Thursday, September 1, 2011

အလယ်တန်း ပညာအရည်အချင်း ရှိသူများကို အလုပ်ခန့်မည် မဟုတ်


အထည်ချုပ်လုပ်ငန်းများ ဈေးကွက် ကောင်းမွန်လာသောကြောင့် လုပ်ငန်း အတွေ့အကြုံ မရှိသည့်သူများကိုပါ အလုပ်သင်အဖြစ် လုပ်သားဦးရေ ရာနှင့်ချီ၍ ခေါ်ယူလာကြောင်း သတင်း ရရှိသည်။ အထည်ချုပ်စက်ရုံများမှ အလုပ်သင် လုပ်သားများအား ခေါ်ယူရာတွင် မူလတန်းနှင့် အထက်တန်း ပညာအရည်အချင်း ရှိသူများကို ခေါ်ယူခြင်း ဖြစ်ပြီး အချို့ စက်ရုံများမှာ နေထိုင်ရန် အဆောင်ပါပေးကြောင်း သိရသည်။

အထည်ချုပ် စက်ရုံများမှ မူလတန်းနှင့် အထက်တန်း ပညာအရည်အချင်း ရှိသူများကိုသာ ခေါ်ယူပြီး အလယ်တန်း အဆင့်ရှိသူများကို ခေါ်ယူ အလုပ်ခန့်မည် မဟုတ်ကြောင်းလည်း သိရသည်။

ထိုအကြောင်းနှင့် ပတ်သက်၍ စက်ရုံ မန်နေဂျာ တစ်ဦးက-
"ကျွန်တော်တို့က အလယ်တန်းတွေကို အလုပ်မခန့်ပါဘူး။ အလယ်တန်းဆိုတာက သိတဲ့အတိုင်း အရမ်းလယ်တဲ့ အတန်းလေ။ ဒီလို လူလယ် (လူလည်) တွေကို အလုပ်ခန့်မိရင် တော်ကြာ လုပ်အားခ တိုးတောင်တာတို့၊ လစာ တိုးတောင်းတာတို့ ဆန္ဒပြတာတို့ မကြာခဏ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အလယ်တန်းအဆင့် ရှိသူတွေကို အလုပ်မခေါ်ရခြင်း ဖြစ်ပါတယ်"
ဟု ရှင်းပြသွားသည်။

@Law Shay


Read More ...

2 comments:

  1. IC = International Copy ... ရွှေငွေနဲ့ ဂုဏ်တွေ ဘာညာတွေ မရှိလည်း ကော်ပီဆိုနိုင်ပါတယ် တသက်လုံး ... http://youtu.be/eXT9V8RY_1I

    ReplyDelete
  2. အပေါ်က အနောနိမတ်က ပို့စ်နဲ့ မဆိုင်တာကို လာပြီး ကော်မန့်ရေးနေတယ်။ သောက်ရူး။
    IC ဆိုတာ သီချင်းရေးတာလား သီချင်းဆိုနေတာလား သီးချင်းတီးနေတာလားတောင် ကွဲကွဲပြားပြား မသိပဲ ကော်ပီအကြောင်း နေရာတကာ လျှောက်ကော်မန့်ပေးနေတဲ့ ငကြောင်။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။