Monday, November 29, 2010

ဝတီးမြို့ဟောင်းတူးဖော်မှုမှ အငြင်းပွားဖွယ် ရှေးဟောင်းပစ္စည်းများတွေ့ရှိ

မြန်မာ့ ရှေးဟောင်းမြို့ တစ်ခုဖြစ်သည့် ၀တီးမြို့ဟောင်း တူးဖော်မှုမှ ရှေးဟောင်း ပစ္စည်းများ ဖြစ်သည့် အရှည် ရှစ်လက်မခန့်ရှိသည့် ၀ါးဖြင့် ပြုလုပ်ထားသော ဒုတ်ချောင်း အများ အပြား တူးဖော် တွေ့ရှိရသည်ဟု ဆင်ဟွာ နှင့် ဆိတ်ဟွာ သတင်းဌာနမှ ရေးသား လိုက်သည်။

ဘေဂျင်း တက္ကသိုလ်မှ တရုတ်အနုပညာ ပါမောက္ခ ဒေါက်တာ တန်အီချောက် က အဆိုပါ ပစ္စည်းများမှာ တရုတ်ပြည် "တူ" မင်းဆက်ခေတ်က ခေါက်ဆွဲစားသည့် တူများ ဖြစ်ဟန်တူကြောင်း သုံးသပ်သည်။

မြန်မာမှု အနုပညာရေးရာ ကျွမ်းကျင်သူ အမ္ပ၀တီ ဦးဗင်းမောင်ကမူ အဆိုပါ ဒုတ်ချောင်းများ မှာ ပျူခေတ် (ဘီစီ ၁၀၀ - အေဒီ ၈၄၀) အတွင်းကထွန်းကားခဲ့သည့် အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မား စေသော ပျူယဉ်ကျေးမှု ပစ္စည်းများဖြစ်ရုံမျှမက၊ ဒွတ္တဘောင် မင်းကြီး အသုံးပြုတော်မူခဲ့သည့်  တော်ဝင် သွားကြားထိုးတံ ဒုတ်ချောင်းများ ဖြစ်ကြောင်း "မင်္ဂလာ ဒဏ္ဍီ သွားကြားထိုးတံတော်" ဟု အမည်တွင်ကြောင်း အတည်ပြု ပြောဆိုလိုက်သည်။

ရှေးဟောင်းပစ္စည်းများ တူးဖော်ရရှိသည့် ကုန်းအမှတ် ၂ အနီးတွင် တဲထိုးနေထိုင်သည့် ၀တီးဒေသခံ ကိုဖိုးမောင်ကမူ၊ ထိုဒုတ်ချောင်းများမှာ သူတို့ မိသားစုဝင်များ နေ့စဉ် မဖြစ်မနေ အသုံးပြုသည့် အီးအီးကုန်းသော ဒုတ်ချောင်းများသာ ဖြစ်ကြောင်း၊ သူအပါအ၀င် သူ့ဇနီးနှင့် သူ၏ သားသမီးများ အိမ်သာတက်တိုင်း အဆိုပါ ဒုတ်ချောင်းများကို အသုံးပြုလေ့ ရှိကြောင်း တင်ပြသွားပြီး အသေးစိတ်အချက်အလက်များကို မူ ပြောကြားခြင်း မပြုပေ။

ဝတီးမြို့ဟောင်းကို ပြီးခဲ့သည့် ဂျူလိုင်-သြဂုတ်လအတွင်းက ရှေးဟောင်းသုတေသန ဦးစီးဌာနက တူးဖော်ခဲ့သည်။

သတင်းအသေးစိတ် ဖတ်ရှုရန်

8 comments:

  1. i think photo n news didn't match

    ReplyDelete
  2. မအေလိုး မင်းမြန်မာမဟုတ်ဘူးလား..ကိုယ့်ယဉ်ကျေးမှုကိုဖော်ထုတ်တာကို ဂုဏ်ယူရမယ့်စား လှောင်ပြောင်သလိုလိုလာလုပ်နေတယ်...ပါးရိုက်ခံရမယ် သတိထား

    ReplyDelete
  3. An Archaeology Student YUDecember 4, 2010 at 2:43 PM

    ကိုယ့်အမျိုးသား ယဉ်ကျေးမှုကို ဖော်ထုတ်တာ ကောင်းပါတယ်။
    ဒါပေမဲ့ သမိုင်းကို ပေါက်တတ်ကရ လျှောက်ပြောပြီးတော့ ပေါက်ကရ ဖော်ထုတ်တာတွေဟာ မကောင်းပါဘူး။
    ဥပမာ ပြောရရင် ဗိသနိုးမြို့ဟောင်း (အေဒီ ၂ ရာစု)မှာ ထွန်းကားခဲ့တဲ့ ဗုဒ္ဓဘာသာဟာ ရုပ်ပွားဆင်းတု ကိုးကွယ်မှု မရှိတဲ့ အမရ၀တီပုံစံ ဗုဒ္ဓဘာသာပါ။ ဒါကို အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားလိုတဲ့ နအဖ အစိုးရက ဗိသနိုးတူးဖော်မှုမှာ ဗုဒ္ဓဆင်းတုတွေ့တယ်လို့ ၂၀၀၃ တုန်းက ကြေညာဖူးပါတယ်။ ဒါဟာ ပေါက်တတ်ကရ ကြေညာမှုပါ။ သူတို့ ကြေညာတဲ့ ရုပ်ပွားဆင်းတုဟာ ဒေဒီ ၇ ရာစု လက်ရာ ဒွာရာဝတီ ပုံစံပါ။ ဘယ်နည်းနဲ့မှ ဗိသနိုးခေတ် မဟုတ်ပါဘူး။ အဲသလို ကိုယ်ဖြစ်တဲ့ အတိုင်း ဖြစ်အောင် ပေါက်တတ်ကရ အမျိုးဂုဏ် ဖော်ထုတ်ခဲ့တာတွေ ရှိပါတယ်။
    ရှေးဟောင်း သုတေသန ဆိုတာ အထောက်အထား မခိုင်လုံရင် ဘာမှ ပြောလိုမရပါဘူး။
    သုတေသန အထောက်အထားအရ ပြောရရင် တကောင်း မှာ ပုဂံထက် စောတဲ့ ဘာအထောက်အထားမှ မရှိပါ။ (ဒေါက်တာသန်းထွန်းရဲ့ စာတွေရှု)။ ဒါကို မြန်မာအစ တကောင်းကလို့ ကိုယ်လိုရာဆွဲပြီးတော့ သက်သေပြချင်တဲ့ အစိုးရကနဲ့ သူ့အပေါင်းပါ တမ္ပ၀တီတို့၊ ချစ်စံဝင်းတို့က တကောင်း ဟာ ပျူ ပါဆိုပြီးတော့ တွေ့ကရ အချက်အလက်တွေကို လိုရာဆွဲပြီး တစ်ပျုတည်း ပျူခဲ့ကြဖူးပါတယ်။ ဒါဟာ သမိုင်းကို ပေါက်ကရ လုပ်ခြင်းပါ။
    အခု ၀တီ မြို့ဟောင်း တွေ့ရှိချက်များကလည်း သိရသလောက် ဘာခေတ်ပြိုင်အထောက်အထား သုတေသန ပြုချက်မှ မရှိသေးပါ။ ဘာ ရေဒီယို ကာဗွန်ရက်စွဲ သတ်မှတ်ချက်မှ မရှိသေးပါ။ ဒီလို အထောက်အထား မခိုင်လုံပဲ ပျူခေတ် ပျူခေတ်လို့ မြန်လင်းတို့ ကြေးမုံတို့မှာ ပြောချင်ရာကို ဆွဲပြောနေတာကတော့ "ကျားကျား မီးယပ်" ဆိုပြီးတော့ ယောက်ျားကလဲ မီးယပ်ဖြစ်တာပဲ လို့ ပြောနေတာနဲ့ အတူတူပါပဲ။
    သမိုင်းကို သမိုင်းလို နားလည် လေ့လာနိုင်ပါစေ။
    သုတေသနကို အထောက်အထား ခိုင်လုံမှ ပြောလို့ရတယ် ဆိုတဲ့ ဆရာကြီး ဒေါက်တာ သန်းထွန်းရဲ့ စကားကို သဘောပေါက်ပါစေ။
    ကိုယ့်ယဉ်ကျေးမှုကို မှန်ကန်စွာ ဖော်ထုတ်နိုင်ပါစေ။ ဂုဏ်ယူစရာ ရှိရင် မှန်ကန်စွာ ဂုဏ်ယူနိုင်ပါစေ။

    ReplyDelete
  4. I dun get it. Why are u guys taking this blog seriously?
    If we want official news, we would be reading newspaper.
    He is making fun of what's happening in myanmar. The purpose of this blog is to be funny, and it full-fills this purpose. So, why don't we all just laugh?

    for the one who curses and swears, i think you are so bitter about the whole world and u suck. period. XD

    ReplyDelete
  5. its JUST a fun place to stroll around, to relax the tense..but sadly, one is swearing like his ass was ripped, precisely; he coincidently saw his sister' movies: giving a head, before he was giving comments in here.. so pls forgive him :P.... one is saying with the full style of a professor from Cambridge university.. but i think its the best show off.. if you are very serious abt those culture and tradition.. c'mon.. u better not wear jeans and shirt.. u idiots... we love our country, we love our culture.. bcos of that, we cant make joke on it?? u guys are just a so immune...

    ReplyDelete
  6. i think one was barking without knowing the conditions and the next one, archaeology student (or Cambridge Professor :P), was explaining the person who was barking by giving some examples of what really happened in the archaeology field in Burma ............. All so-called discoveries in Burma are odds- and so-called scholars interpreted according to their wits. I think this post is joking the weird theories and abnormal ideas of so-called scholars.........
    It is for the readers to be funny by pointing out that :D

    ReplyDelete
  7. gooda gooda gooda.. (note: from thardu thardu thardu.. after transformation.. in 2100.. we will say like that.. :D)

    ReplyDelete
  8. ဒါမှန်ပါတယ် သမိုင်းဆိုတာ အထောက်အထားခိုင်ခိုင်လုံလုံမပြနိုင်ရင်ပြော
    လို့မရပါဘူး.....နောက်တစ်ခုကသမိုင်းဆိုတာ မှတ်တမ်းမှတ်ရာနဲ့စနစ်တ
    ကျရေးထိုးထားတာကလွဲလို့ အခြားအရာတွေက ခိုင်လုံမှုမရှိပါဘူး.....
    နောက်တစ်ခုက Burmastrangenews ဆိုတာက လက်ရှိဖြစ်ပျက်နေတဲ့အ
    ကြောင်းအရာတွေကို စာပြောင်အဖြစ်ပြောင်းလဲဖော်ပြနေတဲ့အင်တာနက်
    စာမျက်နှာမျှသာဖြစ်တဲ့အတွက် တင်ပြသူအပေါ်မှာစိတ်ကွက်စရာအကြောင်းမရှိပါဘူး...

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။