နေပြည်တော်-တိရစ္ဆာန်ရုံ အတွင်းရှိ ကြံ့ဖြူတော် ၂ ကောင် ယမန်နေ့ ည ၁၀ နာရီခန့်က လှောင်အိမ်အတွင်းမှ လွတ်မြောက် သွားကြောင်း စုံစမ်း သိရှိရသည်။
စစ်သူကြီးတို့၏ ချပ်ဝတ်တန်ဆာဖြင့် တွေ့ရသော ကြံ့ဖြူတော်
အဆိုပါ ကြံ့ဖြူတော် ၂ ကောင်သည် ၎င်းတို့ကို ကာရံထားသော လျှပ်စစ်လွှတ်ထားသည့် သံဆူးကြိုးများအား ကျော်ဖြတ်၍ ထွက်ပြေး လွတ်မြောက် သွားခြင်း ဖြစ်ကြောင်း နေပြည်တော်-တိရစ္ဆာန်ရုံမှ ၀န်ထမ်း တဦးကပြောသည်။
၎င်းကြံ့ဖြူတော်များသည် အသစ်တိုးချဲ့ထားသော နေပြည်တော်-တိရစ္ဆာန်ရုံဥယျာဉ် သို့ နိုဝင်ဘာလ ၂၉ ရက်နေ့က ရောက်ရှိခဲ့သည့် တိရစ္ဆာန် အကောင်ပေါင်းများစွာထဲတွင် အပါအဝင်ဖြစ်ကြောင်း သိရသည်။
လွတ်မြောက်သွားသော ကြံ့ဖြူတော် ၂ ကောင်သည် အာဒါလွတ် မြို့စားကြီး၏ "အာဒါ လွတ်တော"ထဲသို့
ဝင်ပြေးသွားပြီး ၄င်းတို့၏ ဆွေမျိုး မိတ်သင်္ဂဟများ ဖြစ်ကြသော ကြံ့များ၊ မိကျောင်းများ၊ ပုတ်သင်ညိုများ၊ ပဒတ်များ၊ ကင်းလိပ်ချောများ၊ ဖွတ်များနှင့် သွားရောက် တွေ့ဆုံနေသဖြင့် နေပြည်တော်-တိရစ္ဆာန်ရုံသို့ ပြန်လည် ရောက်ရှိခြင်း မရှိသေးကြောင်း၊ အဆိုပါ ကြံ့ဖြူတော်များကို အထူး ပြန်လည် ရှာဖွေရန် ကြိုးပမ်းနေကြောင်း နေပြည်တော်-တိရစ္ဆာန်ရုံ ဥယျာဉ်မှ ၀န်ထမ်းက ပြောသည်။

they are not run away.they going to see leader of their party.so easy to find then( two of rhino)ask THAN SHWE,( leader of animals rhino)
ReplyDelete