Tuesday, November 23, 2010

ရန်ကုန်နှင့် ကူမင်း ဆက်သွယ်မည့် ကမ္ဘာ့အမြန်ဆုံး ရထားလမ်း တည်ဆောက်မည်

မြန်မာနိုင်ငံနှင့် တရုတ်ပြည် ကူမင်းမြို့တို့ကို ဆက်သွယ်မည့် ကီလိုမီတာ ၁၉၂၀ ရှည်လျားသည့် ရထားလမ်း တစ်ခုသည် လာမည့် လွန်စွာ အလှမ်းဝေးသည့် တစ်ခုသော နောင်အနာဂတ် ကာလ တစ်ချိန်ချိန် တွင် ပေါ်ပေါက်လာတော့မည် ဖြစ်ကြောင်း တရုတ်နိုင်ငံမှ ယနေ့ ကြေညာလိုက်သည်ဟု  China Daily သတင်းတွင် ဖော်ပြကြောင်း အိန္ဒိယနိုင်ငံထုတ် The Economist နှင့် The Hindu သတင်းစာများက ရေးသား ဖော်ပြသည်။
ယခု ဖောက်လုပ်မည့် မြန်မာ-တရုတ် ရထားလမ်းတွင် မောင်းနှင်မည့် လျှပ်စစ်ရထားမှာ တစ်နာရီလျှင် အလျင်မြန်ဆုံး ကီလိုမီတာ ၂၀၀ ထက်မြန်သော အမြန်နှုန်းဖြင့် လောကီ ဈာန်ရ- ၀ိဇ္ဇာဇော်ဂျီ ရထား Driver များက "ဥုံဖွ-ဥုံဖွ" "သွားဟ-သွားဟ" ဟု မန်းမှုတ်ကာ မောင်းနှင်ကြမည် ဖြစ်ကြောင်းသိရ၏။  လျှပ်စစ်မီး မရသည့် ကာလများတွင်မူ ဖယောင်းတိုင်များ ထွန်းကာ ပူဇော် သက္ကာရပြုလျက် ဂါထာမန္တရားများဖြင့် ဆက်လက် မောင်းနှင်ကြမည်ဟု ရထားပို့ဆောင်ရေးဌာန အရာရှိကြီးတစ်ဦးက ဆင်ဟွာ နှင့် ဆိတ်ဟွာ သတင်းကို ကိုးကားလျက် ပြောကြားသွားသည်။

ရန်ကုန်-ကူမင်း အမြန်ဆုံးရထားလမ်း တွင် မောင်းနှင်မည့် နောက်ဆုံးပေါ် လျှစ်စစ်ရထားပုံ (လျှပ်စစ်ကောင်းကင် ကေဘယ်ကြိုးတန်းကို ပုံတွင် တွေ့မြင်နိုင်သည်)

တရုတ်ပြည်မှ နောက်ဆုံး ထုတ်လုပ်သည့် လျှပ်စစ်ရထားမှာ (၁၀၆၉) ကီလိုမီတာ ခရီးကို သုံးနာရီ ဖြင့် ခုတ်မောင်းနိုင်ကြောင်း သိရပြီး (ဒီမှာကြည့်) မြန်မာပြည်တွင် နောက်ဆုံး ဖွင့်လှစ်လိုက်သည့် (၁၂)  မိုင် (တစ်ဆယ့်နှစ်မိုင်တိတိ) အလွန့်အလွန် ရှည်လျားသော ရထားလမ်းတွင် ခုတ်မောင်းသည့် ရထားမှာ ထိုခရီးကို ခုတ်မောင်းရန် အချိန် သုံး နာရီ ကြာမြင့်ကြောင်း သိရသည်။

ရန်ကုန်-ကူမင်း အမြန်ဆုံးရထားလမ်း တွင် မောင်းနှင်မည့် နောက်ဆုံးပေါ် လျှစ်စစ်ရထားပုံ (ဤရထားလမ်းပိုင်းတွင်  သံလမ်းတလျှောက် လျှပ်စစ်ဓာတ်အား စီးဆင်းသည်)

သတင်းအပြည့်အစုံ ဖတ်ရှုရန်

တစ်နာရီလျှင် ကီလိုမီတာ ၂၀၀ နှုန်းဖြင့် ခုတ်မောင်းနိုင်မည့် အကွေးအကောက် လုံးဝ မရှိသည့် ကမ္ဘာ့အဖြောင့်တန်းဆုံးသော တရုတ်မြန်မာ လမ်းမကြီးကို တွေ့ရစဉ်

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။