ကိုလံဘတ်က သူရှာဖွေတွေ့ရှိတဲ့ တိုက်ကြီးကို အမေကြီးကား တိုက်လို့ အမည်ပေးလိုက်ပါတယ်။ အမေကြီးတစ်ယောက် ပေါင်နှစ်ချောင်းကားပြီး ထိုင်နေတာကို စတင်တွေ့ရှိခဲ့လို့ အဲသလို အမည်ပေးရခြင်း ဖြစ်တယ်လို့ သိရပါတယ်။ နှစ်ကာလကြာလာတာနဲ့ အမျှ အဲဒီတိုက်မှာ နေထိုင်တဲ့ စကားမပီသူ ဥရောပနွယ်ဖွားများက အမေရိကားလို့ ပြောင်းလဲ ခေါ်ဝေါ်လာကြပါတယ်။
မြန်မာလူမျိုးများဟာ အမေကြီးကားတိုက်ပေါ်မှာ မြို့ပြတွေလဲ တည်ထောင်ခဲ့ကြပါတယ်။ ထင်ရှားတဲ့ မြို့တွေကတော့ ဥက္ကလံမြို့ (Oakland)နဲ့ သင်္ဘောသူကြီး ကိုလံဘတ်ရဲ့ တပည့် ဦးဖိုးဝင်း တည်ထောင်တဲ့ ဖိုးဝင်းမြို့ (Fort Wayne)တွေပဲ ဖြစ်ပါတယ်။
ဖိုးဝင်းမြို့မှာ ကိုလံဘတ်ခေတ်ကတည်းက ခေတ်အဆက်ဆက် နေထိုင်လာသူ ရှေးမြန်မာ တွေဟာ အမေရိကားမှာ နေထိုင်တာ နှစ်ပေါင်းများစွာ ကြာညောင်းလာတာနဲ့ အမျှ တဖြည်းဖြည်း အသားဖြူသွားကြပါတယ်။
အောက်မှာ တွေ့ရတဲ့ ဗီဒီယိုထဲမှာ အသားဖြူသွားကြတဲ့ ဖိုးဝင်းမြို့က မြန်မာ မိသားစု တစ်စု မြန်မာဘာသာ စကားနဲ့ ပြောဆိုနေကြတာကို တွေ့မြင် ရှုစားနိုင်ပါတယ်။
Courtesy: johnprattchristian
This comment has been removed by a blog administrator.
ReplyDeleteဟားဟား....ဖိုးဝင်းက မြန်မာများ
ReplyDelete