Tuesday, December 28, 2010

နှစ်သစ်ကူးတွင် မြန်မာသံရုံး ၀န်ထမ်းများ အလွန်ပျော်ရွှင်လျက်ရှိ

(ပေးစာ)

နှစ်ကုန်တော့မယ်ဆိုရင်တော့ နိုင်ငံအရပ်ရပ်မှာရှိတဲ့ ၀န်ထမ်းတွေဟာ အရမ်းကို ပျော်ရွှင်ကြပါတယ်။ အကြောင်းကတော့ ဒီဇင်ဘာလမှာ လစာအပြင် ၁၃ လမြောက် လစာလို့ တင်စားခေါ်ဝေါကြတဲ့ bonus များရရှိလို့ပါပဲ။

စင်ကာပူနိုင်ငံမှာလဲ ထိုနည်းတူစွာ အခြားနိုင်ငံသားများမြူးထူး ပြုံးပျော်နေကြ ၀ယ်ခြမ်းနေကြတဲ့အချိန်မှာ မြန်မာ လူမျိုးတွေကတော့ တုတ်တုတ်မမျှ မလှုပ်နိုင်ကြပါဘူး။ ဘာလို့များပါလိမ့်။ ရလာတဲ့ ၁၃ လမြောက် လစာ အပိုဆုငွေဟာ ဘာမှ မစားရ မသောက်ရပဲ အကုန်လုံး ပလုံသွားမှာ ဖြစ်တဲ့ အတွက် ကြောင့်ပါ။   မြန်မာသံရုံးမှာ ပြုတ်ပြုတ်ပြုန်းအောင် အခွန် သွားဆောင်ရမှာမို့ပါဘဲ။

အခုချိန်ဆို နိုင်ငံတကာမှာ ဟောလီးဒေး အချိန်မို့ သူတစ်ပါး နိုင်ငံသားတွေ အားတတ်သရော ခရီးသွားလက်မှတ်တွေဝယ် နေကြချိန် တို့မြန်မာတွေကတော့ သံရုံးမှာ အခွန်ဆောင်ဖို့ တန်းစီနေကြပါတယ်။ မြန်မာများ ဇွဲကောင်းလိုက်ပုံများ မနက် ၃နာရီလောက် သွားတာတောင် ကိုယ့်ရှေ့မှာ စီထားတဲ့သူ ၄ ၅ ၈ ယောက်ရှိနေပါပြီ။  မြန်မာ့ဇွဲပါဘဲဗျာ။ စလုံးမှာမက နိုင်ငံအရပ်ရပ်က အခွန်ဆောင်စနစ်ကို အွန်လိုင်း ကနေဖြစ်ဖြစ် ဘဏ်ငွေလွှဲ GIRO စနစ်နဲ့ဖြစ်ဖြစ်
လုပ်ဆောင်နေတဲ့ အတွက် အလွန်ဘဲမြန်ဆန်ပါတယ်။ ခက်တာက အခုမြန်မာသံရုံးက ပတ်စပို့သက်တမ်း တိုးဖို့ကို  ၄ ရက်လောက် ANNUAL LEAVE ကိုယူမှသာ လုပ်လို့ရမှာ ဖြစ်နေလို့  (သဘောက ၄ ခါ သွားရမယ် ပေါ့လေ) ။ တစ်နှစ်ခွင့်ရက်ထဲက ၄ ရက် အနှုတ်ခံလိုက်ရတာ မခံချိမခံသာဖြစ်နေရပါတယ်။  မြန်မာသံရုံးရဲ့ငွေစာရင်း အကောင့်ထဲကို GIRO စနစ်နဲ့လစဉ် ပေးရမယ့်အခွန်ကို ပုံမှန်အဲ့သည့်ရက်ရောက်တိုင်း အလိုအလျှောက် အခွန်ထမ်းဆောင်ခွင့်ပြုမယ်ဆိုရင် တစ်နှစ်တစ်ခါ အပုံလိုက် စုပေးရတဲ့ ပြသနာများ ၊လူများ တန်းစီပြီးပေးရတဲ့ ပြသနာများအပြင် ၊အမျိုးမျိုးသော ပြသနာများ အတော်သက်သာသွားမယ်ထင်ပါတယ်။

အခုတော့ ၁၃ လမြောက် လစာထုတ်၊ အားလုံးကို သံရုံးကိုပဲ ပုံပေး လိုက်.. ပြည်ပအလုပ်သမားတွေမှာ ခွင့်ကလေး ၄ ရက် လဲ မလုပ်ရ မကိုင်ရ ဆုံး၊  မျက်နှာကြောက နွားသရေလို  တင်းတဲ့ သံရုံးရေးရာ က ကိုကို မမတွေကိုလဲ မျက်နှာချိုသွေးပြီး အခွန်ဆောင်ရဦးမှာမို့ အချိန်ကုန် ငွေကုန် လူပန်း မသက်မသာ ဖြစ်ရပါတော့တယ်။ ကိုယ့်အခွန်ကို ကိုယ် မျက်နှာချို သွေးပြီး အခွန်ဆောင်ရတဲ့ လူမျိုးဆိုတာ မြန်မာလူမျိုးပဲ ရှိမယ် ထင်ပါတယ်ခင်ဗျာ။

(SG ရောက် မြန်မာတစ်ဦး ပေးပို့သည်)

8 comments:

  1. They don't want net transferring and gyro. They want cash only. Because there is no evidence taking cash. If they receive net or gyro, then Singapore Gov will know million and million of money flow through to Myanmar Embassy.
    These cash will not go to Gov budget. Going to their pockets.

    ReplyDelete
  2. တစ်လတစ်ခါ ပေါ်လို့လာ ထီးဖြူမဆောင်း တန်းစီစောင့်

    ReplyDelete
  3. သြော် .. နိုင်ငံတော် ရဲ့စေတနာတွေ .. သဘောမပေါက်ကြဘူးကိုး ...
    Home sick ဖြစ်နေကြတဲ့ .. ရွှေ လေးတွေ ကို ရွာ့အလွမ်းပြေ .. ရွာနဲ့ မတူတူအောင် ( စလုံး နဲ့ လုံးဝခြားနားအောင်) ရွာ မှာ ခံစားနေကြရတဲ့ ဒုက္ခ တွေ 1st World Country ကြီးမှာကြုံ ကြရလေအောင် .. လုပ်ထားပေးတာပါ .. ဟီးဟီးဟီး (မှတ်ချက် .. စလုံး လာလုပ်နေကြတဲ့ WP တွေ အသာထား PR Engineers တွေ ရတဲ့ လစာလောက် ကတော့ ဒို့ သံရုံး က ရုံးအကူ က ပျင်းတောင်ပျင်းသေးတယ်)

    ReplyDelete
  4. ဟားဟား။ အဲဒါ ပွဲစားနဲ့ ပေါင်းစားဘို့ ဂွင်ဖန်ထားတာ။
    မိုးတို့ စိန်နန်းတော်တို့ အလုပ်ရတာပေါ့။

    ReplyDelete
  5. အဲဒါပဲပေါ့...ကမ္ဘာမှာ မြန်မာဟေ့ လို့ကြွေးကြော်လိုက်စမ်းပါ...ဒုက္ခခံပြီးရတဲ့ ပိုက်ဆံလေးကို ဒုက္ခခံပြီးပြန်ပေးလိုက်တာ ကမ္ဘာပေါမှာ မြန်မာတွေဘဲရှိတယ်ဆိုတာ ကမ္ဘာက သိအောင်ကြွေးကြော်လိုက်ကြ စမ်းပါ ဂုဏ်ယူကြပါဗျာ....

    ReplyDelete
  6.ဲပြီးတော့လာသေးတယ်.... အလုပ်မရှိတဲ့လက ခြောက်လ... ပိုက်ဆံမရှိဘူးလို့ပြောတော့.... PR တွေ ပိုက်ဆံမရှိတာ မယုံဘူးတဲ့... မဆိုင်တာတွေ... အဲဒီခြောက်လပါ ဆောင်လိုက်ရတယ် အသားလွတ်ကြီး...

    ReplyDelete
  7. ဘယ်သူမှ မကူနိုင်ဘူး အဲဒီကိစ်စကို။
    တွေးကြည့်ရင် စိတ်ဆင်းရဲ စရာကြီး။
    မီးလောင်ရာလေပင့် လုပ်ရတဲ့ ကိစ်စ။
    သူငယ်ချင်းတစ်ယောက် အီးပီ နဲ့ လုပ်နေတာ အခွန်မဆောင်နိုင်လို့ အသနားခံစာတင်တာ သံရုံးက အကြီးဆုံးခွေးကြီးက ဘာပြောလဲဆိုတော့ "စင်ကာပူမှာနေရင် အခွန်ပေးရတယ်ဆိုတာ ခွေးတောင်သိတယ်တဲ့"။
    မိုက်ရိုင်းလိုက်တဲ့ ငနဲကြီး။ မတရား အခွန် ကောက်နေတာတောင် တရားဝင်အခွန်ကောက်တယ် ထင်နေသေးတယ်။ စောက်ပေါကြီး။
    ဒီမှာသက်သေ ရှိတယ် ။ စင်ကာပူမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေကို အခွန်မကောက်ရဘူး ဆိုတာ။
    http://www.iras.gov.sg/pv_obj_cache/pv_obj_id_F9735A94FF816DC3F3AB46A4A5869D0215630100/filename/Singapore-Myanmar%20DTA%20(26%20June%202009).pdf
    နောက်ဆုံးရတဲ့ သတင်းကတော့ ကျောင်းသားတွေ နိုင်ငံကူလက်မှတ် သက်တမ်းတိုးရင် ၂၄၀ ပေးရတယ်လို့ သိရတယ်။ အလုပ် လုပ်လုပ် မလုပ်လုပ် ပေးရတာတဲ့။(သူတောင်းစားတွေ ငတ်ပုံ)။
    နောက်ဆုံး တစ်ခုသတိပေးချင်တာက နိုင်ငံကူးလက်မှတ် အဟောင်းကို မိတ်တူဆွဲထားနော်။ ICA က တောင်းတတ်တယ်။ သံရုံးကတော့ လုံးဝ ပြန်မပေးဘူး။
    အားလုံး အဆင်ပြေကြပါစေဗျာ။

    ReplyDelete
  8. ဟုတ်ပါ့ဗျာ....ကိုယ့်ပိုက်ဆံနဲ့ကိုယ် အခွန်ဆောင်ပြီး မျက်နှာငယ်ရတာ မြန်မာသံရုံးရောက်မှပဲ သိတော့တယ်...

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။