Sunday, September 11, 2011

မြန်မာ့ပိုင်နက်အတွင်းသို့ ဂေါ်ဇီလာကြီး တစ်ကောင် ယနေ့ညနေပိုင်းတွင် ၀င်ရောက်မည်

မြန်မာနိုင်ငံ ပိုင်နက် နယ်မြေ အတွင်းသို့ အလွန်ကြောက်မက်ဖွယ် ကောင်းသည့် ဂေါ်ဇီလာ သတ္တ၀ါကြီး တစ်ကောင် ယနေ့ ညနေပိုင်းတွင် ၀င်ရောက်လာမည်ဟု သတင်းရရှိသည် (Click Here)။

မြန်မာ့နယ်မြေအတွင်းသို့ ၀င်ရောက်မည့် အကြောင်းကို ဂေါ်ဇီလာကြီးက The Voice Weekly မှ တဆင့် ကြိုတင် အသိပေးထားသည်။


 (မိုးမခ-Click Here)
-

ကြောက်မက်ဖွယ် ကောင်းသည့် ဂေါ်ဇီလာ သတ္တ၀ါကြီး မြန်မာပြည်သို့ ၀င်ရောက်မည့် သတင်းကြောင့် မြန်မာ့တပ်မတော် ကြည်း၊ရေ၊လေ တပ်ဖွဲ့ဝင်များကို လက်နက် အပြည့်အစုံဖြင့် အသင့် အနေအထား ပြင်ဆင် ခိုင်းထားသည်ဟု ကျင်းပဆဲလွှတ်တော်မှလာသော သတင်းတပုဒ်က ဆိုသည်။

ထိုအချိန်တွင် မြန်မာ့ပိုင်နက် နယ်မြေအတွင်းသို့ ၀င်ရောက်မည့် ဂေါ်ဇီလာကြီး၏ ဓာတ်ပုံကို အင်တာနက် စာမျက်နှာ တခုက အောက်ပါအတိုင်း ဖော်ပြသည်။ (Click)။ သို့သော် ဂေါ်ဇီလာကို လိုလီပွတ် ဘာသာစကားဖြင့်  ဂေါ်ဖီအာဟု စာလုံး ပေါင်းထားသည်ကို တွေ့ရသည်။


"အခု သတင်းတွေထဲ တွေ့နေရတဲ့ ဂေါ်ဇီလာဆိုတဲ့ ကြောက်စရာ သတ္တ၀ါကြီး မြန်မာ ပြည်ထဲ  ရောက်လာလို့  မြန်မာနိုင်ငံသားတွေ ထိတ်လန့်စရာ လုံးဝ မလိုပါဘူး။ အခု ၀င်လာမယ့် ဂေါ်ဇီလာ သတ္တ၀ါကြီးက မြန်မာ့ပိုင်နက် နယ်မြေထဲ ရောက်တာနဲ့ ချက်ချင်း အရွယ်အစား သေးငယ်သွားပြီး ပုတ်သင်ညို အသွင် ပြောင်းလဲသွားမှာပါ။ ဂေါ်ဖီအာ ဆိုတာ လိုလီပွတ် ဘာသာစကားမှာ ပုတ်သင်ညို လို့ အဓိပ္ပါယ်ရပါတယ်။ ခေါင်းညိတ်တတ်တယ်၊ ရေမြေကို လိုက်ပြီး အရောင် ပြောင်းတတ်တယ်။ ဂေါ်ဇီလာနဲ့ ပုံသဏ္ဍာန်ချင်း တူသလိုလိုတော့ ရှိတာပေါ့ဗျာ" ဟု သဘာဝ သမိုင်းပြတိုက်မှ ကျွမ်းကျင်သူ တဦးက ပြောပြသွားသည်။

3 comments:

  1. ကင်းကောင်September 13, 2011 at 4:18 PM

    ဂေါ်ဇီလာ ကြီးကဘာလူမျိုးလည်းဟင်....

    ReplyDelete
  2. နင့်အမေလင် လူမျိုးလေ..

    ReplyDelete
  3. စောက်ပေါကြီး သန်းရွှေSeptember 15, 2011 at 6:55 PM

    သန်းရွှေရဲ့ အဘလား...

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။