Friday, December 3, 2010

AFF Suzuki Cup မြန်မာက ဗီယက်နမ်ကို အနိုင်ရ

ဗီယက်နမ် Nguyen Trong Hoang (အနီ) နဲ့ အောင်ကျော်မိုး မနေ့က ဘောလုံး လုနေပုံ

ယမန်နေ့က  ဟနွိုင်းမြို့မှာ ကျင်းပတဲ့ AFF Suzuki Cup အဖွင့်ပွဲစဉ်မှာ ဗီယက်နမ် အသင်းက မြန်မာ အသင်းကို ၇-၁ ဂိုး ဖြင့် အနိုင်ရသွားကြောင်း ကမ္ဘာ့ မီဒီယာများမှာ ဖော်ပြခဲ့ကြပါတယ်။
ဒါပေမဲ့ အဆိုပါ ရလာဒ်ကို Asean Football Federation က ဒီနေ့ ပြန်လည် ပြင်ဆင် သတ်မှတ်လိုက်ပြီး မြန်မာက ဗီယက်နမ်ကို အနိုင်ရရှိသွားတယ်လို့  ကြေညာချက် အသစ် ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိပါတယ်။
အဲဒီ ပြန်လည် ပြင်ဆင်တဲ့ သတင်းနဲ့ ပတ်သက်လို့ ပြည်သူတစ်ဦးက စီဘောက်တစ်ခုမှာ အခုလို အတည်ပြု ပြောကြားသွားတဲ့အတွက် BS News က ကူးယူဖော်ပြပေးလိုက်ပါတယ် ခင်ဗျား။

"မနေ့က ၇-၁ နဲ့ မြန်မာအသင်း ဗီယက်နမ်ကိုရှုံးသွားတယ်ဆိုတာမဟုတ်ပါဘူးတဲ့..။ အခုမှ ကြိုတင်ဂိုးတွေ ရောက်လာတာဖြစ်တဲ့အတွက် နောက်ဆုံး အဖြေက မြန်မာက ကြိုတင်ဂိုးများနဲ့ ၁၀၀ ဂိုး ၇ ဂိုး ဖြင့် ဗီယက်နမ်ကိုနိုင်ပါတယ်တဲ့ခင်ဗျာ.."

16 comments:

  1. ထောက်ခံတယ်ဗျ။

    ReplyDelete
  2. Best surrealistic news ever read on this block. Excellent!!!

    ReplyDelete
  3. very creative and wonderful thinking,cheer"

    ReplyDelete
  4. ကြောင်တောင်တောင်လုပ်မနေနဲ့...စောင့်ကန်ခံရမယ်

    ReplyDelete
  5. မောင်မောင်ရှမ်း မလေးရှားDecember 4, 2010 at 8:11 AM

    Good idea! Exactly! မြန်မာက Suzuki Cup မှာမို့ ခံလိုက်ရတာပါ။ မြန်မာပြည် မှာလုပ်မယ့် Dagon Jeep Cup မှာဆို လိုရင်တမျိုး မလိုရင်တမျိုး သုံးနိုင်တဲ့ ကြိုတင်ဂိုး အစွမ်း ကို သိသွားရမှာပ။ :P

    ReplyDelete
  6. ဟားဟားဟား ... ဟုတ်ပါ့ဗျာ ...

    ReplyDelete
  7. ဟားဟား good တယ်ဖျာ..
    ပရိတ်သတ် လက်ခုပ်သံတွေကလည်း ၁၀၄ % နူန်းရှိတယ်ဆိုတာလေးလည်ထည့်ပြောလိုက်ပါအုံး..
    ပွဲကြည့်သူ

    ReplyDelete
  8. ကောင်းတယ်ဗျာ
    ကျနော်လည်ကူးယူဖော်ပြချင်ပါတယ်

    ReplyDelete
  9. မှန်ပါတယ် ... ဘောပွဲတပွဲမှာ ဗွေစော်ဦးဂိုး နောက်ကျဂိုး ဆိုတာ ရှိပါတယ်
    ဥပမာ မန်ချက်ဆို နောက်ကျဂိုးတွေနဲ့ နိုင်နိုင်သွားလေ့ရှိတယ်
    မြန်မာတွေ ကြိုတင်ဂိုးကို ခုမှစတင်ကျင့်သုံးတာပါ
    စော်စော်စီးစီး သန်းတိုးအောင်တို့ခေတ်ထဲက သေချာလေ့ကျင့်ခဲ့ရင် မြန်မာအသင်းဟာ ကမ္ဘာအဆင့်ဝင်နေလောက်ပါပြီ
    အာစီယံပွဲတွေလဲရှုံးစရာအကြောင်းမရှိတော့ပါ....
    ဆီမီးပရိုအဆင့်ပြောင်းလဲ ခဲ့တဲ့ ဘောလုံးတိုးတက်မှုရလဒ်ကောင်းတခုပါ

    လေးစားလျှက်....

    ReplyDelete
  10. ဟာသတစ်ခုအနေနဲ့တော့ရယ်လို့ကောင်းပါတယ် ဒါပေမယ့် နိုင်ငံတော်အတွက်တော့ အုတ်တစ်ချပ် သဲတစ်ပွင့်နေရာမပြောနဲ့ အိမ်မွေးခွေးတစ်ကောင်လောက်တောင်အသုံးဝင်မယ့် ဘလော့မဟုတ်ပါဘူးအဲလောက်ပေါ့လွန်းတော့လဲ ဟာသမြောက်တာပဲရှိတာပါ သိပ်မပေါပါစေနဲ့ နိုင်ငံတော်ကိုချစ်လို့ပြောင်းလဲချင်ရင် ဒါလေးတော့ပြောပါရစေဗျာ...

    ReplyDelete
  11. ((ဟာသတစ်ခုအနေနဲ့တော့ရယ်လို့ကောင်းပါတယ် ဒါပေမယ့် နိုင်ငံတော်အတွက်တော့ အုတ်တစ်ချပ် သဲတစ်ပွင့်နေရာမပြောနဲ့ အိမ်မွေးခွေးတစ်ကောင်လောက်တောင်အသုံးဝင်မယ့် ဘလော့မဟုတ်ပါဘူးအဲလောက်ပေါ့လွန်းတော့လဲ ဟာသမြောက်တာပဲရှိတာပါ သိပ်မပေါပါစေနဲ့ နိုင်ငံတော်ကိုချစ်လို့ပြောင်းလဲချင်ရင် ဒါလေးတော့ပြောပါရစေဗျာ...))

    ဘလော့၇ဲ့ ဆိုလိုချက်က ဘာလဲ? မြန်မာပြည်ေ၇ွးကောက်ပွဲ၇ဲ့ ပေါက်တတ်က၇ လုပ်ဆောင်မှုဖြစ်တဲ့ ကြိုတင်မဲနဲ့ မဲခိုး ဗြောင်လိမ်မှုကို သေ၇ာ်ထားတာပါ။ ဒီဆိုလို၇င်းကို နားမလည်တာ ထောက်၇င် အပေါ်က စာကိုေ၇းတဲ့လူဟာ လူသားတွေ နားလည်နိုင်လောက်တဲ့ လူသား အိုင်ကျူ အဆင့် မမှီသေးတဲ့ အိမ်မွေးခွေးတစ်ကောင် (သို့မဟုတ်) လမ်းဘေးက ခွေးတစ်ကောင်ပဲ ဖြစ်၇မယ်။

    ReplyDelete
  12. နိုင်ငံတော်ကို ချစ်တာ မချစ်တာ တစ်ပိုင်းပါ.. မဆိုင်တာ လာမရောပါနဲ့.. ဟာသကို ဟာသ အမြင်နဲ့ပဲ ကြည့်ပေါ့ဗျာ.. ဒီဘလော့ရေးတဲ့သူကို ချီးကျူးပါတယ်.. ဒါမျိုးက ရှိသင့်ပါတယ်.. ဒီလို စာပေမျိုး လုပ်လို့ရှိရင် သရော်တဲ့နေရာမှာလည်း ဘယ်သူ့မျက်နှာကိုမှ မထောက်ဖို့တော့ လိုမယ်ဗျ.. စစ်အစိုးရ က အစ ကျော်သူအလယ် ဒေါ်အောင်ဆန်းစုကြည်အဆုံးပေါ့.. ဒီမှာ အစုံကို တွေ့လိုက်ရပါတယ်.. ဆက်လက် တည်တံ့ပါစေဗျာ..

    ReplyDelete
  13. အောင်မလေး

    ကောင်းပ..။ ဒီလိုမှန်ကန်တဲ့သရော်စာက ရှိကိုရှိရမယ်...။ အမှန်တွေကို ရယ်စရာလုပ်ရေးတတ်တာ နည်းတဲ့ပညာမှတ်လို့..။ စီဘောက်မှာ လင့်လာချိတ်ပေးသွားတဲ့ ဦးလေးကိုလည်း ကျေးဇူးတင်တယ်..။ ကိုယ်တိုင်လည်းရေးတတ်ချင်ပါတယ်..။ ရေးပြီးဘယ်ပို့ရမလဲ မသိ..။

    ReplyDelete
  14. ယခင်သွားလေသူကြီးတယောက် ထွင်ပေးသွားတဲ့ အားကစားဆောင်ပုဒ်တခုကိုသတိရမိပါရဲ့
    မြန်မာ့ အားကစားကမ္ဘာကိုလွှမ်းစေရမည် တဲ့ ၊သုဝဏအားကစားကွင်းနံ၇ံ့မှာ
    ရေးသွားခဲ့တဲ့ ဆောင်ပုဒ်တပုဒ်ကြောင့်လဲ သူတို့အသေအလဲ ဖျက်ပြစ်ခဲ့ရဘူးတယ် ဘာတဲ့ ဗမာ ဖင်ခေါင်း ဆင်ဝင်အောင်းနိုင်ရမည် တဲ့ အမှတ်တရလေးတခုပါ

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။