆိုသွားသည်။



ဆက်လက်၍- ဧရာဝတီမြစ်မှာ စီးချင်သလို လျှောက်ပြီး စီးဆင်းနေခြင်း ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဧရာဝတီမြစ် ပေါက်ကရ လျှောက်စီးနေမှုကြောင့် မြစ်ကမ်းပါးများ တိုက်စားခံရပြီး ပြိုပျက်ရကြောင်း၊ ထိုကဲ့သို့သော သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုမှ ကာကွယ်ရန် မြစ်ဆုံ ရေကာတာစီမံကိန်းကို တည်ဆောက်ရခြင်း ဖြစ်ကြောင်း၊ စီးချင်သလို လျှောက်စီးသော ဧရာဝတီမြစ်ကို ရေကာတာကြီး တည်ဆောက်ကာ မစီးဆင်းနိုင်အောင် တားဆီးရမည် ဖြစ်ကြောင်း၊ သို့မှသာ ဧရာဝတီမြစ်ကြီး ပေါက်တတ်ကရ လျှောက်စီးတော့မှာ မဟုတ်ကြောင်း ၀န်ကြီးက ကာတွန်းစာအုပ် အကိုးအကားဖြင့် ရှင်းလင်း ဖြေကြားသွားခဲ့သည်။

သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အရပ်ဝတ်အစိုးရ လက်ထက်တွင် ၀န်ကြီးပု ဦးကျော်ဆန်းက ဆဒ္ဒန်ဆင်မင်းဇာတ် ကပြခဲ့ခြင်းကို အားကျမခံသည့် အနေဖြင့်လျှပ်စစ်ဝန်ကြီးက ကာတွန်းစာအုပ်ကို ကိုးကားပြီး မီဒီယာများကို ရှင်းလင်းသွားခြင်း ဖြစ်ကြောင်း သိရသည်။

Read More ...

4 comments:

  1. သမိန်ပေါသွပ်September 14, 2011 at 1:22 PM

    အံပါပေ့ ဦးဇော်မင်းရယ် လျှပ်စစ်ဝန်ကြီးမလုပ်ပဲ ကာတွန်းဇာတ်လမ်းရေးသင့်တယ်။ မောင်မောင်ဇာတို့၊ သမိန်ပေါသွပ်တို့ထက်တောင် ရီရဦးမယ် ဗျဲ.... :P

    ReplyDelete
  2. သမိန်ဗရမ်းSeptember 14, 2011 at 3:09 PM

    မလုပ်ပါနဲ့။ ကားတွန်းလောက သူ့ကြောင့်ပျက်ပါမယ်။ သမိန်ပေါသွပ်တို့ မောင်မောင်ဇာတို့ဆိုတာ လူလေးစားတဲ့ ကားတွန်းဆရာတွေလက်က ပေါက်ဖွားလာတဲ့ ဇာတ်ကောင်တွေပါ။ သူ့လိုလူမျိုး ကာတွန်းရေးရင် ငါးခုန်းမတကောင်ကြောင့် တလှေလုံးပုတ်တဲ့ အဖြစ်မျိုး ဖြစ်မယ်။

    ReplyDelete
  3. ၆နှစ်လောက်ဝန်ကြီးလုပ်လိုက်တာနဲ့ လျှပ်စစ်ကိစ္စမှာသူ့လောက်သိ၊ သူလောက်တတ်တဲ့သူမရှိတော့ဘူးတဲ့။ တော်တော်လဲဘ၀င်မြင့်ပြီး အတော်ရီဖို့ကောင်းတဲ့စကားပဲ။

    ReplyDelete
  4.့ မိုးကြိုးSeptember 17, 2011 at 9:46 PM

    လူသတ်သမား ဇော်မင်း ပေါက်ကရတွေပြောနေပြန်ပြီ...

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။