Sunday, December 19, 2010

မြန်မာနိုင်ငံတွင် ဗုံး အသစ်တစ်မျိုး အသုံးပြုနေကြောင်း Wikileaks ဖော်ပြ

အမေရိကန် စစ်တပ်များတွင် တွင်ကျယ်စွာ အသုံးပြုလျက်ရှိပြီး  ဆက်ဒမ်ဟူစိန်၏
အီရတ် မြေအောက် ဘန်ကာကြီး များကို အလွယ်တကူ ဖြိုချ အနိုင်ယူစေခဲ့ သော
Smart Bomb  စမတ်ဗုံး ထက် ပိုမိုခေတ်မီ၍ မော်ဒယ်မြင့်ပြီး ထိရောက်အား အလွန်ပြင်းထန်သည့် 
Dirty Bomb (၀ါ) ညစ်ပတ်ဗုံး အသစ်အဆန်းတမျိုး ကိုမြန်မာနိုင်ငံအတွင်းတွင် သုံးစွဲနေကြောင်း
ဝီကီလိခ်က ယနေ့ ဖွင့်ချလိုက်သည်။

၎င်းဗုံး အသစ်အဆန်းဖြင့် ပထမဆုံး တိုက်ခိုက် ခံရသူမှာ ရန်ကုန် မျိုဆို့တော်ဝန် ဦးဗြောင်သိန်းငြင်းဖြစ်ပြီး ဒုတိယ ပစ်မှတ်မှာ နဂိုကတည်းက မသန့်မရှင်းဖြစ်နေသော စာပေစီစစ်ရေး ရုံးမှ အရာရှိများ
ဖြစ်ကြောင်း သိရသည်။ ၄င်းဗုံး ကို ပဲခူး ဥဿာရာမ ဂိုဏ်းမှ စီအီးစီများက လူ့စွန့်ပစ် ပစ္စည်းများကို အသုံးပြုကာ ဖန်တီး တီထွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗုံး ထုတ်လုပ်မှု ဖြစ်စဉ်အား တက္ကသိုလ်ရိပ်သာလမ်း လူသတ်မှုကိုဖော်ထုတ် နိုင်ခဲ့မှုဖြင့် နာမည်တမဟုတ်ခြင်း ကျော်ကြားလာခဲ့သူ ရဲချုပ် ခင်ရီကိုယ်တိုင် ပဲခူးမြို့ ရှိ အနှိပ်ခန်းတခုကိုယာယီ ရုံးခန်း ဖွင့်ပြီး သတင်းအချက်အလက်များ ကို ကိုယ်တိုင် စုဆောင်း စုံစမ်းထောက်လှမ်းနေကြောင်း၊ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံး၏  ဂြိုဟ်တု ဆက်သွယ်ရေး နည်းစနစ်ကို မသုံးဘဲ ရိုးရိုး ကြေးနန်းကိုသာ အသုံးပြုသည့် သံတမန် ကြေးနန်းစာ သတင်း ပေါက်ကြားချက်တွင် ဖော်ပြပါရှိကြောင်း ၀ီကီလိခ် အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

(မောင်မောင်ရှမ်း မလေးရှား ပေးပို့သည်)

2 comments:

  1. မြန်မာ့ dirty bomb နည်းပညာ အား ဘင်္ဂလားဒေ့ နိုင်ငံက ၀ယ်ယူ၇န် စိတ်ဝင်စားနေကြောင်း သိရသည်.

    ReplyDelete
  2. Organic Bomb ပေါ့.. ဟားဟား.. xD

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။