Saturday, December 11, 2010

ဇနီးမယားကြိုက်သည့် ပါတီကို မဲမပေးသဖြင့် လင်ယောက်ျားဖြစ်သူ အိမ်ပေါ်မှ နှင်ချခံရ

နိုဝင်ဘာ ၇ ရက်နေ့က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် လင်ယောက်ျား ဖြစ်သူက ဇနီးမယား အကြိုက်ကို မလိုက်ဘဲ အခြားပါတီ တစ်ခုကို မဲပေးခဲ့သဖြင့် ဇနီးဖြစ်သူက လင်ယောက်ျား ဖြစ်သူအား အိမ်ပေါ်မှ နှင်ချလိုက်သည့် ထူးခြား ဖြစ်စဉ်တစ်ရပ် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းစ် ဂျာနယ်တွင် ဖေါ်ပြသည်ဟု နိရဉ္စရာ သတင်းဌာနက ရေးသားထားသည်။
ဇနီးက မဲပေးခိုင်းသည့် ပါတီကို လင်ယောက်ျားဖြစ်သူက မဲမပေးသည့် အတွက် ယခုအချိန်ထိ လင်မယားနှစ်ဦးမှာ ပြန်မပေါင်းဘဲ ကွဲနေကြကြောင်း အဆိုပါ ဂျာနယ်က ဖေါ်ပြသည်ဟု နိရဉ္စရာက ရေးသားသည်။
အဆိုပါ လင်မယားမှာ ရခိုင်ပြည်နယ် စစ်တွေမြို့ ရွာကြီးမြောက် ရပ်ကွက် စက်ရုံလမ်းမှ ဖြစ်ကြောင်း သိရသည်။

ဇနီးဖြစ်သူ ဒေါ်သန်းသန်းအေးက  သူမ၏ မိဘ ဆွေမျိုးအသိုင်းအ၀ိုင်းများ အားလုံးမှာ ရခိုင်ပါတီကို ကြိုက်နှစ်သက်သဖြင့် အဆိုပါ ပါတီအား မဲပေးရန် မဲမပေးမီ တစ်ရက်အလိုကပင် ယောက်ျားဖြစ်သူကို ပြောခဲ့ပြီး လင်ယောက်ျား ဖြစ်သူကလည်း အဆိုပါ ပါတီကို မဲပေးရန် အကြမ်းအားဖြင့် သဘောတူညီခဲ့သည်ဟု ဒေါ်သန်းသန်းအေးက ပြောကြောင်း ဂျာနယ်က ဆက်လက် ဖေါ်ပြသည်။

မဲပေးသည့်နေ့တွင်မူ ဒေါ်သန်းသန်းအေးနှင့် လင်ယောက်ျားတို့ မှာ မိမိတို့ မဲပေးရမည့် မဲဆန္ဒ နယ်မြေသို့ သွားရောက်မဲပေးကြပြီး ယောက်ျားဖြစ်သူမှာ ရခိုင် ပါတီကို မဲမပေးဘဲ ကြံ့ပါတီကို အမှန်ခြစ်ပြီး မဲပေးခဲ့သည်ဟု သိရသည်။

သို့အတွက် ကတိ မတည်သည့် လင်ယောက်ျား ဖြစ်သူအား ဒေါ်သန်းသန်းအေးက "အဲသလောက်တောင် ကြံ့ကို ကြိုက်ရင် ကြံ့မ ကိုပဲ ယူတော့၊ နောက်ဆို ကြံ့မ- မကလို့ ကြက်မနဲ့ပဲ နေနေ၊ ကျွန်မဆီ တစ်သက်လုံး ပြန်မလာနဲ့တော့" ဟု ကြိမ်မောင်း ပြောဆိုကာ အိမ်ပေါ်မှ နှင်ချ လိုက်ကြောင်း ရန်ကုန်တိုင်း ဂျာနယ်တွင် ရေးသား ဖော်ပြထားသည်။

သတင်းအပြည့်အစုံ ဖတ်ရှုရန်

3 comments:

  1. ရခိုင်ယူရမှာတော့ခက်ကြောက်ကြောက်ပဲဗျ စိတ်အခန့်မသင့်လို့နှင်နှင်ချနေရင် ဒုက္ခးD

    ReplyDelete
  2. အောင်ဆနိးDecember 11, 2010 at 2:43 PM

    လက်စွမ်းပြအုံးလေဗျာ။ ဖတ်ရတာ အရင်လို ဖီးလ်မလာဘူးဖြစ်နေတယ်။ နှိုးပေးပါအုံး။ ဒီသတင်းတွေ့ကတည်းက ရေးစေချင်နေတာ အကိုရဲ့ မဟာ
    ရွှေညာဏ်တော်ကြီးနဲ့ ကွန့်မြူးလိုက်ရင် တော်တော်လှလာမှာဗျ။ ဒီသတင်းကို
    နောက်ပြန်ရေးပါနော်။ ရှေ့ပြန်မရေးပါနဲ့။

    ReplyDelete
  3. ဟုတ်တယ် နှင်ချပစ်မှာ ကြံ့ဖွတ်ကိုမဲပေးလို့ကတော့...

    ဆုစ်

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။