Saturday, November 27, 2010

ဂျူမုံ ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံရ

ကိုးရီးယား မင်းသား ဂျူမုံ သည် နိုဝင်ဘာ ၂၅ ရက်၊ ညနေ ၆ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့သို့ ထိုင်းလေကြောင်း ခရီးဖြင့် ရောက်ရှိခဲ့သည်။

လေဆိပ်သို့ ရောက်ရောက်ချင်း ဂျူမုံ အား ပတ်စ်ပို့ အမည်လိမ်လည်မှုဖြင့် ဖမ်းဆီးလိုက်ကြောင်း သိရ၏။ အကြောင်းမှာ ပတ်ပို့စ်ပေါ်တွင် "ဂျူမုံ" အစား "ဆောင်အီလ်ဂွတ်" ဟု သူ၏ အမည်ကို လိမ်လည် ရေးထားသောကြောင့် ဖြစ်သည် ဟူ၏။ ထိုကဲ့သို့ အမည်လိမ်လည်မှုအား ဤနေရာတွင် ဖော်ထုတ် တွေ့ရှိရကြောင်း အမည် မဖော်လိုသူ လေဆိပ်အရာရှိကြီး တစ်ဦးက ပြောသည်။  တစ်ဖန် ဓား၊ လှံ၊ လေးမြား လက်နက်များ သယ်ဆောင်မှု ဖြင့်လည်း တရားစွဲ ထားပြီး၊ ဆီဒိုးနား ဟိုတယ်၌ ယာယီ ဖမ်းဆီး ထိန်းသိမ်း ထားလိုက်ကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၂၆ ရက်နေ့တွင် ဆီဒိုးနား ဟိုတယ်မှ ထွက်ပြေး လွတ်မြောက်လာသည့် ဂျူမုံသည် Chatrium ဟိုတယ်၌ ဓားလှံ လေးမြားများကို ကိုင်စွဲလျက် တစ်ကိုယ်တော် တိုက်ခိုက်မှု ပြုခဲ့ရာ ပြည်တွင်း သတင်းထောက်များက သတင်းရယူနိုင်ခဲ့ကြောင်း သိရသည်။ သို့သော် သတင်းထောက်များ အနေဖြင့် သူတို့ မေးလိုသည့် မေးခွန်းများကို စာဖြင့် ကြိုတင် ပေးပို့ရကြောင်း၊ ဂျူမုံ အနေဖြင့် ကြိုတင်မဲ များနှင့် ရောထွေးသွားခြင်း ဖြစ်နိုင်ကြောင်း သွားရောက်ခဲ့သည့် သတင်းထောက် တစ်ဦးက ပြောကြားသည်။

"ဂျီသရီး" သေနတ်ဖြင့် ပစ်ခတ်ပါက ဘာလုပ်မည်နည်း" ဆိုသည့် သတင်းထောက် တစ်ဦး၏ မေးခွန်းကိုမူ ဂျူမုံ က "ဂျီသရီးနဲ့ ပစ်မှတော့ ထွက်ပြေးတာပေါ့ဗျာ၊ ဂျီသရီးက ဂျပန်ကိုတောင် ရှောင်တာ မဟုတ်ဘူး၊ ကျွန်တော့်လို ကိုးရီးယားဆိုတော့ ပိုဆိုးတာပေါ့ဗျာ" ဟု ဖြေကြားသွားကြောင်း။

(ဂျာနယ်လစ်များ ထံမှ)

3 comments:

  1. facebook မှာ share ခွင့်ပြုပါအကို...

    ReplyDelete
  2. ဂျီသရီးမဟုတ်တော့ဘူး၊ ရုရှား၊တရုတ်နည်းပညာဖြင့် မြန်မာပြည်တွင်ပြုလုပ်သော အမ်ဝမ်းတို့အမ်တူးတို့
    ဖြစ်နေပြီ၊ ဂျီသရီးက လေးလွန်းတော့ ၁၄၊၁၅နှစ်အရွယ်
    ရဲဘော်လေးတွေ မကိုင်နိုင်လို့ပြောင်းထုတ်ထားတာ။

    ReplyDelete
  3. "ဂျီသရီးက လေးလွန်းတော့ ၁၄၊၁၅နှစ်အရွယ်
    ရဲဘော်လေးတွေ မကိုင်နိုင်လို့ပြောင်းထုတ်ထားတာ။ " ---good comment...

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။